iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ ေလ်ာ့က်ဖုိ႔ ႀကိဳးစားေနသူေတြအတြက္ မနက္ခင္းမွာ မေသာက္သင့္တဲ့ အရာေတြကို ေဖာ္ျပလိုက္ပါတယ္။ ဒါေတြက က်န္းမာေရးနဲ႔ ညီညြတ္ေကာင္း ညီညြတ္ေပမယ့္ ကိုယ္အေလးခ်ိန္ တက္ေစႏုိင္တာကို သတိျပဳသင့္ပါတယ္။

၁။ ေခ်ာကလက္နဲ႔ႏို႔
ႏြားႏို႔နဲ႔ေခ်ာကလက္ကို ေရာထားတဲ့ ေဖ်ာ္ရည္မ်ိဳးက တကယ္ပဲ ဝေစႏိုင္ပါတယ္။ ဝိတ္က်ဖုိ႔ ႀကိဳးစားေနတယ္ဆုိရင္ေတာ့ ဒီေဖ်ာ္ရည္ကို ေက်ာခိုင္းလိုက္ပါ။ ႏြားႏို႔နဲ႔ယွဥ္ရင္ အာဟာရဓာတ္ နည္းပါးေပမယ့္ ကယ္လိုရီက်ေတာ့ ပိုမ်ားေနတဲ့ ေဖ်ာ္ရည္မုိ႔လို႔ပါပဲ။

၂။ ငွက္ေပ်ာသီးမစ္ခ္႐ွိတ္
ကယ္လ္ဆီယံနဲ႔ ပိုတက္ဆီယံဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္တဲ့ ငွက္ေပ်ာသီးဟာ က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္တဲ့ သစ္သီးပါ။ ဒါေပမဲ့ ႏို႔နဲ႔ ေပါင္းစပ္လိုက္တဲ့အခါ မစ္ခ္႐ွိတ္ တစ္ခြက္တည္းနဲ႔တင္ ကယ္လိုရီအေတာ္မ်ားမ်ား ပါဝင္သြားေတာ့ မနက္ပိုင္းေသာက္မယ္ဆုိ တစ္ႀကိမ္ေလာက္ေတာ့ ျပန္စဥ္းစားပါဦး။

၃။ အဆီမ်ားတဲ့ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ေသာက္ျခင္းက အသားအေရ လွပေစႏိုင္ၿပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို ေကာင္းမြန္ေစႏိုင္ပါတယ္။ ဒါေပမဲ့ အဆီမ်ားတဲ့ ဒိန္ခ်ဥ္ဆုိရင္ေတာ့ မေကာင္းပါဘူး။ သင့္ရဲ႕ ဒိန္ခ်ဥ္တစ္ခြက္မွာတင္ ကယ္လိုရီ ၂၀၀ ေလာက္ ပါဝင္သြားပါၿပီ။

၄။ ႐ွယ္ေကာ္ဖီ
႐ွယ္လို႔ေျပာၿပီး ေရာင္းေနတဲ့ ေကာ္ဖီဘူးေတြနဲ႔ လက္ဖက္ရည္ဆုိင္က ႏွပ္ေဖ်ာ္ (႐ွယ္ေကာ္ဖီ) ေတြမွာ ႏို႔ဆီေတြ ေဖာေဖာသီသီ သံုးထားၿပီး သၾကားေတြ ကဲထားလို႔ ဝိတ္ေလ်ာ့ေနသူေတြအတြက္ေတာ့ ေ႐ွာင္ၾကဥ္သင့္တဲ့ အရာတစ္ခုပါပဲ။
Credit: duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် မနက်ခင်းမှာ မသောက်သင့်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ ညီညွတ်ကောင်း ညီညွတ်ပေမယ့် ကိုယ်အလေးချိန် တက်စေနိုင်တာကို သတိပြုသင့်ပါတယ်။

၁။ ချောကလက်နဲ့နို့
နွားနို့နဲ့ချောကလက်ကို ရောထားတဲ့ ဖျော်ရည်မျိုးက တကယ်ပဲ ဝစေနိုင်ပါတယ်။ ဝိတ်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဒီဖျော်ရည်ကို ကျောခိုင်းလိုက်ပါ။ နွားနို့နဲ့ယှဉ်ရင် အာဟာရဓာတ် နည်းပါးပေမယ့် ကယ်လိုရီကျတော့ ပိုများနေတဲ့ ဖျော်ရည်မို့လို့ပါပဲ။

၂။ ငှက်ပျောသီးမစ်ခ်ရှိတ်
ကယ်လ်ဆီယံနဲ့ ပိုတက်ဆီယံဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သစ်သီးပါ။ ဒါပေမဲ့ နို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ မစ်ခ်ရှိတ် တစ်ခွက်တည်းနဲ့တင် ကယ်လိုရီအတော်များများ ပါဝင်သွားတော့ မနက်ပိုင်းသောက်မယ်ဆို တစ်ကြိမ်လောက်တော့ ပြန်စဉ်းစားပါဦး။

၃။ အဆီများတဲ့ဒိန်ချဉ်
ဒိန်ချဉ်သောက်ခြင်းက အသားအရေ လှပစေနိုင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆီများတဲ့ ဒိန်ချဉ်ဆိုရင်တော့ မကောင်းပါဘူး။ သင့်ရဲ့ ဒိန်ချဉ်တစ်ခွက်မှာတင် ကယ်လိုရီ ၂၀၀ လောက် ပါဝင်သွားပါပြီ။

၄။ ရှယ်ကော်ဖီ
ရှယ်လို့ပြောပြီး ရောင်းနေတဲ့ ကော်ဖီဘူးတွေနဲ့ လက်ဖက်ရည်ဆိုင်က နှပ်ဖျော် (ရှယ်ကော်ဖီ) တွေမှာ နို့ဆီတွေ ဖောဖောသီသီ သုံးထားပြီး သကြားတွေ ကဲထားလို့ ဝိတ်လျော့နေသူတွေအတွက်တော့ ရှောင်ကြဉ်သင့်တဲ့ အရာတစ်ခုပါပဲ။
Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top