iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕အရာေတြက မရွိမေကာင္း၊ ရွိမေကာင္း ဆိုေပမဲ့ ဆား၀က္ၿခံေတြကေတာ့ မရွိေလေကာင္းေလပါ။ ဒါေၾကာင့္ အခုေဖာ္ျပေပးခ်င္တာကေတာ့ တစ္ခ်က္တည္း အနာခံလိုက္႐ံုနဲ႔ ႏွာေခါင္း အနားက ဆား၀က္ၿခံေတြ ေျပာင္လက္တိုက္သြားေစမယ့္ နည္းလမ္းေလးတစ္ခုပဲ ျဖစ္ပါတယ္။ အဲဒါကေတာ့ ဘာ Skincare ပစၥည္းမ်ဳိးမွ သံုးစရာမလိုဘဲ လက္ႏွစ္ဖက္က လက္ေခ်ာင္းထိပ္ေလးေတြကိုစုု၊ ႏွာေခါင္း၀မွာ ေထာက္ၿပီး အေပၚကို ပင့္တင္ရင္း ဆား၀က္ၿခံ ေတြကို ညႇစ္ထုတ္နည္းပဲ ျဖစ္ပါတယ္။

ဒီနည္းလမ္းကိုေတာ့ အေမရိကန္ျပည္ေထာင္စု၊ Los Angeles ၿမိဳ႕သား ျဖစ္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ Jacob Acosta က လက္ေတြ႕လုပ္ေဆာင္ျပသခဲ့တာ ျဖစ္ၿပီး သူ႕ရဲ႕ ဗီဒီယို ကိုလည္း လူမႈကြန္ရက္မွာ မွ်ေ၀ခဲ့ပါတယ္။ သူ႕ရဲ႕ လက္ေတြ႕သ႐ုပ္ျပမႈဟာ အလုပ္ျဖစ္တာ ေတြ႕ရသလို ႏွားေခါင္း အနားက ဆားဝက္ၿခံေတြကို စကၠန္႔ပိုင္းအတြင္း ဖယ္ရွားရွင္းလင္းလိုက္ႏိုင္တာ ျမင္ရေပမဲ့ သူကိုယ္တိုင္ကေတာ့ ဒီလုပ္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး “ဒီနည္းလမ္းက နာေတာ့နာတယ္၊ ဘယ္ေလာက္အထိေတာင္လဲဆိုရင္ မ်က္ရည္က်မတတ္ပဲ၊ ႏွာေခါင္း ေသးသူေတြနဲ႔ အနာမခံႏိုင္တဲ့ ႏွာေခါင္း ပိုင္ရွင္ေတြကေတာ့ ဒီနည္းကို စမ္းသပ္ၾကည့္ဖို႔ မတိုက္တြန္းခ်င္ဘူး” လို႔ ဆိုပါတယ္။

ဘယ္လိုပဲေျပာေျပာ Jacob Acosta ကေတာ့ သူ႕ရဲ႕ အလုပ္ျဖစ္တဲ့ နည္းလမ္းအေပၚမွာ ဂုဏ္ယူေနၿပီး သူ႕ရဲ႕ ဗီဒီယိုဟာလည္း ၾကည့္႐ႈသူ ၁ ဒသမ ၆ သန္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။ ျဖစ္ခ်င္ေတာ့ သူ႕ရဲ႕ ဗီဒီယိုမွာ မွတ္ခ်က္လာေပးတဲ့တစ္ေယာက္ ဆိုရင္ “အဲဒီနည္းအတိုင္း လုပ္ၾကည့္တာ ႏွာေခါင္း က်ဳိးသြားတယ္” လို႔ေတာင္ ေျပာထားပါတယ္။ ဒါေၾကာင့္ မွတ္ခ်က္ လာေပးတဲ့ တစ္ေယာက္က တကယ္ပဲ ႏွာေခါင္း က်ဳိးက်ဳိး၊ မက်ဳိးက်ဳိး စာဖတ္ပရိသတ္ႀကီးကို သတိခ်ပ္ေစခ်င္တာကေတာ့ ဆား၀က္ၿခံ ေျပာင္ခ်င္ေဇာနဲ႔ ဇြတ္မလုပ္ၾကည့္ပါနဲ႔လို႔။
Credit: Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္
တချို့အရာတွေက မရှိမကောင်း၊ ရှိမကောင်း ဆိုပေမဲ့ ဆားဝက်ခြံတွေကတော့ မရှိလေကောင်းလေပါ။ ဒါကြောင့် အခုဖော်ပြပေးချင်တာကတော့ တစ်ချက်တည်း အနာခံလိုက်ရုံနဲ့ နှာခေါင်း အနားက ဆားဝက်ခြံတွေ ပြောင်လက်တိုက်သွားစေမယ့် နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဘာ Skincare ပစ္စည်းမျိုးမှ သုံးစရာမလိုဘဲ လက်နှစ်ဖက်က လက်ချောင်းထိပ်လေးတွေကိုစုု၊ နှာခေါင်းဝမှာ ထောက်ပြီး အပေါ်ကို ပင့်တင်ရင်း ဆားဝက်ခြံ တွေကို ညှစ်ထုတ်နည်းပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းကိုတော့ အမေရိကန်ပြည်ထောင်စု၊ Los Angeles မြို့သား ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Jacob Acosta က လက်တွေ့လုပ်ဆောင်ပြသခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဗီဒီယို ကိုလည်း လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ သူ့ရဲ့ လက်တွေ့သရုပ်ပြမှုဟာ အလုပ်ဖြစ်တာ တွေ့ရသလို နှားခေါင်း အနားက ဆားဝက်ခြံတွေကို စက္ကန့်ပိုင်းအတွင်း ဖယ်ရှားရှင်းလင်းလိုက်နိုင်တာ မြင်ရပေမဲ့ သူကိုယ်တိုင်ကတော့ ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး “ဒီနည်းလမ်းက နာတော့နာတယ်၊ ဘယ်လောက်အထိတောင်လဲဆိုရင် မျက်ရည်ကျမတတ်ပဲ၊ နှာခေါင်း သေးသူတွေနဲ့ အနာမခံနိုင်တဲ့ နှာခေါင်း ပိုင်ရှင်တွေကတော့ ဒီနည်းကို စမ်းသပ်ကြည့်ဖို့ မတိုက်တွန်းချင်ဘူး” လို့ ဆိုပါတယ်။

ဘယ်လိုပဲပြောပြော Jacob Acosta ကတော့ သူ့ရဲ့ အလုပ်ဖြစ်တဲ့ နည်းလမ်းအပေါ်မှာ ဂုဏ်ယူနေပြီး သူ့ရဲ့ ဗီဒီယိုဟာလည်း ကြည့်ရှုသူ ၁ ဒသမ ၆ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ချင်တော့ သူ့ရဲ့ ဗီဒီယိုမှာ မှတ်ချက်လာပေးတဲ့တစ်ယောက် ဆိုရင် “အဲဒီနည်းအတိုင်း လုပ်ကြည့်တာ နှာခေါင်း ကျိုးသွားတယ်” လို့တောင် ပြောထားပါတယ်။ ဒါကြောင့် မှတ်ချက် လာပေးတဲ့ တစ်ယောက်က တကယ်ပဲ နှာခေါင်း ကျိုးကျိုး၊ မကျိုးကျိုး စာဖတ်ပရိသတ်ကြီးကို သတိချပ်စေချင်တာကတော့ ဆားဝက်ခြံ ပြောင်ချင်ဇောနဲ့ ဇွတ်မလုပ်ကြည့်ပါနဲ့လို့။

Credit: Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top