iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္မိရင္ အျပစ္႐ွိတယ္လို႔ကို မထင္ေတာ့ဘူးေနာ္။ ကိုယ္ကခ်စ္ေနမိေတာ့ သူဆိုးသမွ်၊ အႏိုင္က်င့္သမွ်ေတြကိုလည္း သည္းခံေပးတယ္။ သူနဲ႔ခ်စ္သူျဖစ္ၿပီးေနာက္မွာ ကိုယ့္အတြက္ေကာင္းတာ ဘာမွ႐ွိမလာဘူးဆိုရင္ေတာ့ ကိုယ္က အသံုးခ်ခံဘဝမ်ား ေရာက္ေနၿပီလားဆုိတာ ျပန္သံုးသပ္ဖုိ႔ေကာင္းတယ္။
၁။ သူ႔အျပစ္ေတြကိုဖံုးဖိေပးေနရတယ္

သူငယ္ခ်င္းေတြကက အၿမဲတမ္းကိုယ့္ကိုေျပာတယ္ "နင့္ခ်စ္သူက အဲ့လိုပဲ နင့္အေပၚဆုိးသလား"တဲ့။ တကယ္တမ္းေတာ့ သူက ဆိုးတာမဟုတ္ေၾကာင္း၊ ပင္ပန္းေနလို႔၊ စိတ္ဖိစီးေနလို႔ စတဲ့ ဆင္ေျခေတြေပးၿပီး ကိုယ္က ဖံုးဖိေနရတယ္ဆိုတာ လံုးဝမျဖစ္သင့္ဘူးေနာ္။ ကိုယ့္ကိုမေလးစားဘူး၊ ေကာင္းေကာင္းမြန္မြန္မဆက္ဆံဘူးလို႔ ခံစားရတယ္ဆုိရင္ ဒီလူေတြက ကိုယ့္ကိုတြဲဟာ အသံုးခ်ဖုိ႔သက္သက္ပဲလို႔ သိလိုက္ဖုိ႔ေကာင္းတယ္။
၂။ သိမ္ငယ္ေစတယ္

သူနဲ႔ေတြ႕တိုင္း ကိုယ္က တက္ၾကြေပ်ာ္႐ႊင္ရမယ့္အစား သိမ္ငယ္မႈကို ခံစားရတယ္။ သူတုိ႔လိုခ်င္တာ၊ ျဖစ္ခ်င္တာအတြက္ပဲ ဦးစားေပးၾကသလို အဲ့ဒီအေပၚမွာလည္း ေက်နပ္ေနတယ္ေလ။ ကိုယ္ဘာျဖစ္ေနလဲဆုိတာ မၾကည့္ေပးေတာ့ ကိုယ့္မွာ သိမ္ငယ္ရတယ္။
၃။ သူငယ္ခ်င္းအရင္းေတြနဲ႔ မိသားစုဝင္ေတြစိတ္ပူၾကတယ္

ကိုယ့္အေၾကာင္းကို ေကာင္းေကာင္းႀကီးသိေနၿပီးသားျဖစ္တဲ့ မိသားစုဝင္ေတြ၊ ေဘာ္ဒါရင္းေတြက သူနဲ႔တြဲတာကို စိတ္ပူၾကပါတယ္။ ကိုယ့္ကို ဘယ္လိုေတြအသံုးခ်ေနသလဲဆုိတာကို သိေနၾကေတာ့ သူနဲ႔တြဲတာကို ကန္႔ကြက္ၾကတယ္။

