iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္တိုင္းက ကိုယ္နဲ႔ လိုက္ဖက္ေနတာမဟုတ္လို႔ ကိုယ္နဲ႔ အဆင္ေျပနုိင္မယ့္ မိတ္ကပ္မ်ိဳးကို ေရြးခ်ယ္တတ္ဖို႔ကလည္း တကယ္ကို အေရးႀကီးပါတယ္ေနာ္.. မိတ္ကပ္လိမ္းတဲ့အခါ အေရျပားေပၚလိုက္ၿပီး သံုးမယ့္ပစၥည္းေတြ ေရြးခ်ယ္တာက အရမ္းကို ထိေရာက္ၿပီး မိတ္ကပ္လည္းၾကာရွည္ခံပါတယ္။ ဒီတစ္ခါေတာ့ ေျခာက္ေသြ႔တဲ့ အေရျပားနဲ႔ အဆီျပန္တဲ့အေရျပားအတြက္ အသံုးဝင္မယ္ထင္တဲ့ မိတ္ကပ္လိမ္းနည္းေလး ေဖာ္ျပေပးလိုက္ပါတယ္။

ေျခာက္ေသြ႔တဲ့အေရျပား

ဘယ္အေရျပားပဲ ရွိပါေစ။ အရင္ဆံုး မိတ္ကပ္မလိမ္းခင္ မ်က္ႏွာသစ္ေဆးနဲ႔ အရင္သစ္ပါ။ ေျခာက္ေသြ႔တဲ့ အေရျပားအတြက္ မ်က္ႏွာသစ္ေဆးကို အေပ်ာ့စားပဲသံုးပါ။ မ်က္ႏွာသစ္ၿပီးရင္ အစိုဓာတ္ထိန္းေဆး (Moisturizer) လိမ္းပါ။ ေရဓာတ္မ်ားမ်ားပါတဲ့ အစိုဓာတ္ထိန္းေဆး (Moisturizer) ကိုေရြးေပးပါ။ အသားပိုေျခာက္တတ္တဲ့ ေနရာေလးေတြကို ပိုလိမ္းေပးပါ။ ျပီးသြားရင္ Primerသံုးပါ။ Primer သံုးျခင္းက အသားေရကို ေခ်ာေမြ႔ေစၿပီး မိတ္ကပ္လိမ္းတဲ့အခါ ပိုအဆင္ေျပပါတယ္။ Foundation Primer ေရာ Eye Primer ႏွစ္ခုလံုးသံုးနိုင္ရင္ ပိုေကာင္းပါတယ္။ တိုနာ သံုးမယ္ဆုိရင္လည္း အသားေျခာက္တဲ့ သူေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ တိုနာေတြရွိတာမို႔ အဲ့လို တိုနာေလးေတြကို ေရြးသံုးေပးပါ။ ျပီးရင္ ႏႈတ္ခမ္းသားကို အစိုဓာတ္ျဖည့္ေပးတဲ့ အဆီတစ္ခုခုဆိုးပါ။ ျပီးရင္ေတာ့ မိတ္ကပ္စလိမ္းလို႔ရပါၿပီ။ မိတ္ကပ္ေရြးခ်ယ္တဲ့အခါ အသားေျခာက္တဲ့ အေရျပားအတြက္ သီးသန္႔ထုတ္တဲ့ မိတ္ကပ္မ်ိဳးေရြးခ်ယ္ေပးပါ။ မိတ္ကပ္အရည္မ်ိဳးဆို ပိုေကာင္းပါတယ္။ Matte ပံုစံေတြ ေရွာင္ပါ။ Eye makeup ကိုေတာ့ ၾကိဳက္သလို ျခယ္ပါ။ ပါးနီကို အရည္နဲ႔အစက္ခ်ၿပီး သံုးရတာမ်ိဳးေလးေတြ သံုးပါ။ မိတ္ကပ္အားလံုးျပီးတဲ့အခါ setting spray ျဖန္းခ်င္တယ္ဆိုလည္း ျဖန္းေပးႏိုင္ပါတယ္။

