ဦးေရျပားမွာ အဖတ္အဖတ္ေတြနဲ႔ ၾကည့္ရဆိုးၿပီး အၿမဲတမ္းယားယံေနရတဲ့ ေဗာက္ျပႆနာရဲ႕ဒုကၡကို ခံစားဖူးသူမွသိမယ္။ ေခါင္းက အၿမဲတမ္းယားယံေနတာ၊ အျဖဴဖတ္ေတြကလည္း ကြာက်ေတာ့ လူၾကားထဲမွာဆို ဂြမ္းတာပဲ။ ေဗာက္ေပ်ာက္ေဆးေတြ ဘယ္ေလာက္သံုးသံုး ခဏပဲသက္သာၿပီး အၿမဲတမ္းလိုလို ျပန္ျဖစ္ေနရတာကေတာ့ ကိုယ္နဲ႔ဆုိင္သြားၿပီ။
၁။ အပူေပးၿပီးစတိုင္လ္သြင္းတယ္
ဆံပင္ကို အပူေပးၿပီး ေျဖာင့္တယ္၊ လိပ္တယ္၊ ေကာက္တယ္ ခဏခဏပဲ။ ဒီ္ေတာ့ ဦးေရျပားက ေျခာက္ေသြ႕လာၿပီး ဆံသားေတြကို အစိုဓာတ္နည္းသြားေစတယ္။ ဦးေရျပားေျခာက္ေသြ႕ေတာ့ အဖတ္ေတြလန္ၿပီး ေဗာက္အျဖစ္နဲ႔ ကြာက်လာတယ္ေလ။ အပူေတြ သိပ္မသံုးနဲ႔ေနာ္။
၂။ အၾကြင္းအက်န္ေတြ
ေခါင္းကို ဂ်ဲလ္ေတြလူးတယ္၊ စပေရးျဖန္းတယ္ဆိုရင္ ေခါင္းေလွ်ာ္တိုင္း ေျပာင္ေအာင္ေလွ်ာ္ရမယ္။ ၿပီးေတာ့ တစ္ပတ္ကို ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ေလွ်ာ္ေပးမွ ေခါင္းေပၚတင္ထားတဲ့ ဂ်ဲလ္၊ စပေရးေတြ ကုန္သြားမွာပါေနာ္။ အဲ့တာေတြ ဦးေခါင္းမွာ ကပ္ေနရင္လည္း ေဗာက္ထဖို႔ အားေပးသလိုပါပဲ။ ဦးေရျပားလည္း ယားယံတယ္။ ေခါင္းေလွ်ာ္ၿပီးလို႔ ဆံပင္ေပါင္းေဆးလိမ္းရင္လည္း ေသေသခ်ာခ်ာေျပာင္စင္ေအာင္ ေဆးခ်ဖုိ႔လိုပါတယ္။
၃။ ဓမၼတာကိစၥ
ဓမၼတာကိစၥေၾကာင့္ ခႏၶာကိုယ္မွာ ေဟာ္မုန္းအေျပာင္းအလဲေတြ ျဖစ္ရပါတယ္။ ေဟာ္မုန္းေတြ ကေမာက္ကမျဖစ္တဲ့အခါ ေဗာက္ထျခင္းကိုလည္း ျဖစ္ေစျပန္တယ္။
၄။ မွန္ကန္တဲ့ေခါင္းေလွ်ာ္ရည္
ေဗာက္ထေနတယ္ဆုိရင္ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ကို သံုးရမယ္ေနာ္။ ဆံပင္ေပ်ာ့ခ်င္တာပဲ ဦးစားေပးေနလို႔မရဘူး။
၅။ အေရျပားေျခာက္ေသြ႕မႈ
ေဗာက္ထျခင္းရဲ႕ အဓိကအေၾကာင္းရင္းေတြထဲမွာ အေရျပားေျခာက္ေသြ႕ျခင္းကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္ေနာ္။ အေရျပားမွာ လံုေလာက္တဲ့အစိုဓာတ္မ႐ွိတဲ့အခါ ေျခာက္ေသြ႕အက္ကြဲၿပီး အဖတ္ေလးေတြက ဦးေရျပားမွာ ကပ္ၿငိကုန္ပါတယ္။ ဦးေရျပား ေျခာက္ေသြ႕မႈမျဖစ္ေအာင္လို႔ ဆီေလးလိမ္းၿပီး ႏွိပ္ေပးေနာ္။ ဦးေရျပားမွာ ေသြးလည္ပတ္မႈေကာင္းရင္ ေျခာက္ေသြ႕တာေတြလည္း မျဖစ္ေတာ့လို႔ ေဗာက္ထတာလည္း သက္သာမွာပါ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဦးရေပြားမှာ အဖတ်အဖတ်တွေနဲ့ ကြည့်ရဆိုးပြီး အမြဲတမ်းယားယံနေရတဲ့ ဗောက်ပြဿနာရဲ့ဒုက္ခကို ခံစားဖူးသူမှသိမယ်။ ခေါင်းက အမြဲတမ်းယားယံနေတာ၊ အဖြူဖတ်တွေကလည်း ကွာကျတော့ လူကြားထဲမှာဆို ဂွမ်းတာပဲ။ ဗောက်ပျောက်ဆေးတွေ ဘယ်လောက်သုံးသုံး ခဏပဲသက်သာပြီး အမြဲတမ်းလိုလို ပြန်ဖြစ်နေရတာကတော့ ကိုယ်နဲ့ဆိုင်သွားပြီ။
