iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းခ်က္တဲ့အလုပ္ကို မိခင္ေတြ၊ အထူးသျဖင့္ အိမ္ေထာင္ရွင္မေတြက သူတို႔ရဲ႕ တာ၀န္တစ္ရပ္လို သတ္မွတ္လိုက္ၾကတာေၾကာင့္ ဟင္းခ်က္တဲ့အလုပ္ကို ပ်င္းစရာေကာင္းတယ္လုိ႔ ထင္ျမင္ယူဆသြားေလ့ရွိပါတယ္။ အေနာက္တိုင္းႏိုင္ငံေတြမွာေတာ့ ဟင္းခ်က္တာဟာ အမ်ိဳးသမီးေတြအလုပ္လို႔ သီးသန္႕သတ္မွတ္တာမ်ိဳးမဟုတ္ဘဲ မိမိဝါသနာပါသလို အမ်ိဳးသားေတြေရာ အိမ္က မိသားစုဝင္ေတြပါ ဝင္ေရာက္ခ်က္ျပဳတ္ၾကပါတယ္။
ဟင္းခ်က္တဲ့အလုပ္က မိခင္တစ္ေယာက္တည္းရဲ႕ အလုပ္ မဟုတ္ပါဘူး။ မိသားစု ဝင္အားလံုးရဲ႕အလုပ္ လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ပိတ္ရက္မွာ မိသားစုနဲ႔ အတူ ေပ်ာ္ရႊင္စြာ ဟင္းခ်က္ႏိုင္မယ့္ နည္းလမ္းတခ်ိဳ႕ကို ေ၀မွ်ေပးလိုက္ပါတယ္။

ကိုယ့္ စိတ္ကူးထဲက မီးဖိုေခ်ာင္လို ျပင္ဆင္လိုက္ပါ
ပိုက္ဆံ ကုန္က်အမ်ားႀကီးခံၿပီး ေခတ္မီတဲ့ မီးဖိုေခ်ာင္ျပင္ရမယ္လို႔ မဆိုလိုပါဘူး။ အမ်ိဳးသမီးတိုင္းမွာေတာ့ ကိုယ့္မီးဖိုေခ်ာင္ေလးကို ဘယ္လိုျဖစ္ေစခ်င္သလဲဆိုတာ အေတြးထဲမွာရွိၾကပါတယ္။
ရွင္းလင္းၿပီး သန္႔ျပန္႔ေနတဲ့ မီးဖိုေခ်ာင္က စိတ္ၾကည္လင္မႈကို ေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ေပးၿပီး မီးဖိုေခ်ာင္ကို ရွင္းလင္းကာ မလိုအပ္တဲ့ ပစၥည္းေတြကို ဖယ္ရွားလိုက္ပါ။

ဟင္းလ်ာေတြျပင္ဆင္ရင္း မိသားစု ခ်စ္ျခင္း ေမတၱာ တိုးပြားႏိုင္ပါတယ္

တစ္ေယာက္တည္း ခ်က္ျပဳတ္ရင္း ဟင္းလ်ာျပင္ဆင္တာထက္ မိသားစုအတူ ခ်က္ျပဳတ္ျပင္ဆင္တာက ပိုၿပီး ေပ်ာ္ဖို႔ေကာင္းပါတယ္။
သင့္ ခင္ပြန္းက အသီးအရြက္ေတြကို လွီးခၽြတ္ေပးခ်ိန္မွာ သင့္ကေလးေတြက ပန္းကန္ေတြ ထုတ္ၿပီး ေဆးေၾကာ တည္ခင္းတာေတြ လုပ္ေဆာင္ႏိုင္ပါတယ္။

ကေလးေတြကို ႏိုင္သေလာက္ကူညီေစပါ
ကေလးေတြ ေတာ္ေတာ္မ်ားမ်ားက မိဘလုပ္ေနရင္ သူတို႔ ပါ၀င္ကူညီခ်င္ၾကပါတယ္။ ဒါကို အလုပ္ရႈပ္တယ္လို႔ မျမင္ဘဲ ပါ၀င္ခြင့္ေပးပါ။ ဟင္းခ်က္ေနခ်ိန္အတြင္းမွာဘဲ ကေလးေတြကို ဟင္းသီးဟင္းရြက္ ေ၀ါဟာရေတြနဲ႔ အာဟာရေတြကို ရွင္းျပေပးႏုိင္ပါတယ္။

