iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ မ်ားေနသူတို႔အတြက္ ကိုယ္အေလးခ်ိန္ က်ေအာင္ ႀကိဳးစားရတာ ခက္ခဲသလိုပဲ ပိန္သြယ္သူေတြ အေနနဲ႔ ကိုယ္အေလးခ်ိန္ တက္ဖို႔ ႀကိဳးစားရတာ ခက္ပါတယ္။

ခႏၶာကိုယ္ သြယ္လ်တာက အမ်ားအားျဖင့္ က်န္းမာေရး ေကာင္းတတ္ေပမယ့္ အာဟာရခ်ဳိ႕တဲ့မႈ၊ ေရာဂါေဝဒနာ ခံစားရမႈနဲ႔ ေဆးကုသမႈ ခံယူရတာေတြေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်တတ္ပါတယ္။

ဒါေၾကာင့္ သင့္အေနနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေနရင္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာေအာင္ ေအာက္ပါ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ နည္းေတြကို လုိက္နာဖို႔ အႀကျံပဳလိုက္ပါတယ္။

- အစာကို မၾကာခဏ စားေပးပါ။

ပိန္သြယ္သူ အမ်ားစုက အစာကို နည္းနည္းစား႐ံုနဲ႔ ဗိုက္ အျမန္ျပည့္လြယ္ ၾကပါတယ္။ ဒါေၾကာင့္ တစ္ႀကိမ္တည္းမွာ အစာကို မ်ားမ်ားစားဖို႔ မႀကိဳးစားဘဲ အစာကို နည္းနည္းနဲ႔ တစ္ေန႔တာအတြင္း ၅-၆ ႀကိမ္ ခန္႔ စားေပးဖို႔ လိုပါတယ္။

- သစ္သီးေဖ်ာ္ရည္မ်ားမ်ား ေသာက္ပါ။

ေဆာ္ဒါအခ်ဳိရည္၊ ေကာ္ဖီနဲ႔ တျခားအခ်ဳိရည္ေတြအစား အဆီနည္းႏို႔နဲ႔ ေဖ်ာ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ကို ေသာက္ပါ။ အစာမစားခင္နဲ႔ စားၿပီး မိနစ္ ၃ဝ ျခားကာ သစ္သီးေဖ်ာ္ရည္ကို ေသာက္ေပးပါ။

- အာဟာရဓာတ္ ေပါမ်ားေသာ အစာကို ေရြးခ်ယ္စားပါ။

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစာ တစ္စိတ္တစ္ပိုင္းအျဖစ္ အခြံ ခြ်တ္မထားတဲ့ ေကာက္ႏွံစာ (ဥပမာဆန္လံုး ညိဳ၊ အညိဳေရာင္ ေခါက္ဆြဲ၊ ေပါင္မုန္႔ညိဳ)၊ ေကြကာ၊ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြကို စားေပးကာ အဆီနည္းတဲ့ အသား၊ အခြံမာသီးနဲ႔ အေစ့အဆန္တို႔ကို မ်ားမ်ားစားေပးဖို႔ လိုပါတယ္။

- ကယ္လိုရီမ်ားေသာ သေရစာ စားပါ။

အခံြမာတဲ့ အေစ့အဆန္၊ ေျမပဲေထာပတ္၊ ခ်ိစ္၊ သစ္သီးေျခာက္နဲ႔ ေထာပတ္သီး စတာေတြကို သေရစာအျဖစ္ စားေပးပါ။ ညအိပ္ရာဝင္ခ်ိန္မွာ ေထာပတ္သီး၊ ေျမပဲေထာပတ္၊ ဟင္းသီးဟင္းရြက္၊ ခ်ိစ္နဲ႔ အဆီနည္းအသားတို႔ ညွပ္ထည့္ထားတဲ့ ေပါင္မုန္႔စားပါ။

- က်န္းမာေရးႏွင့္ ညီၫြတ္မႈ ရွိ၊ မရွိ ဦးစားေပး စဥ္းစားပါ။

သင္က ကိုယ္အေလးခ်ိန္ ပံုမွန္မရွိဘဲ သြယ္လ်ေနလို႔ သၾကားနဲ႔ အဆီေတြကို မ်ားမ်ားစားရမယ္လို႔ မထင္ပါနဲ႔။ သၾကားနဲ႔ အဆီကို မ်ားမ်ားစားေပးရင္ ကိုယ္အေလးခ်ိန္ တက္တာထက္ ခါးတုတ္ၿပီး ဗိုက္ပူလာပါလိမ့္မယ္။ ဒါေၾကာင့္ သေရစာ စားတဲ့အခါ သစ္သီး၊ ဒိန္ခ်ဥ္၊ အခြံမာတဲ့ အေစ့အဆန္တို႔ကို ေရြးခ်ယ္ စားေပးပါ။

