ျမန္မာကားဇာတ္ဝင္ခန္းေတြထဲကလို မိန္းကေလးေတြဟာ အရမ္းေျဖာင္႔၊ အရမ္းသန္႔၊ အရမ္းခ်မ္းသာတဲ႔ ဘဲတစ္ေဘြကို ျမင္ျမင္ခ်င္းေၾကြသြားတယ္ဆိုုတာမ်ိဳး အျပင္မွာရွိပါသလား။ လက္ေတြ႕ဘဝထဲမွာ Relationship နဲ႔ပတ္သက္တဲ႔ ကိစၥေတြက ထင္ထားသေလာက္မရိုးရွင္းပါဘူး။
ေလ႔လာေတြ႔ရွိခ်က္ေတြအရေတာ႔ ျမင္ျမင္ခ်င္းအခ်စ္ဆိုတာ (၄၈) ရာခိုင္ႏႈန္းပဲရွိပါသတဲ႔။ ဒါေၾကာင္႔ အခ်စ္ဆိုတာျဖစ္လာေအာင္ ျဖည္းျဖည္းခ်င္းႀကိဳးစားယူလို႔လည္းရပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုတဲ႔ နည္းနာကိုလည္း သိရွိထားမယ္ဆိုရင္ေပါ႔။ အရမ္းႀကီးလည္း serious ျဖစ္ျပစရာမလိုဘဲ အထာက်က်နဲ႔ ေကာင္မေလးတစ္ေယာက္ ကိုယ္႔ကိုက်လာေအာင္ လုပ္လို႔ရပါတယ္။
၁။ ေကာ္ဖီတူတူေသာက္ဖို႔ ေခၚမယ္
မိန္းကေလးတစ္ေယာက္ကို ဒိတ္လုပ္ဖို႔ ဘယ္ကစခ်ိန္းရမလဲမသိဘူးဆိုရင္ ေကာ္ဖီဆိုင္တူတူလိုက္ထိုင္မလား ေမးလိုက္တာဟာ ေရွးရိုးစြဲနည္းလမ္းတစ္ခုပါပဲ။ မိန္းကေလးဘက္က ျငင္းပယ္လုိရင္ အသာတၾကည္ ရုပ္မပ်က္ဘဲ ျငင္းပယ္ႏိုင္သလို ေယာက်္ားေလးဘက္ကလည္း ရုပ္မပ်က္ဘဲ အသာတၾကည္ေနာက္ဆုတ္ (သို႔) ဗ်ဴဟာသစ္ကို စဥ္းစားႏိုင္ပါတယ္။
ေကာ္ဖီတူတူေသာက္ဖို႔ေခၚတိုင္း မိမိကို ႀကိဳက္ေနႏိုင္တယ္လို႔ မိန္းကေလးဘက္ကေတြးလို႔မရေပမယ္႔ ညေနရံုးဆင္းခ်ိန္ ႏွစ္ေယာက္တည္း ေကာ္ဖီတူတူေသာက္ဖို႔ေခၚတယ္ဆိုတာကေတာ႔ ႏွစ္ေယာက္္တည္း ေအးေဆးစကားေျပာခ်င္တယ္ဆိုတဲ႔ အဓိပၸာယ္အလိုလုိသက္ေရာက္ေနတဲ႔အတြက္ မိန္းကေလးေတြဘက္က စဥ္းစားၾကမွာပါပဲ။
တကယ္လို႔လက္ခံလိုက္ၿပီဆိုရင္ေတာ႔ မိမိနည္း၊ မိမိဟန္နဲ႔ ေတာ္ကီေျခြလို႔ရပါၿပီ။ ေကာ္္ဖီနံ႕သင္းပ်ံ႕ေနတဲ႔ပတ္ဝန္းက်င္မွာ၊ မီးေရာင္ကလည္း မွိန္မွိန္ေလးနဲ႔ အလိုလို ရိုမန္းတစ္ဆန္ေနတဲ႔အတြက္ ေယာက်္ားေလးေတြအတြက္ေတာ႔ မိန္းကေလးရဲ႕ႏွလံုးသားကို ဝင္ေရာက္ႏိုင္ဖို႔ ကြ်မ္းက်င္လိမၼာစြာ ကိုင္တြယ္တတ္ဖို႔ပဲ လိုပါေတာ႔တယ္။
၂။ အၾကည္႔ခ်င္းဆံု ရင္ေတြခုန္
