ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ဟာ ရှင်းရှင်းဘွင်းဘွင်း ပြောဆိုနေထိုင်တတ်သူပါ ။သူမကို ချစ်ခင် အားပေးတဲ့ ပရိတ်သတ် အများအပြားရှိသလို ခင်ပွန်းသည် ကိုဘင်း ကလည်းပရိတ်သတ် တွေ အသိအမှတ်ပြုရတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးပါပဲ ။
ဒီလို အနုပညာ မိသားစု မို့ အနုပညာ အလုပ် ကို တန်ဖိုး ထားပေမယ့် သူမတို့ အလုပ် ကို တန်ဖိုး မထားတဲ့ ဇာတ်ကား ရိုက်ကွင်း တာဝန်ရှိသူတစ်ဦးကိုသူမက မကျေနပ်တာတွေ ဒဲ့ပြောထားတာပါ ။
ကဲ….ရေးပြီနော်…စကားလုံး များကြမ်းတမ်းရိုင်းစိုင်းသွားရင်ဖြင့် ခွင့်လွတ်ပေးပါလို့ကြို တောင်းပန်ထားပရစေ….
ပွင့်လင်းမြင်သာမှု ရှိတဲ့ခေတ်မှာ ပွင့်ပွင့်လင်းလင်းပဲရှိချင်ပါတယ်….ခုချောင်းသာ မှာသွားရိုက်တဲ့ ရုပ်ရှင်ကားကြီး ရဲ့ အတွေ့အကြုံ လေးပါ….
ဒါရိုက်တာ က By name တပ်ပြီးခေါ်လို့ ဈေးပိုရဖို့ မမျှော်လင့်နဲ့…..လက်ရှိယူနေတဲ့ ဈေး ထက် ၁သိန်းတိတိမရရအောင်စစ်တယ်….ထားလိုက်တော့….ဝတ်ရတာတွေ တွေ့မှာပါ….ဒါရိုက်တာ ပြောတဲ့အတိုင်း ကာရိုက်တာ ကို သစ္စာ ရှိပါတယ်…..အိတ်ထဲကစိုက်ပြီးကိုဝယ်ပါတယ်…..မကျန်ပါဘူး …ဒါလဲ ဘာမှမဖြစ်ပါဘူး…ကိုယ့်ကိုပေးတဲ့ ကာရိုက်တာ ကို ပီပြင်အောင်လုပ်ရမှာပဲ….ခိုလို့ရပေမယ့် မခိုခဲ့ပါဘူး….မခေါ်စဖူး မိတ်ကပ် ဆရာပါ ခေါ်လိမ်းတာပါ…..ရန်ကုန် မှာ ရိုက်ကတည်းက တင်းနေတာပါ…..ဟိုတယ် မှာ ရိုက်တော့
ကိုယ် ပိုက်ဆံ နဲ့ကိုယ် အခန်းဌားပြီးနေရတယ်….ဒါလဲ ရသေးတယ်…..ခု ချောင်းသာ သွားရိုက်တော့ ကျွန်မ ခလေးနဲ့မိသားစုပါလာတယ်…ကိုယ့်စရိတ်နဲ့ကိုယ်လိုက်တာနော်…..ပါလာတယ်ဆိုလို့ အခန်း တွေဌားပေး ထမင်းတွေကျွေးတယ် ထင်နေမှာစိုးလို့….
ကဲ….စပြီ…..ကျွန်မတို့ ဇာတ်ပို့ တွေကိုထားပေးတဲ့နေရာ….နံပါတ် ၁….ရိုက်ကွင်းနဲ့ ဝေးတယ်…ကျွန်မကကားပါတယ်….ထားလိုက်….ကားမပါတဲ့သူတွေ ဆိုင်ကယ် ကယ်ရီ နဲ့သွားရပြန်ရတယ်….
နံပါတ် မှာ ၂…ရန်ကုန် မှာ စရိုက်တဲ့နေ့ကတည်းက ပြန်တဲ့နေ့အထိ ရေ လုံးဝမတိုက်ပါဘူး….
