iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားေတာ့ရွိပါရဲ႕၊ ကိုယ့္မွာဘယ္ေသာအခါမွလည္း စိတ္တိုင္းမက်ျဖစ္ေနျပီဆိုရင္ ေယာင္းရဲ႕ခ်စ္သူမွာ ဒီအခ်က္ေလးေတြရွိေနသလားဆိုတာ တစ္ခ်က္ေလာက္ျပန္ၾကည့္ပါဦး။ ဒီအခ်က္ေလးေတြဟာ ေယာင္းကိုေတာ္ရံုခ်စ္တဲ့ ေယာက္်ားတစ္ေယာက္မွာေတာင္ ရွိမွာမဟုတ္ဘူးေနာ္.. ေတာ္ေတာ္ကိုခ်စ္မွ ရွိနိုင္မွာေလ…

၁) သူကိုယံုၾကည္ရတယ္။

ေယာင္းရဲ႕ကြယ္ရာမွာ သူကမေဖာက္ျပန္ဘူး။ ဘာအေၾကာင္းကိစၥနဲ႕မွ ယံုၾကည္မႈကိုအလြဲသံုးစားမလုပ္ဘူး ဆုိရင္သူကတကယ္ယံုၾကည္ထုိက္သူပါ။ အထင္အျမင္လြဲတာေတြ မျဖစ္ေအာင္သူကဆင္ျခင္တယ္၊ ေယာင္းကုိလည္း ဂရုစိုက္တယ္ဆုိရင္ တကယ္ကံေကာင္းပါတယ္။

၂) သူ႕မ်က္စိထဲမွာ အၿမဲလွတယ္ေျပာတယ္။

ကုိယ့္ဖာသာ ႀကိဳက္သေလာက္စား၊ ဝက္ျခံႀကိဳက္သေလာက္ထြက္၊ ဘယ္ေလာက္ညစ္ပတ္စုတ္ျပတ္သတ္ေနပါေစ သူကအလွမျပင္ဖုိ႕ေျပာမယ္။ ဘယ္လုိေနေန လွတယ္ေျပာမယ္။ ေဘးနားကျဖတ္သြားတဲ့ အလန္းစားေကာင္မေလးေတြကို ေယာင္းရွိတဲ့အခ်ိန္မွာ မၾကည့္ဘူးဆုိရင္ သူကတကယ္ေယာင္းအေပၚမွာ ခ်စ္ျမတ္ႏိုးေနလုိ႔ပါ။

၃) စိတ္ဆုိးမွာအရမ္းေၾကာက္တယ္။

အေသးစားကိစၥေလးကစၿပီး ဘယ္လုိအေျခအေနမ်ိဳးမဆုိ ေယာင္းကုိဦးစားေပးတယ္။ စိတ္ဆိုးမယ့္ကိစၥဆုိရင္ ျဖစ္ႏိုင္သမွ်ေရွာင္တယ္၊ ရန္ျဖစ္ၿပီးရင္လည္း သူကပဲစၿပီးအေလွ်ာ့ေပးမယ္။ ဒါဟာလည္း ေယာင္းကိုခ်စ္လို႔ပါ။

၄) ဘယ္ေတာ့မွ ကုိယ္ထိလက္ေရာက္အႏိုင္မက်င့္ဘူး။

တစ္ခ်ို႕ေတြဆုိ ကိုယ့္ခ်စ္သူနဲ႕ရန္ျဖစ္တဲ့အခါ စကားတစ္ခြန္းႏွစ္ခြန္းေလာက္ ေျပာတာနဲ႔ လက္ပါေတာ့တာပဲ။ အဲ့လုိလူမ်ိဳးဆုိရင္ေတာ့ ဘယ္ေလာက္ပဲခ်စ္ခ်စ္ မေရြးခ်ယ္သင့္ဘူးေနာ္။ တကယ္သာ ကုိယ္ခ်စ္တယ္ဆုိ လက္ပါစရာအေၾကာင္းကို မရွိဘူးေလ။

၅) သူ႕အနာဂတ္မွာ ကုိယ္ပါဝင္တယ္။

တခ်ိဳ႕အတြဲေတြဆို တြဲတာသာၾကာသြားတယ္၊ ဘယ္မိသားစုကမွန္းမသိ၊ ဘယ္လုိအေျခအေနမ်ိဳးမွန္းမသိနဲ႕ေကာင္ေလးက လွ်ို႕ဝွက္္ထားတတ္ပါတယ္။ ေယာင္းရဲ႕အိမ္တြင္းေရးနဲ႕အနာဂတ္အေၾကာင္းကို မေမးသလုိ သူ႕အေၾကာင္းကိုလည္း မေျပာပါဘူး။  ဒါဆုိသူက ေယာင္းကုိတကယ္အေလးအနက္မထားလုိ႕ပါ။ အဲ့ဒါနဲ႕ဆန္႕က်င္ဘက္ဆုိရင္ေတာ ့သူကေယာင္းကုိ ရည္ရြယ္ထားတာ ေသခ်ာပါၿပီ။

