iMyanmarHouse.com - Best Property Website for Myanmar
×

ဒီတစ္ေခါက္ေျပာျပမွာက ေက်ာျပင္က ၀က္ၿခံေလးေတြနဲ႔ အဆီဖုျပႆနာေလးေတြပါပဲ။ မိန္းကေလးေတြကေတာ့ ဒီျပႆနာကို အႀကီးအက်ယ္ကို ခံစားၾကရပါတယ္။ ၀က္ၿခံဆိုတဲ့အရာက မ်က္ႏွာတင္မဟုတ္ပဲ ေနရာအႏွံ႔မွာ လာၿပီး ႏွိပ္စက္ေနၾကတာေတြဟာ တကယ္ကိုဆိုးရြားတာပါပဲ။ ဒီလို စိတ္ညစ္စရာ ၀က္ၿခံျပႆနာေတြက ဘာေၾကာင့္ျဖစ္ရတာလဲ။ ဒါမ်ိဳးေတြ မျဖစ္ေအာင္ ဘယ္လိုေရွာင္ရမလဲဆိုတာေတြကို ၾကည့္လိုက္ၾကရေအာင္။
အားကစား၀တ္စံုေတြ

သင္ဟာ က်န္းမာေရးလိုက္စားၿပီး Gym ေဆာ့တတ္တဲ့သူတစ္ေယာက္လား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ေက်ာေတြ၊ လည္ပင္းေတြမွာ ေပါက္ေနတဲ့၀က္ၿခံေတြက သင့္ရဲ႕ အားကစား၀တ္စံုေတြနဲ႔ ဆက္စပ္မႈရွိေနပါၿပီ။ အားကစားလုပ္ရင္း ေခၽြးထြက္ၿပီး စိုထိုင္းေနတဲ့ သင့္ရဲ႕ အားကစား၀တ္စံုေတြက သင့္ရဲ႕အေရျပားကို အႀကီးအက်ယ္ ဒုကၡေပးတယ္ဆိုတာ ေမ့မေနသင့္ပါဘူး။ အားကစားလုပ္ၿပီးတိုင္း ပံုမွန္ထက္အခ်ိန္ပိုေပးၿပီး ေရခ်ိဳးပါလို႔ အႀကံေပးခ်င္ပါတယ္။ ေနာက္ၿပီး အားကစား၀တ္စံုေတြကိုလည္း အခ်ိန္ျပည့္သန္႔ျပန္႔ေနေအာင္ ဂရုစိုက္ေပးရပါလိမ့္မယ္။
Shampoo နဲ႔ Skincare ေတြ

ဒါေတြေၾကာင့္လည္း သင္စိတ္ပ်က္ရတဲ့ ၀က္ၿခံေတြက ေက်ာေတြလည္ပင္းေတြမွာ ေပါက္လာရတယ္ဆိုတာ နားလည္ဖို႔ လိုအပ္ပါတယ္။ Shampoo ဆိုတဲ့အရာကလည္း ဆံပင္ေတြအတြက္ ေကာင္းေပမယ့္ တျခားအေရျပားေပၚက်ရင္ေတာင္ စိတ္ရွဳပ္စရာ အေရျပားျပႆနာေတြ ခံစားလာရမွာပါ။ ထို႔နည္းတူပါပဲ။ တစ္ခ်ိဳ႕အရည္အေသြးမေကာင္းတဲ့ Skincare ပစၥည္းေတြကလည္း သင့္ကို ၀က္ၿခံေတြ ေနရာအႏွံ႔ေပါက္လာေစမွာပါပဲ။ ဒီလို Chemical ေတြပါတဲ့ Product ေတြကို သံုးလည္း သံုးပါ။ အခ်ိန္တန္ရင္ သန္႔စင္ေအာင္လည္း ေဆးေၾကာပါ။
ေမြ႕ရာနဲ႔ အိပ္ရာခင္းမ်ား

