တခါတေလက ကိုယ္က ဟင္းခ်က္ကၽြမ္းက်င္သူျဖစ္ေပမယ့္ ကိုယ့္လက္ရာက 5 Star စားေသာက္ဆုိင္က လက္ရာေလာက္ မေကာင္းဘူးလို႔ ခံစားရတတ္ပါတယ္။ ။
စားေသာက္ဆိုင္ေတြက စားဖိုမွဴးေတြမွာ ဟင္းခ်က္တဲ့ လ်ိဳ႕ ၀ွက္ခ်က္တစ္ခ်ိဳ႕ ရွိပါတယ္။
နာမည္ႀကီး စားဖိုမွဴးေတြ ေျပာျပေလ့ရိွတဲ့ ဟင္းခ်က္နည္း လ်ိဳ႕၀ွက္ခ်က္တစ္ခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။
မီးျပင္းျပင္းနဲ႔ခ်က္ပါ
အိမ္မွာ ဟင္းခ်က္ရင္ မီးကို ပံုမွန္ေလာက္ ဒါမွမဟုတ္ မီးေအးေအးနဲ႔ပဲ ခ်က္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ စားေသာက္ဆိုင္ေတြမွာေတာ့ ဟင္းေတြကို မီးျပင္းျပင္းနဲ႔ ခ်က္ေလ့ရွိပါတယ္။ ျမန္ျမန္ ၿပီးေအာင္ ခ်က္တဲ့အျပင္ တခ်ိဳ႕ အစားအစာေတြက မီးျပင္းျပင္းနဲ႔ခ်က္မွ အဆင္ေျပတာမ်ိဳး ရွိပါတယ္။
ဥပမာ အသီးအရြက္ေႀကာ္လို ဟင္းလ်ာမ်ိဳးဆိုရင္ မီးေအးေအးနဲ႔ခ်က္ရင္ စိမ္းစိမ္းစိုစိုမရွိေတာ့ဘဲ ႏြမ္းေနသလိုျဖစ္တာေၾကာင့္ စားေသာက္ဆိုင္ေတြမွာဆိုရင္ မီးျပင္းျပင္းနဲ႔ မိနစ္အနည္းငယ္အတြင္းေႀကာ္ေလွာ္လိုက္ၾကတာပါ။
လိုအပ္တဲ့ ပစၥည္းေတြကို ႀကိဳၿပီးျပင္ဆင္ပါ
ဟင္းခ်က္ရာမွာ သံုးတဲ့ ပစၥည္းေတြကို ျပင္ဆင္ထားၿပီး လက္တစ္ကမ္းအလိုမွာ ထားထားပါ။ ဟင္းခ်က္တဲ့အခါမွာသံုးဖို႔ လိုအပ္တဲ့ ပစၥည္းေတြျဖစ္တဲ့ ၾကက္သြန္နီတို႔၊ ၾကက္သြန္ျဖဴတို႔ကို တခါတည္း ခြာထားလွီးထားရေပးပါ။
ဒါေပမယ့္ အခ်ိန္အေစာႀကီး ႀကိဳခြာ၊ လွီးထားရင္လည္း အရသာ ေကာင္းေတာ့မွာမဟုတ္ပါဘူး။
လိုအပ္တဲ့ပစၥည္းေတြကို ႀကိဳတင္ျပင္ဆင္ထားမွသာ ဟင္းခ်က္ေနတုန္း ဟိုဟာက်န္၊ ဒီဟာ က်န္မျဖစ္မွာပါ။
ၾကက္သြန္နီေတြ မ်ားမ်ားသံုးပါ
နာမည္ႀကီး စားဖိုမွဴးေတြ နာမည္ႀကီးစားေသာက္ဆိုင္ေတြက ဟင္းလ်ာေတြခ်က္တဲ့အခါမွာ ၾကက္သြန္နီကို မ်ားမ်ားနဲ႔ ႏိုင္ႏိုင္သံုးပါတယ္။
ၾကက္သြန္နီမွာက သဘာဝအခ်ိဳဓာတ္နဲ႔တျခား အရသာေတြကို ေပးစြမ္းႏိုင္ပါတယ္။
နာမည္ႀကီး အေမရိကန္လူမ်ိဳး စားဖိုမွဴး Anthony Bourdain က တစ္ေန႔ကို သူ႔ စားေသာက္ဆိုင္က ၾကက္သြန္နီအေလးခ်ိန္ေပါင္း ေပါင္ ၂၀ ေလာက္သံုးတယ္လို႔ ေရးသားခဲ့ဖူးပါတယ္။
စည္သြပ္ဘူး အစားအစာေတြ ေရွာင္ၾကဥ္ပါ
တခ်ိဳ႕က အိမ္ထမင္း အိမ္ဟင္းခ်က္တယ္ဆိုေပမယ့္ စည္သြပ္ဘူး ဟင္းလ်ာေတြကို အိုးထဲထည့္ၿပီး ၊ ခရမ္းခ်ဥ္သီးနဲ ေရာလိုက္နဲ႔ဘဲ ခ်က္ၾကတာပါ။
