Credit:ChelmoTeam
#Unicode Version#
ငှက်ပျောသီးစားပြီးရင် အခွံကို ဘယ်လိုလုပ်ကြသလဲ။ ပစ်လိုက်မှာပေါ့။ ဒါပင်မယ့် မပစ်ပါနဲ့ အသုံးဝင်တဲ့ နည်းလမ်းတွေရှိပါတယ်။
၀၁. ပိုးမွှားအကိုက်ခံရရင် ငှက်ပျောခွံနဲ့ ပွတ်နိုင်တယ်။
ဆေးပညာအရဆိုရင်တော့ အစွမ်းရှိတယ်ဆိုတာကို တရားဝင်ပြောကြားထားတာကို မတွေ့ရသေးပါ။ ငှက်ပျောခွံမှာပါတဲ့ သကြားဓါတ်က ယားယံခြင်းကို ပျောက်စေနိုင်ပါတယ်။ အချို့နေရာတွေမှာဆိုရင် ခြင်ကိုက်ခံရတဲ့နေရာတွေကို ငှက်ပျောခွံနဲ့ လိမ်းလေ့ရှိတယ်လို့ သိရပါတယ်။
၀၂. ဖိနပ်ကို ပြောင်အောင်တိုက်နိုင်တယ်။
ငှက်ပျောခွံမှာပါတဲ့ Kalium ဓါတ်ကြောင့် သရေဖိနပ်ကို ပြောင်အောင်လုပ်ပေးပါတယ်။
၀၃. ဒဏ်ရာကို သက်သာစေတယ်။
ထိခိုက်မိလို့ရတဲ့ ဒဏ်ရာ အညိုအမဲတွေကို အနည်းငယ်သက်သာစေပါတယ်။
၀၄. သွားတွေကို ဖြုစေပါတယ်။
သွားတိုက်ဆေးနဲ့သွားမတိုက်ခင်မှာ ငှက်ပျောသီးအခွံနဲ့ သွားတိုက်ကြည့်ပါ။ ၁လလောက်ကြာရင် သွားတွေ ဖြုလာကောင်းဖြုလာပါလိမ့်မယ်။ ငှက်ပျောသီးအခွံမှာပါတဲ့ Mineral ဓါတ်ဟာ သွားမှာကပ်နေတဲ့ သွားချေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၀၅. အသားကင်တဲ့အခါ ထည့်သုံးနိုင်ပါတယ်။
အသားကင်တဲ့အခါမှာ ဒယ်အိုးထဲမှာ ငှက်ပျောခွံထည့်လိုက်ရင် အသားတွေကို ပျော့စေပါတယ်။
၀၆. နဖူးပေါ်မှာတင်ပြီး ပွတ်ပေးရင် ခေါင်းကိုက် သက်သာတယ်။
နဖူးပေါ်မှာ ငှက်ပျောခွံတင်ထားရင် ခေါင်းကိုက်သက်သာစေတယ်လို့လည်း ပြောကြပါတယ်။
၀၇. အစူး၊အရိုး စူးတဲ့အခါ ငှက်ပျောခွံနဲ့ အုပ်ထားရင် သက်သာတယ်။
အစူးစူးတဲ့နေရာကို ငှက်ပျောသီးအခွံနဲ့ မိနစ် ၃၀ ကနေ ၁ နာရီလောက်ကပ်ထားရင် အနာပတ်ဝန်းကျင်က အသားကနူးလာပြီး အလိုလိုထွက်လာတတ်ပါတယ်။
၀၈. လက်ကမှင်ဖျက်ရာတွင်လည်း အသုံးဝင်ပါတယ်။
အလုပ်လုပ်ရင်း လက်မှာပေနေတဲ့ မှင်ကို ဖျက်ရာမှာလည်း ငှက်ပျောသီးအခွံကို သုံးနိုင်ပါတယ်။ ရေနဲ့ဆေးဖို့တော့ မမေ့နဲ့နော်။
Credit:ChelmoTeam
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ငှက်ပျောသီး အခွံရဲ့  အသုံးဝင်ပုံလေးတွေ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။