iMyanmarHouse.com - Best Property Website for Myanmar
×

မိသားစုေတြရဲ႕ ကၽြမ္းက်င္တဲ့ စာဖိုမွဴး ေတြကို ေပၚေပၚထင္ထင္ ေပၚထြက္လာေစဖို႔ ခေနာက “ေပ်ာ္ရႊင္ဆင္ႏႊဲ ခေနာ ဟင္းခ်က္ၿပိဳင္ပြဲ”ကို က်င္းပေနပါတယ္။

ျမန္မာႏိုင္ငံ အႏွံ႔အျပားက မိသားစု စားဖိုမွဴး ေတြ ၀င္ေရာက္ယွဥ္ၿပိဳင္တာေၾကာင့္ ဟင္းလ်ာေတြက တမူထူးျခားၿပီး ဆန္းသစ္ေနပါတယ္။

ဟင္းခ်က္ၿပိဳင္ပြဲကို ေအာက္တိုဘာလ ၁၃ ရက္မွာ ရန္ကုန္ၿမိဳ႕၊ City Mall St.John မွာ စတင္က်င္းပေနၿပီး ေအာက္တိုဘာလ ၁၅ ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။
မိသားစုမွာ ဟင္းခ်က္ေနၾကသူေတြ (မိသားစု စားဖိုမွဴးေတြလို႔ ေခၚဆိုခ်င္ပါတယ္) ပါ၀င္ ယွဥ္ၿပိဳင္ၾကၿပီး တစ္ရက္ကို ဟင္းခ်က္ၿပိဳင္ပြဲ ၂ပြဲ နဲ႔ တစ္ပြဲမွာ ၃ ေယာက္စီယွဥ္ၿပိဳင္မွာျဖစ္တာေၾကာင့္ စုစုေပါင္း ၁၂ ေယာက္၀င္ေရာက္ယွဥ္ၿပိဳင္ၾကပါတယ္။

ဟင္းခ်က္ၿပိဳင္ပြဲ ၁ ပြဲစီမွာ Final ကို တက္ေရာက္ဖို႔ တစ္ေယာက္စီ ေရြးခ်ယ္မွာျဖစ္တာေၾကာင့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔၊ Final ပြဲမွာ ၄ေယာက္ ယွဥ္ၿပိဳင္ေရြးခ်ယ္ ဆုခ်ီးျမွင့္မွာပါ။
ေအာက္တိုဘာလ ၁၃ ရက္ေန႔ရဲ႕ ထူးျခားတဲ့ ဟင္းလ်ာမ်ား

နံနံပင္ ဟင္းရည္
နံနံပင္ ဟင္းရည္ဆိုရင္ ၾကားလိုက္သူတိုင္း အံ့ၾသၾကမွာပါ။ စာေရးသူလည္း စၾကားကတည္းက ဘယ္လို ဟင္းရည္ပါလိမ့္လို႔ ေတြးမိပါတယ္။

နံနံပင္၊ မုန္လာဥနီ ရယ္၊ ၾကက္သားမႈန္႔အနည္းငယ္ နဲ႔ ခ်က္ျပဳတ္ထားၿပီး နံနံပင္ အနံ႔ေလးက ေမႊးေနပါတယ္။

နံနံပင္ ဟင္းရည္ကို ခေနာ ဟင္းခ်က္ၿပိဳင္ပြဲရဲ႕ ပထမပိုင္းၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္သူ ကိုရဲသူေအာင္ျဖစ္ပါတယ္။

ဒါေပမယ့္ ခေနာဟင္းခ်က္ၿပိဳင္ပြဲရဲ႕ ေအာက္တိုဘာလ ၁၃ ရက္ေန႔၊ အမွတ္စဥ္(၁) ၿပိဳင္ပြဲကို ပန္းမုန္လာစိမ္းနဲ႔ ၾကက္ေပါင္းဟင္းခ်ိဳ ခ်က္ျပဳတ္တဲ့ ေျမာက္ဥကၠလာပက ေဒၚႏြယ္ႏြယ္၀င္းက ေနာက္ဆံုးၿပိဳင္ပြဲ Final ကို တက္ေရာက္သြားပါတယ္။
စာကေလးေခြ ဟင္းရည္
နံနံပင္ ဟင္းရည္လိုပါဘဲ ေနာက္ထပ္ ထူးဆန္းတဲ့ ဟင္းရည္က စာကေလးေခြ ဟင္းရည္ပါ။ ကၽြတ္ကၽြတ္၀ါးစားတဲ့ စာကေလးေခြကို ဟင္းရည္ခ်က္ထားတာပါ။

