iMyanmarHouse.com - Best Property Website for Myanmar
×

လက္ေဆာင္ေပးတာကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ လက္ေဆာင္ေပးေလ့႐ွိၾကတယ္။ ခင္မင္သူေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ၊ ခ်စ္သူေတြၾကားမွာ လက္ေဆာင္ေပးတဲ့ အေလ့အထေလး႐ွိၾကတယ္။ ကိုယ့္ခ်စ္သူက ကိုယ့္ကိုေပးတဲ့လက္ေဆာင္ကိုၾကည့္ၿပီး သူ႔စိတ္ေနသေဘာထားကို ခန္႔မွန္းၾကည့္ရေအာင္။ သူ႔အေနနဲ႔ ကိုယ့္ကိုဘယ္လိုသေဘာထားသလဲဆိုတာ သူေပးတဲ့လက္ေဆာင္ကိုၾကည့္ရင္ အထိုက္အေလ်ာက္ေတာ့ သိပါလိမ့္မယ္။

၁။ အ႐ုပ္

 

ခ်စ္စရာေကာင္းတဲ့ေကာင္မေလးမို႔လို႔ အ႐ုပ္လက္ေဆာင္ေပးတာပါ။ ခ်စ္သူႏွစ္ဦးၾကားမွာ ဟာသဆန္တဲ့ အမွတ္တရျဖစ္ရပ္ေလးေတြလည္း ႐ွိဖူးပါလိမ့္မယ္။ သူ႔ကိုလည္း အားကိုးခ်စ္ခင္ေစခ်င္တယ္။ ခ်စ္သူေလးက ကေလးေလးလိုပဲ အျပစ္ကင္းၿပီး ခ်စ္စရာေကာင္းတယ္လို႔ ျမင္မိတဲ့အခါ အ႐ုပ္လက္ေဆာင္ေပးၾကပါတယ္။

၂။ အဝတ္အထည္

 

ကိုယ့္ကို အဝတ္အထည္လက္ေဆာင္ေပးတယ္ဆုိတာ သူ႔အျမင္မွာကိုယ္က စမတ္က်ပံုေပၚလုိ႔ပါတဲ့။ ေခတ္မီတယ္၊ ဖက္႐ွင္က်တယ္လို႔လည္း ျမင္ေနလို႔ပါ။ ဘယ္သူဘာေျပာေျပာ ကိုယ့္မ်က္စိထဲမွာ ကိုယ့္ခ်စ္သူကအလွဆံုး၊ အဲ့ဒီအလွေလးကိုပဲ သေဘာက်ႏွစ္သက္ေနတဲ့လူျဖစ္ပါတယ္။ ႏွစ္ေယာက္လံုး ဖက္႐ွင္က်က်၊ လွလွပပေနခ်င္တဲ့စိတ္လည္း ႐ွိပါတယ္။ အဝတ္အစားလက္ေဆာင္ေပးတတ္သူေတြဟာ ကိုယ္တုိင္ကလည္း ဘဝတက္လမ္းကို ႀကိဳးစားေနသလို ကိုယ့္လိုပဲႀကိဳးစားေစခ်င္တဲ့စိတ္မ်ိဳး ရွိၾကပါတယ္။ အရမ္းႀကီးယုယမေနတတ္ေပမဲ့ သူ႔နည္းသူ႕ဟန္နဲ႔လည္း ဂ႐ုစိုက္တတ္ပါတယ္။

၃။ အလွကုန္ပစၥည္း

 

