နည်းပါးလာပါပြီ။
တွေ ရရှိကြပါတယ်။
ခနော ကြက်သားမှုန့်
Credit : MyFood
ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ မိသားစုနဲ့အတူ ညစာစားတဲ့ အလေ့အထက နည်းပါးလာပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ လူငယ်လူရွယ်တွေ အလုပ်အကိုင်ရရှိမှုက တိုးတက်လာပါတယ်။အလုပ်အကိုင်ရရှိမှုက တိုးတက်လာတာကောင်းပေမယ့် တဖက်မှာလည်း မိသားစုကို အချိန်ပေးနိုင်မှုကနည်းပါးလာပြီး မိသားစု စုံစုံလင်လင်နဲ့ညစာစားသောက်နိုင်တဲ့ အချိန်ကိုက ပိုမိုနည်းပါးလာပါတယ်။
တချို့ အလုပ်နဲ့ နီးတဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်တာ၊ တချို့က အလုပ်ကအပြန်နောက်ကျပြီး အပြင်မှာဘဲ စားဖြစ်တာ၊ မိဘတွေကလည်း အလုပ်ရှုပ်နေတာနဲ့ မိသားစု စုံစုံလင်လင်နဲ့ညစာ စားနိုင်တဲ့ အခြေအနေက နည်းပါးလာပါပြီ။
ဒါကြောင့် သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ မိသားစု စုံစုံညီညီ ညစာစားခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဝေမျှချင်ပါတယ်။
မိသားစု ညစာက မိသားစုဝင်ချင်း ချစ်ခင်ရင်းနှီးမှုကို တိုးစေခြင်း
ညစာ အတူတူစားချင်းက မိသားစုဝင်ချင်းမှာ ချစ်ခင်ရင်းနှီးမှုကို တိုးစေပါတယ်။ ညစာစားရင်း လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ခံစားရမှာပါ။ ထုတ်မပြောကြပေမယ့် လူတွေက အသက်ဘယ်လောက်ဘဲ ကြီးကြီး မိသားစုဝင် စုံစုံညီညီနဲ့ ညစာစားသောက်တာကို သဘောကျတတ်ကြပါတယ်။
ကျန်းမာတဲ့ အစားအစာ ပိုစားဖြစ်ခြင်း
အမေရိကန်ပြည်ထောင်စုမှာ အာဟာရနဲ့ပတ်သက်တဲ့ လေ့လာစမ်းသပ်မှုတစ်ခုကို အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြားကလေး ၂ ထောင်ကျော်ကို ပြုလုပ်ခဲ့ပါတယ်။
မိသားစု စုံလင်စွာ ညစာစားတဲ့ ကလေးက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပိုစားဖြစ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆိုဒါနဲ့တခြား အကြော်အလှော်တွေ သိပ်မစားဖြစ်တော့ပါဘူး။
ဒါကြောင့် မိသားစုစုံလင်စွာနဲ့ ညစာစားတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်ဆီယမ်၊ သံဓာတ်နဲ့အမျှင်ဓာတ်တွေ ပြည့်စုံလုံလောက်စွာ ရရှိနေတာကို တွေ့ခဲ့ရပါတယ်။
ကလေးတွေ ပညာရေးအတွက် ပိုကောင်းခြင်း
ပညာရေး စွမ်းဆောင်ချက်နဲ့ မိသားစု အတူတူစားတဲ့ ညစာကလည်း ဆက်စပ်နေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်မှာ မိသားစု စုံလင်စွာနဲ့ ၅ ခါကနေ ၇ ခါကြား ညစာစားသုံးတဲ့ ဆယ်ကျော်သက်တွေဟာ အတန်းထဲမှာ A နဲ့ B grade တွေ ရရှိကြပါတယ်။
တစ်ပတ်မှာ ၃ ကြိမ်ထက်နည်းပြီး မိသားစု ညစာ စားသုံးသူတွေဟာ ပညာရေး စွမ်းဆောင်ချက်တွေမှာလည်း အားနည်းတာကို တွေ့ရှိရပါတယ်။
အစားအစာ အသစ်တွေ မြည်းစမ်းဖို့ အခွင့်အရေး ပိုရခြင်း
ကလေးတွေကို အရသာ အသစ်တွေ၊ အစားအသောက်အသစ်အဆန်းတွေ စားစေဖို့ အကောင်းဆုံးအချိန်က ညစာ ထမင်းဝိုင်းဘဲဖြစ်ပါတယ်။
