iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ဦးၾကားမွာ ပ်င္းရိၿငီးေငြ႕လာတာဟာ မျဖစ္သင့္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ဒီလို ပ်င္းရိၿငီးေငြ႕လာၿပီဆိုရင္ ႏွစ္ဦးသားအတူတူလုပ္ေဆာင္ႏိုင္မယ့္ စိတ္၀င္စားစရာတစ္ခုခုကို ရွာေဖြဖို႔ အခ်ိန္ပါပဲ။ ဒီအတြက္ ၀ါသနာသစ္တစ္ခုခုကို ေရြးခ်ယ္လုပ္ေဆာင္တာက အေကာင္းဆံုးနည္းလမ္းျဖစ္မွာပါ။ ဒါ့ေၾကာင့္ ခ်စ္သူစံုတြဲကို တစ္ဦးနဲ႔တစ္ဦး ပိုမိုရင္းႏွီးေစၿပီး ဆက္ဆံေရးခိုင္ျမဲေစႏိုင္မယ့္ ၀ါသနာေလးေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ခ်က္ျပဳတ္ျခင္း
ဟင္းလ်ာအသစ္ေတြရဲ႕ ဟင္းခ်က္နည္းေတြကို ေလ့လာၿပီး စမ္းသပ္ခ်က္ျပဳတ္တာက ႏွစ္ေယာက္စလံုးအတြက္ ေပ်ာ္စရာေကာင္းမွာ ေသခ်ာပါတယ္။ ေပ်ာ္စရာေကာင္းရုံတင္မဟုတ္ပါဘူး။ အသစ္အဆန္းေတြကိုလည္း ေလ့လာသင္ယူၿပီးသား ျဖစ္မွာပါ။ အခ်က္အျပဳတ္သင္တန္းတစ္ခုခု တက္လည္းရႏိုင္သလို အြန္လိုင္းကေန ဗီဒီယိုဖုိင္ေတြ ၾကည့္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ စာဖတ္ၿပီးေတာ့ပဲျဖစ္ျဖစ္ ေလ့လာသင္ယူႏိုင္ပါတယ္။ ကို္ယ္တိုင္ကိုယ္က် အတူတူခ်က္ျပဳတ္ျခင္းက က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။

၂။ ကိုယ္လက္လႈပ္ရွားေဆာင္ရြက္မႈမ်ား
သင့္ ခ်စ္သူနဲ႔အတူတူ လုပ္ေဆာင္လို႔ရတဲ့ အားကစားနည္းေတြ အမ်ားႀကီးရွိပါတယ္။ စက္ဘီးစီးတာ၊ ေျပးတာ၊ အေလးမတာ၊ ေယာဂက်င့္တာ နဲ႔ ေတာင္တက္တာေတြ အစရွိသျဖင့္ လုပ္ေဆာင္လို႔ရပါတယ္။ ႏွစ္ေယာက္စလံုးအတြက္ ေပ်ာ္စရာေကာင္းၿပီး စိန္ေခၚမႈရွိေစတဲ့တစ္ခုခုကို ေရြးခ်ယ္လုပ္ေဆာင္ျခင္းက အခ်င္းခ်င္းအျပန္အလွန္ နားလည္မႈနဲ႔ ပံ့ပိုးကူညီမႈရွိဖို႔အတြက္ အခြင့္အလမ္းျဖစ္ေစပါတယ္။ က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္သလို ႏွစ္ဦးလက္တြဲၿပီး အရင္က မလုပ္ဖူးခဲ့တာေတြကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္တဲ့ အမွတ္တရေတြလည္း ရရွိလာမွာပါ။

၃။ ဘာသာစကားသစ္တစ္ခု သင္ယူျခင္း
ဘာသာစကားအသစ္တစ္ခုခုကို ေလ့လာသင္ယူတာက အျခားအရာေတြထက္ ပိုၿပီးခက္ခဲႏိုင္ပါတယ္။ ဒါေပမယ့္ အျခားႏိုင္ငံတစ္ခုခုကို ခရီးသြားဖို႔ စဥ္းစားဖူးပါသလား။ စဥ္းစားဖူးတယ္ဆိုရင္ေတာ့ ႏွစ္ေယာက္စလံုး စိတ္၀င္စားတဲ့ ဘာသာစကားတစ္ခုခုကို ေရြးခ်ယ္လိုက္ပါ။ ေရြးခ်ယ္ၿပီးတာနဲ႔ အတူတူသင္တန္းသြားတက္တာပဲ ျဖစ္ျဖစ္၊ အိမ္ကေနပဲ အြန္လိုင္းမွတဆင့္ေလ့လာတာပဲျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။ ႏွစ္ေယာက္သား အျပန္အလွန္ စကားေျပာရင္း ေလ့က်င့္ႏိုင္ပါတယ္။ အျခားဘာသာစကားတစ္ခုခုနဲ႔ ခ်စ္တယ္လို႔ ေျပာႏိုင္ဖို႔ သိပ္သင္စရာမလိုပါဘူး။