၆) အရာရာညွိႏႈိင္းတယ္။

တစ္ေယာက္နဲ႕တစ္ေယာက္ မႀကိဳက္တာပဲျဖစ္ျဖစ္၊ သေဘာမက်တဲ့အခ်က္ေတြပဲျဖစ္ျဖစ္ ရွိရင္ ပြင့္ပြင့္လင္းလင္းေျပာၿပီး တုိင္ပင္မယ္၊ အဆင္ေျပေအာင္ညွိႏႈိင္းၾကတာမ်ိဳးေပါ့။ ဒီလုိမွမဟုတ္ပဲ သူလဲဘာသိဘာသာေန ေယာင္းစိတ္ဆုိးလဲဂရုမစိုက္၊ မေခ်ာ့တတ္ဘူးအေၾကာင္းျပၿပီး ပစ္ထားမယ္ဆုိရင္ေတာ့ အေျခအေနမဟန္ဘူးေနာ္။

ကဲ ေယာင္းတုိ႕ေ၇ လက္ရွိတြဲေနတဲ့ သူက ေယာင္းအေပၚမွာဒီအခ်က္ေတြ တကယ္လုပ္ေပးတယ္ဆုိရင္ေတာ ့ေယာင္းကတကယ္ကံေကာင္းပါတယ္ေနာ္။ ကိုယ္စိတ္တိုင္းမက်ျဖစ္ေနတာေလးေတြရွိရံုနဲ႔ေတာ့ သူငါ့ကိုမခ်စ္ဘူး ဆိုတာၾကီးပဲ မေတြးလိုက္ပါနဲ႔ေယာင္းတို႔ေရ။ ဒီလိုအခ်က္ေလးေတြထဲက အခ်ိဳ႕အရာေလးေတြ သူနဲ႔ကိုက္ညီေနရင္ေတာင္ သူကေယာင္းကို တကယ္ကိုခ်စ္ေနတာပါ။ (ဒါေတြဘာမွမရွိလည္း မပူပါနဲ႔ေလ။ ေယာင္းကိုခ်စ္တဲ့သူက ခ်စ္ကိုခ်စ္တာပါ 😀 သူ႕ရဲ႕ personalities နဲ႔လည္းဆိုင္တာေပါ့ ေနာ္႔….. 😉 )

Credit:Miko ( For Her Myanmar )

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ရည်းစားတော့ရှိပါရဲ့၊ ကိုယ့်မှာဘယ်သောအခါမှလည်း စိတ်တိုင်းမကျဖြစ်နေပြီဆိုရင် ယောင်းရဲ့ချစ်သူမှာ ဒီအချက်လေးတွေရှိနေသလားဆိုတာ တစ်ချက်လောက်ပြန်ကြည့်ပါဦး။ ဒီအချက်လေးတွေဟာ ယောင်းကိုတော်ရုံချစ်တဲ့ ယောက်ျားတစ်ယောက်မှာတောင် ရှိမှာမဟုတ်ဘူးနော်.. တော်တော်ကိုချစ်မှ ရှိနိုင်မှာလေ…

၁) သူကိုယုံကြည်ရတယ်။

ယောင်းရဲ့ကွယ်ရာမှာ သူကမဖောက်ပြန်ဘူး။ ဘာအကြောင်းကိစ္စနဲ့မှ ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ဘူး ဆိုရင်သူကတကယ်ယုံကြည်ထိုက်သူပါ။ အထင်အမြင်လွဲတာတွေ မဖြစ်အောင်သူကဆင်ခြင်တယ်၊ ယောင်းကိုလည်း ဂရုစိုက်တယ်ဆိုရင် တကယ်ကံကောင်းပါတယ်။

၂) သူ့မျက်စိထဲမှာ အမြဲလှတယ်ပြောတယ်။

ကိုယ့်ဖာသာ ကြိုက်သလောက်စား၊ ဝက်ခြံကြိုက်သလောက်ထွက်၊ ဘယ်လောက်ညစ်ပတ်စုတ်ပြတ်သတ်နေပါစေ သူကအလှမပြင်ဖို့ပြောမယ်။ ဘယ်လိုနေနေ လှတယ်ပြောမယ်။ ဘေးနားကဖြတ်သွားတဲ့ အလန်းစားကောင်မလေးတွေကို ယောင်းရှိတဲ့အချိန်မှာ မကြည့်ဘူးဆိုရင် သူကတကယ်ယောင်းအပေါ်မှာ ချစ်မြတ်နိုးနေလို့ပါ။