Related Article >>> မိတ္ကပ္မလိမ္းခင္ လုပ္သင့္တဲ့ skincare အဆင့္(၆)ဆင့္

အဆီျပန္တဲ့အေရျပား

အဆီျပန္တဲ့အေရျပားကေတာ့ မ်က္နွာသစ္တဲ့အခါ ေရေႏြးေလးနဲ႔ ေသခ်ာသစ္ပါ။ မ်က္ႏွာသစ္ၿပီးတဲ့အခါ တိုနာသံုးေပးဖို႔ လိုပါတယ္။ တိုနာက မ်က္ႏွာသစ္ၿပီး က်န္ခဲ့တဲ့အဆီေတြကို ဖယ္ရွားေပးပါတယ္။ ၿပီးရင္ Primer သံုးေပးပါ။ Primer ကို Matte Primer ေရြးခ်ယ္ေပးပါ။ မိတ္ကပ္လိမ္းတဲ့အခါလည္း Matte type ေရြးလိမ္းပါ။ မိတ္ကပ္လိမ္းတဲ့ေဖာ့ေလးနဲ႔ လိမ္းေပးပါ။ ေပါင္ဒါကိုလည္း Matte type ပဲသံုးပါ။ ကြန္ဆယ္လ္လာကိုလည္း ခရင္မ္ပံုစံေတြေရွာင္ပါ။ Eye makeupကို ေရစိုခံႏုိင္မယ့္ မိတ္ကပ္ေတြသံုးရင္ ပိုၾကာရွည္ခံပါတယ္။အျပင္သြားတဲ့အခါ အဆီစုပ္စကၠဴ ေဆာင္ထားပါ။ အဆီျပန္ျပီး မိတ္ကပ္ေတြပ်က္လာၿပီ ဆိုရင္ အဆီစုပ္စကၠဴနဲ႔ အရင္အဆီေတြ ဖယ္ရွားပါ။ ၿပီးမွ ေပါင္ဒါျပန္သံုးေပးပါ။

ဒါဆိုရင္ အဆီျပန္တတ္တဲ့ေယာင္းေတြအတြက္ေရာ အသားေျခာက္တတ္တဲ့ေယာင္းေတြအတြက္ပါ မိတ္ကပ္လိမ္းလို႔ အဆင္ေျပသြားၿပီေပါ့ေနာ္။
Credit: Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္
မိတ်ကပ်တိုင်းက ကိုယ်နဲ့ လိုက်ဖက်နေတာမဟုတ်လို့ ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် မိတ်ကပ်မျိုးကို ရွေးချယ်တတ်ဖို့ကလည်း တကယ်ကို အရေးကြီးပါတယ်နော်.. မိတ်ကပ်လိမ်းတဲ့အခါ အရေပြားပေါ်လိုက်ပြီး သုံးမယ့်ပစ္စည်းတွေ ရွေးချယ်တာက အရမ်းကို ထိရောက်ပြီး မိတ်ကပ်လည်းကြာရှည်ခံပါတယ်။ ဒီတစ်ခါတော့ ခြောက်သွေ့တဲ့ အရေပြားနဲ့ အဆီပြန်တဲ့အရေပြားအတွက် အသုံးဝင်မယ်ထင်တဲ့ မိတ်ကပ်လိမ်းနည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ခြောက်သွေ့တဲ့အရေပြား

