# Zawgyi ျဖင့္ ဖတ္ရန္ #
လူတိုင္းနီးပါးဟာ မနက္မိုးလင္းတာနဲ႔ သက္ဆိုင္ရာ အလုပ္ကိုယ္စီအတြက္ ရုန္းကန္ရႈပ္ရွားေနၾကရပါၿပီ။ ဟိုးအရင္တုန္းကလို မနက္စာကို မိသားစု
စံုစံုလင္လင္နဲ႔
၀ိုင္းဖြဲ႔စားေသာက္ဖို႔ဆိုတာ ေတာ္ေတာ္ရွားသြားပါၿပီ။ အလုပ္သြားခါနီး
ေကာ္ဖီနဲ႔ မုန္႔တစ္ခုကို ကမန္းကတန္း စားသြားရတဲ့ လူေတြ တခ်ိဳ႔ဆို
မနက္စာေတာင္ မစားႏိုင္ဘဲ အေျပးအလႊား အလုပ္သြားရတဲ့ လူေတြ မ်ားပါတယ္။
တခ်ိဳ႔က်ေတာ့ စားဖို႔ အတြက္ အခ်ိန္ကို မေပးလိုက္နုိင္တာမ်ိဳးေတြ
ရွိတတ္ပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲ ျဖစ္ျဖစ္ မနက္စာကို ေကာ္ဖီလာက္ ဘီစကစ္ေလာက္
မဟုတ္ဘဲ ေသခ်ာစားဖို႔ အႀကံျပဳပါရေစ။ ဘာေၾကာင့္လဲဆိုေတာ့ မနက္စာ
မစားျခင္းရဲ႕ ဆိုးက်ိဳးေတြဟာ ဘ၀ေနထိုင္မႈနဲ႔ က်န္းမာေရးကို
ထိခိုက္လာႏုိင္တဲ့ အတြက္လို႔ ေျဖပါရေစ။
၁။ ဆီးခ်ိဳျဖစ္ေစမယ့္ အႏၱာရယ္ကို ေလွ်ာ့ခ်ေစတယ္
မနက္စာ
မစားတာနဲ႔ ဆီးခ်ိဳတက္ျခင္းဟာ အခ်ိတ္အဆက္ ရွိတယ္လို႔ စမ္းသပ္ေတြ႔ရွိမႈေတြက
ဆုိထားပါတယ္။ ကမာၻ႔ေဆးပညာရွင္ေတြကေတာ့ မနက္စာ စားျခင္းဟာ က်န္တဲ့
ေန႔တစ္ေန႔တာရဲ႕ အစာစားခ်င္တဲ့ အာသီသကို ပံုမွန္ျဖစ္ေစတယ္လို႔ ဆိုပါတယ္။
မနက္စာစားျခင္းဟာ အင္ဆူလင္ဓာတ္ကို ရေစၿပီး ဆီးခ်ိဳနဲ႔ ေသြးတိုးေရာဂါတို႔ကို
ထိန္းခ်ဳပ္ေပးႏုိင္တယ္လို႔ ေရာဂါကူးစက္ပ်ံ႕ပြားေရး ပညာရပ္ဆိုင္ရာ
သုေတသီေတြက ဆိုထားပါတယ္။ ဒါေၾကာင့္ အေရးႀကီးတာက “မနက္စာ စားဖို႔ မေမ့ပါနဲ႔”
၂။ ႏွလံုးက်န္းမာေရးအတြက္ အေရးႀကီးတယ္
မနက္စာကို
ပံုမွန္ မစားတဲ့ လူေတြဟာ ႏွလံုးေရာဂါ ျဖစ္ပြားဖို႔ ၂၇% ရွိတယ္လို႔
ဟားဗတ္တကၠသိုလ္ က်န္းမာေရး ဌာနက ေျပာထားပါတယ္။ သုေတသန ပညာရွင္ေတြက
အမ်ိဳးသား ၂၆၀၀၀ ကို ၁၆ႏွစ္တာ ေစာင့္ၾကည့္ေလ့လာခဲ့ၿပီး ဒီအဆိုကို
အတည္ျပဳခဲ့တာလို႔ ေျပာပါတယ္။ မနက္စာ မစားသူေတြက Heart Attacks နဲ႔
ႏွလံုးဆိုင္ရာ ျပႆနာေတြေၾကာင့္ ေသဆံုးရတယ္လို႔ ေျပာပါတယ္။
၃။ ပရိုတိန္းဓာတ္ဟာ Junk Food ေတြကို ေရွာင္ရွားဖို႔ အေထာက္အကူ ျဖစ္ေစတယ္
ရိုးရိုးရွင္းရွင္း
ေတြးၾကည့္မယ္ဆိုရင္ မနက္စာ စားျခင္းဟာ တစ္မနက္လံုးမွာ စာေလာင္ျခင္းကို
မျဖစ္ေပၚေစသလို ၀မ္းဗိုုက္ကို တင္းတိမ္ေရာင့္ရဲေစတယ္ဆိုတာ ေတြးမိမွာပါ။
မနက္စာမွာ ပါ၀င္တဲ့ ပရိုတိန္းဓာတ္ဟာ တစ္ေန႔တာလံုးအတြက္
အေထာက္အကူျဖစ္ေစပါတယ္။ ၾကက္ဥ၊ အသားနဲ႔ ဒိန္ခ်ဥ္ ကို မနက္စာထဲမွာ ပါ၀င္ေအာင္
စားထားမယ္ဆိုရင္ ညေနခင္းေတြမွာ သေရစာ စားျခင္းစိတ္ကို ေလ်ာ့နည္းေစပါတယ္။
၀ိတ္ထိန္းေနသူေတြ ဆိုရင္ေတာ့ မနက္စာကို မျဖစ္မေန စားသံုးေပးဖို႔