တကယ္ေတာ့ အသားလတ္လတ္ဆတ္ဆတ္ ခ်က္တာက အရသာအတြက္ေရာ၊ က်န္းမာေရးအတြက္ေရာ အေကာင္းဆံုးပါဘဲ။
အသားျပဳတ္ရည္ေတြ၊ၾကပ္တိုက္ရည္ေတြကို ကိုယ္တိုင္လုပ္ပါ
ဟင္းလ်ာေတြ ခ်က္ျပဳတ္ရာမွာ အလြယ္တကူ အခ်ိဳမႈန္႔သံုးတာတို႔မလုပ္ဘဲ ၾကပ္တိုက္ထားတဲ့အသားေတြ ဒါမွမဟုတ္ သိမ္းထားတဲ့ အသားျပဳတ္ရည္ေတြ၊ အရိုးျပဳတ္ရည္ေတြကိုသံုးၿပီး အရသာရွိေအာင္ ခ်က္ျပဳတ္လို႔ရပါတယ္။
ဟင္းခ်က္လုိ႔ ပိုလွ်ံေနတဲ့ အသားေတြ၊ အရိုးေတြကို ျပဳတ္ၿပီး ေရခဲေသတၱာထဲထည့္ထားရင္ ေနာက္ပိုင္းလိုအပ္တဲ့အခါ ျပန္ေႏြးၿပီး အသံုးျပဳႏိုင္ပါတယ္။
ေထာပတ္ကို သံုးပါ
ဆိုင္မွာခ်က္တာနဲ႔ အိမ္မွာခ်က္တာရဲ႕ ကြာျခားခ်က္တစ္ခုကလည္း ေထာပတ္သံုးတာျဖစ္ပါတယ္။ အိမ္ေတြမွာက ေထာပတ္ကို မသံုးေပမယ့္ ဆိုင္ေတြမွာကေတာ့ အၿမဲလိုလို သံုးၾကပါတယ္။
ေထာပတ္က သံလြင္ဆီထက္ မီးခိုးပိုထြက္ေပမယ့္ အသားနဲ႔ဟင္းသီးဟင္းရြက္ေတြကို အရသာ ပိုရွိေစပါတယ္။
ဓားကိုင္တာကို ကၽြမ္းက်င္ေအာင္လုပ္ပါ
ဟင္းသီးဟင္းရြက္ေတြကို အရြယ္ညီညီနဲ႔ လွီးျဖတ္ႏို္င္တာက ၾကည့္လို႔ေကာင္းသလို ဟင္းခ်က္ရာမွာလည္း က်က္တဲ့ႏႈန္း ညီပါတယ္။ မဟုတ္ရင္ တခ်ို႕အတံုးေတြက အက်က္လြန္ၿပီး တခ်ိဳ႕က သိပ္မက်က္တာမ်ိဳး ျဖစ္ပါလိမ့္မယ္။
ဒါေၾကာင့္ ဓားကိုင္တဲ့ နည္းကိုလည္း ေလ့လာထားသင့္ပါတယ္။
ျပင္ဆင္ပံု
ဟင္းခ်က္ၿပီးတဲ့အခါမွာ စားခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ပံုကလည္း အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဟင္းခ်က္ၿပီးရင္ အခ်ိန္အနည္းငယ္ယူၿပီး ဟင္းလ်ာကို စားခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ၾကည့္လိုက္ပါ။
ခေနာၾကက္သားမႈန္
ခေနာၾကက္သားမႈန္႔က မိသားစု ဟင္းလ်ာေတြကို အနံ႔အရသာနဲ႔ ျပည့္စုံေအာင္ ကူညီႏိုင္ပါတယ္။
ခေနာ ၾကက္သားမႈန္႔က ျမန္မာႏိုင္ငံမွာ ခ်က္ျပဳတ္ေလ့ရွိတဲ့ လူမ်ိဳးတိုင္းရဲ႕ ရိုးရာ ဟင္းလ်ာေတြနဲ႔ လိုက္ဖက္ေအာင္ အသံုးျပဳလုိ႔ရေအာင္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။
ဒါေၾကာင့္ ခေနာနဲ႔ဆိုရင္ မိသားစုရဲ႕ ထမင္း၀ိုင္းေလးက အနံ႕အရသာနဲ႔ ျပည့္စံုၿပီး အာဟာရရွိတဲ့ ေပ်ာ္ရႊင္စရာ မိသားစုထမင္း၀ိုင္းေလး ျဖစ္လာမွာပါ။
Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တခါတလေက ကိုယ်က ဟင်းချက်ကျွမ်းကျင်သူဖြစ်ပေမယ့် ကိုယ့်လက်ရာက 5 Star စားသောက်ဆိုင်က လက်ရာလောက် မကောင်းဘူးလို့ ခံစားရတတ်ပါတယ်။ ။
စားသောက်ဆိုင်တွေက စားဖိုမှူးတွေမှာ ဟင်းချက်တဲ့ လျို့ ဝှက်ချက်တစ်ချို့ ရှိပါတယ်။
နာမည်ကြီး စားဖိုမှူးတွေ ပြောပြလေ့ရှိတဲ့ ဟင်းချက်နည်း လျို့ဝှက်ချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
မီးပြင်းပြင်းနဲ့ချက်ပါ
အိမ်မှာ ဟင်းချက်ရင် မီးကို ပုံမှန်လောက် ဒါမှမဟုတ် မီးအေးအေးနဲ့ပဲ ချက်လေ့ရှိကြပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေမှာတော့ ဟင်းတွေကို မီးပြင်းပြင်းနဲ့ ချက်လေ့ရှိပါတယ်။ မြန်မြန် ပြီးအောင် ချက်တဲ့အပြင် တချို့ အစားအစာတွေက မီးပြင်းပြင်းနဲ့ချက်မှ အဆင်ပြေတာမျိုး ရှိပါတယ်။
ဥပမာ အသီးအရွက်ကြော်လို ဟင်းလျာမျိုးဆိုရင် မီးအေးအေးနဲ့ချက်ရင် စိမ်းစိမ်းစိုစိုမရှိတော့ဘဲ နွမ်းနေသလိုဖြစ်တာကြောင့် စားသောက်ဆိုင်တွေမှာဆိုရင် မီးပြင်းပြင်းနဲ့ မိနစ်အနည်းငယ်အတွင်းကြော်လှော်လိုက်ကြတာပါ။
လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုပြီးပြင်ဆင်ပါ
ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားပြီး လက်တစ်ကမ်းအလိုမှာ ထားထားပါ။ ဟင်းချက်တဲ့အခါမှာသုံးဖို့ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့ကို တခါတည်း ခွာထားလှီးထားရပေးပါ။
ဒါပေမယ့် အချိန်အစောကြီး ကြိုခွာ၊ လှီးထားရင်လည်း အရသာ ကောင်းတော့မှာမဟုတ်ပါဘူး။
လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားမှသာ ဟင်းချက်နေတုန်း ဟိုဟာကျန်၊ ဒီဟာ ကျန်မဖြစ်မှာပါ။
ကြက်သွန်နီတွေ များများသုံးပါ
နာမည်ကြီး စားဖိုမှူးတွေ နာမည်ကြီးစားသောက်ဆိုင်တွေက ဟင်းလျာတွေချက်တဲ့အခါမှာ ကြက်သွန်နီကို များများနဲ့ နိုင်နိုင်သုံးပါတယ်။
ကြက်သွန်နီမှာက သဘာဝအချိုဓာတ်နဲ့တခြား အရသာတွေကို ပေးစွမ်းနိုင်ပါတယ်။
နာမည်ကြီး အမေရိကန်လူမျိုး စားဖိုမှူး Anthony Bourdain က တစ်နေ့ကို သူ့ စားသောက်ဆိုင်က ကြက်သွန်နီအလေးချိန်ပေါင်း ပေါင် ၂၀ လောက်သုံးတယ်လို့ ရေးသားခဲ့ဖူးပါတယ်။
စည်သွပ်ဘူး အစားအစာတွေ ရှောင်ကြဉ်ပါ
တချို့က အိမ်ထမင်း အိမ်ဟင်းချက်တယ်ဆိုပေမယ့် စည်သွပ်ဘူး ဟင်းလျာတွေကို အိုးထဲထည့်ပြီး ၊ ခရမ်းချဉ်သီးနဲ ရောလိုက်နဲ့ဘဲ ချက်ကြတာပါ။
