iMyanmarHouse.com - Best Property Website for Myanmar
×

ေယာင္းတို႔ေတြကေလ ပံုမွန္အားျဖင့္ဆို အသစ္ထြက္သမွ် product အသစ္ေတြေနာက္ လိုက္တတ္ၾကတယ္ မဟုတ္လား။ ခ်က္ခ်င္းသိသာတယ္ဆိုတဲ့ productေတြဆို ပိုစိတ္၀င္စားတတ္တယ္မဟုတ္လား။ တည့္ရင္ေတာ့ ေကာင္းပါရဲ႕။ မတည့္မ်ားမတည့္ခဲ့ရင္ ဆံသားေလးေတြပ်က္စီးသြားႏိုင္ပါတယ္။
ေနာက္တစ္ခုရွိေသးတယ္။ ေယာင္းတို႔ဟာ တစ္ခါတေလ လွခ်င္စိ္တ္နဲ႔ ေျဖာင့္စက္ဆြဲတာ၊ ေပ်ာ့ေဆးေတြနဲ႔ ဆံပင္ေပ်ာ့ေအာင္လုပ္တာ၊ ဆံပင္ေဆးဆိုးတာလုပ္တတ္ၾကတယ္မဟုတ္လား။ ဒါေတြက ဆံသားကိုျပင္းထန္တဲ့ chemical ေတြနဲ႔ထိေတြ႕ေစပါတယ္။ ပံုမွန္ေခါင္းေလွ်ာ္ျပီး dryerမႈတ္တာေတာင္မွ ဆံသားေျခာက္ေသြ႕ပ်က္စီးေစႏိုင္ပါတယ္ ေယာင္းတို႔ေရ။
Image result for hair for honey
ကဲ ဒါဆို ဘာေတြဘယ္လုိသံုးျပီး ဆံသားေလးေတြကိုထိန္းသိမ္းျကမလဲ???
သဘာ၀ကုထံုးေတြက ေယာင္းတို႔ရဲ႕ဆံသားေလးေတြအတြက္ အသင့္ေတာ္ဆံုးပါ။ ဆံသားအတြက္လိုအပ္တဲ့ သဘာ၀အာဟာရဓာတ္ေတြပါ၀င္ျပီး ေဘးထြက္ဆိုးက်ိဳးလည္း မရွိပါဘူး။ ဒိန္ခ်ဥ္၊ ျကက္ဥအစရွိတာေတြနဲ႔လည္း လွပတဲ့ဆံသားေတြရဖို႔ နည္းလမ္းေလးေတြ ေျပာျပထားျပီးျပီဆိုေတာ့ ဒီတစ္ခါ ပ်ားရည္ေလးသံုးျပီး ထိန္းသိမ္းျကည့္ျကရေအာင္ေနာ္။ ပ်ားရည္ရဲ႕အက်ိဳးေက်းဇူးေတြကေတာ့ အမ်ားျကီးပါ။ ပ်ားရည္ဟာ ေအးျမတဲ့သေဘာသဘာ၀ရွိျပီး ဆံသားေတြရဲ႕အစိုဓာတ္ကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြ အေျမာက္အျမားပါ၀င္တဲ့အတြက္ ဆံသားေလးေတြျပတ္ထြက္တာတို႔ ဆံပင္ကၽြတ္တာတို႔ကို ေလွ်ာ့ခ်ေပးျပီး ေယာင္းတို႔ရဲ႕ဆံသားေလးေတြ သန္စြမ္းက်န္းမာေအာင္ ကူညီေပးႏိုင္ပါတယ္။ ပ်ားရည္မွာ anti-baterial ဂုဏ္သတၱိလည္းပါ၀င္တာေျကာင့္ ဦးေရျပားယားယံျခင္း၊ အနီကြက္နဲ႔အဖုအပိမ့္ျဖစ္ျခင္းမ်ားကိုလည္း ကာကြယ္ေပးျပီး ဆံပင္ျပန္ေပါက္လာဖို႔လည္း အသံုး၀င္ပါတယ္။ ဒီလိုအက်ိဳးအာနိသင္ေတြေျကာင့္ ပ်ားရည္နဲ႔ပတ္သတ္တဲ့သဘာ၀ကုထံုးေတြကို hair spaေတာ္ေတာ္မ်ားမ်ားမွာ ထည့္သြင္းအသံုးျပဳတတ္ျကပါတယ္။

