ပါဝင်ပစ္စည်း
ပြင်ဆင်ခြင်း
အသုံးပြုခြင်း
Credit : MyStyle
#Unicode Version#
သွားဝါနေလို့ လူရှေ့သူရှေ့မှာ အပြုံးပန်းဆင်ဖို့ ခက်ခဲနေလား။ တစ်နေ့ကို သွား၂ ကြိမ်ပုံမှန်တိုက်ပေးပေမယ့် သွားဝါတာတွေက သက်သာမသွားဘူးဖြစ်နေလား။
သွားကျန်းမာရေးအတွက်လည်းအရေးကြီးသလို သွားဝါတာတွေကို သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးသွားပါမယ်။
၁၀၀ % သဘာဝစစ်စစ်ဖြစ်တဲ့ ပါဝင်ပစ္စည်း ၂ မျိုးကို အသုံးပြုပြီး သွားဝါတာတွေ သက်သာပျောက်ကင်းကာ သွားတွေကို ဖြူဖွေးကျန်းမာစေဖို့ အခုပဲအရယူလိုက်ရအောင်နော်။
ပါဝင်ပစ္စည်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုယိုရည် (သို့) သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်ခြင်း
ခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါ အရင်ထည့်ပြီး သံပုယိုရည် ထည့်ပေးပါ။ ပြီးရင် သေချာမွှေပေးလိုက်ပါ။
ပါဝင်တဲ့ ဂုဏ်သတ္တိတွေ
မုန့်ဖုတ်ဆိုဒါမှာ ဘက်တီးရီးယားပိုးတွေကို သက်သာပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သွားဖုံးနဲ့ သွားတွေက ဘက်တီးရီးယားတွေကို သက်သာစေပါတယ်။ သံပုယိုသီးမှာဆိုရင်တော့ သွားတွေကို ကြည်လင်သန့်စင်စေပါတယ်။
အသုံးပြုခြင်း
ပြီးရင်တော့ လက်ချောင်း (သို့) ဝါဂွမ်းစတဲ့ တို့ပြီး သွားတွေကို မိနစ်အနည်းငယ်လောက် ပွတ်တိုက်ပေးပါ။ ပြီးရင် ၅ မိနစလောက်ထားပါ။ ပြီးရင်ရေအေးအေးနဲ့ ပလုတ်ကျင်းလိုက်ပါ။
ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : MyStyle
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
လူမှု့ဘဝ
»
အလှအပ
» ဝါနေတဲ့သွားလေးတွေ ဖြူဝင်းသွားစေဖို့ သဘာဝနည်းလမ်း ...!
ဝါနေတဲ့သွားလေးတွေ ဖြူဝင်းသွားစေဖို့ သဘာဝနည်းလမ်း ...!
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။