၄။ ဂိမ္းကစားျခင္း
ကေလးကလားအလုပ္လို႔ ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ ဂိမ္းအသစ္တစ္ခုကို ေလ့လာကစားျခင္းက သင့္ရဲ႕စိတ္ကို ထက္ျမက္ေစႏိုင္ပါတယ္။ ဘုတ္ျပားနဲ႔ကစားရတဲ့ ဂိမ္း၊ ဗီဒီယိုဂိမ္း၊ အြန္လိုင္းဂိမ္း တစ္ခုခုကို ေရြးလိုက္ပါ။ ဂိမ္းအမ်ားစုက စဥ္းစားေတြးေခၚၿပီး အစီအစဥ္တက်ကစားတတ္ဖို႔ လိုပါတယ္။ ဒီကေနတဆင့္ အေရးႀကီးတဲ့ ေျပာဆုိဆယ္သြယ္မႈနဲ႔ ေလးစားမႈတို႔လိုမ်ိဳး ဆက္ဆံမႈစြမ္းရည္ေတြ တိုးတက္လာႏိုင္ပါတယ္။ အသင္းအဖြဲ႕စိတ္ဓာတ္ကိုလည္း သင္ယူႏိုင္ပါတယ္။

၅။ ကခုန္ျခင္း
အကခန္းမႀကီးမွာပဲျဖစ္ျဖစ္၊ ဟစ္ေဟာ့အကမ်ိဳးပဲျဖစ္ျဖစ္ ကခုန္ျခင္းက ခ်စ္သူစံုတြဲေတြအတြက္ ေပ်ာ္ရႊင္စရာအခ်ိန္ေတြကို ျဖစ္ေစပါတယ္။ ေတးဂီတနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လႈပ္ရွားဖို႔ သင္ယူရတာက ကိုယ္ဟန္အေနအထားမွန္ကန္ဖို႔၊ စိတ္အားထက္သန္ဖို႔နဲ႔ ခႏၶာကိုယ္ က်န္းမာေရးတို႔ကို အေထာက္အကူျဖစ္ေစပါတယ္။ ခ်စ္တဲ့သူနဲ႔ အတူတူလုပ္ရတာက ပိုၿပီးေတာ့ ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဒါ့အျပင္ ရိုမန္းတစ္လည္း ဆန္ပါတယ္။ ႏွစ္ေယာက္စလံုးကို ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ပိုမိုနီးကပ္ေစပါတယ္။

ဘယ္လို၀ါသနာမ်ိဳးကိုပဲ ေရြးခ်ယ္တာျဖစ္ျဖစ္ ႏွစ္ေယာက္အတူတူလုပ္ရတဲ့ အရာမွန္သမွ်က သင့္တို႔ႏွစ္ဦးၾကား ဆက္ဆံေရးကို ပိုမိုခိုင္မာေစႏိုင္ပါတယ္။ တစ္ခုသိထားရမွာက အကုန္အက်မ်ားတဲ့ ၀ါသနာေတြေတာ့ မလုပ္ဖို႔ပါပဲ။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ချစ်သူနှစ်ဦးကြားမှာ ပျင်းရိငြီးငွေ့လာတာဟာ မဖြစ်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒီလို ပျင်းရိငြီးငွေ့လာပြီဆိုရင် နှစ်ဦးသားအတူတူလုပ်ဆောင်နိုင်မယ့် စိတ်ဝင်စားစရာတစ်ခုခုကို ရှာဖွေဖို့ အချိန်ပါပဲ။ ဒီအတွက် ဝါသနာသစ်တစ်ခုခုကို ရွေးချယ်လုပ်ဆောင်တာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါ့ကြောင့် ချစ်သူစုံတွဲကို တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးစေပြီး ဆက်ဆံရေးခိုင်မြဲစေနိုင်မယ့် ဝါသနာလေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ချက်ပြုတ်ခြင်း
ဟင်းလျာအသစ်တွေရဲ့ ဟင်းချက်နည်းတွေကို လေ့လာပြီး စမ်းသပ်ချက်ပြုတ်တာက နှစ်ယောက်စလုံးအတွက် ပျော်စရာကောင်းမှာ သေချာပါတယ်။ ပျော်စရာကောင်းရုံတင်မဟုတ်ပါဘူး။ အသစ်အဆန်းတွေကိုလည်း လေ့လာသင်ယူပြီးသား ဖြစ်မှာပါ။ အချက်အပြုတ်သင်တန်းတစ်ခုခု တက်လည်းရနိုင်သလို အွန်လိုင်းကနေ ဗီဒီယိုဖိုင်တွေ ကြည့်ပြီးတော့ပဲဖြစ်ဖြစ်၊ စာဖတ်ပြီးတော့ပဲဖြစ်ဖြစ် လေ့လာသင်ယူနိုင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ အတူတူချက်ပြုတ်ခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများ
သင့် ချစ်သူနဲ့အတူတူ လုပ်ဆောင်လို့ရတဲ့ အားကစားနည်းတွေ အများကြီးရှိပါတယ်။ စက်ဘီးစီးတာ၊ ပြေးတာ၊ အလေးမတာ၊ ယောဂကျင့်တာ နဲ့ တောင်တက်တာတွေ အစရှိသဖြင့် လုပ်ဆောင်လို့ရပါတယ်။ နှစ်ယောက်စလုံးအတွက် ပျော်စရာကောင်းပြီး စိန်ခေါ်မှုရှိစေတဲ့တစ်ခုခုကို ရွေးချယ်လုပ်ဆောင်ခြင်းက အချင်းချင်းအပြန်အလှန် နားလည်မှုနဲ့ ပံ့ပိုးကူညီမှုရှိဖို့အတွက် အခွင့်အလမ်းဖြစ်စေပါတယ်။ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်သလို နှစ်ဦးလက်တွဲပြီး အရင်က မလုပ်ဖူးခဲ့တာတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့ အမှတ်တရတွေလည်း ရရှိလာမှာပါ။

