iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင္းရင့္ေရာ္မႈကို ၾကိဳတင္ကာကြယ္ႏုိင္ဖို႔ဆုိရင္ အေရျပား၊ မ်က္လုံး၊လည္ပင္းေတြကို ဂရုစိုက္ဖုိ႔လိုပါတယ္။ အေရျပားကို ထိန္းသိမ္းဖို႔အတြက္ သန္႔စင္တာ၊ အစိုဓာတ္ထိန္းတာနဲ႔ ေခၽြးေပါက္မက်ယ္ေအာင္လုပ္ရုံနဲ႔ လုံေလာက္ျပီလုိ႔ ထင္ပါသလား။ ထပ္ျပီး စဥ္းစားၾကည့္လိုက္ပါ။အေရျပားအလွကို ထိန္းသိမ္းဖို႔အတြက္ ဒီေလာက္နဲ႔မရပါဘူး။ အသက္ ၅၃ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အေရျပား ကၽြမ္းက်င္ဆရာဝန္ ထုိင္ဝမ္ဖြား Su-Manဆိုတဲ့ အမ်ဳိးသမီးက အသက္ ၄၀ေက်ာ္အရြယ္ေလာက္ပဲလို႔ ထင္ရေလာက္ေအာင္ ႏုပ်ဳိပါတယ္။သူက SU-Man လို႔ေခၚတဲ့ အသားအေရထိန္းပစၥည္းေတြ ကုိယ္ပိုင္ ထုတ္လုပ္ေနတဲ့ ကုထုံးပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူက အုိမင္းရင့္ေရာ္မႈကို ေရွာင္ရွားႏုိင္ဖုိ႔အတြက္ နည္းလမ္းအမွားေတြကို ျပင္ရမွာျဖစ္သလို ၾကိဳတင္ကာကြယ္မႈေတြလည္း လုပ္ထားဖုိ႔လုိအပ္ေၾကာင္းကို အခ်က္ေလးေတြနဲ႔ ရွင္းျပထားပါတယ္။

-မ်က္ႏွာကို ခဏခဏ မသစ္ပါနဲ႔

တစ္ေန႔ကို ႏွစ္ၾကီမ္မ်က္ႏွာ သစ္ရင္ပဲ လုံေလာက္တာထက္ကို ပုိေနပါျပီ။ မ်က္ႏွာ ခဏခဏသစ္တာေၾကာင့္ မ်က္ႏွာေပၚက သဘာဝအဆီေတြကို ခန္းသြားေစျပီး အမည္းစက္ေတြထြက္လာေစပါတယ္တဲ့။

- မႏူးညံ့ပါနဲ႔

အေရျပားထိန္းခရင္ေတြလိမ္းတဲ့ အခါမွာ တအားညင္ညင္သာ မလိမ္းပါနဲ႔။ အသားထဲစိမ့္ဝင္သြားေအာင္ လက္နဲ႔ႏွိပ္နယ္ျပီး လိမ္းေပးရပါမယ္။ ဒါက ေသြးလည္ပတ္မႈကို တုိးေစျပီး ၾကြက္သားေတြကို ပူေႏြးေစတဲ့အတြက္ အေရျပားက ပိုျပီးခရင္ကို စုပ္ယူႏုိင္မွာ ျဖစ္ပါတယ္။

-မ်က္လုံးကို ဂရုစိုက္ပါ

မ်က္လုံးနားက အေရးအေၾကာင္းေတြကို နည္းပါးေစဖုိပအတြက္ မ်က္ခြံရုိးတဝုိက္ကို လက္နဲ႔ ပုံမွန္ႏွိပ္ေပးျပီး မ်က္လုံးခရင္ကို ဇစ္ဇက္ပုံစံလိမ္းေပးပါ။ဒါက တင္းအားေတြကိုေျပေလ်ာ့ေစဖို႔ အကူအညီေပးပါတယ္။

ဆံသားလိုင္း တစ္ေလွ်ာက္ကို ခ်န္မထားပါနဲ႕

မ်က္နွာအသားအေရကို ထိန္းသိမ္းတဲ့ေနရာမွာ နဖူးျပင္အဆုံးသတ္ ဆံစေနရာ၊ နားတစ္ဝုိက္နဲ႕ ေမးရုိးတစ္ေလွ်ာက္ကုိ ပုံမွန္ ႏွိပ္နယ္ေပးရပါမယ္။

ညတုိင္း ပ်ားရည္နဲ႔ ေပါင္းတင္ပါ

ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ပန္းသီးရွာလကာရည္ ဇြန္းတစ္ဝက္ကိုေရာျပီး အိပ္ယာမဝင္ခင္ မ်က္ႏွာေပၚမွာ  မိိနစ္၃၀ ခန္႔သုတ္လိမ္းေပးပါ။ ဒါက အေကာင္းဆုံး သဘာဝ ေပါင္းတင္ေဆးပဲ ျဖစ္ပါတယ္။