မ်က္လံုးဆိုတာ စိတ္ရဲ႕တံခါးေပါက္ေတြပါပဲ။ မ်က္လံုးအၾကည္႔ခ်င္းဆံုမိတယ္ဆိုတာ မိမိရဲ႕စိတ္ခံစားခ်က္ကိုသူျမင္ေအာင္၊ သူ႔ရဲ႕စိတ္ခံစားခ်က္ကို ကိုယ္ျမင္ေအာင္ အျပန္အလွန္ဆက္သြယ္လိုက္တာပါပဲ။ စကၠန္႕ အနည္းငယ္ၾကာေအာင္ အၾကည္႔ခ်င္းဖလွယ္မိၿပီဆိုရင္ေတာ႔ ဒါဟာ ခင္ဗ်ားအတြက္ မီးစိမ္းျပတာပါပဲ။ အၾကည္႔ခ်င္းဆံု ရင္ေတြခုန္ ဆိုတဲ႔အတုိင္း မ်က္ဝန္းခ်င္းဖလွယ္ၾကရာကေန ရင္ခုန္ျခင္းေတြပါ ေမြးဖြားလာႏိုင္ပါတယ္။
သိပၸံနည္းက်ေျပာရရင္ေတာ႔ မ်က္လံုးအၾကည္႔ခ်င္းဆံုျခင္းဟာ phenethylamine ဆိုတဲ႔ ေဟာ္မုန္းတစ္မ်ိဳးထြက္လာေစႏုိင္ၿပီး အဲဒီေဟာ္မုန္းဟာ အခ်စ္စိတ္ေပါက္ဖြားလာေစဖို႕အတြက္လည္း ႏႈိးေဆာ္ေပးႏိုင္ပါတယ္တဲ႔။ အဲဒီမွာသတိျပဳရမွာတစ္ခ်က္က သူမဘက္က အၾကည္႔ခ်င္းျပန္တံု႕ျပန္မလာဘဲနဲ႔ေတာ႔ မိမိဘက္ကခ်ည္းပဲ အတင္းစိုက္ၾကည္႔ေနတာမ်ိဳးႀကီး မလုပ္မိပါေစနဲ႔။ ဒါမ်ိဳးဟာ အငမ္းလြန္တယ္ လို႔အထင္ခံရႏိုင္ၿပီး မရေသးတဲ႔အမွတ္ေတြ ေလ်ာ႔သြားႏိုင္ပါတယ္။
၃။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အတူရွိေနႏိုင္ဖို႔ႀကိဳးစားပါ
ရင္းႏွီးကြ်မ္းဝင္ျခင္းဆိုတဲ႔အရာကလည္း အခ်စ္ဆိုတဲ႔ခံစားခ်က္ျဖစ္လာဖို႔ အေရးပါပါတယ္။ တကယ္လို႔ ခင္ဗ်ားဟာ မိန္းကေလးတိုင္းျမင္ျမင္ခ်င္း ေၾကြရေလာက္ေအာင္ ေခ်ာလွသူမဟုတ္ရင္၊ ဘယ္သူမွ မျငင္းဆန္ႏိုင္ေလာက္တဲ႔ ဥစၥာဓနကို ပိုင္ဆိုင္မထားရင္ သူမရဲ႕အခ်စ္ကို ပိုင္ဆိုင္ဖို႔အတြက္ ျဖည္းျဖည္းခ်င္း ႀကိဳးစားရမွာပါပဲ။
မိန္းကေလးေတြဟာလည္း တကယ္လို႔ မျဖစ္မေန ဖူးစာဖက္ေရြးခ်ယ္ရေတာ႔မယ္ ဆိုရင္ သူတို႔မျမင္ဖူး၊ မေတြ႕ဖူးသူထက္ ရင္းႏွီးကြ်မ္းဝင္ၿပီးသားလူကိုပဲ စဥ္းစားမွာပါပဲ။ အဲဒီမွာတစ္ခုသတိျပဳရမွာက ရင္းႏီွးကြ်မ္းက်င္ဖို႔ႀကိဳးစားေနရင္း Friend Zone (သူငယ္ခ်င္းလိုပဲဆက္၍ေခၚမည္ ဆိုတဲ႔ဇုန္)၊ Brother Zone (အစ္ကိုတစ္ေယာက္လိုပဲ သေဘာထားတယ္ ဆိုတဲ႔ဇုန္) ေတြထဲမေရာက္ေအာင္ေတာ႔ ႀကိဳးစားရမွာပါ။
၄။ စြန္ႀကိဳးလိုပဲ အေလွ်ာ႔အတင္းလုပ္ပါ
