iMyanmarHouse.com - Best Property Website for Myanmar
×
(၃) တီရှပ်ဂါဝန်
(၄) အားကစားဘောင်းဘီ
(၅) ဂါဝန်ပွပွလေးတွေ
Credit : MyStyle
ရာသီလာနေလို့ အင်္ကျီပွပွဘောင်းဘီပွပွတွေပဲ ဝတ်ရမယ်လို့ ဘူပြောတုန်း။
ပြောလည်း မယုံနဲ့။ ရာသီလာနေပေမယ့် ဖက်ရှင်ကို အထိခိုက်လည်းမခံချင်ဘူး
အဝတ်ကြောင့် စိတ်ကျဉ်းကျပ်တာလည်း မလိုချင်ပါဘူးဆိုတဲ့ ပျိုမေတို့အတွက်
ဖက်ရှင်ကျကျ ဝတ်လို့ရမယ့်နည်းလေးတွေ ပြောပြပါမယ်နော်။
(၁) အနက်ရောင် ဂျင်းဘောင်းဘီဝတ်ပါ
ရာသီလာနေတဲ့အချိန်မှာ အဖြူရောင်ဘောင်းဘီဝတ်မယ်ဆို
မတော်တဆစွန်းထင်းသွားတဲ့အခါ အရမ်းသိသာတတ်ပါတယ်။
အရောင်ရင့်နေမယ်ဆိုရင်တော့ သိပ်သတိထားမိတတ်ကြပါဘူး။
ဒါကြောင့် အကာအကွယ်လည်းဖြစ် ဖက်ရှင်လည်းကျတဲ့
ဂျင်းနက်ဘောင်းဘီ ဝတ်ကြည့်နော်။
(၂) တင်ထိဖုံးတဲ့ အင်္ကျီရှည်
တကယ်လို့ ဘောင်းဘီအရောင်နုပဲဝတ်ချင်ပါတယ်ဆိုလည်း
အရောင်နုတွေကို တင်ထိဖုံးတဲ့ အင်္ကျီရှည်ကြီးတွေနဲ့တွဲဝတ်လို့ရပါတယ်။
မတော်တဆစွန်းသွားရင်တောင် အင်္ကျီရှည်ကြောင့် သိပ်မြင်ရမှာမဟုတ်ပါဘူး။
(၃) တီရှပ်ဂါဝန်
ရာသီကလည်းလာ အစည်းအဝေးတွေကလည်းသွားစရာရှိလို့
စမတ်ကျကျဝတ်မှာဖြစ်မယ်ဆိုရင်တော့ ပွပွရွရွရှိပြီး
လေဝင်လေထွက်ကောင်းတဲ့ တီရှပ်ဂါဝန်မျိုးကို ရွေးဝတ်စေချင်ပါတယ်။
(၄) အားကစားဘောင်းဘီ
အားကစားဘောင်းဘီကို အပေါ်က အင်္ကျီခပ်လန်းလန်းလေးနဲ့တွဲဖက်ဝတ်ဆင်ကြည့်ပါ။
ဝတ်ရတာ ပေါ့ပါးတဲ့အပြင် ဖက်ရှင်လည်းကျနေတာကို တွေ့ရပါလိမ့်မယ်။
(၅) ဂါဝန်ပွပွလေးတွေ
ဂါဝန်ပွပွလေးတွေဟာ ဝတ်ရတာ အရမ်းပေါ့ပါးပြီးတော့ ဖက်ရှင်လည်းကျပါတယ်။
ဒါ့အပြင် လေဝင်လေထွက်လည်းကောင်းတော့ စိတ်ကျဉ်းကျပ်တာမျိုးတွေ မရှိတော့ဘူးပေါ့။
 ကဲဒါဆိုရင်တော့ ရာသီလာနေတဲ့အချိန်မှာတောင် ခပ်လန်းလန်းဖက်ရှင်လေးတွေနဲ့ အထာကျလို့ရပြီပေါ့။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top