iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းတက္ဟာ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက အသံုးျပဳလာတဲ႔ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးနဲ႔ ေဆးဖက္ဆိုင္ရာအသံုးဝင္မႈေတြေၾကာင္႔ လူသိမ်ားပါတယ္။ ဂ်င္းကို အစိမ္း၊ အေျခာက္၊ အမႈန္႕၊ အရည္အျဖစ္ ပံုသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ စားသံုးၾကၿပီး ဘယ္လိုအစားအစာမ်ိဳးမွာမဆို ထည္႔သြင္းႏိုင္ပါတယ္။ ဂ်င္းရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေတြကေတာ႔...
၁။ အစာေျခစနစ္ ပိုမိုေကာင္းမြန္ေစတယ္

အစာအိမ္ရဲ႕အဆင္မေျပမႈေလးေတြျဖစ္တဲ႔ ဗိုက္ေအာင္႔တာ၊ ဗိုက္နာတာ၊ လႈပ္ရွားရင္းမူးေဝတာ၊ ေအာ႔အန္ခ်င္တာ စတာေတြကို ကုစားေပးရာမွာ ဂ်င္းက အေကာင္းဆံုးပါပဲ။ အမွ်င္ဓာတ္နဲ႔ phenolic ျဒပ္ေပါင္းေတြ ပါဝင္တဲ႔ ဒီဂ်င္းေလးကို မွီဝဲေပးျခင္းဟာ တံေတြးနဲ႔ အစာေျခစနစ္ထဲက အရည္ေတြကိုႏႈိးဆြေပးၿပီး အစာအိမ္ကို ထိခိုက္ေစတဲ႔အရာေတြကို တိုက္ဖ်က္ေပးတဲ႔အရာတစ္ခုအျဖစ္လည္း လုပ္ေဆာင္ေပးပါတယ္။
၂။ သြားကိုက္ေပ်ာက္တယ္

ဂ်င္းစိမ္းဟာ ဆိုးရြားတဲ႔သြားကုိက္ေဝဒနာကို တစ္ခဏအတြင္း သက္သာေပ်ာက္ကင္းေစတဲ႔နည္းလမ္းတစ္မ်ိဳးျဖစ္ပါတယ္။ တံေထြးနဲ႕ ဘက္တီးရီးယားပိုးမႊား တိုက္ဖ်က္တဲ႔ အင္ဇိုင္းေတြကို ႏႈိးေဆာ္ေပးတဲ႔အတြက္ သြားကိုက္ေဝဒနာကို သက္သာေစတာပါ။ ေနာက္ၿပီး ဂ်င္းဟာ အေရျပားေရာင္ရမ္းျခင္းကိုျဖစ္ေစတဲ႔ ကြန္ေပါင္းေတြကို စုပ္ယူႏိုင္တဲ႔ဂုဏ္သတၱိလည္း ပါရွိပါတယ္။
၃။ အေအးမိျခင္းနဲ႔ တုပ္ေကြးေဝဒနာကို တိုက္ဖ်က္ႏိုင္တယ္

ဗိုက္တာမင္ စီဟာ ကိုယ္ခံအားစနစ္ကိုျမွင္႔တင္ေပးတဲ႔ ဗိုက္တာမင္တစ္မ်ိဳးျဖစ္ၿပီး ဂ်င္းမွာ အေအးမိျခင္းနဲ႔ တုပ္ေကြးေဝဒနာကို တိုက္ဖ်က္ႏိုင္တဲ႔ ဗိုက္တာမင္ေတြ ပါဝင္ပါတယ္။ ေနာက္ၿပီး ဂ်င္းတက္ဟာ သဘာဝ ရင္ၾကပ္ေပ်ာက္ေဆးနဲ႕ ဓာတ္မတည္႔ေရာဂါ ေပ်ာက္ေဆးတစ္ခုအျဖစ္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဂ်င္းလက္ဖက္ရည္ကို ပံုမွန္ေသာက္ေပးမယ္ဆိုရင္ အေအးမိေဝဒနာနဲ႔ တုပ္ေကြးေရာဂါကို တိုက္ဖ်က္ႏိုင္ၿပီး လည္ေခ်ာင္းနာေဝဒနာကိုလည္း ေပ်ာက္ကင္းေစပါတယ္။
၄။ ကိုယ္တြင္းအဆိပ္အေတာက္ေတြကိုလည္း ကင္းစင္ေစပါတယ္

ဂ်င္းဟာ ေခြ်းထြက္ျခင္းကတဆင္႔ ကိုယ္တြင္းအဆိပ္အေတာက္အမ်ားစုကို ဖယ္ရွားေပးႏိုင္ပါတယ္။ ေနာက္ၿပီး ဂ်င္းကို ပံုမွန္မွီဝဲေပးမယ္ဆိုရင္ ေခြ်းထြက္ျခင္းကိုျဖစ္ေစတဲ႔အတြက္ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ကင္းစင္ေစပါတယ္။ ဒါေၾကာင္႔လည္း detox water အမ်ားစုမွာ ဂ်င္းကိုပါဝင္ပစၥည္းတစ္ခုအေနနဲ႕ ထည္႔သြင္းၾကတာျဖစ္ပါတယ္။
၅။ ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္

