Credit: we.com.mm
#Unicode Version#
နှာခေါင်းကြီး လို့စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်း လေးတစ်ခုကို သယ်ဆောင်လာပါပြီ…။ငွေကုန်ကြေးကျခံပြီး ဆာဂျရီ သွားလုပ်စရာမလိုပဲနဲ့ ကိုယ့်ရဲ့ ကြီးနေ တဲ့နှာခေါင်းလေးကို သေးသွားအောင် အိမ် မှာကိုယ့်ဘာသာကိုယ် လုပ်ယူလို့ရပါတယ်…။
ဒီတော့ ဘယ်လိုလုပ်ရမလဲ ဘာတွေလိုအပ်လဲဆိုတာလေးကို ကြည့်လိုက်ရအောင်….။
လိုအပ်တဲ့အရာတွေကတော့…. သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်း…..
ဂျင်း ကို အမှုန့် ဖြစ်သွားအောင်လုပ်ပြီး ရလာတဲ့ ဂျင်း အမှုန့် ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း…..
apple cider vinegar လည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းပါ….။
ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ခုနက သုံးမျိုးလုံးကို ပန်းကန်လုံး တစ်လုံးထဲထည့်ပြီး သမအောင်သာမွှေပေးရမှာပါ…။ ပြီးရင်တော့လိမ်းလို့ရပါပြီ….။ လိမ်းရမယ့်ပုံစံလေးက မွှေထားတာတွေကို လက်နဲ့ပဲဖြစ်ဖြစ်၊ brush လေးနဲ့ပဲဖြစ်ဖြစ် နည်းနည်းယူပြီး နှာခေါင်းပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲနော်….။
တစ်နာရီခွဲလောက်တော့ ထားပေးဖို့လိုပါတယ်…။ တစ်နာရီခွဲပြည့်မှသာ ရေအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ….။
ဒီပုံစံအတိုင်း နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ပထမတစ်ပတ်မှာတင် ထူးခြားတဲ့ရလဒ်ကိုရရှိလာမှာပါ….။
Credit: we.com.mm
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...