ဘယ်အရေပြားပဲ ရှိပါစေ။ အရင်ဆုံး မိတ်ကပ်မလိမ်းခင် မျက်နှာသစ်ဆေးနဲ့ အရင်သစ်ပါ။ ခြောက်သွေ့တဲ့ အရေပြားအတွက် မျက်နှာသစ်ဆေးကို အပျော့စားပဲသုံးပါ။ မျက်နှာသစ်ပြီးရင် အစိုဓာတ်ထိန်းဆေး (Moisturizer) လိမ်းပါ။ ရေဓာတ်များများပါတဲ့ အစိုဓာတ်ထိန်းဆေး (Moisturizer) ကိုရွေးပေးပါ။ အသားပိုခြောက်တတ်တဲ့ နေရာလေးတွေကို ပိုလိမ်းပေးပါ။ ပြီးသွားရင် Primerသုံးပါ။ Primer သုံးခြင်းက အသားရေကို ချောမွေ့စေပြီး မိတ်ကပ်လိမ်းတဲ့အခါ ပိုအဆင်ပြေပါတယ်။ Foundation Primer ရော Eye Primer နှစ်ခုလုံးသုံးနိုင်ရင် ပိုကောင်းပါတယ်။ တိုနာ သုံးမယ်ဆိုရင်လည်း အသားခြောက်တဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာတွေရှိတာမို့ အဲ့လို တိုနာလေးတွေကို ရွေးသုံးပေးပါ။ ပြီးရင် နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်ပေးတဲ့ အဆီတစ်ခုခုဆိုးပါ။ ပြီးရင်တော့ မိတ်ကပ်စလိမ်းလို့ရပါပြီ။ မိတ်ကပ်ရွေးချယ်တဲ့အခါ အသားခြောက်တဲ့ အရေပြားအတွက် သီးသန့်ထုတ်တဲ့ မိတ်ကပ်မျိုးရွေးချယ်ပေးပါ။ မိတ်ကပ်အရည်မျိုးဆို ပိုကောင်းပါတယ်။ Matte ပုံစံတွေ ရှောင်ပါ။ Eye makeup ကိုတော့ ကြိုက်သလို ခြယ်ပါ။ ပါးနီကို အရည်နဲ့အစက်ချပြီး သုံးရတာမျိုးလေးတွေ သုံးပါ။ မိတ်ကပ်အားလုံးပြီးတဲ့အခါ setting spray ဖြန်းချင်တယ်ဆိုလည်း ဖြန်းပေးနိုင်ပါတယ်။

Related Article >>> မိတ်ကပ်မလိမ်းခင် လုပ်သင့်တဲ့ skincare အဆင့်(၆)ဆင့်

အဆီပြန်တဲ့အရေပြား

အဆီပြန်တဲ့အရေပြားကတော့ မျက်နှာသစ်တဲ့အခါ ရေနွေးလေးနဲ့ သေချာသစ်ပါ။ မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးပေးဖို့ လိုပါတယ်။ တိုနာက မျက်နှာသစ်ပြီး ကျန်ခဲ့တဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။ ပြီးရင် Primer သုံးပေးပါ။ Primer ကို Matte Primer ရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတဲ့အခါလည်း Matte type ရွေးလိမ်းပါ။ မိတ်ကပ်လိမ်းတဲ့ဖော့လေးနဲ့ လိမ်းပေးပါ။ ပေါင်ဒါကိုလည်း Matte type ပဲသုံးပါ။ ကွန်ဆယ်လ်လာကိုလည်း ခရင်မ်ပုံစံတွေရှောင်ပါ။ Eye makeupကို ရေစိုခံနိုင်မယ့် မိတ်ကပ်တွေသုံးရင် ပိုကြာရှည်ခံပါတယ်။အပြင်သွားတဲ့အခါ အဆီစုပ်စက္ကူ ဆောင်ထားပါ။ အဆီပြန်ပြီး မိတ်ကပ်တွေပျက်လာပြီ ဆိုရင် အဆီစုပ်စက္ကူနဲ့ အရင်အဆီတွေ ဖယ်ရှားပါ။ ပြီးမှ ပေါင်ဒါပြန်သုံးပေးပါ။

ဒါဆိုရင် အဆီပြန်တတ်တဲ့ယောင်းတွေအတွက်ရော အသားခြောက်တတ်တဲ့ယောင်းတွေအတွက်ပါ မိတ်ကပ်လိမ်းလို့ အဆင်ပြေသွားပြီပေါ့နော်။

Credit: Hana (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top