iMyanmarHouse.com - Best Property Website for Myanmar
×

ေလးစားအပ္ပါေသာဆင္ဆာအဖြဲ႕ဝင္လူႀကီးမင္းမ်ားခင္ဗ်ား…

လူႀကီးမင္းတို႔ဖတ္ရႈျဖစ္လိမ့္မည္ဟုေမွ်ာ္လင့္ပါသည္၊ မနက္ျဖန္ဆင္ဆာအစည္းအေဝးတြင္ တင္ျပရမည့္ကိစၥမ်ားျဖစ္ပါေသာ္လည္း ခရီးသြားရန္စီစဥ္ျပီးျဖစ္ပါ၍ ကြ်န္ေတာ့္အေနျဖင့္ တင္ျပေျပာဆိုလိုသည္မ်ားကို အမ်ားျပည္သူပါသိရွိႏိုင္ေစရန္ ဒီေနရာမွတင္ျပလိုက္ရပါသည္၊ ( အထက္ပါစာပိုဒ္တြင္ ” ေဆြးေႏြးသည္ ” ဆိုသည့္စကားလံုးကို စိတ္မေကာင္းစြာ ခ်န္လွပ္ထားခဲ့ရပါသည္၊ အဘယ္ေၾကာင့္ဆိုေသာ္ ယခင္အစည္းအေဝး၏အေတြ႕အၾကံဳမ်ားအရ လူႀကီးမင္းတို႔သည္ တင္ျပတာကိုသာ နားေထာင္ေလ့ရွိၿပီး ဘယ္ေသာအခါမွျပန္လွန္ေဆြးေႏြးသည္ကို မၾကားခဲ့ရဖူးေသာေၾကာင့္ျဖစ္ပါသည္ ) တနဂၤေႏြညေက်ာင္း ဇာတ္ကားတြင္သူငယ္ခ်င္းမ်ားရန္ျဖစ္သည့္ ဇာတ္ဝင္ခန္းတစ္ခု၌” ေစာက္ ” ဆိုေသာစကားလံုးကိုျဖတ္ေတာက္ခိုင္းခဲ့ပါသည္။ ၎စကားလံုးကို ႐ိုင္းျပသည္ဟုကြ်န္ေတာ္ကိုယ္တိုင္လက္ခံပါသည္၊ ဒါေပမယ့္ မၾကားဝံ့မနာသာျဖစ္ရေလာက္ေအာင္ ႐ုန္႔ရင္းၾကမ္းတမ္းသည့္စကားလံုးေတာ့လည္းမဟုတ္ပါ။ ႐ိုင္းျပသည့္ဇာတ္ေကာင္တစ္ေကာင္၏ သ႐ုပ္ကိုေပၚလြင္ေစရံုသာျဖစ္သည္၊ ဇာတ္ဝင္ခန္းတိုင္းအလကားေနရင္းထည့္ေျပာေနတာလည္းမဟုတ္ပါ၊ ရန္ျဖစ္သည့္အခ်ိန္၌သာ ထည့္ေျပာခဲ့တာျဖစ္သည္၊



