iMyanmarHouse.com - Best Property Website for Myanmar
×

ၾသဂုတ္လ ၁၄ ရက္ေန႔မွာ စတင္စစ္မႈထမ္းရေတာ့မယ့္ ဂ်ီခ်န္ဝုဟာ စစ္မႈမထမ္းခင္ ေနာက္ဆံုးျပဳလုပ္တဲ့ သူ႔ရဲ႕႐ုပ္သံအစီအစဥ္ကို 'Ji Chang Wook's Proposal : Say Good-Bye' လို႔ အမည္ေပးကာ ပရိသတ္ကို သူမွာခ်င္တာေတြ မွာၾကားခဲ့ပါတယ္။

"ဒီအစီအစဥ္ကို နာမည္ေပးဖို႔ ကၽြန္ေတာ္စဥ္းစားတယ္။ ကၽြန္ေတာ့္ကို ကၽြန္ေတာ့္ရဲ႕ပရိသတ္ေတြ ေစာင့္ေနတာ ျဖစ္ခ်င္တဲ့အတြက္ ႏႈတ္ဆက္ေတာင္းဆုိမႈ (good bye proposal) လို႔ နာမည္ေပးဖို႔ ဆံုးျဖတ္လုိက္တယ္" လို႔ ဂ်ီခ်န္ဝုက ယင္းအစီအစဥ္မွာ ေျပာခဲ့တာ ျဖစ္ပါတယ္။
Image result for Ji Chang Wook's Proposal : Say Good-Bye'
"ပရိသတ္အားလံုး ေပ်ာ္ရႊင္ၾကပါေစ၊ အားအင္ေတြ အျပည့္ရွိၾကပါေစလို႔ ကၽြန္ေတာ္ ဆုေတာင္းေနပါမယ္။ အလုပ္ႀကိဳးစားလုပ္ၿပီး အေကာင္းဆံုး ေနသြားပါမယ္" လို႔လည္း သူက ေျပာခဲ့ပါတယ္။

ဂ်ီခ်န္ဝုဟာ "အခ်စ္ေရ..သစၥာမေဖာက္နဲ႔ေနာ္..မၾကာခင္ ငါသြားရမယ္" လို႔ အဓိပၸာယ္ရတဲ့ ဆုိင္းဘုတ္ေလးကိုလည္း ကိုင္ထားၿပီး ပရိသတ္ကို ျပခဲ့ပါေသးတယ္။
Related image
့ပရိသတ္ေတြ သူ႔ကို မေမ့ဘဲ ျပန္လာတဲ့အထိ ေစာင့္ေစခ်င္တဲ့ ဂ်ီခ်န္ဝု္က ဒီပံုေလးကို ႐ိုက္ကူးထားၿပီး အားလံုးရဲ႕ wallpaper မွာ ကိုယ့္ခ်စ္သူလို သေဘာထားၿပီး တင္ေပးဖို႔လည္း ေတာင္းဆုိထားပါေသးတယ္။

အသက္ ၃၀ အရြယ္ ကိုရီးယားမင္းသား ဂ်ီခ်န္ဝုဟာ စစ္မႈထမ္းဖို႔အတြက္ အရမ္းကိုတက္ၾကြေနၿပီး စစ္မႈမထမ္းခင္မွာလည္း သူ႐ိုက္ကူးထားတဲ့ Suspicious Partner ဇာတ္လမ္းတြဲအတြက္ Promotion ေတြ လုပ္ခဲ့ပါေသးတယ္။
 Image result for Ji Chang Wook's
ဇူလိုင္လ ၁၃ ရက္ေန႔၊ ည ၁၀ နာရီမွာ စတင္ျပတဲ့ Suspicious Partner ဇာတ္လမ္းတြဲဟာ အစိုးရေရွ႕ေနနဲ႔ ဥပေဒေက်ာင္းသူေလးတစ္ေယာက္ရဲ႕ ဇာတ္လမ္းျဖစ္ပါတယ္။ ဂ်ီခ်န္ဝုဟာ ဖခင္ရဲ႕ဆႏၵအတုိင္း အရာရာမွာေတာ္ၿပီး စံုစမ္းေရးအရာရွိျဖစ္လာတဲ့ အမ်ဳိးသားတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္မွာ ျဖစ္ၿပီး နမ္ဂ်ီဟြန္းကေတာ့ က်န္းမာၿပီး ဉာဏ္ေကာင္းလွတဲ့ အန္ေဘာင္ဟီးဆုိတဲ့ အမ်ဳိးသမီးေလးအျဖစ္သ႐ုပ္ေဆာင္မွာပါ။ ျပည္ပမွာ ပညာသင္ၾကားၿပီးေနာက္ ေတာင္ကိုရီးယားကို ျပန္လာက အစိုးရေရွ႕ေနအျဖစ္ တာဝန္ထမ္းေဆာင္တဲ့ ခ်ယြန္ဂ်န္အျဖစ္ နာရာက သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ယြန္ဂ်န္ဟာ ယင္းဇာတ္္ကားထဲမွာ ဂ်ီခ်န္ဝုရဲဲ႕ ရည္းစားေဟာင္းလည္း ျဖစ္ပါတယ္။

