တားမဖြစ်စေပါ။
Credit: Ygnnews
ဆီးလမ်းကြောင်းအထူးကုပါရဂူ၏ရှင်းပြချက်အရအမျိုးသားများကာမစိတ်လျော့ကြ ခြင်းဆိုသည်မှာလိင်ဆက်ဆံသောသူများကာလကြာရှည်စွာကာမစိတ်လျော့နည်းခြင်း(သို့)ကာမစိတ်မရှိခြင်းကိုခေါ်ပါသည်။ကာမစိတ်လျော့နည်းသွားလျှင်အမျိုးသားများ၏ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။ထို့ကြောင့်ကာမစိတ်လျော့နည်းခြင်းလက္ခဏာကိုသိရှိပါကအချိန်မီကုသမှုခံယူသင့်ပါသည်။
အမျိုးသားများကာမစိတ်လျော့ကျခြင်း၏လက္ခဏာများ
အမျိုးသားများကာမစိတ်လျော့ကျခြင်းမှာကာမစိတ်ဆန္ဒလုံးဝမရှိခြင်းနှင့်လိင်ဆက်ဆံခဲ့လျှင်လည်းစိတ်မအီမသာဖြစ်ကာပျော်ရွှင်မှုမရှိခြင်း၊စိတ်ညစ်ရခြင်း၊ကာမစိတ်ဆန္ဒကိုပြင်းထန်စွာကန့်ကွက်ခြင်းနှင့်ငြင်းဆန်ခြင်းတို့ဖြစ်တတ်ပါသည်။အချို့လူနာရှင်များသည်လိင်ဆက်ဆံမှုကိုဝန်မခံခြင်းမှာဝမ်းနည်းသောစိတ်ကိုလျော့ကြစေသောနည်းလမ်းဖြင့်မိမိကိုယ်ကိုကာကွယ်ကြသည်။
ကာမစိတ်လျော့ကြသောလူနာသည်ကာမစွမ်းအားအဟန့်အတားရှိသောလူနာထက်ပို၍ဒေါသထွက် လွယ်ပျော့ညံ့ပြီးမိမိကိုယ်ကိုပို၍ကာကွယ်ကြသည်။
ကာမစိတ်လျော့ကြခြင်းသည်စိုးရိမ်ပူပန်ခြင်း၊စိတ်ဓါတ်ကျခြင်းနှင့်အမြဲဒွန်တွဲနေတတ်သည်။ကာမစိတ် လျော့ကြသောလူနာသည်ကာမစိတ်အထွတ်အထိပ်မရောက်သောသူနှင့်စိတ်လှုပ်ရှားမှုအနှောက်အယှက်ရှိ သောသူထက်ပို၍ခေါင်းမာပြီးရောဂါလက္ခဏာအလွန်ဆိုးဝါးသည်။
ကာမစိတ်အနှောက်အယှက်ဖြစ်စေသောအကြောင်းရင်းမှာများသောအားဖြင့်မိမိ၏နေထိုင်မှုပေါ်တွင် စိတ်ပျက်ခြင်းနှင့်မျှော်လင့်ချက်ကင်းမဲ့ခြင်း၊လုပ်ငန်းအဆင်မပြေခြင်း၊လူမှုဆက်ဆံရေးအဆင်မပြေခြင်း၊အိမ် ထောင်ရေးပဋိပက္ခဖြစ်ခြင်းတို့ကြောင့်စိတ်ကျဉ်းကြပ်ခြင်း၊ဝမ်းနည်းခြင်း၊စိတ်အလိုမကျခြင်းဖြစ်ပြီးကာမစိတ်များကျဆင်းစေပါသည်။
ရွှေပိတောက်ဆေးရုံဆီးလမ်းကြောင်းအထူးကုပါရဂူ၏ရှင်းပြချက်အရအချို့လူနာရှင်များသည်ကာမစိတ်လျော့ကျခြင်း၊လိင်တံမကြွခြင်း(သို့)လိင်တံကြွသော်လည်းမမာခြင်းများဖြစ်တတ်ပါသည်။သို့သော်အချို့သောလူ
နာရှင်များတွင်ကာမစွမ်းအားပုံမှန်ရှိပါသည်။ထို့နောက်ကာမစိတ်၏တုံ့ပြန်မှုကိုမထိခိုက်ဘဲပုံမှန်အတိုင်းလိင်ဆက်ဆံမှုပြုလုပ်နိုင်ပါသည်။လိင်ဆက်ဆံသည့်အချိန်တွင်လည်းကာမစိတ်အထွတ်အထိပ်ရောက်ခြင်းကိုအဟန့်အ တားမဖြစ်စေပါ။
ဆီးလမ်းကြောင်းမျိုးပွားအင်္ဂါရောဂါရှိသူများသည်လိင်ဆက်ဆံချိန်တွင်ပုံမှန်မဟုတ်သောတုံ့ပြန်မှုများဖြစ်ပေါ်တတ်ပါသည်။ဥပမာ-နာတာရှည်ဆီးကျိတ်ရောင်ရမ်းခြင်း၊ကပ္ပယ်အိတ်အမြှေးပါးရောင်ရမ်းခြင်း၊ဆီးလမ်း ကြောင်းရောင်ရမ်းခြင်းစသည်တို့ဖြစ်ပါသည်။ထို့အပြင်ဟော်မုန်းဓါတ်မမှန်ခြင်းရောဂါ၊တကိုယ်လုံးနာတာရှည် ရောဂါအမျိုးမျိုးတို့လည်းဖြစ်နိုင်ပါသည်။ဖိုဓါတ်ဟော်မုန်းထုတ်လွှင့်မှုနည်းခြင်းကြောင့်လည်းကာမစိတ်ကိုထိခိုက်စေပါသည်။ခန္ဓာကိုယ်ပင်ပန်းနေသောအချိန်တွင်လည်းကာမစိတ်ဆန္ဒလျော့ကျတတ်ပါသည်။
ကြာရှည်စွာကာမစိတ်လျော့ကျခြင်းသည်လင်မယားကြား၏ချစ်ခင်ကြင်နာမှုကိုထိခိုက်စေရုံမကခန္ဓာကိုယ်နှင့်အာရုံကြောအခြေအနေအလိုက်တုံ့ပြန်ခြင်းကြောင့်အလေးထားပြီးဂရုစိုက်သင့်သည်။
ထို့အပြင်ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကိုလည်း အချိန်မီစစ်ဆေးပြီးရောဂါလက္ခဏာတွေ့ရှိပါကလျင်မြန်စွာကုသသင့်ပါ သည်။အိမ်ထောင်သည်များသည်အသက်အရွယ်ကြီးလာသည်နှင့်အမျှကာမစိတ်ဆန္ဒများတဖြည်းဖြည်းလျော့ ကျလာခြင်းသည်ပုံမှန်အားဖြင့်ရောဂါလက္ခဏာမဟုတ်ပါ။
Credit: Ygnnews
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
»
လူမှု့ဘဝ
» အမျိုးသားများ ကာမစိတ် လျော့ကျ လာသောအခါ ဖြစ်လေ့ရှိသော လက္ခဏာများ (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။