iMyanmarHouse.com - Best Property Website for Myanmar
×










4. Highlighting Pens





#Unicode Version#
မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်းအတွက် Concealer က လိုကိုလိုအပ်ပါတယ်။

မျက်နှာလေးကို အပြစ်အနာတွေဖုံးအုပ်ဖို့ရာ မှန်ကန်တဲ့ ကွန်ဆီလာကို ရွေးချယ်နိုင်ဖို့ အမျိုးအစားသေချာရွေးသင့်ပါတယ်။

1. ကွန်ဆီလာအရည် (Liquid Concealer)

ပျံ့နှံ့အားကောင်းပြီး Coverage ပေးနိုင်တဲ့ထဲမှာ ကွန်ဆီလာအရည်ကထိပ်ဆုံးပါ။ Foundation မသုံးဘဲ လိမ်းလည်း အဆင်ပြေပါတယ်။

သုံးရလွယ်ကူပြီး အနာအဆာ အကြီးတွေကို ဖုံးအုပ်ပေးနိုင်လို့ လူသုံးများပါတယ်။

2. ကွန်ဆီလာအမှုန့် (Powder Concealer)

Powder Type Concealer က အနာအဆာသေးသေးလေးတွေနဲ့ အစက်အပျောက်လေးတွေအတွက် သင့်တော်ပါတယ်။ သုံးရလွယ်ကူပေမယ့် coverage တော့ သိပ်မကောင်းပါဘူး။

3. ကွန်ဆီလာတောင့် (Concealer Stick)

ခပ်ပျစ်ပျစ်နဲ့ သုံးရတာကောင်းလို့ မိတ်ကပ်ဂျပိုးတွေ အသုံးများပါတယ်။ အနာအဆာ အကြီးတွေသာမက မျက်ကွင်းညိုတာတွေပါ ဖုံးထားပေးလို့ လူကြိုက်များပါတယ်။

4. Highlighting Pens

အလက်လက်အမှုန်လေးတွေပါတဲ့ pen လေးတွေကိုလည်း ကွန်ဆီလာအနေနဲ့သုံးလို့ရပါတယ်။ အနာကို ဖုံးပေးတာမျိုး မဟုတ်ဘဲ ပိုမိုလင်းလက်သွားစေတာပါ။

Concealer ဝယ်တော့မယ်ဆိုရင် သတိထားရမယ့် နှစ်ချက်ကတော့  ပါးပေါ်မှာစမ်းတာထက် နားရွက်အောက်နားက အရေပြားမှာ စမ်းတာက ပိုသင့်တော်ပါတယ်။

ကွန်ဆီလာက ဖောင်ဒေးရှင်းမိတ်ကပ်ထက် အရောင်ဖျော့ရပါမယ်။ ဒါဆိုရင် ကိုယ်နှစ်သက်တဲ့ ကွန်ဆီလာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top