iMyanmarHouse.com - Best Property Website for Myanmar
×










Credit: +HealthPlusMm

နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ စပျစ်သီးတစ်ခိုင်ကို ထည့်သွင်းစားသုံးခြင်းဟာမျက်စိမြင်လွှာကို ကာကွယ်ပေးနိုင်မယ်လို့ အာဟာရ ဗေဒပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖလော်ရီဒါအခြေစိုက် မိုင်ယာမီတက္ကသိုလ်မှ သုတေသီ Abigail Hackam က““ကြွက်များမှာ စမ်းသပ်မှုအရ စပျစ်သီးနဲ့ စပျစ်သီးပါဝင် ထည့်သွင်းထားတဲ့ အစားအစာတွေဟာ မြင်လွှာ (retina) ကို ကာကွယ် နိုင်တယ်ဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။

မော်လီကျူးအဆင့်မှာ ဓာတ်တိုးစေတဲ့ ဖိအားတွေကို လျော့ကျစေခြင်းကြောင့် အဓိကဖြစ်ပါတယ်””လို့ ရှင်းပြခဲ့ပါတယ်။

ဒီလေ့လာမှုမှာ မြင်လွှာပျက်စီးနေတဲ့ ကြွက်တွေကို စပျစ်သီးနဲ့ စပျစ်သီးမှာပါဝင်တဲ့ ဓာတ်တွေပါဝင်တဲ့ ဆေးဝါးတွေကို နေ့စဉ်ကျွေးမွေးခဲ့ပြီးမြင်လွှာက အလင်းအာရုံခံ receptor တွေရဲ့ အခြေအနေကို တိုင်းတာ သုံးသပ်ခဲ့ပါတယ်။

တစ်နေ့ကို သုံးကြိမ် ကျွေးတဲ့ အုပ်စုရယ် တစ်ကြိမ်ကနေ နှစ်ကြိမ် ကျွေးတဲ့အုပ်စုရယ်ဆိုပြီး ခွဲခြားလေ့လာခဲ့တဲ့အခါမှာ တစ်နေ့သုံး ကြိမ်စားသုံးရတဲ့ ကြွက်တွေမှာ အလင်းအာရုံခံreceptorံတွေ သိသိသာသာ တိုးပွားလာတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မြင်လွှာပျက်စီးမှု ဟာလည်း လျော့ပါးလာပြီး မြင်လွှာထူထဲလာတယ်လို့ တွေ့ရှိခဲ့ပါတယ်။

မြင်လွှာမှာရှိတဲ့ ရောင်ရမ်းစေတဲ့ ပရိုတင်းတွေကို စပျစ်သီးက လျော့ပါးစေကြောင်းကိုAbigail Hackam က ပြောကြားထားပါတယ်။

ဒီတွေ့ရှိမှုကို Association for Research in Vision and Ophtha lmology ရဲ့ နှစ်ပတ်လည်ကွန်ဖရင့်မှာ စာတမ်းတင်သွင်းထားတာ ဖြစ်ပါတယ်။

သန့်စင် (Health Updates Journal)

Source : ကျန်းမာရေးသတင်းများ
Credit: +HealthPlusMm

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top