မုန္လာဥနီ ပံုမွန္ စားပါက အမ်ဳိးသမီး မ်ားတြင္ အခ်ဳိ႕ေသာ ရင္သားကင္ဆာ ေရာဂါမ်ား ျဖစ္ပြား မလာေအာင္ (၆၀) ရာခိုင္ႏႈန္းထိ ကာကြယ္ႏုိင္စြမ္း ရွိေၾကာင္း ေလ့လာမႈ စစ္တမ္း တစ္ရပ္က ဆိုလိုက္သည္။
မုန္လာဥနီ ကဲ႔သို႔ အနီႏွင့္ လိေမၼာ္ ဓာတ္ထြက္ ေစေသာ ဘီတာ-ကာ႐ိုတင္းဓာတ္ ႂကြယ္၀သည့္ အျခားေသာ ဟင္းသီးဟင္းရြက္ မ်ားသည္လည္း အလားတူ အက်ဳိး သက္ေရာက္မႈ ရွိေၾကာင္း စစ္တမ္းက ဆိုသည္။ ဘီတာ-ကာ႐ိုတင္းဓာတ္သည္ ဟင္းသီးဟင္းရြက္ မ်ားကို အေရာင္ေတာက္ေတာက္ ထြက္ေအာင္ လုပ္ေပးေသာ ဓာတ္လည္း ျဖစ္သည္။ ဘီတာ-ကာ႐ိုတင္းဓာတ္သည္ ႏွလံုးေရာဂါ၊ ကင္ဆာ စသည့္ က်န္းမာေရး ဆိုးက်ဳိး အေတာ္မ်ားမ်ားကို ကာကြယ္ေပးႏုိင္စြမ္း ရွိေၾကာင္း သုေတသန အမ်ားအျပားက ေဖာ္ထုတ္ထားၿပီး ျဖစ္ေသာ္လည္း ရင္သားကင္ဆာ ကာကြယ္ႏုိင္စြမ္း ကိုကား ယခုမွ ေလ့လာေတြ႕ ရွိျခင္း ျဖစ္သည္။
ေလ့လာမႈ စစ္တမ္းကို American Journal of Clinical Nutrition တြင္ ထည့္သြင္းေဖာ္ျပ ထားၿပီး ဘီတာ-ကာ႐ိုတင္းဓာတ္က ရင္သား ကင္ဆာ ကာကြယ္ႏိုင္စြမ္းသည္ ယခင္ ထင္ထားသည္ထက္ ပိုေကာင္းေနေၾကာင္း စစ္တမ္းက ဆိုသည္။
ၿဗိတိန္ႏုိင္ငံတြင္ တစ္ႏွစ္လွ်င္ အမ်ဳိးသမီး (၅၈၀၀၀) သည္ ရင္သားကင္ဆာ ျဖစ္ပြားလ်က္ ရွိသည္။ အမ်ဳိးသမီး ရွစ္ေယာက္တြင္ တစ္ေယာက္သည္ ဘ၀သက္တမ္း တစ္ေလွ်ာက္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္တြင္ ရင္သားကင္ဆာႏွင့္ ႀကံဳေတြ႕ ေနရသည္ဟု သိရသည္။
စစ္တမ္းသည္ ဥေရာပ တစ္၀န္းမွ ရင္သားကင္ဆာ ရွိေသာ အမ်ဳိးသမီး (၁၅၀၀) ႏွင့္ ကင္ဆာ ကင္းစင္သူ အမ်ဳိးသမီး (၁၅၀၀) ကို ေစာင့္ၾကည့္ ေလ့လာ ထားသည္။ အမ်ဳိးသမီးမ်ား၏ ေသြးတြင္း၌ ပါ၀င္ေသာ ဘီတာ-ကာ႐ိုတင္းဓာတ္ ပမာဏကို တိုင္းတာ သလို၊ ဗီတာမင္စီ၊ လိုင္ကိုပင္း စသည့္ ဓာတ္မ်ား ကိုလည္း တိုင္းတာ မွတ္တမ္း တင္သည္။
ထိုအခါ ဘီတာ-ကာ႐ိုတင္း ႂကြယ္၀ေသာ မုန္လာဥနီ ကဲ့သို႔ ဟင္းသီးဟင္းရြက္ မ်ားကို စားသံုးသူ မ်ားသည္ အစားနည္းသူ မ်ားႏွင့္ စာလွ်င္ ရင္သားကင္ဆာ ျဖစ္ပြားႏိုင္ေျခ (၄၀) မွ (၆၀) ရာခိုင္ႏႈန္းထိ နည္းပါးေၾကာင္း ေတြ႕ရွိခဲ႔ရသည္။ ရင္သားကင္ဆာ ေလွ်ာ့ခ်ေပးႏုိင္စြမ္းတြင္ အျခားေသာ ဓာတ္ပစၥည္းမ်ားထက္ ဘီတာ-ကာ႐ိုတင္း ဓာတ္ပစၥည္း၏ သက္ေရာက္မႈသည္ ႀကီးႀကီးမားမား အက်ဳိးဆက္ ရွိသည္ဟု သုေတသီ မ်ားက ဆိုသည္။