သို႔ေသာ္ ျဖတ္ေတာက္ျပင္ဆင္ရန္ၫႊန္ၾကားလာပါသျဖင့္ မေလးရွားႏိုင္ငံတြင္ ျပဳလုပ္ကူးယူခဲ့ေသာ DCP ကို မူလ Studio ရွိရာ မေလးရွားႏိုင္ငံျပန္ပို႔ၿပီး ျပင္ဆင္ေပးခဲ့ရပါသည္၊ ၎ တနဂၤေႏြညေက်ာင္း ဇာတ္ကားတြင္ပင္ မင္းခ ေဆးလိပ္ေသာက္ေသာဇာတ္ဝင္ခန္းကိုျဖတ္ခိုင္းခဲ့ျပန္သည္။ တက္တူးထိုးေသာအခန္းက်ဥ္းေလး၏ မြန္းၾကပ္ပိတ္ေလွာင္မႈကိုျပခ်င္၍ သ႐ုပ္ေဆာင္ကို ကြ်န္ေတာ္ကိုယ္တိုင္ကေသာက္ခိုင္းခဲ့တာျဖစ္ေၾကာင္း အသနားခံစာေရးသားေပးပို႔ခဲ့ပါေသာ္လည္း မျဖတ္ခ်င္လွ်င္ ” ေဆးလိပ္ေသာက္ျခင္းသည္က်န္းမာေရးကိုထိခိုက္ႏိုင္ပါသည္။ စာတန္းကို ပိတ္ကား၏ႏွစ္ဆယ္ရာခိုင္ႏႈန္းထည့္သြင္းေဖာ္ျပေပးရမည္ ” ဆိုေသာေထာက္ၫႊန္ခ်က္ျဖင့္ မည္သူ႔ထံကမွ Sponsor မရပဲ ပိတ္ကား၏ႏွစ္ဆယ္ရာခိုင္ႏႈန္းကို က်န္းမာေရး႒ာနအတြက္ ခြဲေဝေပးလိုက္ရျပန္သည္။ သာမာန္တီဗီအစီအစဥ္မ်ား၌ ေအာက္ကေၾကာ္ျငာျဖတ္ဝင္လာလွ်င္ေတာင္ ပရိသတ္မ်ားမ်က္စိေနာက္ေနတတ္ရင္ သရဲကားတစ္ကား၏ ဇာတ္ရွိန္ျမင့္ေနသည့္ဇာတ္ဝင္ခန္းတြင္ မဆီမဆိုင္ ေဆးလိပ္မေသာက္ေရး စာတန္းျဖတ္ဝင္လာျခင္းသည္ ပရိသတ္၏အာရံုကို ဘယ္ေလာက္မ်ားႏႈတ္ယူသြားမလဲ။