ဆိုၾကပါစို႔။ ေစ်းဆိုင္တစ္ဆိုင္မွာ ကုန္ပစၥည္းတစ္ခုကို limited edition (အထူးထုတ္) ဆိုၿပီး အခ်ိန္အတိုင္းအတာတစ္ခုသတ္မွတ္ၿပီး ေရာင္းတာနဲ႔ အဲဒီကုန္ပစၥည္းကုိပဲ အခ်ိန္မေရြး၊ ႀကိဳက္တဲ႔အခ်ိန္မွာ ႀကိဳက္သလို ဝယ္ႏိုင္တယ္ဆိုၿပီး ေရာင္းတာ ဘယ္ဟာက ပုိေရာင္းထြက္မယ္ထင္ပါသလဲ။ ဟုတ္ပါတယ္။ အထူးထုတ္ဆိုၿပီး အခ်ိန္အတိုင္းအတာနဲ႔ေရာင္းတာကို လူပိုစိတ္ဝင္စားပါလိမ္႔မယ္။ ဒါကို မားကက္တင္း သေဘာတရားအရ သံုးစြဲေလ႔ရွိပါတယ္။ ဒီနည္းလမ္းကို ခ်စ္ေရးခ်စ္ရာမွာလည္း အသံုးျပဳလို႔ရပါတယ္။
ဟုတ္ၿပီ။ နံပါတ္ (၃) အတိုင္း ပံုမွန္လုပ္ၿပီးလို႔ မိန္းကေလးကလည္း ခင္ဗ်ားကိုရင္းႏွီးကြ်မ္းဝင္သြားၿပီ။ သူမဘဝရဲ႕အခ်ိန္ေတြကို ခင္ဗ်ားနဲ႔ျဖတ္သန္းရတာကိုလည္း က်င္႔သားရေနၿပီ။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ခဏေလာက္ စေတးေရွာင္ေနလိုက္ပါ။ မိမိကိုယ္ကိုယ္ အခ်ိန္မေရြးဝယ္လို႔ရတဲ႔ ကုန္ပစၥည္းဘဝအေရာက္မခံဘဲ ရွားပါးထုတ္ကုန္တစ္ခုအျဖစ္ ျမင္လာေအာင္ ပူးလိုက္၊ ခြာလုိက္လုပ္ေပးပါ။ အဲဒီလို လုပ္ေပးျခင္းျဖင္႔ သူမဟာခင္ဗ်ားကို အတိုင္းအတာတစ္ခုထိ သတိရေနပါလိမ္႔မယ္။
ခင္ဗ်ားအေပၚထားတဲ႔ သူမရဲ႕ခံစားခ်က္ကိုလည္း ျပန္ေမးခြန္းထုတ္လာရပါလိမ္႔မယ္။ အခ်ိန္အနည္းငယ္ၾကာလို႔ ျပန္ဆံုခ်ိန္မွာ သူမရဲ႕တံု႔ျပန္ပံုေတြကို ျပန္လည္အကဲခတ္ၾကည္႔ပါ။ ခင္ဗ်ားကိုေတြ႕ရလို႔ အရင္ကထက္ သိသိသာသာေပ်ာ္ေနတယ္ဆိုရင္ေတာ႔ အေျခအေနေကာင္းေနပါၿပီ။ သိပ္မထူးျခားေသးဘူးဆိုရင္ေတာ႔ စြန္လႊတ္သလိုပဲ။ စြန္ႀကိဳးကို အေလွ်ာ႔၊အတင္း နည္းနည္းလုပ္ေပးလိုက္ပါ။
၅။ ယံုၾကည္ျခင္းဆိုတာ မဟာအင္အားပါ
မိမိကိုယ္ကိုယ္ယံုၾကည္မႈ အျပည္႔အဝရွိတဲ႔ေယာက်္ားေတြကို မိန္းမေတြက ဆြဲေဆာင္မႈရွိတယ္လို႔ ျမင္တတ္ၾကပါတယ္။ အရမ္းႀကီး အိုဗာျဖစ္လြန္းမေနတဲ႔ မိမိကုိုယ္ကိုယ္ယံုၾကည္မႈ ဆိုရင္ေပါ႔။ သုေတသန ျပဳလုပ္ခ်က္ေတြအရလည္း အမ်ိဳးသမီးေတြဟာ ေယာက်္ားေတြရဲ႕ဘယ္လိုအရာမ်ိဳးေတြကို ဆက္ဆီက်တယ္၊ ဆြဲေဆာင္မႈရွိတယ္လို႔ ျမင္သလဲလို႔ ေမးျမန္းခဲ႔ရာမွာ မိမိကိုယ္ကိုယ္ယံုၾကည္မႈအျပည္႔ရွိတဲ႔ ေယာက်္ားေတြကို ဆြဲေဆာင္မႈရွိတယ္လို႔ျမင္ၾကေၾကာင္း ေျဖၾကားခဲ႔ၾကပါတယ္။
