iMyanmarHouse.com - Best Property Website for Myanmar
×

မာနၾကီးတဲ့မိန္းမတဲ့လား
_______________________
ေလာကၾကီးထဲမွာ မိန္းမတစ္ေယာက္ ဂုဏ္သိကၡာရွိစြာ
ရပ္တည္နိုင္ဖို ့ ေပးဆပ္ရတာမ်ားပါတယ္ ။
ဒီလိုအခက္ခဲေတြကို ရင္ဆိုင္ေနရတဲ့ ခရီးလမ္းမွာ မာနဆို
တာ မျဖစ္မေနမို ့ထားခဲ့ရပါတယ္ ။
ကိုယ့္ဘဝမွာ လိုခ်င္တာကို စိတ္ကူးနဲ ့တင္ေက်နပ္တာမ်ိဳး
မလုပ္ခဲ့ဖူးဘူး အရိုးသားဆံုးနည္းနဲ ့ မရရေအာင္ယူခဲ့တယ္ ။
သူမ်ားေအာင္ျမင္မႈကိုေဘးကေနၾကည့္ျပီးအားက်ေနတဲ့
အဆင့္နဲ ့မတင္းတိမ္ဘူး ကိုယ္ပါ ေအာင္ျမင္တဲ့ေနရာ
ေရာက္ေအာင္ ကိုယ္စြမ္းဥာဏ္စြမ္းရွိသေလာက္ ၾကိဳးစား
ရယူခ်င္တယ္ ။
ျဖစ္ခ်င္တဲ့ ဆႏၵကို ထိုင္ျပီးမေတြေဝခဲ့ဖူးဘူး ခ်က္ခ်င္းထလုပ္
ခဲ့တယ္ ။အမွားျဖစ္သြားရင္ေတာင္ ကိုယ့္အျပစ္နဲ ့ကိုယ္ဆိုျပီး
ေက်နပ္ခဲ့တယ္ ။
ကိုယ္မွန္တယ္ထင္တဲ့ ေနရာမွာဆို ဘယ္သူ ့မ်က္နွာမွ
မေထာက္ဘူး ခုရႈပ္မွေနာင္ရွင္း ေျပာစရာရွိရင္ ေျပာပစ္
လိုက္တယ္ ။
လိုခ်င္တာကိုရေအာင္ယူခဲ့တယ္ ။ လုပ္ခ်င္တာကို မေတြေဝ
ဘဲထလုပ္ခဲ့တယ္ ။ေျပာစရာရွိရင္ အားမနာတတ္ဘူးေျပာခဲ့
တယ္ ။ ျဖစ္ခ်င္တာကို အခက္ခဲမ်ားစြာေက်ာ္လႊာျပီး
ျဖစ္ေအာင္လုပ္ခဲ့တယ္ ။
ကိုယ္ပိုင္ဆိုင္ခ်င္တဲ့ ေနရာ ၊ ဘဝ ဆိုတာ သူမ်ားတကာထက္
အခက္ခဲမ်ားစြာကို ေက်ာ္လႊားေပးဆပ္ျပီးမွ ရရွိခဲ့ရတာေတြ
ပါ ။ ဒါေပမဲ့ သန္ ့ရွင္းစြာ ရယူပိုင္ဆိုင္ျခင္းအတြက္ ေက်နပ္
ခဲ့တယ္ ။
ဘဝမွာ က်ရႈံးမွာထက္ မေအာင္ျမင္မွာကို အေၾကာက္ဆံုးဘဲ ။
ကိုယ္ပိုင္ဆိုင္ျပီးသား ေအာင္ျမင္မႈကို ျပန္မက်ရႈံးေအာင္
ထိန္းသိမ္းနိုင္ေပမဲ့ ကိုယ့္လက္ထဲ မရွိေသးတဲ့ ေအာင္ျမင္မႈ
ကိုက် ေပးဆပ္သေလာက္ျပန္မရမွာသိပ္ေၾကာက္တယ္ ။
ကိုယ္လိုခ်င္တဲ့ေနရာ ၊ အတိုင္းတာ တစ္ခုကို ပိုင္ဆိုင္လာ
ခဲ့ရင္ေတာင္ ဘယ္ေတာ့မွ အလြယ္တစ္ကူ ရယူပိုင္ဆိုင္ခြင့္
မရွိခဲ့ဖူးပါဘူး ။
ဇြဲ ၊ လံုးလ ၊ ဝရိယ ဆိုတာေတြဟာ ကိုယ့္ဘဝအတြက္
အေကာင္းဆံုး အေဖာ္မြန္ေတြပါ ။
သူတို ့ေတြဟာ ကိုယ့္ရဲ့
စိတ္အစဥ္မွာ လြမ္းမိုးထားခဲ့တဲ့ ေစတသိတ္ေတြဆို
ပိုမွန္ကန္ပါလိမ့္မယ္ ။
စိတ္ဓါတ္ကို အျမဲတမ္းမာေၾကာအာင္ထားတယ္ ။