စာကေလးေခြရယ္၊ နံနံပင္ရယ္၊ ငရုတ္သီးစိမ္း အနီေရာင္တုိ႔နဲ႔ခ်က္ျပဳတ္ထားတာပါ။
ဒါေပမယ့္ အမွတ္စဥ္ (၂) ၿပိဳင္ပြဲကို ထား၀ယ္က လာေရာက္ယွဥ္ၿပိဳင္တဲ့ တုန္ယမ္းနဲ႔ပင္လယ္စာ အသီးအရြက္ေၾကာ္နဲ႔ ယွဥ္ၿပိဳင္သူ ကိုစိုးက ေနာက္ဆံုးၿပိဳင္ပြဲ final ကို တက္ေရာက္ခြင့္ရသြားပါတယ္။
ၿပိဳင္ပြဲရဲ႕စည္းကမ္း
ၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းစည္းကမ္းမွာ ၿပိဳင္ပြဲ၀င္ေတြက ျမန္မာ့ရိုးရာ အေၾကာ္ဟင္းလ်ာနဲ႔ လိုက္ဖက္မယ့္ ဟင္းခ်ိဳတစ္ခြက္ရယ္၊ ေသာက္စရာတစ္ခုရယ္ ခ်က္ျပဳတ္ရမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲ၀င္ေတြကို တစ္ေယာက္ကို အခ်ိန္ ၇ မိနစ္စီနဲ႔ ေငြက်ပ္ ၁ ေသာင္းေပးကာ ကိုယ္ခ်က္မယ့္ ဟင္းလ်ာေတြကို ၀ယ္ယူၿပီး ခ်က္ျပဳတ္ရတာျဖစ္ပါတယ္။

ေခါင္းစဥ္နဲ႔ ကိုက္ညီမႈ၊ အရသာနဲ႔ ဖန္တီးႏိုင္စြမ္း၊ ျပင္ဆင္ ဖန္တီး ပံုေဖာ္ႏိုင္မႈ၊ ခ်က္ျပဳတ္တဲ့ နည္းစနစ္၊ အခ်ိန္၊ က်န္းမာေရးနဲ႔ ညီညြတ္ သန္႔ရွင္းမႈ နဲ႔ အရသာ ဆိုတဲ့ အခ်က္ေတြအေပၚ မူတည္ၿပီး အကဲျဖတ္ အမွတ္ေပးသြားတာျဖစ္ပါတယ္။
အထူးအဆန္း ဟင္းလ်ာေတြ ျမည္းစမ္းခြင့္ရတဲ့ ခေနာ ဟင္းခ်က္ၿပိဳင္ပြဲ

ခေနာျမန္မာ Facebook Page ကေန ဟင္းခ်က္ၿပိဳင္ပြဲ၀င္ခ်င္သူ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ မိသားစု စားဖိုမွဴးေတြကို ေအာက္တိုဘာလ ၃ ရက္ေန႔ကတည္းက စတင္ေၾကညာၿပီး ေခၚယူေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိသားစုတွေရဲ့ ကျွမ်းကျင်တဲ့ စာဖိုမှူး တွေကို ပေါ်ပေါ်ထင်ထင် ပေါ်ထွက်လာစေဖို့ ခနောက “ပျော်ရွှင်ဆင်နွှဲ ခနော ဟင်းချက်ပြိုင်ပွဲ”ကို ကျင်းပနေပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားက မိသားစု စားဖိုမှူး တွေ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် ဟင်းလျာတွေက တမူထူးခြားပြီး ဆန်းသစ်နေပါတယ်။

ဟင်းချက်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်မှာ ရန်ကုန်မြို့၊ City Mall St.John မှာ စတင်ကျင်းပနေပြီး အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
မိသားစုမှာ ဟင်းချက်နေကြသူတွေ (မိသားစု စားဖိုမှူးတွေလို့ ခေါ်ဆိုချင်ပါတယ်) ပါဝင် ယှဉ်ပြိုင်ကြပြီး တစ်ရက်ကို ဟင်းချက်ပြိုင်ပွဲ ၂ပွဲ နဲ့ တစ်ပွဲမှာ ၃ ယောက်စီယှဉ်ပြိုင်မှာဖြစ်တာကြောင့် စုစုပေါင်း ၁၂ ယောက်ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ဟင်းချက်ပြိုင်ပွဲ ၁ ပွဲစီမှာ Final ကို တက်ရောက်ဖို့ တစ်ယောက်စီ ရွေးချယ်မှာဖြစ်တာကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့၊ Final ပွဲမှာ ၄ယောက် ယှဉ်ပြိုင်ရွေးချယ် ဆုချီးမြှင့်မှာပါ။
အောက်တိုဘာလ ၁၃ ရက်နေ့ရဲ့ ထူးခြားတဲ့ ဟင်းလျာများ