၎ဇာတ္ဝင္ခန္းကို လိုခ်င္သလိုရဖို႔ ဆယ့္ေလးႀကိမ္တိုင္တိုင္ျပန္လည္႐ိုက္ကူးခဲ့ရေသာ ဒါ႐ိုက္တာတစ္ေယာက္အေနျဖင့္ မ်ားစြာႏွေျမာရပါသည္၊ ေနာက္တစ္ကားရွိပါေသးသည္၊ ဓါတ္ရွင္႐ိုက္သူမ်ား… ဇာတ္ဝင္ခန္းတစ္ခု၌ စိုင္းစိုင္းလွမ္းေခၚစဥ္ ေဖြးေဖြးလွည့္အၾကည့္ ႐ုပ္ရွင္သီအိုရီအရ 180 ံေက်ာ္လြန္ေန၍ျပင္ဆင္တည္းျဖတ္ရန္ အေၾကာင္းၾကားစာေပးပို႔လာပါသည္၊ သီအိုရီကိုမသိ၍က်ဴးလြန္သည့္အမွားႏွင့္ သိထားၿပီးမွ မိမိစိတ္ႀကိဳက္လြတ္လပ္စြာတင္ျပျခင္းသည္ မ်ားစြာကြာျခားလွပါသည္၊ ႐ုပ္ရွင္အေျခခံသင္႐ိုးေတြမွာေတာင္ပါသည့္ 180 ံRule ကို ကြ်န္ေတာ့္အေတြ႕အၾကံဳႏွင့္ မသိစရာမရွိေၾကာင္း ႐ိုး႐ိုးေလးစဥ္းစားၾကည့္ရံုႏွင့္သိႏိုင္ပါသည္၊ ႏိုင္ငံတကာ႐ုပ္ရွင္မ်ားတြင္လည္း 180 ံRule ကိုေဖါက္ဖ်က္က်ဴးလြန္၍ လြတ္လပ္စြာတင္ျပေသာအျပမ်ား အမ်ားအျပားရွိႏွင့္ေနသည္ကို လူႀကီးမင္းမ်ားအေနျဖင့္ သတိမထားမိေလသလား မေျပာတတ္ပါ၊ Acting မ်ားအဆင္ေျပေခ်ာေမြ႕ေနၿပီးသားဇာတ္ဝင္ခန္းကို 180 ထဲ မဝင္ဝင္ေအာင္ အတင္းျပန္ၫွိၿပီးထည့္ေပးလိုက္ရ၍ ၾကည့္ရတာအဆင္မေျပေတာ့သည့္အျပင္ ထုတ္လုပ္သူအတြက္လည္း ေႏွာင့္ေႏွးၾကန္႔ၾကာခဲ့ရျပန္ပါသည္၊ ေမထုန္ရာသီဖြား အမည္ကိုခြင့္ျပဳသင့္၊မျပဳသင့္ ေဝဒပညာရွင္မ်ားအဖြဲ႕ထံအၾကံဉာဏ္ေတာင္းခံေသာကိစၥ၊ အယူေတာ္မဂၤလာ အမည္ကိုဇာတ္ကားအမည္အျဖစ္ေပးသင့္၊မေပးသင့္ ေဗဒင္ဆရာမ်ားထံ ဆင္ဆာအဖြဲ႕မွလွမ္းေမးေသာကိစၥမ်ားမွာလည္း ကြ်န္ေတာ့္အေနျဖင့္ နားမလည္ႏိုင္ေအာင္ျဖစ္ခဲ့ရပါသည္၊ ဒါေတာင္ ဆင္ဆာအဖြဲ႕၏ပိတ္ပင္တားျမစ္မႈေၾကာင့္ 2009 ခုႏွစ္မွေန၍ယခုအခ်ိန္အထိ ပရိသတ္မ်ားထံအျပည့္အဝခ်ျပခြင့္မရွိေသးေသာ ညစာ ဇာတ္ကားအေၾကာင္းကိုထည့္မေျပာရေသးပါ၊ ကြ်န္ေတာ့္အေနႏွင့္အဆိုးရြားဆံုးခံစားရသည္ကေတာ့ Media မ်ားႏွင့္ပရိသတ္မ်ားက ဒီမိုကေရစီအစိုးရလက္ထက္တြင္ ဆင္ဆာမ်ားေလွ်ာ့ေပါ့လာသည္ဟုထင္ေနၾကၿပီး အမွန္တကယ္တြင္ တေန႔ထက္တေန႔ပိုမိုတင္းၾကပ္လာေနျခင္းကို ကြ်န္ေတာ္တို႔အားလံုးခံစားေနၾကရတာပဲျဖစ္သည္၊ စာေပစိစစ္ေရးအဖြဲ႕ကိုဖ်က္သိမ္းေပးလိုက္၍ တင္းျပည့္ၾကပ္ျပည့္ လြတ္လပ္ခြင့္ရသြားၾကေသာ ဂ်ာနယ္အင္တာဗ်ဴးမ်ားမွ ” အခုလိုဆင္ဆာလြတ္လပ္ခြင့္ေတြရလာတဲ့အေပၚမွာ…” ဟု အစခ်ီ၍ေမးခြန္းမ်ားေမးလာတိုင္း ျပန္ေျဖစရာအေျဖမရွိေတာ့သလို ဆြံ႔အသြားခဲ့ရတာ ဘယ္ႏွစ္ႀကိမ္မွန္းကို မမွတ္မိေတာ့ပါ၊ ( ေနာက္ေနာင္ ၎ေမးခြန္းမ်ားေမးလာလွ်င္ မည္သို႔ေျဖသင့္ေၾကာင္း ဆင္ဆာအဖြဲ႕မွလမ္းၫႊန္အၾကံျပဳေပးေစလိုပါသည္ )

ကြ်န္ေတာ္ကေတာ့ ယခင္ကလည္းေျဖပါသည္၊ ယခုလည္း ေျဖပါသည္၊ ေနာင္ကိုလည္း ဒီအတိုင္းပဲဆက္ေျဖေနပါဦးမည္၊ ဆင္ဆာအဖြဲ႕မရွိသင့္ေတာ့ပါ။ ဒါဆိုရင္ ႐ိုက္ခ်င္သလိုေတြ႐ိုက္လာၾကရင္ လူငယ္ေတြအတုယူမွားရင္ ဘယ္သူတာဝန္ယူမွာလဲ ဟုေမးလာစရာရွိပါသည္၊ က်န္တဲ့သူေတြေတာ့မသိပါ၊ ကြ်န္ေတာ္ကေတာ့ ကိုယ့္တာဝန္ကိုယ္ယူပါသည္။ ပရိသတ္အတြက္အဆိပ္အေတာက္ျဖစ္ေစမည့္ ဇာတ္ကားမ်ိဳး လူႀကီးမင္းတို႔ရွိရွိ မရွိရွိ ကြ်န္ေတာ္႐ိုက္မွာမဟုတ္ပါ။ ပရိသတ္အတြက္အဆိပ္အေတာက္ျဖစ္ေစမည့္ဇာတ္ကားမ်ိဳး ႐ို္ုက္လာၾကလွ်င္လည္း ဒဏ္ခတ္သည့္တာဝန္ကိုပရိသတ္ကယူသြားပါလိမ့္မည္။ ထိုသို႔ လြတ္လပ္ခြင့္ကိုတလြဲအသံုးခ်သူမ်ားလည္း ၾကာရွည္ခံေလ့မရွိၾကပါ… သို႔ေသာ္… စူပါမင္းကားၾကည့္ၿပီးတိုက္ေပၚကခုန္ခ်တာမ်ိဳးကိုေတာ့ ဘယ္ထုတ္လုပ္သူ၊ဘယ္ဒါ႐ိုက္တာမ်ိဳးကမွတာဝန္ယူၾကမွာမဟုတ္တာေသခ်ာပါသည္။

  ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

ညိဳမင္းလြင္


Credit: Myanmar Celebrities


#Unicode Version#

လေးစားအပ်ပါသောဆင်ဆာအဖွဲ့ဝင်လူကြီးမင်းများခင်ဗျား… လူကြီးမင်းတို့ဖတ်ရှုဖြစ်လိမ့်မည်ဟုမျှော်လင့်ပါသည်၊ မနက်ဖြန်ဆင်ဆာအစည်းအဝေးတွင် တင်ပြရမည့်ကိစ္စများဖြစ်ပါသော်လည်း ခရီးသွားရန်စီစဉ်ပြီးဖြစ်ပါ၍ ကျွန်တော့်အနေဖြင့် တင်ပြပြောဆိုလိုသည်များကို အများပြည်သူပါသိရှိနိုင်စေရန် ဒီနေရာမှတင်ပြလိုက်ရပါသည်၊ ( အထက်ပါစာပိုဒ်တွင် ” ဆွေးနွေးသည် ” ဆိုသည့်စကားလုံးကို စိတ်မကောင်းစွာ ချန်လှပ်ထားခဲ့ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ယခင်အစည်းအဝေး၏အတွေ့အကြုံများအရ လူကြီးမင်းတို့သည် တင်ပြတာကိုသာ နားထောင်လေ့ရှိပြီး ဘယ်သောအခါမှပြန်လှန်ဆွေးနွေးသည်ကို မကြားခဲ့ရဖူးသောကြောင့်ဖြစ်ပါသည် ) တနင်္ဂနွေညကျောင်း ဇာတ်ကားတွင်သူငယ်ချင်းများရန်ဖြစ်သည့် ဇာတ်ဝင်ခန်းတစ်ခု၌” စောက် ” ဆိုသောစကားလုံးကိုဖြတ်တောက်ခိုင်းခဲ့ပါသည်။ ၎င်းစကားလုံးကို ရိုင်းပြသည်ဟုကျွန်တော်ကိုယ်တိုင်လက်ခံပါသည်၊ ဒါပေမယ့် မကြားဝံ့မနာသာဖြစ်ရလောက်အောင် ရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးတော့လည်းမဟုတ်ပါ။ ရိုင်းပြသည့်ဇာတ်ကောင်တစ်ကောင်၏ သရုပ်ကိုပေါ်လွင်စေရုံသာဖြစ်သည်၊ ဇာတ်ဝင်ခန်းတိုင်းအလကားနေရင်းထည့်ပြောနေတာလည်းမဟုတ်ပါ၊ ရန်ဖြစ်သည့်အချိန်၌သာ ထည့်ပြောခဲ့တာဖြစ်သည်၊