လိုပါလိမ့္မယ္။
၄။ မနက္စာဟာ တက္ၾကြတဲ့ ေနထိုင္မႈပံုစံကို အေထာက္အကူ ျဖစ္ေစတယ္
မနက္စာ
စားတဲ့လူေတြဟာ ရုပ္ပိုင္းဆိုင္ရာ ပိုမို သန္မာၿပီး
ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ပိုမို လုပ္ႏုိင္ၾကပါတယ္။ မနက္ပိုင္း
ေလ့က်င့္ခန္းလုပ္သူေတြဟာ အစာနဲနဲ စားၿပီး လုပ္ေဆာင္မယ္ဆိုရင္ ကယ္လိုရီကို
ပိုမို ေလာင္ကြ်မ္းေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔တာလံုး
တက္ၾကြေနေစခ်င္တယ္ဆိုရင္ေတာ့ မနက္စာ စားဖို႔ အခ်ိန္နည္းနည္းေပးလိုက္ပါ။
၅။ မနက္စာစားျခင္းဟာ အာရံုစူးစိုက္မႈကို ပိုမိုရရွိေစႏိုင္တယ္
ဒီအေၾကာင္းျပခ်က္ေၾကာင့္ပဲ
တခ်ိဳ႕တိုင္းျပည္ေတြရဲ႕ ေက်ာင္းေတြမွာ ေက်ာင္းသားေတြကို မနက္စာ
စားေစပါတယ္။ အာဟာရပညာရွင္ေတြကေတာ့ မနက္ပိုင္းမွာ အစာတစ္ခုစားျခင္းဟာ
သင္ယူေလ့လာမႈေတြကို ပိုမို အားေကာင္းေစတယ္လို႔ ဆိုပါတယ္။ ညပိုင္း
အိပ္စက္ေနတဲ့ အခ်ိန္ေတြမွာ ေသြးထဲက သၾကားဓာတ္ဟာ ေလ်ာ့ခ်ေနတတ္ၿပီး မနက္စာ
စားျခင္းဟာ ဒီေလ်ာ့ခ်မႈကို အစားထိုးေပးႏုိုင္ပါတယ္။ အမွ်င္ဓာတ္ၾကြယ္၀တဲ့
အစားအစာေတြနဲ႔ ပရိုတိန္းဓာတ္ေတြ ျပည့္၀တဲ့ အစားအစာေတြကိုသာ မနက္စာအျဖစ္
စားသံုးမယ္ဆိုရင္ ဦးေႏွာက္မွတ္ဥာဏ္ေတြကို ပိုမိုေကာင္းမြန္ေစႏိုင္ပါတယ္။
ျမန္မာလူမ်ိဳး
အမ်ားစုကေတာ့ မနက္စာကို မုန္႔ဟင္းခါး၊ အသုပ္စံု၊ ေခါက္ဆြဲ၊ အီၾကာေကြး၊
လက္ဖက္ရည္၊ ေပါက္စီ…တို႔ကို စားတတ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္
မစားျဖစ္လိုက္ဘူးဆိုတာထက္ အစာအိမ္ရဲ႕ လုပ္ငန္းစဥ္ကို
အေႏွာင့္အယွက္မျဖစ္ေအာင္ စားေပးဖို႔ လိုပါတယ္။ ဒီလို အႀကံျပဳခ်က္ေလးေတြကို
ဖတ္ၿပီး ျမန္မာအေျခအေနနဲ႔ သင့္ေတာ္မယ့္ အစားအစာေတြကို စားသံုးမယ္ဆိုရင္လည္း
အဆင္ေျပပါလိမ့္မယ္။ ကဲ..သင္တို႔ရဲ႕ အလုပ္ရႈပ္ေနတဲ့ မနက္ခင္းေတြမွာ
ပရိုတိန္းဓာတ္ေတြ ပါ၀င္တဲ့ မနက္စာစားကို စားဖို႔ ဒီေန႔ကေန စၿပီး
စဥ္းစားသင့္ေနၿပီေနာ္။ က်န္းမာၿပီး ကိုယ္ခ်စ္တဲ့လူေတြနဲ႔
အသက္ရွည္ရွည္ေနထိုင္ဖို႔ မနက္ခင္းေတြမွာ မနက္စာစားဖို႔ အခ်ိန္
နည္းနည္းေပးလိုက္ၾကပါလို႔ အႀကံျပဳပါရေစ။ က်န္းမာၿပီး
အသက္ရွည္ေနထိုင္ႏုိင္ၾကပါေစ။
Credit: My Food Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version ျဖင့္ ဖတ္ရန္ #
လူတိုင်းနီးပါးဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ အလုပ်ကိုယ်စီအတွက် ရုန်းကန်ရှုပ်ရှားနေကြရပါပြီ။ ဟိုးအရင်တုန်းကလို မနက်စာကို မိသားစု
စုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့စားသောက်ဖို့ဆိုတာ တော်တော်ရှားသွားပါပြီ။ အလုပ်သွားခါနီး ကော်ဖီနဲ့ မုန့်တစ်ခုကို ကမန်းကတန်း စားသွားရတဲ့ လူတွေ တချို့ဆို မနက်စာတောင် မစားနိုင်ဘဲ အပြေးအလွှား အလုပ်သွားရတဲ့ လူတွေ များပါတယ်။ တချို့ကျတော့ စားဖို့ အတွက် အချိန်ကို မပေးလိုက်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် မနက်စာကို ကော်ဖီလာက် ဘီစကစ်လောက် မဟုတ်ဘဲ သေချာစားဖို့ အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ မနက်စာ မစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အတွက်လို့ ဖြေပါရစေ။
၁။ ဆီးချိုဖြစ်စေမယ့် အန္တာရယ်ကို လျှော့ချစေတယ်
မနက်စာ မစားတာနဲ့ ဆီးချိုတက်ခြင်းဟာ အချိတ်အဆက် ရှိတယ်လို့ စမ်းသပ်တွေ့ရှိမှုတွေက ဆိုထားပါတယ်။ ကမ္ဘာ့ဆေးပညာရှင်တွေကတော့ မနက်စာ စားခြင်းဟာ ကျန်တဲ့ နေ့တစ်နေ့တာရဲ့ အစာစားချင်တဲ့ အာသီသကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုပါတယ်။ မနက်စာစားခြင်းဟာ အင်ဆူလင်ဓာတ်ကို ရစေပြီး ဆီးချိုနဲ့ သွေးတိုးရောဂါတို့ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ရောဂါကူးစက်ပျံ့ပွားရေး ပညာရပ်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် အရေးကြီးတာက “မနက်စာ စားဖို့ မမေ့ပါနဲ့”
၂။ နှလုံးကျန်းမာရေးအတွက် အရေးကြီးတယ်
မနက်စာကို ပုံမှန် မစားတဲ့ လူတွေဟာ နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၇% ရှိတယ်လို့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေး ဌာနက ပြောထားပါတယ်။ သုတေသန ပညာရှင်တွေက အမျိုးသား ၂၆၀၀၀ ကို ၁၆နှစ်တာ စောင့်ကြည့်လေ့လာခဲ့ပြီး ဒီအဆိုကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ မနက်စာ မစားသူတွေက Heart Attacks နဲ့ နှလုံးဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးရတယ်လို့ ပြောပါတယ်။
၃။ ပရိုတိန်းဓာတ်ဟာ Junk Food တွေကို ရှောင်ရှားဖို့ အထောက်အကူ ဖြစ်စေတယ်
ရိုးရိုးရှင်းရှင်း တွေးကြည့်မယ်ဆိုရင် မနက်စာ စားခြင်းဟာ တစ်မနက်လုံးမှာ စာလောင်ခြင်းကို မဖြစ်ပေါ်စေသလို ဝမ်းဗိုုက်ကို တင်းတိမ်ရောင့်ရဲစေတယ်ဆိုတာ တွေးမိမှာပါ။ မနက်စာမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ တစ်နေ့တာလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥ၊ အသားနဲ့ ဒိန်ချဉ် ကို မနက်စာထဲမှာ ပါဝင်အောင် စားထားမယ်ဆိုရင် ညနေခင်းတွေမှာ သရေစာ စားခြင်းစိတ်ကို လျော့နည်းစေပါတယ်။ ဝိတ်ထိန်းနေသူတွေ ဆိုရင်တော့ မနက်စာကို မဖြစ်မနေ စားသုံးပေးဖို့ လိုပါလိမ့်မယ်။