မိသားစု၀င္ေတြ ႀကိဳက္နွစ္သက္တဲ့ဟင္းကို ခ်က္ပါ
လူတိုင္းက သူတို႔ ႀကိဳက္ႏွစ္သက္တဲ့ဟင္းလ်ာကို ခ်က္ျပဳတ္ေနခ်ိန္မွာ ပိုၿပီး ပါ၀င္ခ်င္ၾကပါတယ္။ ဒါေၾကာင့္ မိသားစု၀င္ေတြ ႀကိဳက္တဲ့ ဟင္းလ်ာကို ပိတ္ရက္ေတြမွာ အတူတကြ ခ်က္ျပဳတ္သင့္ပါတယ္။

ဟင္းလ်ာအသစ္အဆန္းေတြကို ခ်က္ျပဳတ္ပါ
တခါလာလည္း ဒီဟင္းလ်ာဘဲ ခ်က္ျပဳတ္ေနတာက အဆင္မေျပပါဘူး။ အားလံုးကို ၿငီးေငြ႔ေစပါတယ္။ ဒါေၾကာင့္ ဟင္းလ်ာအသစ္အဆန္းေတြကို မိသားစုနဲ႔အတူ ရွာေဖြ ခ်က္ျပဳတ္ၾကည့္ပါ။ ဒါဆိုရင္ ကေလးေတြကို အသစ္အဆန္းေတြ စမ္းသပ္ခ်င္၊ စြန္႔စားခ်င္တဲ့စိတ္ကိုပါ က်င့္ၿပီးသားျဖစ္သြားပါလိမ့္မယ္။

ၿပီးျပည့္စံုတဲ့ ဟင္းလ်ာရမယ္လုိ႔မေမွ်ာ္လင့္ထားပါနဲ႔
ဟင္းလ်ာေတြကို မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခ်က္ျပဳတ္ဖို႔ဘဲ အဓိကထားပါ။ အရသာအရမ္းေကာင္းၿပီး ၿပီးျပည့္စံုတဲ့ ဟင္းလ်ာတစ္ခု ရရွိဖို႔ မေမွ်ာ္လင့္ပါနဲ႔။ ဒါက ဟင္းခ်က္ၿပိဳင္ပြဲမဟုတ္ပါဘူး။
အတူတူ ဟင္းခ်က္ရင္း အစားအစာေတြ တူးသြားလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္မတင္ၾကဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ခ်က္ျပဳတ္ဖုိ႔က ပိုအေရးႀကီးပါတယ္။