ပ်ားရည္ကို ေယာင္းတို႔ရဲ႕ဆံသားေလးေတြအတြက္ ဘယ္လိုအသံုးျပဳမလဲ??
ကိုယ္တိုင္လုပ္ ပ်ားရည္ hair maskေလးေတြဟာ လုပ္ရတာလြယ္ကူပါတယ္။ ပ်ားရည္ပါတယ္ဆိုတဲ့ ေခါင္းေလွ်ာ္ရည္ေတြ၀ယ္မယ့္အစား အက်ိဳးရလဒ္ပိုေကာင္းတဲ့ ကိုယ္တိုင္လုပ္maskေလးေတြ အသံုးျပဳႏိုင္ပါတယ္။ လုပ္ရတာအရမ္းလြယ္ကူတဲ့ honey hair maskလုပ္နည္း ႏွစ္မ်ိဳးကို ေျပာျပမယ္ေနာ္။

၁။ ပ်ားရည္နဲ႔ဒိန္ခ်ဥ္ hair mask

ဒိန္ခ်ဥ္က ဆံသားေလးေတြကို အားျဖည့္ေပးရံုသာမက မရွိမျဖစ္လိုအပ္တဲ့ ပရိုတင္းအာဟာရပါ၀င္ပါတယ္။ ပ်ားရည္ကေတာ့ ဆံသားေလးေတြကို ေတာက္ပေစျပီး ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းေလးျဖစ္ေနေစပါတယ္။ ဆံသားညိဳမြဲေျခာက္ေသြ႕ျခင္းမွ ကာကြယ္ေပးျပီး ဆံပင္ကၽြတ္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒီ hair maskေလးမွာ ပါ၀င္တဲ့ပစၥည္းေလးေတြကေတာ့
ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၄ ဇြန္း
တို႔ျဖစ္ပါတယ္။ လုပ္နည္းေလးကေတာ့ ပ်ားရည္နဲ႔ဒိန္ခ်ဥ္ကို ေသခ်ာသမေအာင္ ေရာေမႊပါ။ ျပီးရင္ေတာ့ applicator သို႔မဟုတ္ ေခါင္းဘီး သို႔မဟုတ္ ေယာင္းတို႔ရဲ႕လက္ကေလးေတြနဲ႔ ဦးေရျပားအႏွံ႔ေကာင္းစြာႏိွပ္နယ္ေပးပါ။ ဆံပင္အရင္းထိေနရာတိုင္းေရာက္ပါေစေနာ္။ ျပီးရင္ေတာ့ သဘက္သန္႔သန္႔ေလးတစ္ခုနဲ႔ ဆံပင္ကိုေပါင္းထားျပီး မိနစ္၃၀ေလာက္ထားေပးပါ။ အခ်ိန္ျပည့္ရင္ ေရေဆးခ်လိုက္ျပီး ေခါင္းကို dryerေတြမသံုးပဲ ေသခ်ာေျခာက္ေသြ႕ေအာင္သုတ္လိုက္ပါ။ ဦးေရျပားေလးေအးျပီး ေယာင္းတို႔ရဲ႕ဆံသားေလးေတြ အိအိေလးျဖစ္ေနမွာပါေနာ္။

၂။ ျကက္ဥနဲ႔ ပ်ားရည္ hair mask


ေယာင္းတို႔စားေနတဲ့ျကက္ဥမွာ ဗီတာမင္နဲ႔ပရိုတင္းဓာတ္ျကြယ္၀စြာပါ၀င္တဲ့အျပင္ ၾကက္ဥနဲ႔လုပ္တဲ့ hair maskဟာ အေကာင္းဆံုးေတြထဲက တစ္ခုအျဖစ္သတ္မွတ္ခံရပါတယ္။ ပ်ားရည္နဲ႔တြဲဖက္လိုက္ေတာ့ ပိုေကာင္းသြားျပီေပါ့။ ဒီ hair maskေလးမွာ ပါ၀င္တဲ့ပစၥည္းေတြကေတာ့
– အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ဇြန္းခြဲ
– ပ်ားရည္ လက္ဖက္ရည္ဇြန္း ၃ဇြန္း
– ျကက္ဥ ၃လံုး
တို႔ပဲျဖစ္ပါတယ္။ အရင္ဆံုး ျကက္ဥနဲ႔ သံလြင္ဆီကို အတူတူေမႊေပးပါ။ ျပီးရင္ ပ်ားရည္ကို ျဖည္းျဖည္းခ်င္းစီထည့္ျပီး သမေအာင္ေရာေမႊေပးပါ။ အကုန္ေမႊျပီးရင္ေတာ့ သုတ္လိမ္းျပီး သဘက္သန္႔သန္႔ေလး ဒါမွမဟုတ္ ေရခ်ိဳးဦးထုပ္နဲ႔အုပ္ထားေပးလိုက္ပါ။ တစ္နာရီေလာက္ေပါင္းထားျပီးရင္ေတာ့ ျကက္ဥအနံ႔ေတြေပ်ာက္သြားေအာင္နဲ႔ အဆီေတြကုန္သြားေအာင္ ေခါင္းေလွ်ာ္ရည္အေပ်ာ့ေလးနဲ႔ ေသခ်ာေခါင္းေလွ်ာ္ခ်လိုက္ပါ။ ေယာင္းတို႔ရဲ႕ဆံသားေလးေတြ ႏူးညံံ့ေတာက္ပျပီး သန္စြမ္းတဲ့ဆံေကသာအျဖစ္ ေျပာင္းလဲလာမွာပါေနာ္။