သင့္ရဲ႕ အခန္းကို ဂရုေရာစိုက္ျဖစ္ၾကရဲ႕လား ေကာင္မေလးတို႔။ မ်က္ႏွာမဟုတ္တဲ့တစ္ျခားအေရျပားေပၚမွာ ၀က္ၿခံနဲ႔ အဆီဖုေတြ ေပါက္ေနရျခင္းက သင့္ရဲ႕ ေခါင္းအံုး၊ ေမြ႕ရာနဲ႔ အိပ္ရာခင္းမ်ား မသန္႔ရွင္းလို႔လည္း ျဖစ္ပါတယ္။ အထူးသျဖင့္ ေနအလင္းေရာင္မရတဲ့အခန္းေတြထဲမွာ ေနရတဲ့သူမ်ား၊ အလုပ္မ်ားလို႔ ေမြ႔ရာနဲ႔ အိပ္ရာခင္းမ်ားကို ပံုမွန္သန္႔ရွင္းေရးမလုပ္ႏိုင္တဲ့သူမ်ား စတဲ့သူေတြဆီမွာ ဒီ၀က္ၿခံေတြနဲ႔ အဆီဖုေတြက ပိုမိုေတြ႕ရတတ္ပါတယ္။ ေနာက္ၿပီး အိမ္ေမြးတိရစၦာန္ေတြနဲ႔ အတူတူအိပ္တတ္တဲ့သူေတြမွာ အခုလိုအေရျပားေရာဂါေတြ ပိုၿပီးအျဖစ္မ်ားပါတယ္။
ညစ္ပတ္တဲ့လက္ေခ်ာင္းေတြ

လက္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကေတာ့ လူတိုင္းသိပါတယ္။ လက္က ေရာဂါပိုးမႊား အကူးစက္ေစဆံုး အစိတ္အပိုင္းတစ္ခုပါပဲ။ သင့္ရဲ႕မ်က္ႏွာေပၚက ေယာင္ရမ္းေနတဲ့၀က္ၿခံေတြကို ညစ္လိုက္ကိုင္လိုက္လုပ္ေနၿပီး အဲဒီလက္ကို ျပန္လည္သန္႔စင္တာမ်ိဳးမရွိပဲ လည္ပင္းေတြ၊ ေက်ာေတြကို ကုတ္တာတို႔၊ ကိုင္တာတို႔လုပ္ဦးမယ္ဆိုရင္လည္း သင့္ရဲ႕မ်က္ႏွာလိုပဲ သင့္ရဲ႕ေက်ာေတြလည္ပင္းေတြမွာလည္း ၀က္ၿခံျပသနာကိုရင္ဆိုင္ရဦးမွာပါပဲ။

ကဲ ဒါေတြကေတာ့ သင္တို႔ရဲ႕ ေက်ာေတြ လည္ပင္းေတြက ၀က္ၿခံနဲ႔ အဆီဖုျပႆနာေတြရဲ႕ အရင္းအျမစ္ေတြပါပဲ။ ဒီလိုအျပဳအမူေတြကို သတိထားၿပီးေရွာင္လိုက္မယ္ဆိုရင္ေတာ့ သင္တို႔ လက္ရွိခံစားေနရတဲ့၀က္ၿခံကေန အလွပဆံုးေရွာင္ထြက္သြားႏိုင္မွာပဲျဖစ္ပါတယ္ေနာ္။

Editor : Moethae Say
Credit:MODA
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဒီတစ်ခေါက်ပြောပြမှာက ကျောပြင်က ဝက်ခြံလေးတွေနဲ့ အဆီဖုပြဿနာလေးတွေပါပဲ။ မိန်းကလေးတွေကတော့ ဒီပြဿနာကို အကြီးအကျယ်ကို ခံစားကြရပါတယ်။ ဝက်ခြံဆိုတဲ့အရာက မျက်နှာတင်မဟုတ်ပဲ နေရာအနှံ့မှာ လာပြီး နှိပ်စက်နေကြတာတွေဟာ တကယ်ကိုဆိုးရွားတာပါပဲ။ ဒီလို စိတ်ညစ်စရာ ဝက်ခြံပြဿနာတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုရှောင်ရမလဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်။
အားကစားဝတ်စုံတွေ

သင်ဟာ ကျန်းမာရေးလိုက်စားပြီး Gym ဆော့တတ်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်ရဲ့ကျောတွေ၊ လည်ပင်းတွေမှာ ပေါက်နေတဲ့ဝက်ခြံတွေက သင့်ရဲ့ အားကစားဝတ်စုံတွေနဲ့ ဆက်စပ်မှုရှိနေပါပြီ။ အားကစားလုပ်ရင်း ချွေးထွက်ပြီး စိုထိုင်းနေတဲ့ သင့်ရဲ့ အားကစားဝတ်စုံတွေက သင့်ရဲ့အရေပြားကို အကြီးအကျယ် ဒုက္ခပေးတယ်ဆိုတာ မေ့မနေသင့်ပါဘူး။ အားကစားလုပ်ပြီးတိုင်း ပုံမှန်ထက်အချိန်ပိုပေးပြီး ရေချိုးပါလို့ အကြံပေးချင်ပါတယ်။ နောက်ပြီး အားကစားဝတ်စုံတွေကိုလည်း အချိန်ပြည့်သန့်ပြန့်နေအောင် ဂရုစိုက်ပေးရပါလိမ့်မယ်။
Shampoo နဲ့ Skincare တွေ