၁။ အပူပေးပြီးစတိုင်လ်သွင်းတယ်
ဆံပင်ကို အပူပေးပြီး ဖြောင့်တယ်၊ လိပ်တယ်၊ ကောက်တယ် ခဏခဏပဲ။ ဒီ်တော့ ဦးရေပြားက ခြောက်သွေ့လာပြီး ဆံသားတွေကို အစိုဓာတ်နည်းသွားစေတယ်။ ဦးရေပြားခြောက်သွေ့တော့ အဖတ်တွေလန်ပြီး ဗောက်အဖြစ်နဲ့ ကွာကျလာတယ်လေ။ အပူတွေ သိပ်မသုံးနဲ့နော်။
၂။ အကြွင်းအကျန်တွေ
ခေါင်းကို ဂျဲလ်တွေလူးတယ်၊ စပရေးဖြန်းတယ်ဆိုရင် ခေါင်းလျှော်တိုင်း ပြောင်အောင်လျှော်ရမယ်။ ပြီးတော့ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လျှော်ပေးမှ ခေါင်းပေါ်တင်ထားတဲ့ ဂျဲလ်၊ စပရေးတွေ ကုန်သွားမှာပါနော်။ အဲ့တာတွေ ဦးခေါင်းမှာ ကပ်နေရင်လည်း ဗောက်ထဖို့ အားပေးသလိုပါပဲ။ ဦးရေပြားလည်း ယားယံတယ်။ ခေါင်းလျှော်ပြီးလို့ ဆံပင်ပေါင်းဆေးလိမ်းရင်လည်း သေသေချာချာပြောင်စင်အောင် ဆေးချဖို့လိုပါတယ်။
၃။ ဓမ္မတာကိစ္စ
ဓမ္မတာကိစ္စကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ရပါတယ်။ ဟော်မုန်းတွေ ကမောက်ကမဖြစ်တဲ့အခါ ဗောက်ထခြင်းကိုလည်း ဖြစ်စေပြန်တယ်။
၄။ မှန်ကန်တဲ့ခေါင်းလျှော်ရည်
ဗောက်ထနေတယ်ဆိုရင် ဗောက်ပျောက်ခေါင်းလျှော်ရည်ကို သုံးရမယ်နော်။ ဆံပင်ပျော့ချင်တာပဲ ဦးစားပေးနေလို့မရဘူး။
၅။ အရေပြားခြောက်သွေ့မှု
ဗောက်ထခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အရေပြားခြောက်သွေ့ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။ အရေပြားမှာ လုံလောက်တဲ့အစိုဓာတ်မရှိတဲ့အခါ ခြောက်သွေ့အက်ကွဲပြီး အဖတ်လေးတွေက ဦးရေပြားမှာ ကပ်ငြိကုန်ပါတယ်။ ဦးရေပြား ခြောက်သွေ့မှုမဖြစ်အောင်လို့ ဆီလေးလိမ်းပြီး နှိပ်ပေးနော်။ ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းရင် ခြောက်သွေ့တာတွေလည်း မဖြစ်တော့လို့ ဗောက်ထတာလည်း သက်သာမှာပါ။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
အလွအပ
»
အေထြေထြ
» မၿပီးဆံုးႏိုင္ေတာ့တဲ့ ေဗာက္ျပႆနာရဲ႕ အရင္းခံဇစ္ျမစ္ေတြ
မၿပီးဆံုးႏိုင္ေတာ့တဲ့ ေဗာက္ျပႆနာရဲ႕ အရင္းခံဇစ္ျမစ္ေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။