- ေလ့က်င့္ခန္း လုပ္ပါ။

အေလးမတဲ့ ေလ့က်င့္ခန္းဟာ ႂကြက္သားေတြကို သန္စြမ္းေစတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ျမင့္တက္လာေစပါတယ္။ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ အစာစားခ်င္တဲ့ စိတ္ဆႏၵကို တိုးေစၿပီး အစာမ်ားမ်ား စားျဖစ္လာပါလိမ့္မယ္။
Credit: Myanmaryong
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန် များနေသူတို့အတွက် ကိုယ်အလေးချိန် ကျအောင် ကြိုးစားရတာ ခက်ခဲသလိုပဲ ပိန်သွယ်သူတွေ အနေနဲ့ ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားရတာ ခက်ပါတယ်။

ခန္ဓာကိုယ် သွယ်လျတာက အများအားဖြင့် ကျန်းမာရေး ကောင်းတတ်ပေမယ့် အာဟာရချို့တဲ့မှု၊ ရောဂါဝေဒနာ ခံစားရမှုနဲ့ ဆေးကုသမှု ခံယူရတာတွေကြောင့် ကိုယ်အလေးချိန် လျော့ကျတတ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ ကိုယ်အလေးချိန် လျော့ကျနေရင် ကိုယ်အလေးချိန် မြင့်တက်လာအောင် အောက်ပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းတွေကို လိုက်နာဖို့ အကြြံပုလိုက်ပါတယ်။

- အစာကို မကြာခဏ စားပေးပါ။

ပိန်သွယ်သူ အများစုက အစာကို နည်းနည်းစားရုံနဲ့ ဗိုက် အမြန်ပြည့်လွယ် ကြပါတယ်။ ဒါကြောင့် တစ်ကြိမ်တည်းမှာ အစာကို များများစားဖို့ မကြိုးစားဘဲ အစာကို နည်းနည်းနဲ့ တစ်နေ့တာအတွင်း ၅-၆ ကြိမ် ခန့် စားပေးဖို့ လိုပါတယ်။

- သစ်သီးဖျော်ရည်များများ သောက်ပါ။

ဆော်ဒါအချိုရည်၊ ကော်ဖီနဲ့ တခြားအချိုရည်တွေအစား အဆီနည်းနို့နဲ့ ဖျော်ထားတဲ့ သစ်သီးဖျော်ရည်ကို သောက်ပါ။ အစာမစားခင်နဲ့ စားပြီး မိနစ် ၃ဝ ခြားကာ သစ်သီးဖျော်ရည်ကို သောက်ပေးပါ။

- အာဟာရဓာတ် ပေါများသော အစာကို ရွေးချယ်စားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ တစ်စိတ်တစ်ပိုင်းအဖြစ် အခွံ ချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာဆန်လုံး ညို၊ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို)၊ ကွေကာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးကာ အဆီနည်းတဲ့ အသား၊ အခွံမာသီးနဲ့ အစေ့အဆန်တို့ကို များများစားပေးဖို့ လိုပါတယ်။

- ကယ်လိုရီများသော သရေစာ စားပါ။

အခွံမာတဲ့ အစေ့အဆန်၊ မြေပဲထောပတ်၊ ချိစ်၊ သစ်သီးခြောက်နဲ့ ထောပတ်သီး စတာတွေကို သရေစာအဖြစ် စားပေးပါ။ ညအိပ်ရာဝင်ချိန်မှာ ထောပတ်သီး၊ မြေပဲထောပတ်၊ ဟင်းသီးဟင်းရွက်၊ ချိစ်နဲ့ အဆီနည်းအသားတို့ ညှပ်ထည့်ထားတဲ့ ပေါင်မုန့်စားပါ။

- ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ ဦးစားပေး စဉ်းစားပါ။

သင်က ကိုယ်အလေးချိန် ပုံမှန်မရှိဘဲ သွယ်လျနေလို့ သကြားနဲ့ အဆီတွေကို များများစားရမယ်လို့ မထင်ပါနဲ့။ သကြားနဲ့ အဆီကို များများစားပေးရင် ကိုယ်အလေးချိန် တက်တာထက် ခါးတုတ်ပြီး ဗိုက်ပူလာပါလိမ့်မယ်။ ဒါကြောင့် သရေစာ စားတဲ့အခါ သစ်သီး၊ ဒိန်ချဉ်၊ အခွံမာတဲ့ အစေ့အဆန်တို့ကို ရွေးချယ် စားပေးပါ။

- လေ့ကျင့်ခန်း လုပ်ပါ။

အလေးမတဲ့ လေ့ကျင့်ခန်းဟာ ကြွက်သားတွေကို သန်စွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်လာစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အစာစားချင်တဲ့ စိတ်ဆန္ဒကို တိုးစေပြီး အစာများများ စားဖြစ်လာပါလိမ့်မယ်။

Credit: Myanmaryong

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top