စိတ္ခံစားခ်က္တည္ၿငိမ္တာ၊ တည္ၿငိမ္ရင့္က်က္တဲ့သူေတြဟာ သူတို႕မေမွ်ာ္လင့္ထားတဲ့ ကိစၥတစ္ခုခုကို ႀကံဳရရင္ေတာင္ တုန္လႈပ္ေျခာက္ျခားတာမ်ိဳးမရွိပါဘူး။ တည္ၿငိမ္ရင့္က်က္တယ္ဆိုတာ အသက္အရြယ္နဲ႔မဆိုင္ပါဘူး။ တခ်ိဳ႕ကလည္း အသက္ငယ္ေပမယ့္ ရင့္က်က္တဲ့သူရွိသလို တခ်ိဳ႕ အသက္ႀကီးေနေပမယ့္လည္း မရင့္က်က္ေသးတဲ့သူေတြရွိပါတယ္။ တည္ၿငိမ္ရင့္က်က္သူတို႔ရဲ႕ အမူအက်င့္ ၅ ခုကို မွ်ေဝေပးပါမယ္။
၁။ စြန္႔စားလိုစိတ္ရွိတယ္
သူတို႔ဟာ စိတ္ေခၚမႈအသစ္ေတြကို ရင္ဆိုင္လိုစိတ္ စြန္႔စားလိုစိတ္ရွိၾကပါတယ္။ အေတြ႔အႀကံဳအသစ္၊ အခြင့္အေရးအသစ္ေတြကို ရရွိဖို႕အတြက္ စြန္႕စားရဲၾကတဲ့သူေတြပါ။ က်ရံႈးမႈေတြႀကံဳခဲ့ရင္ေတာင္ သင္ခန္းစာယူၿပီး အနာဂတ္မွာ ပိုမိုေကာင္းမြန္ဖို႔ ႀကိဳးစားၾကသူေတြျဖစ္ပါတယ္။
၂။ တာဝန္ယူမႈရွိတယ္
သူတို႔လုပ္လိုက္တဲ့အျပဳအမူတစ္ခုအတြက္ တာဝန္ယူလိုစိတ္အျပည့္ရွိၾကပါတယ္။ တျခားသူေတြကို အျပစ္တင္ေစာမွာမဟုတ္ပါဘူး။ အမွားလုပ္ရင္လည္း ဝန္ခံေတာင္းပန္ရဲတဲ့သတၱိရွိပါတယ္။
၃။ ပြင့္လင္းတယ္
သူတို႔ဟာ သူတို႔ရဲ႕ စိတ္ထဲမွာျဖစ္ေပၚေနတဲ့ ထင္ျမင္ခ်က္ေတြ၊ ခံစားခ်က္ေတြကို ဖြင့္ေျပာဖုိ႔ဝန္မေလးတတ္ၾကပါဘူး။
၄။ ျငင္းရမွာမေၾကာက္ပါဘူး
တခ်ိဳ႕က ကိုယ္လည္းမလုပ္ခ်င္ဘဲ ကိုယ့္အတြက္လည္းအဆင္မေျပႏိုင္ဘဲ အလုပ္တစ္ခုကိုပဲျဖစ္ျဖစ္ အကူအညီတစ္ခုကိုပဲျဖစ္ျဖစ္ ျငင္းရမွာ အားနာတတ္ေလ့ရွိပါတယ္။ တည္ၿငိမ္ရင့္က်က္တဲ့သူေတြကေတာ့ ျငင္းရမွာ မေၾကာက္ပါဘူး။
၅။ အနာဂတ္နဲ႔ပတ္သက္လို႔ တိက်တဲ့ ပန္းတိုင္ရွိတယ္
သူတို႔ဟာ အနာဂတ္နဲ႔ပတ္သက္လို႔ အခ်ိန္ျဖဳန္းတာမ်ိဳးမရွိပါဘူး။ အတိတ္ကအမွားအတြက္လည္း ထိုင္ၿပီးေနာင္တရမေနဘဲ သင္ခန္းစာယူၿပီး ပိုမိုေကာင္းမြန္ေအာင္ တည္ေဆာက္တတ္ၾကသူေတြျဖစ္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စိတ်ခံစားချက်တည်ငြိမ်တာ၊ တည်ငြိမ်ရင့်ကျက်တဲ့သူတွေဟာ သူတို့မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုကို ကြုံရရင်တောင် တုန်လှုပ်ခြောက်ခြားတာမျိုးမရှိပါဘူး။ တည်ငြိမ်ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ တချို့ကလည်း အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့သူရှိသလို တချို့ အသက်ကြီးနေပေမယ့်လည်း မရင့်ကျက်သေးတဲ့သူတွေရှိပါတယ်။ တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့် ၅ ခုကို မျှဝေပေးပါမယ်။
၁။ စွန့်စားလိုစိတ်ရှိတယ်
သူတို့ဟာ စိတ်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုစိတ် စွန့်စားလိုစိတ်ရှိကြပါတယ်။ အတွေ့အကြုံအသစ်၊ အခွင့်အရေးအသစ်တွေကို ရရှိဖို့အတွက် စွန့်စားရဲကြတဲ့သူတွေပါ။ ကျရှုံးမှုတွေကြုံခဲ့ရင်တောင် သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်ဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။
၂။ တာဝန်ယူမှုရှိတယ်
သူတို့လုပ်လိုက်တဲ့အပြုအမူတစ်ခုအတွက် တာဝန်ယူလိုစိတ်အပြည့်ရှိကြပါတယ်။ တခြားသူတွေကို အပြစ်တင်စောမှာမဟုတ်ပါဘူး။ အမှားလုပ်ရင်လည်း ဝန်ခံတောင်းပန်ရဲတဲ့သတ္တိရှိပါတယ်။
၃။ ပွင့်လင်းတယ်
သူတို့ဟာ သူတို့ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ထင်မြင်ချက်တွေ၊ ခံစားချက်တွေကို ဖွင့်ပြောဖို့ဝန်မလေးတတ်ကြပါဘူး။
၄။ ငြင်းရမှာမကြောက်ပါဘူး
တချို့က ကိုယ်လည်းမလုပ်ချင်ဘဲ ကိုယ့်အတွက်လည်းအဆင်မပြေနိုင်ဘဲ အလုပ်တစ်ခုကိုပဲဖြစ်ဖြစ် အကူအညီတစ်ခုကိုပဲဖြစ်ဖြစ် ငြင်းရမှာ အားနာတတ်လေ့ရှိပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့သူတွေကတော့ ငြင်းရမှာ မကြောက်ပါဘူး။
၅။ အနာဂတ်နဲ့ပတ်သက်လို့ တိကျတဲ့ ပန်းတိုင်ရှိတယ်
သူတို့ဟာ အနာဂတ်နဲ့ပတ်သက်လို့ အချိန်ဖြုန်းတာမျိုးမရှိပါဘူး။ အတိတ်ကအမှားအတွက်လည်း ထိုင်ပြီးနောင်တရမနေဘဲ သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်တတ်ကြသူတွေဖြစ်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...