အျမဲတမ္း ပက္လက္လွန္အိပ္ပါ

ပက္လက္လွန္အိပ္တာက မ်က္နွာေပၚက အေရးအေၾကာင္းေတြနဲ႕ ပါးေရတြန္႔ျခင္းကို ကာကြယ္ဖုိ႔ အေကာင္းဆုံးနည္းပဲ ျဖစ္ပါတယ္။ေခါင္းအုံးနဲ႔ အိပ္ယာခင္းေတြေၾကာင့္ မ်က္ႏွာအေရျပားတြန္႔ေခါက္ျခင္း မျဖစ္ေစတာေၾကာင့္ျဖစ္ပါတယ္။သင္ေဘးေစာင္းအိပ္ရမယ္ဆုိရင္လည္း လည္ပင္းနဲ႔ ပခုံးၾကားေနရာလပ္မရွိေအာင္ ေခါင္းအုံးကို နည္းနည္း ျမွင့္ထားဖုိ႔ လုိပါတယ္။

ေျခာက္ေသြ႔တဲ့ေလထဲမွာ အၾကာၾကီး မေနပါနဲ႔

ေန႔ဘက္မွာ သင့္စားပြဲေပၚမွာ ေရခြက္တစ္ခြက္ကို တင္ထားျခင္းက အခန္းထဲက အစုိဓာတ္ကို ထိန္းထားရာေရာက္ျပီး မ်က္လုံးနဲ႔ အေရျပားအတြက္ အက်ဳိးျဖစ္ေစပါတယ္။

မ်က္လုံးေလ့က်င့္ခန္းလုပ္ပါ

အပူအေအးစနစ္ေတြ နည္းပညာပစၥည္းေတြေၾကာင္ ့ႏွစ္ေတြၾကာလာတဲ့အခါမွာ မ်က္လုံးက ပ်က္စီးလာတတ္ပါတယ္။ မ်က္လုံးျပႆနာေတြကို ၾကိဳတင္ကာကြယ္ထားႏုိင္ဖုိ႔အတြက္ တစ္နာရီၾကာတို္င္း မ်က္လုံးကို အေဝးကို ၾကည့္ျခင္း၊ မ်က္စိကို ခဏမွိတ္ထားျခင္းအားျဖင့္ အနားေပးသင့္ပါတယ္။

လည္ပင္းကို ဂရုစိုက္ပါ

လည္ပင္းက ေက်ာရုိးရဲ႕ အလႈပ္ရွားရဆုံး အစိတ္အပိုင္းတစ္ခုျဖစ္သလုိ အေရျပားထိ္န္းသိမ္းဖို႔ကို  မေမ့သင့္တဲ့ေနရာျဖစ္ပါတယ္။အေရျပားေတြက ပါးျပီးေျခာက္ေသြ႔လာတဲ့အခါမွာ အေရးအေၾကာင္းေတြ ပိုျပီးထင္တတ္ပါတယ္။ဒါေၾကာ္င့ အေရျပားကို ေရဓာတ္အျမဲျပည့္ဝေနေအာင္ အစုိဓာတ္ထိန္းခရင္မ္ေတြ လိမ္းေပးသင့္ပါတယ္။
Credit: Orginal Writer
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြား၊ မျက်လုံး၊လည်ပင်းတွေကို ဂရုစိုက်ဖို့လိုပါတယ်။ အရေပြားကို ထိန်းသိမ်းဖို့အတွက် သန့်စင်တာ၊ အစိုဓာတ်ထိန်းတာနဲ့ ချွေးပေါက်မကျယ်အောင်လုပ်ရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ ထပ်ပြီး စဉ်းစားကြည့်လိုက်ပါ။အရေပြားအလှကို ထိန်းသိမ်းဖို့အတွက် ဒီလောက်နဲ့မရပါဘူး။ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အရေပြား ကျွမ်းကျင်ဆရာဝန် ထိုင်ဝမ်ဖွား Su-Manဆိုတဲ့ အမျိုးသမီးက အသက် ၄၀ကျော်အရွယ်လောက်ပဲလို့ ထင်ရလောက်အောင် နုပျိုပါတယ်။သူက SU-Man လို့ခေါ်တဲ့ အသားအရေထိန်းပစ္စည်းတွေ ကိုယ်ပိုင် ထုတ်လုပ်နေတဲ့ ကုထုံးပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အိုမင်းရင့်ရော်မှုကို ရှောင်ရှားနိုင်ဖို့အတွက် နည်းလမ်းအမှားတွေကို ပြင်ရမှာဖြစ်သလို ကြိုတင်ကာကွယ်မှုတွေလည်း လုပ်ထားဖို့လိုအပ်ကြောင်းကို အချက်လေးတွေနဲ့ ရှင်းပြထားပါတယ်။