ဘီတာ-ကာ႐ိုတင္းဓာတ္သည္ ခႏၶာကိုယ္တြင္း ေရာက္ရွိ သြားသည့္ အခါ ဗီတာမင္ ေအဓာတ္ အျဖစ္သို႔ ေျပာင္းလဲ သြားကာ အျမင္အာ႐ံု ေကာင္းမြန္ေအာင္ အေထာက္အကူျပဳ သလို၊ ခုခံအား စနစ္ေကာင္းမြန္ေအာင္ လည္း အေထာက္အကူျပဳေၾကာင္း သိရသည္။ သို႔ေသာ္ ဘီတာ-ကာ႐ိုတင္းဓာတ္ကို ေဆးအျဖစ္ ထုတ္လုပ္ ထားသည္မ်ားကို အလြန္အကၽြံ မွီ၀ဲလွ်င္မူကား အခ်ဳိ႕ လူမ်ားတြင္ အဆုတ္ကင္ဆာ ျဖစ္ပြားလာသည္ကို ေတြ႕ ရေၾကာင္းလည္း ၿဗိတိန္ က်န္းမာေရး ၀န္ႀကီးဌာနက သတိေပး ထားသည္။ ၿဗိတိန္ တစ္ႏုိင္ငံတည္း မွာပင္ တစ္ႏွစ္ကို မုန္လာဥနီ တန္ခ်ိန္ ခုနစ္သိန္း စိုက္ပ်ဳိး ထုတ္လုပ္လ်က္ ရွိၿပီး ေစ်းကြက္ တန္ဖိုးအားျဖင့္ ေပါင္သန္း (၂၉၀) စာဖိုး ရွိေၾကာင္း သိရသည္။
Credit:Myawady Health
https://www.facebook.com/myawadyhealth
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မုန်လာဥနီ ပုံမှန် စားပါက အမျိုးသမီး များတွင် အချို့သော ရင်သားကင်ဆာ ရောဂါများ ဖြစ်ပွား မလာအောင် (၆၀) ရာခိုင်နှုန်းထိ ကာကွယ်နိုင်စွမ်း ရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
မုန်လာဥနီ ကဲ့သို့ အနီနှင့် လိမ္မော် ဓာတ်ထွက် စေသော ဘီတာ-ကာရိုတင်းဓာတ် ကြွယ်ဝသည့် အခြားသော ဟင်းသီးဟင်းရွက် များသည်လည်း အလားတူ အကျိုး သက်ရောက်မှု ရှိကြောင်း စစ်တမ်းက ဆိုသည်။ ဘီတာ-ကာရိုတင်းဓာတ်သည် ဟင်းသီးဟင်းရွက် များကို အရောင်တောက်တောက် ထွက်အောင် လုပ်ပေးသော ဓာတ်လည်း ဖြစ်သည်။ ဘီတာ-ကာရိုတင်းဓာတ်သည် နှလုံးရောဂါ၊ ကင်ဆာ စသည့် ကျန်းမာရေး ဆိုးကျိုး အတော်များများကို ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်း သုတေသန အများအပြားက ဖော်ထုတ်ထားပြီး ဖြစ်သော်လည်း ရင်သားကင်ဆာ ကာကွယ်နိုင်စွမ်း ကိုကား ယခုမှ လေ့လာတွေ့ ရှိခြင်း ဖြစ်သည်။
လေ့လာမှု စစ်တမ်းကို American Journal of Clinical Nutrition တွင် ထည့်သွင်းဖော်ပြ ထားပြီး ဘီတာ-ကာရိုတင်းဓာတ်က ရင်သား ကင်ဆာ ကာကွယ်နိုင်စွမ်းသည် ယခင် ထင်ထားသည်ထက် ပိုကောင်းနေကြောင်း စစ်တမ်းက ဆိုသည်။