 ဂ်ီခ်န္ဝုဟာ  Smile Again (2010-2011) မွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ရာကေန  နာမည္ႀကီးလာတာျဖစ္ပါတယ္။ အဲဒီေနာက္  Warrior Baek Dong-soo (2011) နဲ႔ Empress Ki (2013-2014)ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္ထားပါတယ္။ ဒါ့အျပင္  Healer (2014-2015), The K2 (2016) နဲ႔ Suspicious Partner (2017) ဇာတ္လမ္းတြဲေတြအျပင္ မႈခင္းအက္ရွင္ဇာတ္ကား Fabricated City (2017) ကိုလည္း ႐ိုက္ကူးထားပါတယ္။

Source : ilovekstars
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်စစ်မှုထမ်းရတော့မယ့် ဂျီချန်ဝုဟာ စစ်မှုမထမ်းခင် နောက်ဆုံးပြုလုပ်တဲ့ သူ့ရဲ့ရုပ်သံအစီအစဉ်ကို 'Ji Chang Wook's Proposal : Say Good-Bye' လို့ အမည်ပေးကာ ပရိသတ်ကို သူမှာချင်တာတွေ မှာကြားခဲ့ပါတယ်။

"ဒီအစီအစဉ်ကို နာမည်ပေးဖို့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော့်ကို ကျွန်တော့်ရဲ့ပရိသတ်တွေ စောင့်နေတာ ဖြစ်ချင်တဲ့အတွက် နှုတ်ဆက်တောင်းဆိုမှု (good bye proposal) လို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်တယ်" လို့ ဂျီချန်ဝုက ယင်းအစီအစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"ပရိသတ်အားလုံး ပျော်ရွှင်ကြပါစေ၊ အားအင်တွေ အပြည့်ရှိကြပါစေလို့ ကျွန်တော် ဆုတောင်းနေပါမယ်။ အလုပ်ကြိုးစားလုပ်ပြီး အကောင်းဆုံး နေသွားပါမယ်" လို့လည်း သူက ပြောခဲ့ပါတယ်။

ဂျီချန်ဝုဟာ "အချစ်ရေ..သစ္စာမဖောက်နဲ့နော်..မကြာခင် ငါသွားရမယ်" လို့ အဓိပ္ပာယ်ရတဲ့ ဆိုင်းဘုတ်လေးကိုလည်း ကိုင်ထားပြီး ပရိသတ်ကို ပြခဲ့ပါသေးတယ်။

့ပရိသတ်တွေ သူ့ကို မမေ့ဘဲ ပြန်လာတဲ့အထိ စောင့်စေချင်တဲ့ ဂျီချန်ဝု်က ဒီပုံလေးကို ရိုက်ကူးထားပြီး အားလုံးရဲ့ wallpaper မှာ ကိုယ့်ချစ်သူလို သဘောထားပြီး တင်ပေးဖို့လည်း တောင်းဆိုထားပါသေးတယ်။

အသက် ၃၀ အရွယ် ကိုရီးယားမင်းသား ဂျီချန်ဝုဟာ စစ်မှုထမ်းဖို့အတွက် အရမ်းကိုတက်ကြွနေပြီး စစ်မှုမထမ်းခင်မှာလည်း သူရိုက်ကူးထားတဲ့ Suspicious Partner ဇာတ်လမ်းတွဲအတွက် Promotion တွေ လုပ်ခဲ့ပါသေးတယ်။


ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီမှာ စတင်ပြတဲ့ Suspicious Partner ဇာတ်လမ်းတွဲဟာ အစိုးရရှေ့နေနဲ့ ဥပဒေကျောင်းသူလေးတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဂျီချန်ဝုဟာ ဖခင်ရဲ့ဆန္ဒအတိုင်း အရာရာမှာတော်ပြီး စုံစမ်းရေးအရာရှိဖြစ်လာတဲ့ အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး နမ်ဂျီဟွန်းကတော့ ကျန်းမာပြီး ဉာဏ်ကောင်းလှတဲ့ အန်ဘောင်ဟီးဆိုတဲ့ အမျိုးသမီးလေးအဖြစ်သရုပ်ဆောင်မှာပါ။ ပြည်ပမှာ ပညာသင်ကြားပြီးနောက် တောင်ကိုရီးယားကို ပြန်လာက အစိုးရရှေ့နေအဖြစ် တာဝန်ထမ်းဆောင်တဲ့ ချယွန်ဂျန်အဖြစ် နာရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယွန်ဂျန်ဟာ ယင်းဇာတ်ကားထဲမှာ ဂျီချန်ဝုရဲ့ ရည်းစားဟောင်းလည်း ဖြစ်ပါတယ်။

 ဂျီချန်ဝုဟာ  Smile Again (2010-2011) မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရာကနေ  နာမည်ကြီးလာတာဖြစ်ပါတယ်။ အဲဒီနောက်  Warrior Baek Dong-soo (2011) နဲ့ Empress Ki (2013-2014)ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပါတယ်။ ဒါ့အပြင်  Healer (2014-2015), The K2 (2016) နဲ့ Suspicious Partner (2017) ဇာတ်လမ်းတွဲတွေအပြင် မှုခင်းအက်ရှင်ဇာတ်ကား Fabricated City (2017) ကိုလည်း ရိုက်ကူးထားပါတယ်။

Source : ilovekstars

Credit:Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top