ခ်က္မယ့္ ဟင္းလ်ာေတြကို ႀကိဳတင္ျပင္ဆင္ထားပါ
ဒီရုံးပိတ္ရက္မွာ ဘာခ်က္စားၾကမလဲဆိုတာ တျခားရက္ေတြကတည္းက မိသားစုနဲ႔တိုင္ပင္ထားပါ။ ၿပီးရင္ လိုအပ္တဲ့ ပစၥည္းေတြကို ခ်ေရးၿပီး ဘယ္သူက ဘယ္တာ၀န္ယူမလဲဆိုတာ ႀကိဳၿပီးခြဲထားပါ။ ဒါဆိုရင္ ရုံးပိတ္ရက္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ဟင္းခ်က္ႏိုင္ၾကမွာျဖစ္ပါတယ္။
ဒီေဆာင္းပါးကို ခေနာၾကက္သားမႈန္႔က ပံ့ပိုးေပးထားတာျဖစ္ပါတယ္။
ခေနာၾကက္သားမႈန္႔
ခေနာၾကက္သားမႈန္႔က ဟင္းလ်ာေတြကို အနံ႔အရသာ ထူးကဲေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးႏုိင္တဲ့အျပင္ မီးဖိုေခ်ာင္ထဲမွာ ယံုၾကည္မႈရွိရွိနဲ႔ဟင္းခ်က္ႏိုင္ေအာင္ ကူညီေပးပါတယ္။
ခေနာၾကက္သားမႈန္႔က ျမန္မာႏိုင္ငံကို မတင္သြင္းခင္မွာ ဌာေန တိုင္းရင္းသားေတြရဲ႕ ဟင္းခ်က္ပံုနည္းစနစ္ေတြ၊ လိုအပ္ခ်က္ေတြကို အေသးစိတ္ေလ့လာၿပီးမွ ထုတ္လုပ္ထားတာျဖစ္ပါတယ္။
ဒါေၾကာင့္ မိသားစုနဲ႔အတူ ဘ၀အမွတ္တရေတြ ဖန္တီးႏိုင္မယ့္ အရသာရွိၿပီး ေပ်ာ္ရႊင္ဖြယ္ရာ မိသားစု ထမင္း၀ိုင္းေလးျဖစ္ေအာင္ ခေနာၾကက္သားမႈန္႔ကို မေမ့ၾကပါနဲ႔ေနာ္။
Credit : MyFood
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 ဟင်းချက်တဲ့အလုပ်ကို မိခင်တွေ၊ အထူးသဖြင့် အိမ်ထောင်ရှင်မတွေက သူတို့ရဲ့ တာဝန်တစ်ရပ်လို သတ်မှတ်လိုက်ကြတာကြောင့် ဟင်းချက်တဲ့အလုပ်ကို ပျင်းစရာကောင်းတယ်လို့ ထင်မြင်ယူဆသွားလေ့ရှိပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာတော့ ဟင်းချက်တာဟာ အမျိုးသမီးတွေအလုပ်လို့ သီးသန့်သတ်မှတ်တာမျိုးမဟုတ်ဘဲ မိမိဝါသနာပါသလို အမျိုးသားတွေရော အိမ်က မိသားစုဝင်တွေပါ ဝင်ရောက်ချက်ပြုတ်ကြပါတယ်။

ဟင်းချက်တဲ့အလုပ်က မိခင်တစ်ယောက်တည်းရဲ့ အလုပ် မဟုတ်ပါဘူး။ မိသားစု ဝင်အားလုံးရဲ့အလုပ် လည်းဖြစ်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ ဟင်းချက်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။



ကိုယ့် စိတ်ကူးထဲက မီးဖိုချောင်လို ပြင်ဆင်လိုက်ပါ

ပိုက်ဆံ ကုန်ကျအများကြီးခံပြီး ခေတ်မီတဲ့ မီးဖိုချောင်ပြင်ရမယ်လို့ မဆိုလိုပါဘူး။ အမျိုးသမီးတိုင်းမှာတော့ ကိုယ့်မီးဖိုချောင်လေးကို ဘယ်လိုဖြစ်စေချင်သလဲဆိုတာ အတွေးထဲမှာရှိကြပါတယ်။

ရှင်းလင်းပြီး သန့်ပြန့်နေတဲ့ မီးဖိုချောင်က စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အချိန်ပေးပြီး မီးဖိုချောင်ကို ရှင်းလင်းကာ မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါ။



ဟင်းလျာတွေပြင်ဆင်ရင်း မိသားစု ချစ်ခြင်း မေတ္တာ တိုးပွားနိုင်ပါတယ်

တစ်ယောက်တည်း ချက်ပြုတ်ရင်း ဟင်းလျာပြင်ဆင်တာထက် မိသားစုအတူ ချက်ပြုတ်ပြင်ဆင်တာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။

သင့် ခင်ပွန်းက အသီးအရွက်တွေကို လှီးချွတ်ပေးချိန်မှာ သင့်ကလေးတွေက ပန်းကန်တွေ ထုတ်ပြီး ဆေးကြော တည်ခင်းတာတွေ လုပ်ဆောင်နိုင်ပါတယ်။



