iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Duwun


#Unicode Version#
သရုပ်ဆောင်နေတိုးကတော့ သူကိုယ်တိုင်Photographyအပိုင်းကိုတာဝန်ယူထားတဲ့ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး နဲ့ပတ်သက်တဲ့ သူ့ရဲ့ ရင်တွင်းစကားသံကို Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားက ကျွန်တော်ကိုယ်တိုင်Photography အပိုင်းကိုရော၊ သရုပ်ဆောင်အပိုင်းမှာပါ တာဝန်ယူထားရတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် ဘဝမှာ အမှတ်တရဖြစ်တဲ့ဇာတ်ကားတစ်ကားလို့ပြောရင်ရပါတယ်။ဒီဇာတ်ကားအောင်မြင်ခဲ့ရင်တောင်မှ ဒီလိုဇာတ်ကား ထက် ကောင်းတဲ့ဖန်တီးမှုရသတွေကို ကျွန်တော်တို့ တင်ဆက်ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

ကြောက်ကြောက်ကြောက်ရုပ်ရှင်ဇာတ်ကားကြီးမှာ သရဲအရမ်းကြောက်တတ်တဲ့ ဖိုးသံလုံးဆိုတဲ့ ကောင်လေးက သူစိတ်ဝင်စား နေတဲ့ကောင်မလေး ခင်ဝင့်ဝါက အဖြေပေးမယ့်ရက်မှာပဲ ရုတ်တရက်သေဆုံးသွားတာကြောင့် ခြောက်ခြားနေရတဲ့ ကောင်လေး တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ရီစရာနဲ့ကြောက်စရာကို ရောထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် သရဲကားကို ကြောက်တဲ့ ပရိသတ်တွေ အတွက်ထွက်ပေါက်တွေရှိသလို၊ အရမ်းကြောက်စရာကောင်းတဲ့ ဇာတ်ကားကို ကြည့်ချင်တဲ့ပရိသတ် တွေအတွက်ကလည်း ကြောက်စရာတွေကောင်းတာပါတဲ့အတွက် သရုပ်ဆောင်နေတိုးကတော့ အပြည့်အဝကျေနပ်နေတယ်လို့ သိရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top