၃။ ဘာသာစကားသစ်တစ်ခု သင်ယူခြင်း
ဘာသာစကားအသစ်တစ်ခုခုကို လေ့လာသင်ယူတာက အခြားအရာတွေထက် ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတစ်ခုခုကို ခရီးသွားဖို့ စဉ်းစားဖူးပါသလား။ စဉ်းစားဖူးတယ်ဆိုရင်တော့ နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့ ဘာသာစကားတစ်ခုခုကို ရွေးချယ်လိုက်ပါ။ ရွေးချယ်ပြီးတာနဲ့ အတူတူသင်တန်းသွားတက်တာပဲ ဖြစ်ဖြစ်၊ အိမ်ကနေပဲ အွန်လိုင်းမှတဆင့်လေ့လာတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ နှစ်ယောက်သား အပြန်အလှန် စကားပြောရင်း လေ့ကျင့်နိုင်ပါတယ်။ အခြားဘာသာစကားတစ်ခုခုနဲ့ ချစ်တယ်လို့ ပြောနိုင်ဖို့ သိပ်သင်စရာမလိုပါဘူး။

၄။ ဂိမ်းကစားခြင်း
ကလေးကလားအလုပ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းအသစ်တစ်ခုကို လေ့လာကစားခြင်းက သင့်ရဲ့စိတ်ကို ထက်မြက်စေနိုင်ပါတယ်။ ဘုတ်ပြားနဲ့ကစားရတဲ့ ဂိမ်း၊ ဗီဒီယိုဂိမ်း၊ အွန်လိုင်းဂိမ်း တစ်ခုခုကို ရွေးလိုက်ပါ။ ဂိမ်းအများစုက စဉ်းစားတွေးခေါ်ပြီး အစီအစဉ်တကျကစားတတ်ဖို့ လိုပါတယ်။ ဒီကနေတဆင့် အရေးကြီးတဲ့ ပြောဆိုဆယ်သွယ်မှုနဲ့ လေးစားမှုတို့လိုမျိုး ဆက်ဆံမှုစွမ်းရည်တွေ တိုးတက်လာနိုင်ပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ်ကိုလည်း သင်ယူနိုင်ပါတယ်။

၅။ ကခုန်ခြင်း
အကခန်းမကြီးမှာပဲဖြစ်ဖြစ်၊ ဟစ်ဟော့အကမျိုးပဲဖြစ်ဖြစ် ကခုန်ခြင်းက ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စရာအချိန်တွေကို ဖြစ်စေပါတယ်။ တေးဂီတနဲ့ လိုက်လျောညီထွေဖြစ်အောင် လှုပ်ရှားဖို့ သင်ယူရတာက ကိုယ်ဟန်အနေအထားမှန်ကန်ဖို့၊ စိတ်အားထက်သန်ဖို့နဲ့ ခန္ဓာကိုယ် ကျန်းမာရေးတို့ကို အထောက်အကူဖြစ်စေပါတယ်။ ချစ်တဲ့သူနဲ့ အတူတူလုပ်ရတာက ပိုပြီးတော့ ပျော်ဖို့ကောင်းပါတယ်။ ဒါ့အပြင် ရိုမန်းတစ်လည်း ဆန်ပါတယ်။ နှစ်ယောက်စလုံးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုမိုနီးကပ်စေပါတယ်။

ဘယ်လိုဝါသနာမျိုးကိုပဲ ရွေးချယ်တာဖြစ်ဖြစ် နှစ်ယောက်အတူတူလုပ်ရတဲ့ အရာမှန်သမျှက သင့်တို့နှစ်ဦးကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်ပါတယ်။ တစ်ခုသိထားရမှာက အကုန်အကျများတဲ့ ဝါသနာတွေတော့ မလုပ်ဖို့ပါပဲ။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top