ဒါကြောင့် ညစာ စားတဲ့အချိန်မှာ မိသားစု စုံစုံလင်လင်နဲ့ မတူညီတဲ့ဟင်းလျာ အသစ်အဆန်းတွေ ချက်ပြုတ်၊ ဝယ်ယူ စားသောက်သင့်ပါတယ်။
မိသားစုဝင်တွေကို ပိုပျော်ရွှင်စေခြင်း
မိဘနဲ့ အတူ ညစာစားတဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုကောင်းစေပြီး စိတ်ဓာတ်ပိုခိုင်မာစေပါတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး ဆက်ဆံရေးလည်း ပိုကောင်းစေပါတယ်။ မိသားစုဝင်တွေကို ပိုပြီး ပျော်ရွှင်စေကာ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။
ကယ်လိုရီပါဝင်မှု လျော့နည်းခြင်း
အိမ်မှာချက်တဲ့ အစားအစာတွေက စားသောက်ဆိုင်မှာ ချက်တဲ့ အစားအစာတွေထက်စာရင် ၆၀ ရာခိုင်နှုန်းလောက် ကယ်လိုရီပါဝင်မှုနှုန်း လျော့နည်းပါတယ်။ ဒါကြောင့် အိမ်ချက် အစားအစာတွေက ကျန်းမာရေးနဲ့ပိုညီညွတ်တယ်လို့ ပြောကြတာပါ။
ကလေးတွေကို ပိုကျန်းမာစေခြင်း
အိမ်မှာဘဲ မိသားစုနဲ့အတူ ညစာစားတဲ့ ကလေးဟာ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း တို့ ဖြစ်တာနည်းပါတယ်။ သူတို့က အာဟာရ ညီမျှတဲ့ အိမ်မှာချက်ပြုတ်တဲ့ အစားအစာတွေကို ပုံမှန်စားသောက်နေလို့ဖြစ်ပါတယ်။
မိသားစု ညစာက စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်း
၂၀၀၈ ခုနှစ်က IBM ကုမ္ပဏီက ဝန်ထမ်းတွေကို Brigham Young တက္ကသိုလ်က သုတေသနပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ သုတေသနအရ ရုံးမှာ နာရီပေါင်းများစွာအလုပ်လုပ်ပြီးဖြစ်လာတဲ့ စိတ်ဖိစီးမှုကို မိသားစု ညစာစားရင် လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ငွေကုန်ကြေးကျသက်သာခြင်း
ဟုတ်ပါတယ်။ အိမ်မှာ ချက်စားတာက အပြင်မှာ စားတာထက် ၂ ဆ၊ ၃ ဆလောက်သက်သာပါတယ်။ ဆိုင်တွေမှာ ၁ ခါသွားစားရင် လူ တစ်ယောက်ကို ၁ သောင်းကျပ်ဝန်းကျင်ကျပေမယ့် အိမ်မှာ ပိုက်ဆံ ၁ သောင်းနဲ့လူ ၂ ယောက်၊ ၃ ယောက်စာ ချက်စားလို့ရပါတယ်။
ခနော ကြက်သားမှုန့်
မြန်မာ ဟင်းလျာတွေကို ချက်ပြုတ်ရာမှာ ခနော ကြက်သားမှုန့်ကို မမေ့ဖို့လိုပါတယ်နော်။ ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ခနောကြက်သားမှုန့်က မြန်မာ ဟင်းလျာတွေကို အနံ့အရသာ သာလွန်ထူးကဲအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် အရသာရှိပြီး ကြည်နှုးဖွယ်ရာ မိသားစု အမှတ်တရတွေကို ဖန်တီးပေးနိုင်ပါတယ်။
ဒါကြောင့် ခနောကြက်သားမှုန့်နဲ့ ဟင်းလျာတွေချက်ပြုတ်ပြီး မိသားစုနဲ့ အတူ ဝေမျှ စားသောက်လိုက်ရအောင်။
ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားပါတယ်။
Credit : MyFood
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
စားသောက်ဖွယ်
»
ဗဟုသုတ
»
လူမှု့ဘဝ
»
အိမ်ထောင်မှုသုခ
» သိပံ္ပနည်းကျ လေ့လာတွေ့ရှိခဲ့တဲ့ မိသားစုနဲ့ အတူ ညစာ စားပေးခြင်းရဲ့ အကျိုးကျေးဇူး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။