iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Duwun
#Unicode Version#
သရုပ်ဆောင်၊ မော်ဒယ်လ် ဟန်သီရဲ့ အသက်(၂၀)နှစ်ပြည့်မွေးနေ့ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကမ္ဘာအေးဘုရား လမ်းရှိ မဟာစည်သာသနာ့ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာမောင်နှမများ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ We Love Han Thi အဖွဲ့ တို့ကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။
''အသက် ၂၀ နှစ်ပြည့်မွေးနေ့လေးမှာ ဟန်သီအရမ်းပျော်ပါတယ်။ အရမ်းလည်းဝမ်းသာတယ်။ သံဃာတော်တွေလည်း ဆွမ်းကပ်ခွင့် ရတယ်၊ ယောဂီတွေ ကိုလည်း လှူရတယ်။ သူငယ်ချင်းတွေလည်း တက်ရောက်ခဲ့ကြတဲ့အတွက် အရမ်းပျော် ပါတယ်။ဟန်သီ ၁၄ နှစ်ကတည်းက အနုပညာအလုပ်တွေအများ ကြီးလုပ်လာတာနဲ့အမျှ ရင့်ကျက်မှုတွေ အများကြီး လည်းရှိခဲ့ သလို ပိုပြီးတော့လည်း ကြိုး စားလာရတယ်။ပညာတွေလည်းအများကြီးရလာပါတယ်'' လို့ သူကဆိုပါတယ်။
ဟန်သီကတော့ အသက် ၁၄ နှစ်ကတည်းကအနုပညာအလုပ်တွေလုပ်ဆောင်လာတဲ့သူဖြစ်ပြီး အလှမယ်ဆုတွေ လည်း အများကြီးရရှိ လာတဲ့သူတစ် ယောက်ဖြစ်ပါတယ်။ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်သိလာတဲ့ ဟန်သီက ကြော်ငြာတွေလည်း ဆက်လက် ရိုက်ကူးဖို့ရှိသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ အလွမ်းဒဏ္ဏာရီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို မင်းသား အားသစ်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top