ကဲ.. ဒါဆိုရင္ အခုပဲ ေယာင္းတို႔ရဲ႕ေပ်ာက္ဆံုးေနတဲ့ ေတာက္ပတဲ့ဆံေကသာေလးေတြအတြက္နဲ႔ ဆံသားေလးေတြ ျပန္လည္စိုျပည္က်န္းမာလာဖို႔ အိမ္မွာအလြယ္တကူရရွိႏိုင္တဲ့ honey hair maskေလးေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပဳစုလိုက္ပါ။ လွပတဲ့ ဆံေကသာပိုင္ရွင္ေလးမ်ား ျဖစ္ျကပါေစေနာ္။

Credit:Amber (For Her Myanmar)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ယောင်းတို့တွေကလေ ပုံမှန်အားဖြင့်ဆို အသစ်ထွက်သမျှ product အသစ်တွေနောက် လိုက်တတ်ကြတယ် မဟုတ်လား။ ချက်ချင်းသိသာတယ်ဆိုတဲ့ productတွေဆို ပိုစိတ်ဝင်စားတတ်တယ်မဟုတ်လား။ တည့်ရင်တော့ ကောင်းပါရဲ့။ မတည့်များမတည့်ခဲ့ရင် ဆံသားလေးတွေပျက်စီးသွားနိုင်ပါတယ်။
နောက်တစ်ခုရှိသေးတယ်။ ယောင်းတို့ဟာ တစ်ခါတလေ လှချင်စိတ်နဲ့ ဖြောင့်စက်ဆွဲတာ၊ ပျော့ဆေးတွေနဲ့ ဆံပင်ပျော့အောင်လုပ်တာ၊ ဆံပင်ဆေးဆိုးတာလုပ်တတ်ကြတယ်မဟုတ်လား။ ဒါတွေက ဆံသားကိုပြင်းထန်တဲ့ chemical တွေနဲ့ထိတွေ့စေပါတယ်။ ပုံမှန်ခေါင်းလျှော်ပြီး dryerမှုတ်တာတောင်မှ ဆံသားခြောက်သွေ့ပျက်စီးစေနိုင်ပါတယ် ယောင်းတို့ရေ။

ကဲ ဒါဆို ဘာတွေဘယ်လိုသုံးပြီး ဆံသားလေးတွေကိုထိန်းသိမ်းကြမလဲ???
သဘာဝကုထုံးတွေက ယောင်းတို့ရဲ့ဆံသားလေးတွေအတွက် အသင့်တော်ဆုံးပါ။ ဆံသားအတွက်လိုအပ်တဲ့ သဘာဝအာဟာရဓာတ်တွေပါဝင်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ဒိန်ချဉ်၊ ကြက်ဥအစရှိတာတွေနဲ့လည်း လှပတဲ့ဆံသားတွေရဖို့ နည်းလမ်းလေးတွေ ပြောပြထားပြီးပြီဆိုတော့ ဒီတစ်ခါ ပျားရည်လေးသုံးပြီး ထိန်းသိမ်းကြည့်ကြရအောင်နော်။ ပျားရည်ရဲ့အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ ပျားရည်ဟာ အေးမြတဲ့သဘောသဘာဝရှိပြီး ဆံသားတွေရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ အမြောက်အမြားပါဝင်တဲ့အတွက် ဆံသားလေးတွေပြတ်ထွက်တာတို့ ဆံပင်ကျွတ်တာတို့ကို လျှော့ချပေးပြီး ယောင်းတို့ရဲ့ဆံသားလေးတွေ သန်စွမ်းကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ ပျားရည်မှာ anti-baterial ဂုဏ်သတ္တိလည်းပါဝင်တာကြောင့် ဦးရေပြားယားယံခြင်း၊ အနီကွက်နဲ့အဖုအပိမ့်ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးပြီး ဆံပင်ပြန်ပေါက်လာဖို့လည်း အသုံးဝင်ပါတယ်။ ဒီလိုအကျိုးအာနိသင်တွေကြောင့် ပျားရည်နဲ့ပတ်သတ်တဲ့သဘာဝကုထုံးတွေကို hair spaတော်တော်များများမှာ ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။