အမွားေတြ ၾကံဳလာတယ္ အခက္ခဲေတြနဲ ့ရင္ဆိုင္လာ
ရတယ္ ဘယ္ေတာ့မွ မ်က္ရည္မက်ဖူးဘူး အားမငယ္ခဲ့ဖူးဘူး ။
စိတ္ကို အျမဲတမ္းမာမာ ဘဲထားခဲ့တယ္ ။
တစ္ခုလိုခ်င္တစ္ခု ေပးဆပ္ရတာ ေလာကနိယာမ တစ္ခုပဲမို ့
ဘယ္ေသာအခါမွ စိုးရိမ္ေၾကာင့္ၾကစိတ္မရွိ ခဲ့သလို အားငယ္
စိတ္ကိုလည္းအဝင္မခံခဲ့ဖူးဘူး ။
ကိုယ့္ခံယူခ်က္က စိတ္ဓါတ္က်ျခင္းဟာ နွစ္ခါေသရတယ္ လို ့
ခံယူထားခဲ့တယ္ ။
စိတ္ဓါတ္ကို အျမဲျဖဴစင္ေအာင္ထားတယ္။
ျပတ္ျပတ္သားသား ဆက္ဆံတယ္ ။
ဆန္ေပးမွ ဆီရ သမီးေပးမွ သမက္ရ " ဆိုတဲ့လူေတြက
ခပ္မ်ားမ်ား မို ့ အားနာစိတ္ကို ေနရာတကာ မထားခဲ့ဘူး ။
ကူညီနိုင္ရင္ စိတ္ကိုျပတ္သားစြာ ကူညီေပးလိုက္တယ္။
မကူညီနိုင္ရင္လည္း အားမနာဘူး မျဖစ္နိုင္ေၾကာင္းေျပာျပ
ျပီး ေတာင္းပန္လိုက္တယ္ ။
"အားနာရင္ ခါးပါတတ္တာ " သဘာဝမို ့ ဘယ္သူကိုမွ အားနာ
စိတ္မထားဘူး ေျပာစရာရွိရင္ေျပာလိုက္တယ္ ။
ေပးစရာရွိရင္ ေပးလိုက္တယ္ ။
ေနာက္ကြယ္ကေတာ့ ညစ္ပတ္တဲ့စိတ္မထားခဲ့ဘူး
ေပၚတင္က်က်ဘဲ ေျဖရွင္လိုက္တယ္ ။
မလိုစိတ္ထား ဘယ္ေတာ့မွ မထားဖူးခဲ့လို ့အျမဲတမ္း
ကိုယ့္လိပ္ျပာကိုယ္သန္ ့တယ္ ။
စိတ္ယုတ္မာမေမြးခဲ့ဖူးလို ့ေနာက္ေက်ာလံုတယ္ ။
ျပတ္သားတဲ့ဆက္ဆံေရးေၾကာင့္မိတ္ေဆြစစ္ေတြရခဲ့တယ္ ။
ေျပာစရာရွိရင္ပြင့္ပြင့္လင္းလင္းေျပာလိုက္တယ္ ။
ကူညီနိုင္တာျပတ္သားစြာကူညီေပးခဲ့တယ္။
မနာလိုစိတ္နည္းရင္း လူခ်စ္လူခင္လည္းေပါမ်ားပါတယ္ ။
က္ိုယ့္ကိုယ္ မလိုတဲ့သူေတြကို ကိုယ္လည္းမလိုအပ္ဘူး။
ကိုယ့္အေပၚ တိုက္ခိုက္တဲ့သူေတြကိုလည္း လွည့္ေတာင္
မၾကည့္ခဲ့ဘူး ။
ကိုယ့္မေကာင္းေၾကာင္းေျပာတဲ့သူေတြကိုတုဖက္ျပီး စကား
မေျပာခ်င္ဘူး ။
ကိုယ့္အေပၚအလကားေနရင္း မုန္းတီးေနသူေတြအေပၚ
ဟန္ေဆာင္ျပီး ကိုယ့္ဖက္ကသေဘာထား မၾကီးေပးနိုင္ဘူး
အေဝးကေရွာင္ေနလိုက္တယ္။
ေအာင့္နိုင္ရင္ေအာင္တယ္ ေရွာင္နိုင္ရင္ေဘးကင္းတယ္လို ့
ေတာင္
ဆိုစမွတ္ရွိေသးတာပဲ ။
ကိုယ့္ကိုလိုလားသူေတြအတြက္ ေမတၱာေပးမယ္ ။
သိမွတ္တာေလးေတြ ေဝမွ်မယ္ ။
တတ္နိုင္သေလာက္ကူညီေပးမယ္ ။
ဒီေလာက္ဆိုကိုယ့္ဘဝ
ျပည့္စံုျပီ ေရႊေငြစည္းစိမ္ မလိုေတာ့ဘူး ။
