iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီတစ္ခြက္ဟာ အားအင္သစ္ေပးႏိုင္တယ္လို႔ ေကာ္ဖီခ်စ္သူေတြ လက္ခံယံုၾကည္ထားပါတယ္။ မမွားပါဘူး။ ေဆးသိပၸံအရလည္း ကဖင္းဓာတ္ဟာ လူ႔ခႏၶာကိုယ္အတြက္ အတိုင္းအတာ တစ္ခုထိအေရးပါပါတယ္။ ဒီ့အျပင္ ေကာ္ဖီတစ္ခြက္ေသာက္ျခင္းျဖင့္ စိတ္ၾကည္လင္လန္းဆန္းလာၿပီး လုပ္ငန္းေဆာင္တာေတြမွာလည္း အာ႐ုံစိုက္ႏိုင္လာပါတယ္။ ဒါေပမယ့္ တန္လ်ွင္ေဆး၊ လြန္လ်ွင္ေဘး ဆိုသလို ေကာ္ဖီအလြန္အကြၽံေသာက္ရင္ေတာ့ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေတြမွာပါ ထိခိုက္လာႏိုင္ပါတယ္။ အခုေဖယ္ျပမယ့္ အခ်က္ေလးေတြမွန္ေနရင္ေတာ့ ေကာ္ဖီေလ်ွာ့ေသာက္သင့္ပါၿပီ။

၁။ အနည္းငယ္ေၾကာင္ေတာင္ေတာင္ျဖစ္ျခင္း။

ေၾကာင္ေတာင္ေတာင္လို႔ေျပာရတာ အ႐ူး၊ ငေပါ သေဘာကိုမဆိုလိုပါဘူး။ ေကာ္ဖီဟာ ပင္မအာ႐ုံေၾကာကို လႈံ႕ေဆာ္ေပးတာေၾကာင့္ လန္းဆန္းတက္ႂကြေစတာမွန္ေပမယ့္ အေရအတြက္မ်ားလာရင္ေတာ့ အဟန္႔အတားျဖစ္ေစပါတယ္။ စိုးရိမ္ေၾကာင့္ၾကျခင္း၊ ကတုန္ကယင္ျဖစ္ျခင္း၊ ႏွလံုးခုန္ႏႈန္းျမန္ျခင္း၊ ယားယံျခင္း နဲ႔ တစ္ခါတစ္ရံ ေဒါသေပါက္ကြဲထြက္တာမ်ိဳးထိ ျဖစ္ေနၿပီဆိုရင္ေတာ့ ေကာ္ဖီေသာက္သံုးမႈက်ဴးလြန္ေနတာကိုေဖာ္ျပပါတယ္။

လိုက္နာရန္။။ ကဖင္းဓာတ္နည္းတာေျပာင္းေသာက္ပါ။

၂။ ေန႔ပိုင္းတြင္ပင္ ႏုံးခ်ိအိပ္ငိုက္ျခင္း

အမ်ားအားျဖင့္ စာက်က္တဲ့အခါျဖစ္ျဖစ္၊ အလုပ္လုပ္တဲ့အခါျဖစ္ျဖစ္ လန္းဆန္းေနေအာင္ေကာ္ဖီေသာက္တတ္ၾကပါ။လူအမ်ားရဲ႕ယူဆခ်က္အရ အိပ္ငိုက္ႏုံးခ်ိျခင္းကို ထိန္းခ်ဳပ္ဖို႔ ေကာ္ဖီဟာ အေကာင္းဆံုးလို႔ယူဆၾကပါတယ္။ အေရအတြက္ေက်ာ္လြန္သြားရင္ေတာ့ ဒီယုဆခ်က္မမွန္ႏိုင္ေတာ့ပါဘူး။ ေကာ္ဖီဟာ သင့္ကို ေန႔တြင္းခ်င္းပင္ ႏုံးခ်ိေစတာေၾကာင့္ အလုပ္အေပၚ႐ွိ အာ႐ုံေတြလြင့္ပ်ံသြားႏိုင္ပါတယ္။

လိုက္နာရန္။။ လန္းဆန္းေစရန္အတြက္ေတာ့ အားအင္ျဖစ္ေစမယ့္ အစားအစာေတြေျပာင္းစားပါ။ အစားအစာသာလ်ွင္ ေလာင္စာေကာင္းျဖစ္တာကိုေတာ့ မေမ့ပါေစနဲ႔။