မိတ္ကပ္၊ ႏႈတ္ခမ္းနီ၊ ေရေမႊးတို႔လို အလွကုန္ပစၥည္းေတြ ဝယ္ေပးတယ္ဆုိတာက တစ္ကမၻာလံုးမွာ ကိုယ့္ခ်စ္သူက အေခ်ာဆံုးလို႔ တင္စားခ်င္လို႔ပါ။ ၿပီးေတာ့ ကိုယ့္ခ်စ္သူကိုလည္း ကိုယ့္အနားမွာ အၿမဲ႐ွိေနေစခ်င္ပါတယ္။ ဒါေပမဲ့ ခ်ဳပ္ျခယ္တတ္တဲ့အက်င့္ေလး႐ွိတတ္ၾကတာမို႔ တစ္ခါတစ္ခါေတာ့ သူ႔ေၾကာင့္စိတ္႐ႈပ္ရလိမ့္မယ္။ အရမ္းခ်စ္လြန္းေတာ့လည္း အူတိုတတ္၊ ခ်ဳပ္ျခယ္တတ္ၾကတာပါ။

၄။ ဖိနပ္

 

အခ်စ္ကို ေပးဆပ္ျခင္းလို႔ ခံယူတတ္သူပါ။ ခ်စ္သူအေပၚ ႐ိုး႐ိုးသားသားခ်စ္တယ္။ အေလွ်ာ့ေပးလိုက္ေလ်ာတတ္တယ္။ ခ်စ္သူသည္သာဘဝ၊ ခ်စ္သူသည္သာ အရာရာလို႔ ထင္ျမင္တတ္သူျဖစ္ပါတယ္။ သင္႐ွိေနရင္ သူ႔ဘဝႀကီးက ျပည့္စံုေနၿပီလို႔လည္း ခံယူထားတယ္။ သင့္အနားမွာ အၿမဲတမ္း႐ွိေနေပးတတ္ေပမဲ့ စိတ္နာသြားၿပီဆုိရင္ေတာ့ တစ္ခ်က္မွကိုျပန္လွည့္မၾကည့္တတ္တဲ့စိတ္ထားမ်ိဳး ႐ွိပါတယ္။

၅။ အိတ္

 

ပိုက္ဆံအိတ္၊ လက္ကိုင္အိတ္တုိ႔ ေပးတတ္တဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားတာလား။ ဒီလိုလူမ်ိဳးက ႏွလံုးသားနဲ႔ဦးေႏွာက္ကို အကန္႔ခြဲထားတတ္သူေတြေလ။ အခ်စ္နဲ႔ပတ္သက္လာရင္လည္း အတၱႀကီးတယ္။ သူ႔ရဲ႕အလုပ္၊ ဂုဏ္သိကၡာေတြကိုလည္း တန္ဖိုးထားတယ္။ သူခ်စ္သေလာက္ သူ႔ကိုျပန္ခ်စ္မွေက်နပ္တတ္သူေတြပါ။

၆။ လက္ဝတ္ရတနာ

 

ခ်စ္သူကို အဖိုးတန္ရတနာေလးတစ္ခုလို ခ်စ္တတ္သူေတြက လက္ဝတ္ရတနာ လက္ေဆာင္ေပးၾကတယ္။ ခပ္တည္တည္ေနတတ္ေပမဲ့ စိတ္ထဲကေတာ့ ျမတ္ႏိုးတြယ္တာတတ္ပါတယ္။ စိတ္ဆိုးစိတ္ေကာက္ခဲတယ္။ သစၥာ႐ွိတယ္။ သူ႔အေပၚ သစၥာမ႐ွိဘူးလို႔ ခံစားရတာနဲ႔ ခ်စ္သူကိုလည္း အဖက္မလုပ္ေတာ့ဘူး။ အစြဲအလမ္းႀကီးတယ္။

၇။ အီလက္ထေရာနစ္ပစၥည္း

 