လူျဖစ္ေနတုန္း စိတ္ခ်မ္းသာရင္ျပီးျပီ ။
ေရႊေငြစည္းစိမ္ဆိုတာ ကိုယ္တစ္ေယာက္ထဲ အရသာခံရတာ။
ေသရြာမပါဘူး သမိုင္းလွဖို ့ဘဲ အေရးၾကီးတယ္ ။
လူေတြအျမင္မွာေတာ့ ကိုယ္ဟာ မာနၾကီးတဲ့မိန္းမတဲ့ ။
တခါတခါက်ေတာ့လည္း မိန္းမသားတစ္ေယာက္ရဲ့
ရိုးသားစြာရပ္တည္ရွင္သန္မႈအတြက္ ၾကိဳးစားေနတာကို
တိုက္ခိုက္ခံရခ်ိန္ အလဲလဲအျပိဳျပိဳ ယိမ္းယိုင္ခဲ့ရတယ္ ။
မိေအးေအာ္တာပဲသိျပီး ဂဏာန္းကိုက္တာမသိတဲ့
ေလာကၾကီးကိုမုန္းတီးမိတယ္ ။
ေလာကၾကီးမွာ မျဖစ္နိုင္တာ ဘာမွမရွိဘူး
မျဖစ္ေသးတာဘဲရွိတာပါ ဆိုတဲ့ မာနစိတ္ေလးနဲ ့ ျပန္ရႈန္း
ထခဲ့ရပါတယ္ ။
ေယာက်္ားသားေတြလို စိတ္ရွိတိုင္းလုပ္ခြင့္
မရွိတဲ့ မိန္းမသားမို ့ မာနေလးေတာ့ ထားပါရေစ ။

မူရင္း ပို႔စ္ပိုင္ရွင္အား ေလးစားစြာျဖင့္
credit ေပးပါသည္။

ခပ္ျမင့္ျမင့္ကလွပတဲ႔ပန္းေလးတစ္ပြင့္ျဖစ္ပါေစ


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : မယ္ေဖြး

#Unicode Version#
မာနကြီးတဲ့မိန်းမတဲ့လား
_______________________
လောကကြီးထဲမှာ မိန်းမတစ်ယောက် ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ဖို့ ပေးဆပ်ရတာများပါတယ် ။
ဒီလိုအခက်ခဲတွေကို ရင်ဆိုင်နေရတဲ့ ခရီးလမ်းမှာ မာနဆို
တာ မဖြစ်မနေမို့ထားခဲ့ရပါတယ် ။
ကိုယ့်ဘဝမှာ လိုချင်တာကို စိတ်ကူးနဲ့တင်ကျေနပ်တာမျိုး
မလုပ်ခဲ့ဖူးဘူး အရိုးသားဆုံးနည်းနဲ့ မရရအောင်ယူခဲ့တယ် ။
သူများအောင်မြင်မှုကိုဘေးကနေကြည့်ပြီးအားကျနေတဲ့
အဆင့်နဲ့မတင်းတိမ်ဘူး ကိုယ်ပါ အောင်မြင်တဲ့နေရာ
ရောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစား
ရယူချင်တယ် ။
ဖြစ်ချင်တဲ့ ဆန္ဒကို ထိုင်ပြီးမတွေဝေခဲ့ဖူးဘူး ချက်ချင်းထလုပ်
ခဲ့တယ် ။အမှားဖြစ်သွားရင်တောင် ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပြီး
ကျေနပ်ခဲ့တယ် ။
ကိုယ်မှန်တယ်ထင်တဲ့ နေရာမှာဆို ဘယ်သူ့မျက်နှာမှ
မထောက်ဘူး ခုရှုပ်မှနောင်ရှင်း ပြောစရာရှိရင် ပြောပစ်
လိုက်တယ် ။
လိုချင်တာကိုရအောင်ယူခဲ့တယ် ။ လုပ်ချင်တာကို မတွေဝေ
ဘဲထလုပ်ခဲ့တယ် ။ပြောစရာရှိရင် အားမနာတတ်ဘူးပြောခဲ့