၄။ ကိုယ္လိုအပ္တာေတြမရဘူး

ကိုယ္ကသာ အၿမဲတမ္း အျဖည့္ခံ။ သူလိုတာမွန္သမွ်၊ ျဖစ္ခ်င္တာမွန္သမွ် လိုက္ေလ်ာေပးခဲ့ရတယ္။ ကိုယ့္အတြက္က်ေတာ့ ဘာတစ္ခုမွ ျပန္မရဘူးဆိုရင္ အသံုးခ်ခံေနရတာမဟုတ္လို႔ ဘာျဖစ္ဦးမွာလဲေနာ္။ ကိုယ့္မွာလည္း ေတာင္းဆုိပိုင္ခြင့္ ရပိုင္ခြင့္ရွိပါတယ္။ သူမလုပ္ေပးဘူးဆုိလည္း ကိုယ့္ဘာသာရယူႏိုင္ခြင့္ရွိတယ္။ သူ႕ကိုလည္း လိုက္ျဖည့္ဆည္းေပးေနစရာမလိုဘူးေနာ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ချစ်မိရင် အပြစ်ရှိတယ်လို့ကို မထင်တော့ဘူးနော်။ ကိုယ်ကချစ်နေမိတော့ သူဆိုးသမျှ၊ အနိုင်ကျင့်သမျှတွေကိုလည်း သည်းခံပေးတယ်။ သူနဲ့ချစ်သူဖြစ်ပြီးနောက်မှာ ကိုယ့်အတွက်ကောင်းတာ ဘာမှရှိမလာဘူးဆိုရင်တော့ ကိုယ်က အသုံးချခံဘဝများ ရောက်နေပြီလားဆိုတာ ပြန်သုံးသပ်ဖို့ကောင်းတယ်။
၁။ သူ့အပြစ်တွေကိုဖုံးဖိပေးနေရတယ်

သူငယ်ချင်းတွေကက အမြဲတမ်းကိုယ့်ကိုပြောတယ် "နင့်ချစ်သူက အဲ့လိုပဲ နင့်အပေါ်ဆိုးသလား"တဲ့။ တကယ်တမ်းတော့ သူက ဆိုးတာမဟုတ်ကြောင်း၊ ပင်ပန်းနေလို့၊ စိတ်ဖိစီးနေလို့ စတဲ့ ဆင်ခြေတွေပေးပြီး ကိုယ်က ဖုံးဖိနေရတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးနော်။ ကိုယ့်ကိုမလေးစားဘူး၊ ကောင်းကောင်းမွန်မွန်မဆက်ဆံဘူးလို့ ခံစားရတယ်ဆိုရင် ဒီလူတွေက ကိုယ့်ကိုတွဲဟာ အသုံးချဖို့သက်သက်ပဲလို့ သိလိုက်ဖို့ကောင်းတယ်။
၂။ သိမ်ငယ်စေတယ်

သူနဲ့တွေ့တိုင်း ကိုယ်က တက်ကြွပျော်ရွှင်ရမယ့်အစား သိမ်ငယ်မှုကို ခံစားရတယ်။ သူတို့လိုချင်တာ၊ ဖြစ်ချင်တာအတွက်ပဲ ဦးစားပေးကြသလို အဲ့ဒီအပေါ်မှာလည်း ကျေနပ်နေတယ်လေ။ ကိုယ်ဘာဖြစ်နေလဲဆိုတာ မကြည့်ပေးတော့ ကိုယ့်မှာ သိမ်ငယ်ရတယ်။
၃။ သူငယ်ချင်းအရင်းတွေနဲ့ မိသားစုဝင်တွေစိတ်ပူကြတယ်

ကိုယ့်အကြောင်းကို ကောင်းကောင်းကြီးသိနေပြီးသားဖြစ်တဲ့ မိသားစုဝင်တွေ၊ ဘော်ဒါရင်းတွေက သူနဲ့တွဲတာကို စိတ်ပူကြပါတယ်။ ကိုယ့်ကို ဘယ်လိုတွေအသုံးချနေသလဲဆိုတာကို သိနေကြတော့ သူနဲ့တွဲတာကို ကန့်ကွက်ကြတယ်။

၄။ ကိုယ်လိုအပ်တာတွေမရဘူး

ကိုယ်ကသာ အမြဲတမ်း အဖြည့်ခံ။ သူလိုတာမှန်သမျှ၊ ဖြစ်ချင်တာမှန်သမျှ လိုက်လျောပေးခဲ့ရတယ်။ ကိုယ့်အတွက်ကျတော့ ဘာတစ်ခုမှ ပြန်မရဘူးဆိုရင် အသုံးချခံနေရတာမဟုတ်လို့ ဘာဖြစ်ဦးမှာလဲနော်။ ကိုယ့်မှာလည်း တောင်းဆိုပိုင်ခွင့် ရပိုင်ခွင့်ရှိပါတယ်။ သူမလုပ်ပေးဘူးဆိုလည်း ကိုယ့်ဘာသာရယူနိုင်ခွင့်ရှိတယ်။ သူ့ကိုလည်း လိုက်ဖြည့်ဆည်းပေးနေစရာမလိုဘူးနော်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top