သို့သော် ဖြတ်တောက်ပြင်ဆင်ရန်ညွှန်ကြားလာပါသဖြင့် မလေးရှားနိုင်ငံတွင် ပြုလုပ်ကူးယူခဲ့သော DCP ကို မူလ Studio ရှိရာ မလေးရှားနိုင်ငံပြန်ပို့ပြီး ပြင်ဆင်ပေးခဲ့ရပါသည်၊ ၎င်း တနင်္ဂနွေညကျောင်း ဇာတ်ကားတွင်ပင် မင်းခ ဆေးလိပ်သောက်သောဇာတ်ဝင်ခန်းကိုဖြတ်ခိုင်းခဲ့ပြန်သည်။ တက်တူးထိုးသောအခန်းကျဉ်းလေး၏ မွန်းကြပ်ပိတ်လှောင်မှုကိုပြချင်၍ သရုပ်ဆောင်ကို ကျွန်တော်ကိုယ်တိုင်ကသောက်ခိုင်းခဲ့တာဖြစ်ကြောင်း အသနားခံစာရေးသားပေးပို့ခဲ့ပါသော်လည်း မဖြတ်ချင်လျှင် ” ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။ စာတန်းကို ပိတ်ကား၏နှစ်ဆယ်ရာခိုင်နှုန်းထည့်သွင်းဖော်ပြပေးရမည် ” ဆိုသောထောက်ညွှန်ချက်ဖြင့် မည်သူ့ထံကမှ Sponsor မရပဲ ပိတ်ကား၏နှစ်ဆယ်ရာခိုင်နှုန်းကို ကျန်းမာရေးဋ္ဌာနအတွက် ခွဲဝေပေးလိုက်ရပြန်သည်။ သာမာန်တီဗီအစီအစဉ်များ၌ အောက်ကကြော်ငြာဖြတ်ဝင်လာလျှင်တောင် ပရိသတ်များမျက်စိနောက်နေတတ်ရင် သရဲကားတစ်ကား၏ ဇာတ်ရှိန်မြင့်နေသည့်ဇာတ်ဝင်ခန်းတွင် မဆီမဆိုင် ဆေးလိပ်မသောက်ရေး စာတန်းဖြတ်ဝင်လာခြင်းသည် ပရိသတ်၏အာရုံကို ဘယ်လောက်များနှုတ်ယူသွားမလဲ။



၎င်းဇာတ်ဝင်ခန်းကို လိုချင်သလိုရဖို့ ဆယ့်လေးကြိမ်တိုင်တိုင်ပြန်လည်ရိုက်ကူးခဲ့ရသော ဒါရိုက်တာတစ်ယောက်အနေဖြင့် များစွာနှမြောရပါသည်၊ နောက်တစ်ကားရှိပါသေးသည်၊ ဓါတ်ရှင်ရိုက်သူများ… ဇာတ်ဝင်ခန်းတစ်ခု၌ စိုင်းစိုင်းလှမ်းခေါ်စဉ် ဖွေးဖွေးလှည့်အကြည့် ရုပ်ရှင်သီအိုရီအရ 180 ံကျော်လွန်နေ၍ပြင်ဆင်တည်းဖြတ်ရန် အကြောင်းကြားစာပေးပို့လာပါသည်၊ သီအိုရီကိုမသိ၍ကျူးလွန်သည့်အမှားနှင့် သိထားပြီးမှ မိမိစိတ်ကြိုက်လွတ်လပ်စွာတင်ပြခြင်းသည် များစွာကွာခြားလှပါသည်၊ ရုပ်ရှင်အခြေခံသင်ရိုးတွေမှာတောင်ပါသည့် 180 ံRule ကို ကျွန်တော့်အတွေ့အကြုံနှင့် မသိစရာမရှိကြောင်း ရိုးရိုးလေးစဉ်းစားကြည့်ရုံနှင့်သိနိုင်ပါသည်၊ နိုင်ငံတကာရုပ်ရှင်များတွင်လည်း 180 ံRule ကိုဖေါက်ဖျက်ကျူးလွန်၍ လွတ်လပ်စွာတင်ပြသောအပြများ အများအပြားရှိနှင့်နေသည်ကို လူကြီးမင်းများအနေဖြင့် သတိမထားမိလေသလား မပြောတတ်ပါ၊ Acting များအဆင်ပြေချောမွေ့နေပြီးသားဇာတ်ဝင်ခန်းကို 180 ထဲ မဝင်ဝင်အောင် အတင်းပြန်ညှိပြီးထည့်ပေးလိုက်ရ၍ ကြည့်ရတာအဆင်မပြေတော့သည့်အပြင် ထုတ်လုပ်သူအတွက်လည်း နှောင့်နှေးကြန့်ကြာခဲ့ရပြန်ပါသည်၊ မေထုန်ရာသီဖွား အမည်ကိုခွင့်ပြုသင့်၊မပြုသင့် ဝေဒပညာရှင်များအဖွဲ့ထံအကြံဉာဏ်တောင်းခံသောကိစ္စ၊ အယူတော်မင်္ဂလာ အမည်ကိုဇာတ်ကားအမည်အဖြစ်ပေးသင့်၊မပေးသင့် ဗေဒင်ဆရာများထံ ဆင်ဆာအဖွဲ့မှလှမ်းမေးသောကိစ္စများမှာလည်း ကျွန်တော့်အနေဖြင့် နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါသည်၊ ဒါတောင် ဆင်ဆာအဖွဲ့၏ပိတ်ပင်တားမြစ်မှုကြောင့် 2009 ခုနှစ်မှနေ၍ယခုအချိန်အထိ ပရိသတ်များထံအပြည့်အဝချပြခွင့်မရှိသေးသော ညစာ ဇာတ်ကားအကြောင်းကိုထည့်မပြောရသေးပါ၊ ကျွန်တော့်အနေနှင့်အဆိုးရွားဆုံးခံစားရသည်ကတော့ Media များနှင့်ပရိသတ်များက ဒီမိုကရေစီအစိုးရလက်ထက်တွင် ဆင်ဆာများလျှော့ပေါ့လာသည်ဟုထင်နေကြပြီး အမှန်တကယ်တွင် တနေ့ထက်တနေ့ပိုမိုတင်းကြပ်လာနေခြင်းကို ကျွန်တော်တို့အားလုံးခံစားနေကြရတာပဲဖြစ်သည်၊ စာပေစိစစ်ရေးအဖွဲ့ကိုဖျက်သိမ်းပေးလိုက်၍ တင်းပြည့်ကြပ်ပြည့် လွတ်လပ်ခွင့်ရသွားကြသော ဂျာနယ်အင်တာဗျူးများမှ ” အခုလိုဆင်ဆာလွတ်လပ်ခွင့်တွေရလာတဲ့အပေါ်မှာ…” ဟု အစချီ၍မေးခွန်းများမေးလာတိုင်း ပြန်ဖြေစရာအဖြေမရှိတော့သလို ဆွံ့အသွားခဲ့ရတာ ဘယ်နှစ်ကြိမ်မှန်းကို မမှတ်မိတော့ပါ၊ ( နောက်နောင် ၎င်းမေးခွန်းများမေးလာလျှင် မည်သို့ဖြေသင့်ကြောင်း ဆင်ဆာအဖွဲ့မှလမ်းညွှန်အကြံပြုပေးစေလိုပါသည် )