တယ် ။ ဖြစ်ချင်တာကို အခက်ခဲများစွာကျော်လွှာပြီး
ဖြစ်အောင်လုပ်ခဲ့တယ် ။
ကိုယ်ပိုင်ဆိုင်ချင်တဲ့ နေရာ ၊ ဘဝ ဆိုတာ သူများတကာထက်
အခက်ခဲများစွာကို ကျော်လွှားပေးဆပ်ပြီးမှ ရရှိခဲ့ရတာတွေ
ပါ ။ ဒါပေမဲ့ သန့်ရှင်းစွာ ရယူပိုင်ဆိုင်ခြင်းအတွက် ကျေနပ်
ခဲ့တယ် ။
ဘဝမှာ ကျရှုံးမှာထက် မအောင်မြင်မှာကို အကြောက်ဆုံးဘဲ ။
ကိုယ်ပိုင်ဆိုင်ပြီးသား အောင်မြင်မှုကို ပြန်မကျရှုံးအောင်
ထိန်းသိမ်းနိုင်ပေမဲ့ ကိုယ့်လက်ထဲ မရှိသေးတဲ့ အောင်မြင်မှု
ကိုကျ ပေးဆပ်သလောက်ပြန်မရမှာသိပ်ကြောက်တယ် ။
ကိုယ်လိုချင်တဲ့နေရာ ၊ အတိုင်းတာ တစ်ခုကို ပိုင်ဆိုင်လာ
ခဲ့ရင်တောင် ဘယ်တော့မှ အလွယ်တစ်ကူ ရယူပိုင်ဆိုင်ခွင့်
မရှိခဲ့ဖူးပါဘူး ။
ဇွဲ ၊ လုံးလ ၊ ဝရိယ ဆိုတာတွေဟာ ကိုယ့်ဘဝအတွက်
အကောင်းဆုံး အဖော်မွန်တွေပါ ။
သူတို့တွေဟာ ကိုယ့်ရဲ့
စိတ်အစဉ်မှာ လွမ်းမိုးထားခဲ့တဲ့ စေတသိတ်တွေဆို
ပိုမှန်ကန်ပါလိမ့်မယ် ။
စိတ်ဓါတ်ကို အမြဲတမ်းမာကြောအာင်ထားတယ် ။
အမှားတွေ ကြုံလာတယ် အခက်ခဲတွေနဲ့ရင်ဆိုင်လာ
ရတယ် ဘယ်တော့မှ မျက်ရည်မကျဖူးဘူး အားမငယ်ခဲ့ဖူးဘူး ။
စိတ်ကို အမြဲတမ်းမာမာ ဘဲထားခဲ့တယ် ။
တစ်ခုလိုချင်တစ်ခု ပေးဆပ်ရတာ လောကနိယာမ တစ်ခုပဲမို့
ဘယ်သောအခါမှ စိုးရိမ်ကြောင့်ကြစိတ်မရှိ ခဲ့သလို အားငယ်
စိတ်ကိုလည်းအဝင်မခံခဲ့ဖူးဘူး ။
ကိုယ့်ခံယူချက်က စိတ်ဓါတ်ကျခြင်းဟာ နှစ်ခါသေရတယ် လို့
ခံယူထားခဲ့တယ် ။
စိတ်ဓါတ်ကို အမြဲဖြူစင်အောင်ထားတယ်။
ပြတ်ပြတ်သားသား ဆက်ဆံတယ် ။
ဆန်ပေးမှ ဆီရ သမီးပေးမှ သမက်ရ " ဆိုတဲ့လူတွေက
ခပ်များများ မို့ အားနာစိတ်ကို နေရာတကာ မထားခဲ့ဘူး ။
ကူညီနိုင်ရင် စိတ်ကိုပြတ်သားစွာ ကူညီပေးလိုက်တယ်။
မကူညီနိုင်ရင်လည်း အားမနာဘူး မဖြစ်နိုင်ကြောင်းပြောပြ
ပြီး တောင်းပန်လိုက်တယ် ။
"အားနာရင် ခါးပါတတ်တာ " သဘာဝမို့ ဘယ်သူကိုမှ အားနာ
စိတ်မထားဘူး ပြောစရာရှိရင်ပြောလိုက်တယ် ။
ပေးစရာရှိရင် ပေးလိုက်တယ် ။
နောက်ကွယ်ကတော့ ညစ်ပတ်တဲ့စိတ်မထားခဲ့ဘူး
ပေါ်တင်ကျကျဘဲ ဖြေရှင်လိုက်တယ် ။
မလိုစိတ်ထား ဘယ်တော့မှ မထားဖူးခဲ့လို့အမြဲတမ်း
