iMyanmarHouse.com - Best Property Website for Myanmar
×

စကားေျပာစြမ္းရည္ဆိုတာ လူတစ္ေယာက္ရဲ႕အရည္အခ်င္းပါပဲ။ အေျပာမတတ္ေတာ့ ဆဲတယ္ဆိုတဲ့ စကားပံုရွိသလိုပဲ တခိ်ဳ႕သူေတြ စကားေျပာမတတ္တဲ့အခါက်ေတာ့ နားေထာင္ရတဲ့ တဖက္သူကို ေဒါသထြက္ေစပါတယ္။

ကိုယ္နဲ႔မသိတဲ့ တျခားသူေတြကိုေတာင္ အဆင္ေျပေျပနဲ႔ စကားေျပာဆိုႏိုင္ဖို႔ ပိုမိုေကာင္းမြန္တဲ့ စကားဝိုင္းတ္စခုျဖစ္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ အေတြးမလြန္ပါနဲ႔
တခ်ိဳ႕သူေတြက ကိုယ့္အရင္းႏွီးဆံုးသူငယ္ခ်င္း မိသားစုဝင္ မိတ္ေဆြေတြနဲ႔ စကားေျပာရတာအဆင္ေျပေပမယ့္ ကိုယ္နဲ႔ မသိတဲ့သူေတြနဲ႔ေတြ႕ရင္ လံုးဝၿငိမ္သြားတတ္ပါတယ္။ စကားေျပာဖို႔ အရမ္းေတြးေနတာမ်ိဳး အရမ္းခက္ခဲေနတာမ်ိဳးမလုပ္ဘဲ စိတ္သက္ေသာင့္သက္သာေျပာပါ။ စကားေျပာဆုိမႈမွာ စီးေမ်ာလိုက္ပါ။

၂။ ျဖတ္မေျပာပါနဲ႔

တျခားသူ စကားေျပာတာ မဆံုးခင္ ကိုယ္က ျဖတ္ျဖတ္မေျပာပါနဲ႔။ စကားကို ျဖတ္ျဖတ္ေျပာတာဟာ လူတစ္ေယာက္ကို မေလးစားရာလည္းက်သလို သင့္အေပၚ ေလးစားမႈလည္း က်သြားမွာပါ။

၃။ သူ႕ရဲ႕အေျဖကေန ေမးခြန္းထုတ္ပါ
တျခားသူနဲ႔ ပိုၿပီးစကားေျပာတာအဆင္ေျပေစဖို႔ သူေျပာတဲ့စကား၊ သူေျပာတဲ့အေျဖေတြထဲက ေမးခြန္းထုတ္ပါ။ တကယ္လို႔ သူက မေန႔က ရုပ္ရွင္သြားၾကည့္ခဲ့တယ္လို႔ေျပာရင္ ရုပ္ရွင္ခဏခဏၾကည့္တတ္လား။ ဘယ္လိုရုပ္ရွင္ကားမ်ိဳးကိုႀကိဳက္သလဲ စသျဖင့္ ေမးလို႔ရပါတယ္။

၄။ စကားဝိုင္တစ္ခုကို ၿပိဳင္ပြဲလို မလုပ္ပါနဲ႔

ကိုယ္နဲ႔ စကားေျပာေနတဲ့သူ အမ်ားႀကီးရွိတဲ့ထဲမွာ လူတစ္ေယာက္က ဟာသေျပာလိုက္တယ္ဆို ငါကသူ႕ထက္ပို ရယ္စရာေကာင္းေအာင္ေျပာမယ္ဆိုတာမ်ိဳး မလုပ္ပါနဲ႔။ စကားေျပာဆိုမႈကို ၿပိဳင္ပြဲတစ္ခုလို ၿငိဳင္မေျပာသင့္ပါဘူး။

၅။ သူဘာေျပာေနသလဲဆိုတာကို အာရံုစိုက္ပါ

သူဘာေျပာေနသလဲဆိုတာနဲ႔ ပတ္သက္လို႔ သူေျပာတာကို အာရံုစိုက္ပါ။ သူနဲ႔ မ်က္လံုးခ်င္းစံုၿပီး ၾကည့္ပါ။ ဖုန္းကိုၾကည့္တာ ေဘးဘီဝဲယာၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။

၆။ ခံစားခ်က္ရွိပါေစ

သူကေပ်ာ္စရာေကာင္းတဲ့အေၾကာင္းေျပာေနရင္ သင္လည္း ထပ္တူခံစားၿပီး ေပ်ာ္ေပးႏိုင္သလို၊ သူဝမ္းနည္းစရာေကာင္းတဲ့အေၾကာင္းေျပာေနရင္လည္း သင့္မ်က္ႏွာမွာ ဝမ္းနည္းတဲ့အရိပ္ေတြရွိတာကို သူျမင္ပါေစ။ သူနဲ႔ ထပ္တူခံစားေပးပါ။ သူကရယ္စရာေျပာေနတာကုိ မရယ္ဘဲ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရင္ စကားဝိုင္းက အသက္ဝင္လာမွာမဟုတ္ပါဘူး။