၃။ မၾကာခဏ ႐ွဴး႐ွဴးေပါက္ရျခင္း

ေကာ္ဖီမွာ ဆီးသြားႀကိမ္ႏႈန္းကိုတိုးျမႇင့္ေစတဲ့ ဓာတ္ပါဝင္ပါတယ္။ အထူးသျဖင့္ ေကာ္ဖီေသာက္က်င့္မ႐ွိေသးပဲ ဝုန္းခနဲ အလြန္အကြၽံေသာက္သူမ်ိဳးေပါ့။ သာမန္အားျဖင့္ေကာ္ဖီဟာ ေရဓာတ္မခမ္းေျခာက္ေစပါဘူး။ ဒါေပမယ့္ ေရအလံုအေလာက္မေသာက္ႏိုင္ရင္ေတာ့ ခႏၶာကိုယ္ကို ေရဓာတ္မေပးႏိုင္ပါဘူး။

လိုက္နာရန္။။ ေကာ္ဖီနဲ႔အတူ က်န္းမာေစတဲ့ အစားအေသာက္တြဲစားပါ။ အစားမစာေတြဟာ အစာအိမ္မွ အူလမ္းေၾကာင္းထဲ အရည္ေရြ႔စီးမႈပိုေလ်ွာ့ခ်ေပးတဲ့အျပင္ ဆီးအိမ္ကိုပါ ေကာင္းေစပါတယ္။

၄။ မ်က္ခံုး၊မ်က္ခြံ၊ မ်က္ခမ္း လႈပ္ျခင္း။

ထိုသို႔လႈပ္ရျခင္းမွာ ကဖင္းဓာတ္ေၾကာင့္ မ်က္လံုးႂကြက္သားႏွင့္ အာ႐ုံေၾကာကို လႈံေဆာ္ေပးတဲ့အတြက္ ျဖစ္ပါတယ္။ ေကာ္ဖီအလြန္အကြၽံေသာက္တဲ့အခါ ထိုလကၡဏာကို ေတြ႔ၾကံဳရတတ္ပါတယ္။

လိုက္နာရန္။။ ေကာ္ဖီျဖတ္ၿပီး ေရေသာက္ႏႈန္းျမႇင့္တင္ေပးပါ။

၅။အိပ္ခ်ိန္ေနာက္က်ျခင္း။ အိပ္ျခင္းဟာ လူတစ္ဦးရဲ႕ ခႏၶာကိုယ္အတြက္ေရာ အသိဉာဏ္အတြက္ပါ အေရးပါပါတယ္။ အိပ္ခ်ိန္မတိုင္ခင္ ေကာ္ဖီေသာက္ျခင္းေၾကာင့္ အိပ္မေပ်ာ္ျဖစ္ရင္ေတာ့ ေကာ္ဖီရဲ႕အက်ိဳးအာနိသင္ဟာ ေမွးမွိန္သြားၿပီလို႔မွတ္ယူလိုက္ပါ။

လိုက္နာရန္။။အိပ္ခ်ိန္ႏွင့္ ေကာ္ဖီေသာက္ခ်ိန္ကို ၆နာရီျခားထားပါ။
Credit: Myfoodmyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္ ကော်ဖီတစ်ခွက်ဟာ အားအင်သစ်ပေးနိုင်တယ်လို့ ကော်ဖီချစ်သူတွေ လက်ခံယုံကြည်ထားပါတယ်။ မမှားပါဘူး။ ဆေးသိပ္ပံအရလည်း ကဖင်းဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အတိုင်းအတာ တစ်ခုထိအရေးပါပါတယ်။ ဒီ့အပြင် ကော်ဖီတစ်ခွက်သောက်ခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းလာပြီး လုပ်ငန်းဆောင်တာတွေမှာလည်း အာရုံစိုက်နိုင်လာပါတယ်။ ဒါပေမယ့် တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဆိုသလို ကော်ဖီအလွန်အကျွံသောက်ရင်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ အခုဖေယ်ပြမယ့် အချက်လေးတွေမှန်နေရင်တော့ ကော်ဖီလျှော့သောက်သင့်ပါပြီ။

၁။ အနည်းငယ်ကြောင်တောင်တောင်ဖြစ်ခြင်း။

ကြောင်တောင်တောင်လို့ပြောရတာ အရူး၊ ငပေါ သဘောကိုမဆိုလိုပါဘူး။ ကော်ဖီဟာ ပင်မအာရုံကြောကို လှုံ့ဆော်ပေးတာကြောင့် လန်းဆန်းတက်ကြွစေတာမှန်ပေမယ့် အရေအတွက်များလာရင်တော့ အဟန့်အတားဖြစ်စေပါတယ်။ စိုးရိမ်ကြောင့်ကြခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ယားယံခြင်း နဲ့ တစ်ခါတစ်ရံ ဒေါသပေါက်ကွဲထွက်တာမျိုးထိ ဖြစ်နေပြီဆိုရင်တော့ ကော်ဖီသောက်သုံးမှုကျူးလွန်နေတာကိုဖော်ပြပါတယ်။