ပျားရည်ကို ယောင်းတို့ရဲ့ဆံသားလေးတွေအတွက် ဘယ်လိုအသုံးပြုမလဲ??
ကိုယ်တိုင်လုပ် ပျားရည် hair maskလေးတွေဟာ လုပ်ရတာလွယ်ကူပါတယ်။ ပျားရည်ပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေဝယ်မယ့်အစား အကျိုးရလဒ်ပိုကောင်းတဲ့ ကိုယ်တိုင်လုပ်maskလေးတွေ အသုံးပြုနိုင်ပါတယ်။ လုပ်ရတာအရမ်းလွယ်ကူတဲ့ honey hair maskလုပ်နည်း နှစ်မျိုးကို ပြောပြမယ်နော်။

၁။ ပျားရည်နဲ့ဒိန်ချဉ် hair mask

ဒိန်ချဉ်က ဆံသားလေးတွေကို အားဖြည့်ပေးရုံသာမက မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းအာဟာရပါဝင်ပါတယ်။ ပျားရည်ကတော့ ဆံသားလေးတွေကို တောက်ပစေပြီး ပျော့ပျော့ပျောင်းပျောင်းလေးဖြစ်နေစေပါတယ်။ ဆံသားညိုမွဲခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒီ hair maskလေးမှာ ပါဝင်တဲ့ပစ္စည်းလေးတွေကတော့
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
တို့ဖြစ်ပါတယ်။ လုပ်နည်းလေးကတော့ ပျားရည်နဲ့ဒိန်ချဉ်ကို သေချာသမအောင် ရောမွှေပါ။ ပြီးရင်တော့ applicator သို့မဟုတ် ခေါင်းဘီး သို့မဟုတ် ယောင်းတို့ရဲ့လက်ကလေးတွေနဲ့ ဦးရေပြားအနှံ့ကောင်းစွာနှိပ်နယ်ပေးပါ။ ဆံပင်အရင်းထိနေရာတိုင်းရောက်ပါစေနော်။ ပြီးရင်တော့ သဘက်သန့်သန့်လေးတစ်ခုနဲ့ ဆံပင်ကိုပေါင်းထားပြီး မိနစ်၃၀လောက်ထားပေးပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ပြီး ခေါင်းကို dryerတွေမသုံးပဲ သေချာခြောက်သွေ့အောင်သုတ်လိုက်ပါ။ ဦးရေပြားလေးအေးပြီး ယောင်းတို့ရဲ့ဆံသားလေးတွေ အိအိလေးဖြစ်နေမှာပါနော်။

၂။ ကြက်ဥနဲ့ ပျားရည် hair mask


ယောင်းတို့စားနေတဲ့ကြက်ဥမှာ ဗီတာမင်နဲ့ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ကြက်ဥနဲ့လုပ်တဲ့ hair maskဟာ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ ပျားရည်နဲ့တွဲဖက်လိုက်တော့ ပိုကောင်းသွားပြီပေါ့။ ဒီ hair maskလေးမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့
– အုန်းဆီ သို့မဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
– ပျားရည် လက်ဖက်ရည်ဇွန်း ၃ဇွန်း
– ကြက်ဥ ၃လုံး
တို့ပဲဖြစ်ပါတယ်။ အရင်ဆုံး ကြက်ဥနဲ့ သံလွင်ဆီကို အတူတူမွှေပေးပါ။ ပြီးရင် ပျားရည်ကို ဖြည်းဖြည်းချင်းစီထည့်ပြီး သမအောင်ရောမွှေပေးပါ။ အကုန်မွှေပြီးရင်တော့ သုတ်လိမ်းပြီး သဘက်သန့်သန့်လေး ဒါမှမဟုတ် ရေချိုးဦးထုပ်နဲ့အုပ်ထားပေးလိုက်ပါ။ တစ်နာရီလောက်ပေါင်းထားပြီးရင်တော့ ကြက်ဥအနံ့တွေပျောက်သွားအောင်နဲ့ အဆီတွေကုန်သွားအောင် ခေါင်းလျှော်ရည်အပျော့လေးနဲ့ သေချာခေါင်းလျှော်ချလိုက်ပါ။ ယောင်းတို့ရဲ့ဆံသားလေးတွေ နူးညံံ့တောက်ပပြီး သန်စွမ်းတဲ့ဆံကေသာအဖြစ် ပြောင်းလဲလာမှာပါနော်။

ကဲ.. ဒါဆိုရင် အခုပဲ ယောင်းတို့ရဲ့ပျောက်ဆုံးနေတဲ့ တောက်ပတဲ့ဆံကေသာလေးတွေအတွက်နဲ့ ဆံသားလေးတွေ ပြန်လည်စိုပြည်ကျန်းမာလာဖို့ အိမ်မှာအလွယ်တကူရရှိနိုင်တဲ့ honey hair maskလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုစုလိုက်ပါ။ လှပတဲ့ ဆံကေသာပိုင်ရှင်လေးများ ဖြစ်ကြပါစေနော်။

Credit:Amber (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top