အဓိက Main တွေကျတော့ မနက်ထဲက နောက်လိုက်တွေလက်ထဲ ရေဗူး တွေ သွားသွားပေးနေတာ တွေ့ရတယ်……ဟုတ်ကဲ့….ကျွန်မတို့ ဇာတ်ပို့ တွေက ရေသောက့် ပါးစပ်မပါလာပါဘူး….တော်ကီတွေပြောရလို့ သောင်ပြင်မှာပြေးရလို့ မမောတတ်ပါဘူးရှင်…ရေဆာလို့တောင်းတိုင်း ကိုယ့်ဖာသာ သူတောင်းစား ဘဝ ကိုရောက်သွားသလိုကို ခံစားမိတယ်….ပြန်ပြောတာလေးက လှပါတယ်….ရေတွေကကားပေါ်မှာပါတယ်တဲ့…. အလုပ် တွေတအားရှုတ်နေကြတာ…လိုက်မပေးနိုင်ဘူးတဲ့….သြော်….လို့ တစ်လုံးပဲ ထွက်သွားတယ်…ပါးစပ်က….ရိုက်တဲ့ဟော်တယ်ကမှာသောက်တော့ ဝိတ်တာကလာပြောတယ်….တစ်ခါထဲရှင်းပါတဲ့….အမတို့မန်နေဂျာက မှာထားလို့တဲ့…. 🙂 🙂 :)နောက်နေ့ရေဗူးကို ပါကင်လိုက်ယူချလာလိုက်တယ်….ဇာတ်ပို့တွေရော စက်အဖွဲ့ကရော အကုန်လုံးလာယူ သောက်ကြတယ်…. မှတ်ထား ရေအကျိုးဆယ်ပါး အလှူ တောင်ဖြစ်သေးတယ်..
နံပါတ်မှာ ၃….ချောင်းသာ မှာထားတဲ့ အခန်း ၂သောင်းခွဲခန်းတဲ့ရှင်….ကန်တော့ပါရဲ့….ဖာခန်းလားမှတ်ရတယ်….အိပ်ယာခင်းက အကွက်ပေါင်းများစွာစောင်ဆိုတာ အရောင် တောင်မရှိတော့ဘူး ရွံလို့ခုံပေါ်တင်ထားရတယ်….tv ရေခဲသေတ္တာပါဖို့နေနေသာသာ ရေဗူး တောင်မပေးဘူး….အိမ်သာ ရေချိုးခန်း ဆိုတာ တွေးသာကြည့်လိုက်တော့…..air con က တပ်ထားတာ ဟန်ပြ….မလာတာများတယ်….လာတော့လဲ ဘေးမှာ ရထားကြီး တစင်းခုတ်မောင်းနေသလို အသံကြီးနဲ့….ခြင်တွေကလှူ ထားတဲ့သွေးတွေစုတ်ပြီး ပျံတောင်မပျံနိုင်ကြဘူး….ကဲ….၁ရက်လုံး ၁ညလုံး ဒုက္ခတွေခံ နေပြီး မနက်ကျတော့ ကိုယ့်အိတ်ကစိုက်ကာ ပြောင်းလိုက်ရတယ်….၃သောင်းခန်း ရှုတင်နဲ့မျက်စောင်းထိုးလေးပါ….သပ်ရပ်သန့်ရှင်းမှု့ ဝန်ဆောင်မှု့ ဖက်ဆက်လတီ အပြည့်…..သူတို့ထားတဲ့ ၂သောင်းခွဲနဲ့ ၅ထောင်ပဲကွာတာနော်….ကျွန်မ တို့ အဲ့လောက်အဆင့်နဲ့တော့ နေသင့်ပါတယ်ရှင်….ကိုယ်တွေကိုသာ ဖာခန်းလောက်ကိုထားတာ….မန်နေဂျာ က သူ့ မိသားစု လိုက်လာတော့ ၅သောင်းခွဲတန်တဲ့ ဟိုတယ် မှာ ထားတယ်ရှင်…သူ့ပိုက်ဆံနဲ့သူထားတယ်ဆိုပေမယ့် ကိုယ်ချင်းလေးတော့စာပေးလေ….ကျွန်မတို့က အပျော်လိုက်လာကြတာမဟုတ်ဘူး….ရိုက်တော့ day night …ညပြန်ပြီးအိပ်ယာလေးပေါ်ခေါင်းချတဲ့အချိန်လေးကိုတော့ စုတ်ပြတ်နံစော်နေတဲ့ ဖာခန်းလိုနေရာမှာ မထားသင့်ဘူးပေါ့ရှင်….
ပရိုဂျူဆာ တွေက အဲဒါတွေဘာမှမသိဘူးတဲ့…အန်တီတို့…မသိတော့ သိအောင်တော့ပြောပြခဲ့လိုက်တယ်လေ….supporting တွေရင်ထဲမှာ အကုန် feel ဖြစ်နေကြတယ်….ထမင်းအိုးကွဲမှာစိုးလို့မပြောကြတာပဲရှိမယ်….ရေးချင်တာတွေရှိသေးတယ် ကျန်သေးတယ်….ဒါပေမယ့် ဒီလောက်ပါပဲ….
ps…အခု ကားရဲ့ တာဝန်ရှိသူကို ရေးခြင်းဖြစ်ပါတယ်
တခြားမန်နေဂျာများ လုံးဝလုံးဝ ရေးခြင်းပြောခြင်းမဟုတ်ပါ….:) 🙂 လို့ သူမက ဆိုတာပါ ။
Credit: lwinpyin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...