လိုက်နာရန်။။ ကဖင်းဓာတ်နည်းတာပြောင်းသောက်ပါ။

၂။ နေ့ပိုင်းတွင်ပင် နုံးချိအိပ်ငိုက်ခြင်း

အများအားဖြင့် စာကျက်တဲ့အခါဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အခါဖြစ်ဖြစ် လန်းဆန်းနေအောင်ကော်ဖီသောက်တတ်ကြပါ။လူအများရဲ့ယူဆချက်အရ အိပ်ငိုက်နုံးချိခြင်းကို ထိန်းချုပ်ဖို့ ကော်ဖီဟာ အကောင်းဆုံးလို့ယူဆကြပါတယ်။ အရေအတွက်ကျော်လွန်သွားရင်တော့ ဒီယုဆချက်မမှန်နိုင်တော့ပါဘူး။ ကော်ဖီဟာ သင့်ကို နေ့တွင်းချင်းပင် နုံးချိစေတာကြောင့် အလုပ်အပေါ်ရှိ အာရုံတွေလွင့်ပျံသွားနိုင်ပါတယ်။

လိုက်နာရန်။။ လန်းဆန်းစေရန်အတွက်တော့ အားအင်ဖြစ်စေမယ့် အစားအစာတွေပြောင်းစားပါ။ အစားအစာသာလျှင် လောင်စာကောင်းဖြစ်တာကိုတော့ မမေ့ပါစေနဲ့။

၃။ မကြာခဏ ရှူးရှူးပေါက်ရခြင်း

ကော်ဖီမှာ ဆီးသွားကြိမ်နှုန်းကိုတိုးမြှင့်စေတဲ့ ဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ကော်ဖီသောက်ကျင့်မရှိသေးပဲ ဝုန်းခနဲ အလွန်အကျွံသောက်သူမျိုးပေါ့။ သာမန်အားဖြင့်ကော်ဖီဟာ ရေဓာတ်မခမ်းခြောက်စေပါဘူး။ ဒါပေမယ့် ရေအလုံအလောက်မသောက်နိုင်ရင်တော့ ခန္ဓာကိုယ်ကို ရေဓာတ်မပေးနိုင်ပါဘူး။

လိုက်နာရန်။။ ကော်ဖီနဲ့အတူ ကျန်းမာစေတဲ့ အစားအသောက်တွဲစားပါ။ အစားမစာတွေဟာ အစာအိမ်မှ အူလမ်းကြောင်းထဲ အရည်ရွေ့စီးမှုပိုလျှော့ချပေးတဲ့အပြင် ဆီးအိမ်ကိုပါ ကောင်းစေပါတယ်။

၄။ မျက်ခုံး၊မျက်ခွံ၊ မျက်ခမ်း လှုပ်ခြင်း။

ထိုသို့လှုပ်ရခြင်းမှာ ကဖင်းဓာတ်ကြောင့် မျက်လုံးကြွက်သားနှင့် အာရုံကြောကို လှုံဆော်ပေးတဲ့အတွက် ဖြစ်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်တဲ့အခါ ထိုလက္ခဏာကို တွေ့ကြုံရတတ်ပါတယ်။

လိုက်နာရန်။။ ကော်ဖီဖြတ်ပြီး ရေသောက်နှုန်းမြှင့်တင်ပေးပါ။

၅။အိပ်ချိန်နောက်ကျခြင်း။ အိပ်ခြင်းဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်အတွက်ရော အသိဉာဏ်အတွက်ပါ အရေးပါပါတယ်။ အိပ်ချိန်မတိုင်ခင် ကော်ဖီသောက်ခြင်းကြောင့် အိပ်မပျော်ဖြစ်ရင်တော့ ကော်ဖီရဲ့အကျိုးအာနိသင်ဟာ မှေးမှိန်သွားပြီလို့မှတ်ယူလိုက်ပါ။

လိုက်နာရန်။။အိပ်ချိန်နှင့် ကော်ဖီသောက်ချိန်ကို ၆နာရီခြားထားပါ။

Credit: Myfoodmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top