(၁) ထိုင်ချပါ။
#Unicode Version#
ပထမဆုံးအနေနဲ့ Eyeliner အမျိုးအစား (၃) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ခဲတံအမျိုးအစား၊ ဂျယ်လ်အမျိုးအစားနဲ့ အရည်အမျိုးအစားဆိုပြီး အခြေခံအားဖြင့် (၃)မျိုးရှိပါတယ်။
ခဲတံကတော့ သုံးရတာအရမ်းလွယ်ပါတယ်၊ အချိန်မရတဲ့အခါမျိုးမှာ ခဲတံသုံးတာအကောင်းဆုံးပါပဲ။
ဂျယ်လ်နဲ့အရည်ကျတော့ ခြောက်ဖို့ အချိန်ယူရတယ်။ လက်မငြိမ်ရင် ဆွဲရတာ အဆင်မပြေဘူး။
ဒါပေမယ့် ဆွဲရတာကျင့်သားရသွားရင်တော့ ဂျယ်လ်သုံးပါ ယောင်းတို့ရေ။ ချွန်ချွန်လေးတွေက အရည်တို့ဂျယ်လ်တို့နဲ့ ဆွဲမှ ရတာရယ်။
Eyeliner မှာ အရောင်ကွဲတွေလည်းရှိသေးတယ်။ အရောင်တွေမတူသလို ရလဒ်ကလည်းမတူဘူး။ ကွာခြားပုံလေးတွေ ပုံမှာ ရှင်းပြထားပါတယ်ရှင်။
Eyeliner စဆွဲဆွဲချင်းမှာ လက်ကတော့ တုန်မှာပါပဲ၊ လက်တုန်ရင် Eyeliner ညီဖို့ကလည်း နည်းနည်းခက်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကို လွယ်ကူတဲ့နည်းလမ်း(၃)သွယ်နဲ့ ဖြေရှင်းလို့ရပါတယ်။
(၁) ထိုင်ချပါ။
(၂) မျက်နှာပြင်ညီညီပေါ်မှာ တံတောင်ဆစ်ထားပါ။
(၃) ပါးပေါ်မှာ လက်သန်းထားပါ။ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထားပါ။
အရည် eyeliner မျိုးစသုံးမယ်ဆိုရင်တော့ အစက်ကလေးတွေချပြီးတော့မှ ဖြေးဖြေးချင်းဆက်ပေးပါ။
Eyeliner ဆွဲထားတာ မညီညာဖြစ်သွားခဲ့မယ်ဆိုရင်တော့ မိတ်ကပ်ဖျက်ဆေးတို့ထားတဲ့ ဝါဂွမ်းတံလေးနဲ့ သပ်ရပ်အောင်လုပ်လို့ရပါတယ်။
စွန်းပေသွားတဲ့နေရာတွေကို Concealer (သို့) Primer (အောက်ခံဆေး) တို့ပြီးတော့ သေသပ်အောင်လုပ်လို့ရပါတယ်။
ဒါမှမဟုတ် Lip Gloss အကြည်လေးကိုလည်း အရေးပေါ် အသုံးပြုပေးနိုင်ပါတယ်။
Eyeliner ဆိုးထားတာ မညီညာတဲ့နေရာမှာ အနက်ရောင် Eye Shadow လေးဆိုးပေးလိုက်ရင် သိပ်မသိသာနိုင်တော့ပါဘူး။
မျက်နှာပေါ်မှာ eyeliner တွေ နည်းနည်းထူနေတယ်လို့ ခံစားရရင် မျက်တောင်မွှေးလေးတွေအောက်မှာ Eyeliner ကို ပုံပါအတိုင်းလေး ဆိုးပေးပါ။
သင်အကြိုက်ဆုံး Eye Shadow ကို အသုံးပြုပေးခြင်းဖြင့်လည်း Eyeliner ဆိုးထားတာကို သိပ်မသိသာအောင်လုပ်လို့ရပါတယ်။
မျက်တောင်ကောက်စက်ပေါ်မှာ Eyeliner တင်ပေးထားခြင်းဖြင့် အချိန်ကုန်သက်သာစေပြီး ညီညာတဲ့လိုင်းလေးရရှိနိင်မှာဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ ပထမဆုံးအကြိမ်မှာ သေသပ်လှပတဲ့ Eyeliner ပုံလေး ထွက်လာဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ပါပဲ။ ဒါကြောင့် တစ်ကြိမ်နဲ့ မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်လုပ်ပါ။ လေ့ကျင့်တာများသွားတဲ့အခါမှာတော့ နောက်ဆုံး လှပသေသပ်တဲ့ ပုံလေး ရရှိမှာဖြစ်ပါတယ်။
ယောင်းတို့မှာ နည်းလမ်းကောင်းလေးတွေရှိရင်လည်း အက်ဒမင်တို့နဲ့ မျှဝေပေးခဲ့ပါဦးနော်။
ကိုးကား –https://www.buzzfeed.com/nataliebrown/because-cat-eyes-are-hard?
ချစ်ခြင်းများစွာဖြင့်
Credit:Jasmine (For Her Myanmar)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Eyeliner စဆိုးမယ့်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။