ကလေးတွေကို နိုင်သလောက်ကူညီစေပါ

ကလေးတွေ တော်တော်များများက မိဘလုပ်နေရင် သူတို့ ပါဝင်ကူညီချင်ကြပါတယ်။ ဒါကို အလုပ်ရှုပ်တယ်လို့ မမြင်ဘဲ ပါဝင်ခွင့်ပေးပါ။ ဟင်းချက်နေချိန်အတွင်းမှာဘဲ ကလေးတွေကို ဟင်းသီးဟင်းရွက် ဝေါဟာရတွေနဲ့ အာဟာရတွေကို ရှင်းပြပေးနိုင်ပါတယ်။



မိသားစုဝင်တွေ ကြိုက်နှစ်သက်တဲ့ဟင်းကို ချက်ပါ

လူတိုင်းက သူတို့ ကြိုက်နှစ်သက်တဲ့ဟင်းလျာကို ချက်ပြုတ်နေချိန်မှာ ပိုပြီး ပါဝင်ချင်ကြပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ ကြိုက်တဲ့ ဟင်းလျာကို ပိတ်ရက်တွေမှာ အတူတကွ ချက်ပြုတ်သင့်ပါတယ်။



ဟင်းလျာအသစ်အဆန်းတွေကို ချက်ပြုတ်ပါ

တခါလာလည်း ဒီဟင်းလျာဘဲ ချက်ပြုတ်နေတာက အဆင်မပြေပါဘူး။ အားလုံးကို ငြီးငွေ့စေပါတယ်။ ဒါကြောင့် ဟင်းလျာအသစ်အဆန်းတွေကို မိသားစုနဲ့အတူ ရှာဖွေ ချက်ပြုတ်ကြည့်ပါ။ ဒါဆိုရင် ကလေးတွေကို အသစ်အဆန်းတွေ စမ်းသပ်ချင်၊ စွန့်စားချင်တဲ့စိတ်ကိုပါ ကျင့်ပြီးသားဖြစ်သွားပါလိမ့်မယ်။



ပြီးပြည့်စုံတဲ့ ဟင်းလျာရမယ်လို့မမျှော်လင့်ထားပါနဲ့

ဟင်းလျာတွေကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်ဖို့ဘဲ အဓိကထားပါ။ အရသာအရမ်းကောင်းပြီး ပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ခု ရရှိဖို့ မမျှော်လင့်ပါနဲ့။ ဒါက ဟင်းချက်ပြိုင်ပွဲမဟုတ်ပါဘူး။

အတူတူ ဟင်းချက်ရင်း အစားအစာတွေ တူးသွားလည်း တစ်ယောက်နဲ့တစ်ယောက် အပြစ်မတင်ကြဘဲ ပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်ဖို့က ပိုအရေးကြီးပါတယ်။



ချက်မယ့် ဟင်းလျာတွေကို ကြိုတင်ပြင်ဆင်ထားပါ

ဒီရုံးပိတ်ရက်မှာ ဘာချက်စားကြမလဲဆိုတာ တခြားရက်တွေကတည်းက မိသားစုနဲ့တိုင်ပင်ထားပါ။ ပြီးရင် လိုအပ်တဲ့ ပစ္စည်းတွေကို ချရေးပြီး ဘယ်သူက ဘယ်တာဝန်ယူမလဲဆိုတာ ကြိုပြီးခွဲထားပါ။ ဒါဆိုရင် ရုံးပိတ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းချက်နိုင်ကြမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်က ဟင်းလျာတွေကို အနံ့အရသာ ထူးကဲကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် မီးဖိုချောင်ထဲမှာ ယုံကြည်မှုရှိရှိနဲ့ဟင်းချက်နိုင်အောင် ကူညီပေးပါတယ်။

ခနောကြက်သားမှုန့်က မြန်မာနိုင်ငံကို မတင်သွင်းခင်မှာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဟင်းချက်ပုံနည်းစနစ်တွေ၊ လိုအပ်ချက်တွေကို အသေးစိတ်လေ့လာပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် မိသားစုနဲ့အတူ ဘဝအမှတ်တရတွေ ဖန်တီးနိုင်မယ့် အရသာရှိပြီး ပျော်ရွှင်ဖွယ်ရာ မိသားစု ထမင်းဝိုင်းလေးဖြစ်အောင် ခနောကြက်သားမှုန့်ကို မမေ့ကြပါနဲ့နော်။

Credit : MyFood

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





















 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top