သူမနဲ႔စကားေျပာတဲ႔အခါ မရြံ႕မရဲျဖစ္သလို၊ ရွက္သလိုရြံ႕သလိုျဖစ္ေနတာထက္ မိမိကိုယ္ကိုယ္ယံုၾကည္မႈအျပည္႔နဲ႔ သူမစိတ္ဝင္စားမယ္႔အေၾကာင္းအရာေလးေတြ၊ ဟာသေလးေတြကို ေျပာျပျခင္းဟာ ခင္ဗ်ားအတြက္ အမွတ္ရေစမယ္႔ အျပဳအမူေတြပါ။ ယံုၾကည္မႈရွိတယ္ဆိုတာ ေျပာပံုဆိုပံုတစ္ခုတည္းမဟုတ္ဘဲ ဝတ္ပံုစားပံု၊ စကားေျပာဟန္၊ လက္ဟန္ေျခဟန္အားလံုးမွာ မိမိကုိယ္ကိုယ္ယံုၾကည္မႈရွိဟန္ ေပါက္ေနရပါမယ္။
Source: Get-a-wingman
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မြန်မာကားဇာတ်ဝင်ခန်းတွေထဲကလို မိန်းကလေးတွေဟာ အရမ်းဖြောင့်၊ အရမ်းသန့်၊ အရမ်းချမ်းသာတဲ့ ဘဲတစ်ဘွေကို မြင်မြင်ချင်းကြွေသွားတယ်ဆိုုတာမျိုး အပြင်မှာရှိပါသလား။ လက်တွေ့ဘဝထဲမှာ Relationship နဲ့ပတ်သက်တဲ့ ကိစ္စတွေက ထင်ထားသလောက်မရိုးရှင်းပါဘူး။
လေ့လာတွေ့ရှိချက်တွေအရတော့ မြင်မြင်ချင်းအချစ်ဆိုတာ (၄၈) ရာခိုင်နှုန်းပဲရှိပါသတဲ့။ ဒါကြောင့် အချစ်ဆိုတာဖြစ်လာအောင် ဖြည်းဖြည်းချင်းကြိုးစားယူလို့လည်းရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းနာကိုလည်း သိရှိထားမယ်ဆိုရင်ပေါ့။ အရမ်းကြီးလည်း serious ဖြစ်ပြစရာမလိုဘဲ အထာကျကျနဲ့ ကောင်မလေးတစ်ယောက် ကိုယ့်ကိုကျလာအောင် လုပ်လို့ရပါတယ်။
၁။ ကော်ဖီတူတူသောက်ဖို့ ခေါ်မယ်
မိန်းကလေးတစ်ယောက်ကို ဒိတ်လုပ်ဖို့ ဘယ်ကစချိန်းရမလဲမသိဘူးဆိုရင် ကော်ဖီဆိုင်တူတူလိုက်ထိုင်မလား မေးလိုက်တာဟာ ရှေးရိုးစွဲနည်းလမ်းတစ်ခုပါပဲ။ မိန်းကလေးဘက်က ငြင်းပယ်လိုရင် အသာတကြည် ရုပ်မပျက်ဘဲ ငြင်းပယ်နိုင်သလို ယောကျ်ားလေးဘက်ကလည်း ရုပ်မပျက်ဘဲ အသာတကြည်နောက်ဆုတ် (သို့) ဗျူဟာသစ်ကို စဉ်းစားနိုင်ပါတယ်။