နံနံပင် ဟင်းရည်
နံနံပင် ဟင်းရည်ဆိုရင် ကြားလိုက်သူတိုင်း အံ့သြကြမှာပါ။ စာရေးသူလည်း စကြားကတည်းက ဘယ်လို ဟင်းရည်ပါလိမ့်လို့ တွေးမိပါတယ်။

နံနံပင်၊ မုန်လာဥနီ ရယ်၊ ကြက်သားမှုန့်အနည်းငယ် နဲ့ ချက်ပြုတ်ထားပြီး နံနံပင် အနံ့လေးက မွှေးနေပါတယ်။

နံနံပင် ဟင်းရည်ကို ခနော ဟင်းချက်ပြိုင်ပွဲရဲ့ ပထမပိုင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်သူ ကိုရဲသူအောင်ဖြစ်ပါတယ်။

ဒါပေမယ့် ခနောဟင်းချက်ပြိုင်ပွဲရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ အမှတ်စဉ်(၁) ပြိုင်ပွဲကို ပန်းမုန်လာစိမ်းနဲ့ ကြက်ပေါင်းဟင်းချို ချက်ပြုတ်တဲ့ မြောက်ဥက္ကလာပက ဒေါ်နွယ်နွယ်ဝင်းက နောက်ဆုံးပြိုင်ပွဲ Final ကို တက်ရောက်သွားပါတယ်။
စာကလေးခွေ ဟင်းရည်
နံနံပင် ဟင်းရည်လိုပါဘဲ နောက်ထပ် ထူးဆန်းတဲ့ ဟင်းရည်က စာကလေးခွေ ဟင်းရည်ပါ။ ကျွတ်ကျွတ်ဝါးစားတဲ့ စာကလေးခွေကို ဟင်းရည်ချက်ထားတာပါ။

စာကလေးခွေရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးစိမ်း အနီရောင်တို့နဲ့ချက်ပြုတ်ထားတာပါ။
ဒါပေမယ့် အမှတ်စဉ် (၂) ပြိုင်ပွဲကို ထားဝယ်က လာရောက်ယှဉ်ပြိုင်တဲ့ တုန်ယမ်းနဲ့ပင်လယ်စာ အသီးအရွက်ကြော်နဲ့ ယှဉ်ပြိုင်သူ ကိုစိုးက နောက်ဆုံးပြိုင်ပွဲ final ကို တက်ရောက်ခွင့်ရသွားပါတယ်။
ပြိုင်ပွဲရဲ့စည်းကမ်း
ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းမှာ ပြိုင်ပွဲဝင်တွေက မြန်မာ့ရိုးရာ အကြော်ဟင်းလျာနဲ့ လိုက်ဖက်မယ့် ဟင်းချိုတစ်ခွက်ရယ်၊ သောက်စရာတစ်ခုရယ် ချက်ပြုတ်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေကို တစ်ယောက်ကို အချိန် ၇ မိနစ်စီနဲ့ ငွေကျပ် ၁ သောင်းပေးကာ ကိုယ်ချက်မယ့် ဟင်းလျာတွေကို ဝယ်ယူပြီး ချက်ပြုတ်ရတာဖြစ်ပါတယ်။

ခေါင်းစဉ်နဲ့ ကိုက်ညီမှု၊ အရသာနဲ့ ဖန်တီးနိုင်စွမ်း၊ ပြင်ဆင် ဖန်တီး ပုံဖော်နိုင်မှု၊ ချက်ပြုတ်တဲ့ နည်းစနစ်၊ အချိန်၊ ကျန်းမာရေးနဲ့ ညီညွတ် သန့်ရှင်းမှု နဲ့ အရသာ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပြီး အကဲဖြတ် အမှတ်ပေးသွားတာဖြစ်ပါတယ်။
အထူးအဆန်း ဟင်းလျာတွေ မြည်းစမ်းခွင့်ရတဲ့ ခနော ဟင်းချက်ပြိုင်ပွဲ

ခနောမြန်မာ Facebook Page ကနေ ဟင်းချက်ပြိုင်ပွဲဝင်ချင်သူ မြန်မာနိုင်ငံ အနှံ့အပြားမှ မိသားစု စားဖိုမှူးတွေကို အောက်တိုဘာလ ၃ ရက်နေ့ကတည်းက စတင်ကြေညာပြီး ခေါ်ယူရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top