ဗြိတိန်နိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီး (၅၈၀၀၀) သည် ရင်သားကင်ဆာ ဖြစ်ပွားလျက် ရှိသည်။ အမျိုးသမီး ရှစ်ယောက်တွင် တစ်ယောက်သည် ဘဝသက်တမ်း တစ်လျှောက် တစ်ချိန်မဟုတ် တစ်ချိန်တွင် ရင်သားကင်ဆာနှင့် ကြုံတွေ့ နေရသည်ဟု သိရသည်။
စစ်တမ်းသည် ဥရောပ တစ်ဝန်းမှ ရင်သားကင်ဆာ ရှိသော အမျိုးသမီး (၁၅၀၀) နှင့် ကင်ဆာ ကင်းစင်သူ အမျိုးသမီး (၁၅၀၀) ကို စောင့်ကြည့် လေ့လာ ထားသည်။ အမျိုးသမီးများ၏ သွေးတွင်း၌ ပါဝင်သော ဘီတာ-ကာရိုတင်းဓာတ် ပမာဏကို တိုင်းတာ သလို၊ ဗီတာမင်စီ၊ လိုင်ကိုပင်း စသည့် ဓာတ်များ ကိုလည်း တိုင်းတာ မှတ်တမ်း တင်သည်။
ထိုအခါ ဘီတာ-ကာရိုတင်း ကြွယ်ဝသော မုန်လာဥနီ ကဲ့သို့ ဟင်းသီးဟင်းရွက် များကို စားသုံးသူ များသည် အစားနည်းသူ များနှင့် စာလျှင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ (၄၀) မှ (၆၀) ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာ လျှော့ချပေးနိုင်စွမ်းတွင် အခြားသော ဓာတ်ပစ္စည်းများထက် ဘီတာ-ကာရိုတင်း ဓာတ်ပစ္စည်း၏ သက်ရောက်မှုသည် ကြီးကြီးမားမား အကျိုးဆက် ရှိသည်ဟု သုတေသီ များက ဆိုသည်။
ဘီတာ-ကာရိုတင်းဓာတ်သည် ခန္ဓာကိုယ်တွင်း ရောက်ရှိ သွားသည့် အခါ ဗီတာမင် အေဓာတ် အဖြစ်သို့ ပြောင်းလဲ သွားကာ အမြင်အာရုံ ကောင်းမွန်အောင် အထောက်အကူပြု သလို၊ ခုခံအား စနစ်ကောင်းမွန်အောင် လည်း အထောက်အကူပြုကြောင်း သိရသည်။ သို့သော် ဘီတာ-ကာရိုတင်းဓာတ်ကို ဆေးအဖြစ် ထုတ်လုပ် ထားသည်များကို အလွန်အကျွံ မှီဝဲလျှင်မူကား အချို့ လူများတွင် အဆုတ်ကင်ဆာ ဖြစ်ပွားလာသည်ကို တွေ့ ရကြောင်းလည်း ဗြိတိန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထားသည်။ ဗြိတိန် တစ်နိုင်ငံတည်း မှာပင် တစ်နှစ်ကို မုန်လာဥနီ တန်ချိန် ခုနစ်သိန်း စိုက်ပျိုး ထုတ်လုပ်လျက် ရှိပြီး ဈေးကွက် တန်ဖိုးအားဖြင့် ပေါင်သန်း (၂၉၀) စာဖိုး ရှိကြောင်း သိရသည်။
Credit:Myawady Health
https://www.facebook.com/myawadyhealth
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» မုန္လာဥနီ ပံုမွန္စားျခင္းျဖင္႕ မ်က္လံုး အတြက္ ေကာင္း႐ံု သာမက ရင္သားကင္ဆာပါ ကာကြယ္ႏုိင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။