၃) စိတ်ဆိုးမှာအရမ်းကြောက်တယ်။

အသေးစားကိစ္စလေးကစပြီး ဘယ်လိုအခြေအနေမျိုးမဆို ယောင်းကိုဦးစားပေးတယ်။ စိတ်ဆိုးမယ့်ကိစ္စဆိုရင် ဖြစ်နိုင်သမျှရှောင်တယ်၊ ရန်ဖြစ်ပြီးရင်လည်း သူကပဲစပြီးအလျှော့ပေးမယ်။ ဒါဟာလည်း ယောင်းကိုချစ်လို့ပါ။

၄) ဘယ်တော့မှ ကိုယ်ထိလက်ရောက်အနိုင်မကျင့်ဘူး။

တစ်ချို့တွေဆို ကိုယ့်ချစ်သူနဲ့ရန်ဖြစ်တဲ့အခါ စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောတာနဲ့ လက်ပါတော့တာပဲ။ အဲ့လိုလူမျိုးဆိုရင်တော့ ဘယ်လောက်ပဲချစ်ချစ် မရွေးချယ်သင့်ဘူးနော်။ တကယ်သာ ကိုယ်ချစ်တယ်ဆို လက်ပါစရာအကြောင်းကို မရှိဘူးလေ။

၅) သူ့အနာဂတ်မှာ ကိုယ်ပါဝင်တယ်။

တချို့အတွဲတွေဆို တွဲတာသာကြာသွားတယ်၊ ဘယ်မိသားစုကမှန်းမသိ၊ ဘယ်လိုအခြေအနေမျိုးမှန်းမသိနဲ့ကောင်လေးက လျှို့ဝှက်ထားတတ်ပါတယ်။ ယောင်းရဲ့အိမ်တွင်းရေးနဲ့အနာဂတ်အကြောင်းကို မမေးသလို သူ့အကြောင်းကိုလည်း မပြောပါဘူး။  ဒါဆိုသူက ယောင်းကိုတကယ်အလေးအနက်မထားလို့ပါ။ အဲ့ဒါနဲ့ဆန့်ကျင်ဘက်ဆိုရင်တော့သူကယောင်းကို ရည်ရွယ်ထားတာ သေချာပါပြီ။

၆) အရာရာညှိနှိုင်းတယ်။

တစ်ယောက်နဲ့တစ်ယောက် မကြိုက်တာပဲဖြစ်ဖြစ်၊ သဘောမကျတဲ့အချက်တွေပဲဖြစ်ဖြစ် ရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်မယ်၊ အဆင်ပြေအောင်ညှိနှိုင်းကြတာမျိုးပေါ့။ ဒီလိုမှမဟုတ်ပဲ သူလဲဘာသိဘာသာနေ ယောင်းစိတ်ဆိုးလဲဂရုမစိုက်၊ မချော့တတ်ဘူးအကြောင်းပြပြီး ပစ်ထားမယ်ဆိုရင်တော့ အခြေအနေမဟန်ဘူးနော်။

ကဲ ယောင်းတို့ရေ လက်ရှိတွဲနေတဲ့ သူက ယောင်းအပေါ်မှာဒီအချက်တွေ တကယ်လုပ်ပေးတယ်ဆိုရင်တော့ယောင်းကတကယ်ကံကောင်းပါတယ်နော်။ ကိုယ်စိတ်တိုင်းမကျဖြစ်နေတာလေးတွေရှိရုံနဲ့တော့ သူငါ့ကိုမချစ်ဘူး ဆိုတာကြီးပဲ မတွေးလိုက်ပါနဲ့ယောင်းတို့ရေ။ ဒီလိုအချက်လေးတွေထဲက အချို့အရာလေးတွေ သူနဲ့ကိုက်ညီနေရင်တောင် သူကယောင်းကို တကယ်ကိုချစ်နေတာပါ။ (ဒါတွေဘာမှမရှိလည်း မပူပါနဲ့လေ။ ယောင်းကိုချစ်တဲ့သူက ချစ်ကိုချစ်တာပါ 😀 သူ့ရဲ့ personalities နဲ့လည်းဆိုင်တာပေါ့ နော့်….. 😉 )

Credit:Miko ( For Her Myanmar )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top