၇။ ေျပာၿပီးသားအေၾကာင္းအရာတစ္ခုကို ထပ္ခါထပ္ခါမေျပာပါနဲ႔

သင့္ကိုယ္သင္ ေျပာၿပီးသားအေၾကာင္းအရာကိ ုထပ္ခါထပ္ခါမေျပာမိေစဖို႔ သတိထားပါ။ ေကာင္းတာေပါ့။ ငါသိတယ္ေလ။ မိုက္လိုက္တာ။ ဆိုတဲ့ စကားေတြကို ထပ္ခါထပ္ခါမေျပာပါနဲ႕။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စကားပြောစွမ်းရည်ဆိုတာ လူတစ်ယောက်ရဲ့အရည်အချင်းပါပဲ။ အပြောမတတ်တော့ ဆဲတယ်ဆိုတဲ့ စကားပုံရှိသလိုပဲ တချို့သူတွေ စကားပြောမတတ်တဲ့အခါကျတော့ နားထောင်ရတဲ့ တဖက်သူကို ဒေါသထွက်စေပါတယ်။

ကိုယ်နဲ့မသိတဲ့ တခြားသူတွေကိုတောင် အဆင်ပြေပြေနဲ့ စကားပြောဆိုနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ စကားဝိုင်းတ်စခုဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အတွေးမလွန်ပါနဲ့
တချို့သူတွေက ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်း မိသားစုဝင် မိတ်ဆွေတွေနဲ့ စကားပြောရတာအဆင်ပြေပေမယ့် ကိုယ်နဲ့ မသိတဲ့သူတွေနဲ့တွေ့ရင် လုံးဝငြိမ်သွားတတ်ပါတယ်။ စကားပြောဖို့ အရမ်းတွေးနေတာမျိုး အရမ်းခက်ခဲနေတာမျိုးမလုပ်ဘဲ စိတ်သက်သောင့်သက်သာပြောပါ။ စကားပြောဆိုမှုမှာ စီးမျောလိုက်ပါ။

၂။ ဖြတ်မပြောပါနဲ့

တခြားသူ စကားပြောတာ မဆုံးခင် ကိုယ်က ဖြတ်ဖြတ်မပြောပါနဲ့။ စကားကို ဖြတ်ဖြတ်ပြောတာဟာ လူတစ်ယောက်ကို မလေးစားရာလည်းကျသလို သင့်အပေါ် လေးစားမှုလည်း ကျသွားမှာပါ။

၃။ သူ့ရဲ့အဖြေကနေ မေးခွန်းထုတ်ပါ
တခြားသူနဲ့ ပိုပြီးစကားပြောတာအဆင်ပြေစေဖို့ သူပြောတဲ့စကား၊ သူပြောတဲ့အဖြေတွေထဲက မေးခွန်းထုတ်ပါ။ တကယ်လို့ သူက မနေ့က ရုပ်ရှင်သွားကြည့်ခဲ့တယ်လို့ပြောရင် ရုပ်ရှင်ခဏခဏကြည့်တတ်လား။ ဘယ်လိုရုပ်ရှင်ကားမျိုးကိုကြိုက်သလဲ စသဖြင့် မေးလို့ရပါတယ်။

၄။ စကားဝိုင်တစ်ခုကို ပြိုင်ပွဲလို မလုပ်ပါနဲ့

ကိုယ်နဲ့ စကားပြောနေတဲ့သူ အများကြီးရှိတဲ့ထဲမှာ လူတစ်ယောက်က ဟာသပြောလိုက်တယ်ဆို ငါကသူ့ထက်ပို ရယ်စရာကောင်းအောင်ပြောမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ စကားပြောဆိုမှုကို ပြိုင်ပွဲတစ်ခုလို ငြိုင်မပြောသင့်ပါဘူး။

၅။ သူဘာပြောနေသလဲဆိုတာကို အာရုံစိုက်ပါ

သူဘာပြောနေသလဲဆိုတာနဲ့ ပတ်သက်လို့ သူပြောတာကို အာရုံစိုက်ပါ။ သူနဲ့ မျက်လုံးချင်းစုံပြီး ကြည့်ပါ။ ဖုန်းကိုကြည့်တာ ဘေးဘီဝဲယာကြည့်တာမျိုး မလုပ်သင့်ပါဘူး။

၆။ ခံစားချက်ရှိပါစေ

သူကပျော်စရာကောင်းတဲ့အကြောင်းပြောနေရင် သင်လည်း ထပ်တူခံစားပြီး ပျော်ပေးနိုင်သလို၊ သူဝမ်းနည်းစရာကောင်းတဲ့အကြောင်းပြောနေရင်လည်း သင့်မျက်နှာမှာ ဝမ်းနည်းတဲ့အရိပ်တွေရှိတာကို သူမြင်ပါစေ။ သူနဲ့ ထပ်တူခံစားပေးပါ။ သူကရယ်စရာပြောနေတာကို မရယ်ဘဲ ကြောင်တောင်တောင်ဖြစ်နေရင် စကားဝိုင်းက အသက်ဝင်လာမှာမဟုတ်ပါဘူး။

၇။ ပြောပြီးသားအကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါမပြောပါနဲ့

သင့်ကိုယ်သင် ပြောပြီးသားအကြောင်းအရာကိ ုထပ်ခါထပ်ခါမပြောမိစေဖို့ သတိထားပါ။ ကောင်းတာပေါ့။ ငါသိတယ်လေ။ မိုက်လိုက်တာ။ ဆိုတဲ့ စကားတွေကို ထပ်ခါထပ်ခါမပြောပါနဲ့။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top