iMyanmarHouse.com - Best Property Website for Myanmar
×

 

ပါးလေးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ အကောင့်မှာကော ပေ့ခ်ျမှာပါ တင်လိုက်တာ ဖြစ်ပါတယ်။
 

 

 Credit:Duwun


#Unicode Version#
အဆိုတော် ပိုပိုကတော့ ငယ်ငယ်က ပုံလေးတွကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ထပ်ပြီး တင်လိုက်ပါတယ်။

ဇူလိုင်(၂၄)ရက်နေ့တုန်းကလည်း သူမငယ်ငယ်ကတည်းကနေ အသက်(၁၈)နှစ်အထိ ပုံတွေကို တင်ခဲ့သလို ဒီနေ့ဇူလိုင်(၂၅)ရက်နေ့မှာ တော့ အသက်(၁၉)နှစ်က ပုံလေးတွေကို ပြန်တင်လိုက်ပါတယ်။

ပါးလေးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ အကောင့်မှာကော ပေ့ချ်မှာပါ တင်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေ တင်ရင်း "ပါးဖောင်းဖောင်းလေးကို ပြန်သတိရတယ် ဝက်ကလေး ပိုပို ရယ်လိုက်ရင် မျက်စိမှိတ်သွား" ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံဆယ်ပုံကျော်ကို တင်လိုက်တာဖြစ်ပါတယ်။

သူမငယ်ငယ်က ပုံလေးတွေလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သြဂုတ်လမှာ ရုံတင်ပြသဖို့ ရှိတယ်လို့ သိရပါတယ်။အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo : ပိုပိုဖေ့စ်ဘွတ်

 Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top