ကော်ဖီတူတူသောက်ဖို့ခေါ်တိုင်း မိမိကို ကြိုက်နေနိုင်တယ်လို့ မိန်းကလေးဘက်ကတွေးလို့မရပေမယ့် ညနေရုံးဆင်းချိန် နှစ်ယောက်တည်း ကော်ဖီတူတူသောက်ဖို့ခေါ်တယ်ဆိုတာကတော့ နှစ်ယောက်တည်း အေးဆေးစကားပြောချင်တယ်ဆိုတဲ့ အဓိပ္ပာယ်အလိုလိုသက်ရောက်နေတဲ့အတွက် မိန်းကလေးတွေဘက်က စဉ်းစားကြမှာပါပဲ။
တကယ်လို့လက်ခံလိုက်ပြီဆိုရင်တော့ မိမိနည်း၊ မိမိဟန်နဲ့ တော်ကီခြွေလို့ရပါပြီ။ ကော်ဖီနံ့သင်းပျံ့နေတဲ့ပတ်ဝန်းကျင်မှာ၊ မီးရောင်ကလည်း မှိန်မှိန်လေးနဲ့ အလိုလို ရိုမန်းတစ်ဆန်နေတဲ့အတွက် ယောကျ်ားလေးတွေအတွက်တော့ မိန်းကလေးရဲ့နှလုံးသားကို ဝင်ရောက်နိုင်ဖို့ ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်တတ်ဖို့ပဲ လိုပါတော့တယ်။
၂။ အကြည့်ချင်းဆုံ ရင်တွေခုန်
မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်တွေပါပဲ။ မျက်လုံးအကြည့်ချင်းဆုံမိတယ်ဆိုတာ မိမိရဲ့စိတ်ခံစားချက်ကိုသူမြင်အောင်၊ သူ့ရဲ့စိတ်ခံစားချက်ကို ကိုယ်မြင်အောင် အပြန်အလှန်ဆက်သွယ်လိုက်တာပါပဲ။ စက္ကန့် အနည်းငယ်ကြာအောင် အကြည့်ချင်းဖလှယ်မိပြီဆိုရင်တော့ ဒါဟာ ခင်ဗျားအတွက် မီးစိမ်းပြတာပါပဲ။ အကြည့်ချင်းဆုံ ရင်တွေခုန် ဆိုတဲ့အတိုင်း မျက်ဝန်းချင်းဖလှယ်ကြရာကနေ ရင်ခုန်ခြင်းတွေပါ မွေးဖွားလာနိုင်ပါတယ်။
သိပ္ပံနည်းကျပြောရရင်တော့ မျက်လုံးအကြည့်ချင်းဆုံခြင်းဟာ phenethylamine ဆိုတဲ့ ဟော်မုန်းတစ်မျိုးထွက်လာစေနိုင်ပြီး အဲဒီဟော်မုန်းဟာ အချစ်စိတ်ပေါက်ဖွားလာစေဖို့အတွက်လည်း နှိုးဆော်ပေးနိုင်ပါတယ်တဲ့။ အဲဒီမှာသတိပြုရမှာတစ်ချက်က သူမဘက်က အကြည့်ချင်းပြန်တုံ့ပြန်မလာဘဲနဲ့တော့ မိမိဘက်ကချည်းပဲ အတင်းစိုက်ကြည့်နေတာမျိုးကြီး မလုပ်မိပါစေနဲ့။ ဒါမျိုးဟာ အငမ်းလွန်တယ် လို့အထင်ခံရနိုင်ပြီး မရသေးတဲ့အမှတ်တွေ လျော့သွားနိုင်ပါတယ်။
၃။ အချိန်တော်တော်များများမှာ အတူရှိနေနိုင်ဖို့ကြိုးစားပါ
