iMyanmarHouse.com - Best Property Website for Myanmar
×







သင်ဟာ ည အိပ်ချိန်မှာ အတွင်းခံ မဝတ်ပဲ အိပ်ဖူး ပါသလား။ ဒါမှ မဟုတ် ဘာမှ မဝတ်ပဲရော အိပ်ဖူး ပါ သလား။ အမျိုးသမီးတွေ ဟာ အတွင်းခံ မဝတ်ပဲ ဒါမှ မဟုတ် ဘာမှ မဝတ်ပဲ အိပ်ခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန် ပါတယ်လို့ သိရပါတယ်။

Shape မှာဖော်ပြထားတဲ့ ဆောင်းပါးထဲ မှာတော့ ပညာရှင်တွေ က ညဘက် အိပ်ချိန်တွေ မှာ အတွင်းခံ မဝတ်ပဲ အိပ်ဖို့ တိုက်တွန်းထားပါတယ်။

အတွင်းခံတွေ ဟာ ဘက်တီးရီးယား ပိုးတွေ ကပ်ငြိဖို့ ရာခိုင်နှုန်း များတဲ့နေရာ တစ်ခုပါ။ ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားထား၊ အပေါ့သွားပြီးတဲ့ အခါ ရေစိုစွတ် ကျန်ခဲ့တဲ့ အတွင်းခံတွေ နဲ့ တစ်ချိန်လုံး ထိတွေ့နေရမယ့် အမျိုးသမီး အင်္ဂါ ဟာ ဘက်တီရီးယား ပိုးမွှားတွေ ကပ်ငြိသွားစေနိုင်ပါတယ်။

ဒီလို မဟုတ်ရင်တောင် အတွင်းခံ ရဲ့ အသားကြောင့်လည်း အမျိုးသမီး အင်္ဂါ ပူစပ် ပူလောင် ဖြစ်စေ တာ မျိုးတွေ ဖြစ်စေနိုင်ပါတယ် လို့ ဒေါက်တာ Alyssa Dweck ကပြောထားပါတယ်။

တစ်ချို့ အမျိုးသမီးတွေ က အမျိုးသမီး အင်္ဂါတွေ ယောင်ယမ်းတာ၊ နာကျင်တာ မျိုးတွေ တစ်ခါ တစ်လေ ဖြစ် တတ်ပါတယ်။ သူတို့ဟာ ပို့လို့တောင် အတွင်းခံမဝတ်ပဲ အိပ်သင့်ပါသေးတယ်လို့ သူက ဆက်ပြီး ပြော ကြား သွားပါတယ်။

ဒါ့ကြောင့် အမျိုးသမီး အင်္ဂါ ကျန်းမာရေး အတွက် လုပ်ဆောင်ပေးသင့်တဲ့ အရာတွေမှာ ဒီအရာ ဟာ အရေး တစ်ကြီး ပါဝင်နေပြီး ဘာမှ မဝတ်ပဲ မအိပ်တတ် ရင်တောင် အပေါ် အကျီ၊ ဘောင်းဘီ ပွပွလေး ဝတ်ပြီး အောက်ခံဘောင်းဘီ ဝတ် မအိပ်တာဟာ အကောင်းဆုံးပါပဲ။

Credit: ဟန်နီ - Trend Myanmar ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top