ကျွန်တော်ကတော့ ယခင်ကလည်းဖြေပါသည်၊ ယခုလည်း ဖြေပါသည်၊ နောင်ကိုလည်း ဒီအတိုင်းပဲဆက်ဖြေနေပါဦးမည်၊ ဆင်ဆာအဖွဲ့မရှိသင့်တော့ပါ။ ဒါဆိုရင် ရိုက်ချင်သလိုတွေရိုက်လာကြရင် လူငယ်တွေအတုယူမှားရင် ဘယ်သူတာဝန်ယူမှာလဲ ဟုမေးလာစရာရှိပါသည်၊ ကျန်တဲ့သူတွေတော့မသိပါ၊ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူပါသည်။ ပရိသတ်အတွက်အဆိပ်အတောက်ဖြစ်စေမည့် ဇာတ်ကားမျိုး လူကြီးမင်းတို့ရှိရှိ မရှိရှိ ကျွန်တော်ရိုက်မှာမဟုတ်ပါ။ ပရိသတ်အတွက်အဆိပ်အတောက်ဖြစ်စေမည့်ဇာတ်ကားမျိုး ရိုုက်လာကြလျှင်လည်း ဒဏ်ခတ်သည့်တာဝန်ကိုပရိသတ်ကယူသွားပါလိမ့်မည်။ ထိုသို့ လွတ်လပ်ခွင့်ကိုတလွဲအသုံးချသူများလည်း ကြာရှည်ခံလေ့မရှိကြပါ… သို့သော်… စူပါမင်းကားကြည့်ပြီးတိုက်ပေါ်ကခုန်ချတာမျိုးကိုတော့ ဘယ်ထုတ်လုပ်သူ၊ဘယ်ဒါရိုက်တာမျိုးကမှတာဝန်ယူကြမှာမဟုတ်တာသေချာပါသည်။

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


ညိုမင်းလွင်

Credit: Myanmar Celebrities

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top