ဒါတွေကြောင့်လည်း သင်စိတ်ပျက်ရတဲ့ ဝက်ခြံတွေက ကျောတွေလည်ပင်းတွေမှာ ပေါက်လာရတယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ Shampoo ဆိုတဲ့အရာကလည်း ဆံပင်တွေအတွက် ကောင်းပေမယ့် တခြားအရေပြားပေါ်ကျရင်တောင် စိတ်ရှုပ်စရာ အရေပြားပြဿနာတွေ ခံစားလာရမှာပါ။ ထို့နည်းတူပါပဲ။ တစ်ချို့အရည်အသွေးမကောင်းတဲ့ Skincare ပစ္စည်းတွေကလည်း သင့်ကို ဝက်ခြံတွေ နေရာအနှံ့ပေါက်လာစေမှာပါပဲ။ ဒီလို Chemical တွေပါတဲ့ Product တွေကို သုံးလည်း သုံးပါ။ အချိန်တန်ရင် သန့်စင်အောင်လည်း ဆေးကြောပါ။
မွေ့ရာနဲ့ အိပ်ရာခင်းများ

သင့်ရဲ့ အခန်းကို ဂရုရောစိုက်ဖြစ်ကြရဲ့လား ကောင်မလေးတို့။ မျက်နှာမဟုတ်တဲ့တစ်ခြားအရေပြားပေါ်မှာ ဝက်ခြံနဲ့ အဆီဖုတွေ ပေါက်နေရခြင်းက သင့်ရဲ့ ခေါင်းအုံး၊ မွေ့ရာနဲ့ အိပ်ရာခင်းများ မသန့်ရှင်းလို့လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နေအလင်းရောင်မရတဲ့အခန်းတွေထဲမှာ နေရတဲ့သူများ၊ အလုပ်များလို့ မွေ့ရာနဲ့ အိပ်ရာခင်းများကို ပုံမှန်သန့်ရှင်းရေးမလုပ်နိုင်တဲ့သူများ စတဲ့သူတွေဆီမှာ ဒီဝက်ခြံတွေနဲ့ အဆီဖုတွေက ပိုမိုတွေ့ရတတ်ပါတယ်။ နောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူတူအိပ်တတ်တဲ့သူတွေမှာ အခုလိုအရေပြားရောဂါတွေ ပိုပြီးအဖြစ်များပါတယ်။
ညစ်ပတ်တဲ့လက်ချောင်းတွေ

လက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ လူတိုင်းသိပါတယ်။ လက်က ရောဂါပိုးမွှား အကူးစက်စေဆုံး အစိတ်အပိုင်းတစ်ခုပါပဲ။ သင့်ရဲ့မျက်နှာပေါ်က ယောင်ရမ်းနေတဲ့ဝက်ခြံတွေကို ညစ်လိုက်ကိုင်လိုက်လုပ်နေပြီး အဲဒီလက်ကို ပြန်လည်သန့်စင်တာမျိုးမရှိပဲ လည်ပင်းတွေ၊ ကျောတွေကို ကုတ်တာတို့၊ ကိုင်တာတို့လုပ်ဦးမယ်ဆိုရင်လည်း သင့်ရဲ့မျက်နှာလိုပဲ သင့်ရဲ့ကျောတွေလည်ပင်းတွေမှာလည်း ဝက်ခြံပြသနာကိုရင်ဆိုင်ရဦးမှာပါပဲ။

ကဲ ဒါတွေကတော့ သင်တို့ရဲ့ ကျောတွေ လည်ပင်းတွေက ဝက်ခြံနဲ့ အဆီဖုပြဿနာတွေရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီလိုအပြုအမူတွေကို သတိထားပြီးရှောင်လိုက်မယ်ဆိုရင်တော့ သင်တို့ လက်ရှိခံစားနေရတဲ့ဝက်ခြံကနေ အလှပဆုံးရှောင်ထွက်သွားနိုင်မှာပဲဖြစ်ပါတယ်နော်။

Editor : Moethae Say

Credit:MODA

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top