ရင်းနှီးကျွမ်းဝင်ခြင်းဆိုတဲ့အရာကလည်း အချစ်ဆိုတဲ့ခံစားချက်ဖြစ်လာဖို့ အရေးပါပါတယ်။ တကယ်လို့ ခင်ဗျားဟာ မိန်းကလေးတိုင်းမြင်မြင်ချင်း ကြွေရလောက်အောင် ချောလှသူမဟုတ်ရင်၊ ဘယ်သူမှ မငြင်းဆန်နိုင်လောက်တဲ့ ဥစ္စာဓနကို ပိုင်ဆိုင်မထားရင် သူမရဲ့အချစ်ကို ပိုင်ဆိုင်ဖို့အတွက် ဖြည်းဖြည်းချင်း ကြိုးစားရမှာပါပဲ။
မိန်းကလေးတွေဟာလည်း တကယ်လို့ မဖြစ်မနေ ဖူးစာဖက်ရွေးချယ်ရတော့မယ် ဆိုရင် သူတို့မမြင်ဖူး၊ မတွေ့ဖူးသူထက် ရင်းနှီးကျွမ်းဝင်ပြီးသားလူကိုပဲ စဉ်းစားမှာပါပဲ။ အဲဒီမှာတစ်ခုသတိပြုရမှာက ရင်းနှီးကျွမ်းကျင်ဖို့ကြိုးစားနေရင်း Friend Zone (သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ဆိုတဲ့ဇုန်)၊ Brother Zone (အစ်ကိုတစ်ယောက်လိုပဲ သဘောထားတယ် ဆိုတဲ့ဇုန်) တွေထဲမရောက်အောင်တော့ ကြိုးစားရမှာပါ။
၄။ စွန်ကြိုးလိုပဲ အလျှော့အတင်းလုပ်ပါ
ဆိုကြပါစို့။ ဈေးဆိုင်တစ်ဆိုင်မှာ ကုန်ပစ္စည်းတစ်ခုကို limited edition (အထူးထုတ်) ဆိုပြီး အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ရောင်းတာနဲ့ အဲဒီကုန်ပစ္စည်းကိုပဲ အချိန်မရွေး၊ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ဝယ်နိုင်တယ်ဆိုပြီး ရောင်းတာ ဘယ်ဟာက ပိုရောင်းထွက်မယ်ထင်ပါသလဲ။ ဟုတ်ပါတယ်။ အထူးထုတ်ဆိုပြီး အချိန်အတိုင်းအတာနဲ့ရောင်းတာကို လူပိုစိတ်ဝင်စားပါလိမ့်မယ်။ ဒါကို မားကက်တင်း သဘောတရားအရ သုံးစွဲလေ့ရှိပါတယ်။ ဒီနည်းလမ်းကို ချစ်ရေးချစ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။
ဟုတ်ပြီ။ နံပါတ် (၃) အတိုင်း ပုံမှန်လုပ်ပြီးလို့ မိန်းကလေးကလည်း ခင်ဗျားကိုရင်းနှီးကျွမ်းဝင်သွားပြီ။ သူမဘဝရဲ့အချိန်တွေကို ခင်ဗျားနဲ့ဖြတ်သန်းရတာကိုလည်း ကျင့်သားရနေပြီ။ အဲဒီလိုအချိန်မျိုးမှာ ခဏလောက် စတေးရှောင်နေလိုက်ပါ။ မိမိကိုယ်ကိုယ် အချိန်မရွေးဝယ်လို့ရတဲ့ ကုန်ပစ္စည်းဘဝအရောက်မခံဘဲ ရှားပါးထုတ်ကုန်တစ်ခုအဖြစ် မြင်လာအောင် ပူးလိုက်၊ ခွာလိုက်လုပ်ပေးပါ။ အဲဒီလို လုပ်ပေးခြင်းဖြင့် သူမဟာခင်ဗျားကို အတိုင်းအတာတစ်ခုထိ သတိရနေပါလိမ့်မယ်။