ကိုယ့်လိပ်ပြာကိုယ်သန့်တယ် ။
စိတ်ယုတ်မာမမွေးခဲ့ဖူးလို့နောက်ကျောလုံတယ် ။
ပြတ်သားတဲ့ဆက်ဆံရေးကြောင့်မိတ်ဆွေစစ်တွေရခဲ့တယ် ။
ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောလိုက်တယ် ။
ကူညီနိုင်တာပြတ်သားစွာကူညီပေးခဲ့တယ်။
မနာလိုစိတ်နည်းရင်း လူချစ်လူခင်လည်းပေါများပါတယ် ။
ကိုယ့်ကိုယ် မလိုတဲ့သူတွေကို ကိုယ်လည်းမလိုအပ်ဘူး။
ကိုယ့်အပေါ် တိုက်ခိုက်တဲ့သူတွေကိုလည်း လှည့်တောင်
မကြည့်ခဲ့ဘူး ။
ကိုယ့်မကောင်းကြောင်းပြောတဲ့သူတွေကိုတုဖက်ပြီး စကား
မပြောချင်ဘူး ။
ကိုယ့်အပေါ်အလကားနေရင်း မုန်းတီးနေသူတွေအပေါ်
ဟန်ဆောင်ပြီး ကိုယ့်ဖက်ကသဘောထား မကြီးပေးနိုင်ဘူး
အဝေးကရှောင်နေလိုက်တယ်။
အောင့်နိုင်ရင်အောင်တယ် ရှောင်နိုင်ရင်ဘေးကင်းတယ်လို့
တောင်
ဆိုစမှတ်ရှိသေးတာပဲ ။
ကိုယ့်ကိုလိုလားသူတွေအတွက် မေတ္တာပေးမယ် ။
သိမှတ်တာလေးတွေ ဝေမျှမယ် ။
တတ်နိုင်သလောက်ကူညီပေးမယ် ။
ဒီလောက်ဆိုကိုယ့်ဘဝ
ပြည့်စုံပြီ ရွှေငွေစည်းစိမ် မလိုတော့ဘူး ။
လူဖြစ်နေတုန်း စိတ်ချမ်းသာရင်ပြီးပြီ ။
ရွှေငွေစည်းစိမ်ဆိုတာ ကိုယ်တစ်ယောက်ထဲ အရသာခံရတာ။
သေရွာမပါဘူး သမိုင်းလှဖို့ဘဲ အရေးကြီးတယ် ။
လူတွေအမြင်မှာတော့ ကိုယ်ဟာ မာနကြီးတဲ့မိန်းမတဲ့ ။
တခါတခါကျတော့လည်း မိန်းမသားတစ်ယောက်ရဲ့
ရိုးသားစွာရပ်တည်ရှင်သန်မှုအတွက် ကြိုးစားနေတာကို
တိုက်ခိုက်ခံရချိန် အလဲလဲအပြိုပြို ယိမ်းယိုင်ခဲ့ရတယ် ။
မိအေးအော်တာပဲသိပြီး ဂဏာန်းကိုက်တာမသိတဲ့
လောကကြီးကိုမုန်းတီးမိတယ် ။
လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး
မဖြစ်သေးတာဘဲရှိတာပါ ဆိုတဲ့ မာနစိတ်လေးနဲ့ ပြန်ရှုန်း
ထခဲ့ရပါတယ် ။
ယောကျ်ားသားတွေလို စိတ်ရှိတိုင်းလုပ်ခွင့်
မရှိတဲ့ မိန်းမသားမို့ မာနလေးတော့ ထားပါရစေ ။

မူရင်း ပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့်
credit ပေးပါသည်။

ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ




 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit : မယ်ဖွေး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top