တကယ်တော့ အသားလတ်လတ်ဆတ်ဆတ် ချက်တာက အရသာအတွက်ရော၊ ကျန်းမာရေးအတွက်ရော အကောင်းဆုံးပါဘဲ။
အသားပြုတ်ရည်တွေ၊ကြပ်တိုက်ရည်တွေကို ကိုယ်တိုင်လုပ်ပါ
ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အလွယ်တကူ အချိုမှုန့်သုံးတာတို့မလုပ်ဘဲ ကြပ်တိုက်ထားတဲ့အသားတွေ ဒါမှမဟုတ် သိမ်းထားတဲ့ အသားပြုတ်ရည်တွေ၊ အရိုးပြုတ်ရည်တွေကိုသုံးပြီး အရသာရှိအောင် ချက်ပြုတ်လို့ရပါတယ်။
ဟင်းချက်လို့ ပိုလျှံနေတဲ့ အသားတွေ၊ အရိုးတွေကို ပြုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် နောက်ပိုင်းလိုအပ်တဲ့အခါ ပြန်နွေးပြီး အသုံးပြုနိုင်ပါတယ်။
ထောပတ်ကို သုံးပါ
ဆိုင်မှာချက်တာနဲ့ အိမ်မှာချက်တာရဲ့ ကွာခြားချက်တစ်ခုကလည်း ထောပတ်သုံးတာဖြစ်ပါတယ်။ အိမ်တွေမှာက ထောပတ်ကို မသုံးပေမယ့် ဆိုင်တွေမှာကတော့ အမြဲလိုလို သုံးကြပါတယ်။
ထောပတ်က သံလွင်ဆီထက် မီးခိုးပိုထွက်ပေမယ့် အသားနဲ့ဟင်းသီးဟင်းရွက်တွေကို အရသာ ပိုရှိစေပါတယ်။
ဓားကိုင်တာကို ကျွမ်းကျင်အောင်လုပ်ပါ
ဟင်းသီးဟင်းရွက်တွေကို အရွယ်ညီညီနဲ့ လှီးဖြတ်နိုင်တာက ကြည့်လို့ကောင်းသလို ဟင်းချက်ရာမှာလည်း ကျက်တဲ့နှုန်း ညီပါတယ်။ မဟုတ်ရင် တချို့အတုံးတွေက အကျက်လွန်ပြီး တချို့က သိပ်မကျက်တာမျိုး ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဓားကိုင်တဲ့ နည်းကိုလည်း လေ့လာထားသင့်ပါတယ်။
ပြင်ဆင်ပုံ
ဟင်းချက်ပြီးတဲ့အခါမှာ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပုံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဟင်းချက်ပြီးရင် အချိန်အနည်းငယ်ယူပြီး ဟင်းလျာကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ကြည့်လိုက်ပါ။
ခနောကြက်သားမှုန်
ခနောကြက်သားမှုန့်က မိသားစု ဟင်းလျာတွေကို အနံ့အရသာနဲ့ ပြည့်စုံအောင် ကူညီနိုင်ပါတယ်။
ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစုထမင်းဝိုင်းလေး ဖြစ်လာမှာပါ။
Credit : Myfood
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» 5 star စားေသာက္ဆိုင္က လက္ရာေတြလို သင့္ရဲ႕ဟင္းခ်က္လက္ရာေတြ ေျပာင္းလဲသြားေစမယ့္ လ်ိဳ႕ ၀ွက္ခ်က္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။