ဖုန္း သို႔မဟုတ္ အီလက္ထေရာနစ္ပစၥည္းေလးေတြ ေပးတတ္သူေတြကေတာ့ ခ်စ္သူကို တစ္မ်ိဳးတစ္ဖံု တြယ္တာခ်င္သူေတြပါ။ သူ႔ကိုလည္း အဆက္အသြယ္မလုပ္ဘဲ မေနပါနဲ႔တဲ့။ သင့္အသံေလးကိုလည္း ေန႔တိုင္းၾကားခ်င္တယ္။ သူငယ္ခ်င္းလိုလည္း တိုင္ပင္လို႔ရႏိုင္နဲ႔ ရင္ဖြင့္ေဖာ္ခ်စ္သူမ်ိဳးပါ။ သင္မ႐ွိဘဲနဲ႔ သူက မေနတတ္သလို၊ သူမ႐ွိဘူးဆိုရင္ သင္လည္းေနတတ္မွာမဟုတ္ပါဘူး။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
တာကတော့ အကြောင်းအမျိုးမျိုးနဲ့ လက်ဆောင်ပေးလေ့ရှိကြတယ်။ ခင်မင်သူတွေ၊ ဆွေမျိုးသားချင်းတွေ၊ ချစ်သူတွေကြားမှာ လက်ဆောင်ပေးတဲ့ အလေ့အထလေးရှိကြတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုပေးတဲ့လက်ဆောင်ကိုကြည့်ပြီး သူ့စိတ်နေသဘောထားကို ခန့်မှန်းကြည့်ရအောင်။ သူ့အနေနဲ့ ကိုယ့်ကိုဘယ်လိုသဘောထားသလဲဆိုတာ သူပေးတဲ့လက်ဆောင်ကိုကြည့်ရင် အထိုက်အလျောက်တော့ သိပါလိမ့်မယ်။
၁။ အရုပ်

ချစ်စရာကောင်းတဲ့ကောင်မလေးမို့လို့ အရုပ်လက်ဆောင်ပေးတာပါ။ ချစ်သူနှစ်ဦးကြားမှာ ဟာသဆန်တဲ့ အမှတ်တရဖြစ်ရပ်လေးတွေလည်း ရှိဖူးပါလိမ့်မယ်။ သူ့ကိုလည်း အားကိုးချစ်ခင်စေချင်တယ်။ ချစ်သူလေးက ကလေးလေးလိုပဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတယ်လို့ မြင်မိတဲ့အခါ အရုပ်လက်ဆောင်ပေးကြပါတယ်။
၂။ အဝတ်အထည်

ကိုယ့်ကို အဝတ်အထည်လက်ဆောင်ပေးတယ်ဆိုတာ သူ့အမြင်မှာကိုယ်က စမတ်ကျပုံပေါ်လို့ပါတဲ့။ ခေတ်မီတယ်၊ ဖက်ရှင်ကျတယ်လို့လည်း မြင်နေလို့ပါ။ ဘယ်သူဘာပြောပြော ကိုယ့်မျက်စိထဲမှာ ကိုယ့်ချစ်သူကအလှဆုံး၊ အဲ့ဒီအလှလေးကိုပဲ သဘောကျနှစ်သက်နေတဲ့လူဖြစ်ပါတယ်။ နှစ်ယောက်လုံး ဖက်ရှင်ကျကျ၊ လှလှပပနေချင်တဲ့စိတ်လည်း ရှိပါတယ်။ အဝတ်အစားလက်ဆောင်ပေးတတ်သူတွေဟာ ကိုယ်တိုင်ကလည်း ဘဝတက်လမ်းကို ကြိုးစားနေသလို ကိုယ့်လိုပဲကြိုးစားစေချင်တဲ့စိတ်မျိုး ရှိကြပါတယ်။ အရမ်းကြီးယုယမနေတတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့လည်း ဂရုစိုက်တတ်ပါတယ်။
၃။ အလှကုန်ပစ္စည်း

မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေးတို့လို အလှကုန်ပစ္စည်းတွေ ဝယ်ပေးတယ်ဆိုတာက တစ်ကမ္ဘာလုံးမှာ ကိုယ့်ချစ်သူက အချောဆုံးလို့ တင်စားချင်လို့ပါ။ ပြီးတော့ ကိုယ့်ချစ်သူကိုလည်း ကိုယ့်အနားမှာ အမြဲရှိနေစေချင်ပါတယ်။ ဒါပေမဲ့ ချုပ်ခြယ်တတ်တဲ့အကျင့်လေးရှိတတ်ကြတာမို့ တစ်ခါတစ်ခါတော့ သူ့ကြောင့်စိတ်ရှုပ်ရလိမ့်မယ်။ အရမ်းချစ်လွန်းတော့လည်း အူတိုတတ်၊ ချုပ်ခြယ်တတ်ကြတာပါ။
၄။ ဖိနပ်

အချစ်ကို ပေးဆပ်ခြင်းလို့ ခံယူတတ်သူပါ။ ချစ်သူအပေါ် ရိုးရိုးသားသားချစ်တယ်။ အလျှော့ပေးလိုက်လျောတတ်တယ်။ ချစ်သူသည်သာဘဝ၊ ချစ်သူသည်သာ အရာရာလို့ ထင်မြင်တတ်သူဖြစ်ပါတယ်။ သင်ရှိနေရင် သူ့ဘဝကြီးက ပြည့်စုံနေပြီလို့လည်း ခံယူထားတယ်။ သင့်အနားမှာ အမြဲတမ်းရှိနေပေးတတ်ပေမဲ့ စိတ်နာသွားပြီဆိုရင်တော့ တစ်ချက်မှကိုပြန်လှည့်မကြည့်တတ်တဲ့စိတ်ထားမျိုး ရှိပါတယ်။
၅။ အိတ်

ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်တို့ ပေးတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလား။ ဒီလိုလူမျိုးက နှလုံးသားနဲ့ဦးနှောက်ကို အကန့်ခွဲထားတတ်သူတွေလေ။ အချစ်နဲ့ပတ်သက်လာရင်လည်း အတ္တကြီးတယ်။ သူ့ရဲ့အလုပ်၊ ဂုဏ်သိက္ခာတွေကိုလည်း တန်ဖိုးထားတယ်။ သူချစ်သလောက် သူ့ကိုပြန်ချစ်မှကျေနပ်တတ်သူတွေပါ။
၆။ လက်ဝတ်ရတနာ

ချစ်သူကို အဖိုးတန်ရတနာလေးတစ်ခုလို ချစ်တတ်သူတွေက လက်ဝတ်ရတနာ လက်ဆောင်ပေးကြတယ်။ ခပ်တည်တည်နေတတ်ပေမဲ့ စိတ်ထဲကတော့ မြတ်နိုးတွယ်တာတတ်ပါတယ်။ စိတ်ဆိုးစိတ်ကောက်ခဲတယ်။ သစ္စာရှိတယ်။ သူ့အပေါ် သစ္စာမရှိဘူးလို့ ခံစားရတာနဲ့ ချစ်သူကိုလည်း အဖက်မလုပ်တော့ဘူး။ အစွဲအလမ်းကြီးတယ်။
၇။ အီလက်ထရောနစ်ပစ္စည်း

ဖုန်း သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းလေးတွေ ပေးတတ်သူတွေကတော့ ချစ်သူကို တစ်မျိုးတစ်ဖုံ တွယ်တာချင်သူတွေပါ။ သူ့ကိုလည်း အဆက်အသွယ်မလုပ်ဘဲ မနေပါနဲ့တဲ့။ သင့်အသံလေးကိုလည်း နေ့တိုင်းကြားချင်တယ်။ သူငယ်ချင်းလိုလည်း တိုင်ပင်လို့ရနိုင်နဲ့ ရင်ဖွင့်ဖော်ချစ်သူမျိုးပါ။ သင်မရှိဘဲနဲ့ သူက မနေတတ်သလို၊ သူမရှိဘူးဆိုရင် သင်လည်းနေတတ်မှာမဟုတ်ပါဘူး။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top