ခင်ဗျားအပေါ်ထားတဲ့ သူမရဲ့ခံစားချက်ကိုလည်း ပြန်မေးခွန်းထုတ်လာရပါလိမ့်မယ်။ အချိန်အနည်းငယ်ကြာလို့ ပြန်ဆုံချိန်မှာ သူမရဲ့တုံ့ပြန်ပုံတွေကို ပြန်လည်အကဲခတ်ကြည့်ပါ။ ခင်ဗျားကိုတွေ့ရလို့ အရင်ကထက် သိသိသာသာပျော်နေတယ်ဆိုရင်တော့ အခြေအနေကောင်းနေပါပြီ။ သိပ်မထူးခြားသေးဘူးဆိုရင်တော့ စွန်လွှတ်သလိုပဲ။ စွန်ကြိုးကို အလျှော့၊အတင်း နည်းနည်းလုပ်ပေးလိုက်ပါ။
၅။ ယုံကြည်ခြင်းဆိုတာ မဟာအင်အားပါ
မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိတဲ့ယောကျ်ားတွေကို မိန်းမတွေက ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ အရမ်းကြီး အိုဗာဖြစ်လွန်းမနေတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု ဆိုရင်ပေါ့။ သုတေသန ပြုလုပ်ချက်တွေအရလည်း အမျိုးသမီးတွေဟာ ယောကျ်ားတွေရဲ့ဘယ်လိုအရာမျိုးတွေကို ဆက်ဆီကျတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ မြင်သလဲလို့ မေးမြန်းခဲ့ရာမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ယောကျ်ားတွေကို ဆွဲဆောင်မှုရှိတယ်လို့မြင်ကြကြောင်း ဖြေကြားခဲ့ကြပါတယ်။
သူမနဲ့စကားပြောတဲ့အခါ မရွံ့မရဲဖြစ်သလို၊ ရှက်သလိုရွံ့သလိုဖြစ်နေတာထက် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ သူမစိတ်ဝင်စားမယ့်အကြောင်းအရာလေးတွေ၊ ဟာသလေးတွေကို ပြောပြခြင်းဟာ ခင်ဗျားအတွက် အမှတ်ရစေမယ့် အပြုအမူတွေပါ။ ယုံကြည်မှုရှိတယ်ဆိုတာ ပြောပုံဆိုပုံတစ်ခုတည်းမဟုတ်ဘဲ ဝတ်ပုံစားပုံ၊ စကားပြောဟန်၊ လက်ဟန်ခြေဟန်အားလုံးမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဟန် ပေါက်နေရပါမယ်။
Source: Get-a-wingman
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိန္းကေလးတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။