ဂ်င္းမႈန္႔ လက္ဖက္ရည္ဇြန္း (၁) ဇြန္းစာ (သို႔) ဂ်င္းတက္ (၅) စိတ္ေလာက္ကို မွီဝဲေပးျခင္းက ခႏၶာကိုယ္မွာလိုအပ္တဲ႔ မဂၢနီစီယမ္၊ ဇင္႔၊ ပိုတက္စီယမ္၊ ခရိုမီယမ္ဓာတ္ေတြ ျပည္႔ဝေစပါတယ္။ အဲဒီဓာတ္ေတြ အကုန္လံုးက ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစပါတယ္။
၆။ ေသြးတိုးက်ေစတယ္

ေသြးတိုးေရာဂါဟာ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကိုျဖစ္ေစတဲ႔ အေၾကာင္းရင္းတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက အေရွ႕တိုင္းယဥ္ေက်းမႈမွာ ဂ်င္းကို ေသြးတိုးက်ေစဖို႔အတြက္ ေဆးၿမီးတိုတစ္မ်ိဳးအတြက္ အသံုးခ်ၾကတာျဖစ္ပါတယ္။ ေနာက္ၿပီး ေသြးတိုးက်ေစၿပီး ေသြးတိုးနဲ႔ ႏွလံုးက်န္းမာေရးကိုလည္း ထိန္းညွိေပးႏိုင္ပါတယ္။

Source: healthyhubb
Credit:Duwun


#Unicode Version#

ဂျင်းတက်ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုလာတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးနဲ့ ဆေးဖက်ဆိုင်ရာအသုံးဝင်မှုတွေကြောင့် လူသိများပါတယ်။ ဂျင်းကို အစိမ်း၊ အခြောက်၊ အမှုန့်၊ အရည်အဖြစ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စားသုံးကြပြီး ဘယ်လိုအစားအစာမျိုးမှာမဆို ထည့်သွင်းနိုင်ပါတယ်။ ဂျင်းရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...
၁။ အစာခြေစနစ် ပိုမိုကောင်းမွန်စေတယ်

အစာအိမ်ရဲ့အဆင်မပြေမှုလေးတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ဗိုက်နာတာ၊ လှုပ်ရှားရင်းမူးဝေတာ၊ အော့အန်ချင်တာ စတာတွေကို ကုစားပေးရာမှာ ဂျင်းက အကောင်းဆုံးပါပဲ။ အမျှင်ဓာတ်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီဂျင်းလေးကို မှီဝဲပေးခြင်းဟာ တံတွေးနဲ့ အစာခြေစနစ်ထဲက အရည်တွေကိုနှိုးဆွပေးပြီး အစာအိမ်ကို ထိခိုက်စေတဲ့အရာတွေကို တိုက်ဖျက်ပေးတဲ့အရာတစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။
၂။ သွားကိုက်ပျောက်တယ်

ဂျင်းစိမ်းဟာ ဆိုးရွားတဲ့သွားကိုက်ဝေဒနာကို တစ်ခဏအတွင်း သက်သာပျောက်ကင်းစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ တံထွေးနဲ့ ဘက်တီးရီးယားပိုးမွှား တိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို နှိုးဆော်ပေးတဲ့အတွက် သွားကိုက်ဝေဒနာကို သက်သာစေတာပါ။ နောက်ပြီး ဂျင်းဟာ အရေပြားရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ကွန်ပေါင်းတွေကို စုပ်ယူနိုင်တဲ့ဂုဏ်သတ္တိလည်း ပါရှိပါတယ်။
၃။ အအေးမိခြင်းနဲ့ တုပ်ကွေးဝေဒနာကို တိုက်ဖျက်နိုင်တယ်

ဗိုက်တာမင် စီဟာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပြီး ဂျင်းမှာ အအေးမိခြင်းနဲ့ တုပ်ကွေးဝေဒနာကို တိုက်ဖျက်နိုင်တဲ့ ဗိုက်တာမင်တွေ ပါဝင်ပါတယ်။ နောက်ပြီး ဂျင်းတက်ဟာ သဘာဝ ရင်ကြပ်ပျောက်ဆေးနဲ့ ဓာတ်မတည့်ရောဂါ ပျောက်ဆေးတစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဂျင်းလက်ဖက်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင် အအေးမိဝေဒနာနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပြီး လည်ချောင်းနာဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။
၄။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ကင်းစင်စေပါတယ်

ဂျင်းဟာ ချွေးထွက်ခြင်းကတဆင့် ကိုယ်တွင်းအဆိပ်အတောက်အများစုကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး ဂျင်းကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ချွေးထွက်ခြင်းကိုဖြစ်စေတဲ့အတွက် ကိုယ်တွင်းအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါကြောင့်လည်း detox water အများစုမှာ ဂျင်းကိုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းကြတာဖြစ်ပါတယ်။
၅။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ (သို့) ဂျင်းတက် (၅) စိတ်လောက်ကို မှီဝဲပေးခြင်းက ခန္ဓာကိုယ်မှာလိုအပ်တဲ့ မဂ္ဂနီစီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ ခရိုမီယမ်ဓာတ်တွေ ပြည့်ဝစေပါတယ်။ အဲဒီဓာတ်တွေ အကုန်လုံးက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
၆။ သွေးတိုးကျစေတယ်

သွေးတိုးရောဂါဟာ နှလုံးသွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းက အရှေ့တိုင်းယဉ်ကျေးမှုမှာ ဂျင်းကို သွေးတိုးကျစေဖို့အတွက် ဆေးမြီးတိုတစ်မျိုးအတွက် အသုံးချကြတာဖြစ်ပါတယ်။ နောက်ပြီး သွေးတိုးကျစေပြီး သွေးတိုးနဲ့ နှလုံးကျန်းမာရေးကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

Source: healthyhubb

Credit:Duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top