၄။ မနက်စာဟာ တက်ကြွတဲ့ နေထိုင်မှုပုံစံကို အထောက်အကူ ဖြစ်စေတယ်
မနက်စာ စားတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ပိုမို သန်မာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမို လုပ်နိုင်ကြပါတယ်။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူတွေဟာ အစာနဲနဲ စားပြီး လုပ်ဆောင်မယ်ဆိုရင် ကယ်လိုရီကို ပိုမို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး တက်ကြွနေစေချင်တယ်ဆိုရင်တော့ မနက်စာ စားဖို့ အချိန်နည်းနည်းပေးလိုက်ပါ။
၅။ မနက်စာစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်တယ်
ဒီအကြောင်းပြချက်ကြောင့်ပဲ တချို့တိုင်းပြည်တွေရဲ့ ကျောင်းတွေမှာ ကျောင်းသားတွေကို မနက်စာ စားစေပါတယ်။ အာဟာရပညာရှင်တွေကတော့ မနက်ပိုင်းမှာ အစာတစ်ခုစားခြင်းဟာ သင်ယူလေ့လာမှုတွေကို ပိုမို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ညပိုင်း အိပ်စက်နေတဲ့ အချိန်တွေမှာ သွေးထဲက သကြားဓာတ်ဟာ လျော့ချနေတတ်ပြီး မနက်စာ စားခြင်းဟာ ဒီလျော့ချမှုကို အစားထိုးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ ပရိုတိန်းဓာတ်တွေ ပြည့်ဝတဲ့ အစားအစာတွေကိုသာ မနက်စာအဖြစ် စားသုံးမယ်ဆိုရင် ဦးနှောက်မှတ်ဉာဏ်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
မြန်မာလူမျိုး အများစုကတော့ မနက်စာကို မုန့်ဟင်းခါး၊ အသုပ်စုံ၊ ခေါက်ဆွဲ၊ အီကြာကွေး၊ လက်ဖက်ရည်၊ ပေါက်စီ…တို့ကို စားတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် မစားဖြစ်လိုက်ဘူးဆိုတာထက် အစာအိမ်ရဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်မဖြစ်အောင် စားပေးဖို့ လိုပါတယ်။ ဒီလို အကြံပြုချက်လေးတွေကို ဖတ်ပြီး မြန်မာအခြေအနေနဲ့ သင့်တော်မယ့် အစားအစာတွေကို စားသုံးမယ်ဆိုရင်လည်း အဆင်ပြေပါလိမ့်မယ်။ ကဲ..သင်တို့ရဲ့ အလုပ်ရှုပ်နေတဲ့ မနက်ခင်းတွေမှာ ပရိုတိန်းဓာတ်တွေ ပါဝင်တဲ့ မနက်စာစားကို စားဖို့ ဒီနေ့ကနေ စပြီး စဉ်းစားသင့်နေပြီနော်။ ကျန်းမာပြီး ကိုယ်ချစ်တဲ့လူတွေနဲ့ အသက်ရှည်ရှည်နေထိုင်ဖို့ မနက်ခင်းတွေမှာ မနက်စာစားဖို့ အချိန် နည်းနည်းပေးလိုက်ကြပါလို့ အကြံပြုပါရစေ။ ကျန်းမာပြီး အသက်ရှည်နေထိုင်နိုင်ကြပါစေ။
Credit: My Food Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» မနက္စာကို မျဖစ္မေန စားသင့္တဲ့ အေၾကာင္းရင္း ၅ခ်က္
မနက္စာကို မျဖစ္မေန စားသင့္တဲ့ အေၾကာင္းရင္း ၅ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။