-မျက်နှာကို ခဏခဏ မသစ်ပါနဲ့

တစ်နေ့ကို နှစ်ကြီမ်မျက်နှာ သစ်ရင်ပဲ လုံလောက်တာထက်ကို ပိုနေပါပြီ။ မျက်နှာ ခဏခဏသစ်တာကြောင့် မျက်နှာပေါ်က သဘာဝအဆီတွေကို ခန်းသွားစေပြီး အမည်းစက်တွေထွက်လာစေပါတယ်တဲ့။

- မနူးညံ့ပါနဲ့

အရေပြားထိန်းခရင်တွေလိမ်းတဲ့ အခါမှာ တအားညင်ညင်သာ မလိမ်းပါနဲ့။ အသားထဲစိမ့်ဝင်သွားအောင် လက်နဲ့နှိပ်နယ်ပြီး လိမ်းပေးရပါမယ်။ ဒါက သွေးလည်ပတ်မှုကို တိုးစေပြီး ကြွက်သားတွေကို ပူနွေးစေတဲ့အတွက် အရေပြားက ပိုပြီးခရင်ကို စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

-မျက်လုံးကို ဂရုစိုက်ပါ

မျက်လုံးနားက အရေးအကြောင်းတွေကို နည်းပါးစေဖိုပအတွက် မျက်ခွံရိုးတဝိုက်ကို လက်နဲ့ ပုံမှန်နှိပ်ပေးပြီး မျက်လုံးခရင်ကို ဇစ်ဇက်ပုံစံလိမ်းပေးပါ။ဒါက တင်းအားတွေကိုပြေလျော့စေဖို့ အကူအညီပေးပါတယ်။

ဆံသားလိုင်း တစ်လျှောက်ကို ချန်မထားပါနဲ့

မျက်နှာအသားအရေကို ထိန်းသိမ်းတဲ့နေရာမှာ နဖူးပြင်အဆုံးသတ် ဆံစနေရာ၊ နားတစ်ဝိုက်နဲ့ မေးရိုးတစ်လျှောက်ကို ပုံမှန် နှိပ်နယ်ပေးရပါမယ်။

ညတိုင်း ပျားရည်နဲ့ ပေါင်းတင်ပါ

ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပန်းသီးရှာလကာရည် ဇွန်းတစ်ဝက်ကိုရောပြီး အိပ်ယာမဝင်ခင် မျက်နှာပေါ်မှာ  မိနစ်၃၀ ခန့်သုတ်လိမ်းပေးပါ။ ဒါက အကောင်းဆုံး သဘာဝ ပေါင်းတင်ဆေးပဲ ဖြစ်ပါတယ်။

အမြဲတမ်း ပက်လက်လှန်အိပ်ပါ

ပက်လက်လှန်အိပ်တာက မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပါးရေတွန့်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။ခေါင်းအုံးနဲ့ အိပ်ယာခင်းတွေကြောင့် မျက်နှာအရေပြားတွန့်ခေါက်ခြင်း မဖြစ်စေတာကြောင့်ဖြစ်ပါတယ်။သင်ဘေးစောင်းအိပ်ရမယ်ဆိုရင်လည်း လည်ပင်းနဲ့ ပခုံးကြားနေရာလပ်မရှိအောင် ခေါင်းအုံးကို နည်းနည်း မြှင့်ထားဖို့ လိုပါတယ်။

ခြောက်သွေ့တဲ့လေထဲမှာ အကြာကြီး မနေပါနဲ့

နေ့ဘက်မှာ သင့်စားပွဲပေါ်မှာ ရေခွက်တစ်ခွက်ကို တင်ထားခြင်းက အခန်းထဲက အစိုဓာတ်ကို ထိန်းထားရာရောက်ပြီး မျက်လုံးနဲ့ အရေပြားအတွက် အကျိုးဖြစ်စေပါတယ်။

မျက်လုံးလေ့ကျင့်ခန်းလုပ်ပါ

အပူအအေးစနစ်တွေ နည်းပညာပစ္စည်းတွေကြောင့်နှစ်တွေကြာလာတဲ့အခါမှာ မျက်လုံးက ပျက်စီးလာတတ်ပါတယ်။ မျက်လုံးပြဿနာတွေကို ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် တစ်နာရီကြာတိုင်း မျက်လုံးကို အဝေးကို ကြည့်ခြင်း၊ မျက်စိကို ခဏမှိတ်ထားခြင်းအားဖြင့် အနားပေးသင့်ပါတယ်။

လည်ပင်းကို ဂရုစိုက်ပါ

လည်ပင်းက ကျောရိုးရဲ့ အလှုပ်ရှားရဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သလို အရေပြားထိန်းသိမ်းဖို့ကို  မမေ့သင့်တဲ့နေရာဖြစ်ပါတယ်။အရေပြားတွေက ပါးပြီးခြောက်သွေ့လာတဲ့အခါမှာ အရေးအကြောင်းတွေ ပိုပြီးထင်တတ်ပါတယ်။ဒါကြော်င့ အရေပြားကို ရေဓာတ်အမြဲပြည့်ဝနေအောင် အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။

Credit: Orginal Writer

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top