လူတိုင္းမွားတတ္ၾကတာပါပဲေလ။ ဒါေပမယ့္ ႏွလံုးသားေရးရာနဲ႔ပတ္သက္ၿပီး
မွားတာကေတာ့ နည္းနည္းကြိဳင္ရွိတာေပါ့။ အခ်စ္နဲ႔ပတ္သက္ရင္ လူေတြက
တစ္ေယာက္တစ္မ်ိဳးစီ မွားေနတတ္ၾကပါတယ္။ ဒီလအတြက္ ေျပာျပခ်င္တာေလးရွိပါတယ္။
အဲဒါကေတာ့ သင္တို႔ ေမြးဖြားခဲ့တဲ့ ရာသီခြင္ေတြေပၚမူတည္ၿပီးေတာ့
အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေမြးရာပါ အားနည္းခ်က္ေတြ၊ အမွားေတြကို
ေရွာင္ႏုိင္ရွားႏိုင္ၾကေအာင္ ေျပာျပပါရေစဦး။ ဒီလိုအမွာမ်ိဳးေတြက သင္တို႔
မၾကာခဏလုပ္မိေနေပမယ့္ သင္ သတိမထားမိတဲ့ အမွားမ်ိဳးေတြ၊ အားနည္းခ်က္ေတြ
ျဖစ္လို႔ အေသအခ်ာေတာ့ ဂရုစိုက္ရမွာေပါ့ေနာ္။
Aries (မတ္ ၂၁ မွ ဧၿပီ ၁၉)
Aries
ေတြက ဥာဏ္ေကာင္းတဲ့ရာသီဖြားေတြပါ။ ေနာက္ၿပီး သြက္လက္ထက္ျမတ္ၾကပါတယ္။
အခ်စ္ေရးကေတာ့ သူတို႔ရဲ႕ ပြင့္လင္းေပါ့ပါးတဲ့ အက်င့္စရိုက္ေၾကာင့္
သူငယ္ခ်င္းခ်စ္သူေလးေတြ ရွိေနႏိုင္တာပါပဲ။ သင့္ကို အရင္းႏွီးဆံုးသူေတြက
သင့္ကို တျဖည္းျဖည္း ခ်စ္လာၾကတယ္ဆိုတာ လက္ခံထားရပါလိမ့္မယ္။ ဒါေၾကာင့္လည္း
မခ်စ္ႏိုင္ရင္ အထာမေပးပါနဲ႔ေနာ္။ သူငယ္ခ်င္းေကာင္းေတြ တျဖည္းျဖည္းနည္းလာမွာ
စိုးရိမ္လို႔ပါ။ တကယ္ခ်စ္တဲ့သူကိုသာ ရွာေဖြပါ။ ေမြးရာပါအားနည္းခ်က္က
စန္းပြင့္တာလို႔ပဲ ေျပာရမလိုျဖစ္ေနတယ္ေနာ္။ ဒါေပမယ့္ စန္းပြင့္လြန္တာကလည္း
တည္ၿငိမ္ေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို ဖ်က္ဆီးတတ္ပါေသးတယ္။
Taurus (ဧၿပီ ၂၀ မွ ေမ ၂၀)
ဒီရာသီဖြားေတြက
သူတို႔ရဲ႕ Relationship ကို အရမ္းသတိထားတတ္ၾကတယ္။ ေကာင္းတာေတြပဲ
ျဖစ္ေစခ်င္ၾကတယ္။ အေကာင္းဆံုးေတြခ်ည္းပဲ ေမွ်ာ္လင့္ၾကတယ္။ ဒါေပမယ့္
တစ္ဖက္မွာ သူတို႔သတိမထားမိတာကေတာ့ သူတို႔ဟာ ေကာင္းမြန္ေပ်ာ္ရႊင္စရာ
Relationship တစ္ခုကို အလိုရွိေပမယ့္ စိတ္ျမန္တာေၾကာင့္ ခ်စ္သူဆီက
ျငိဳျငင္တာကို ခံစားရတတ္ပါတယ္။ သူတို႔ သတိမထားမိတဲ့
ေမြးရာပါအားနည္းခ်က္ႀကီးတစ္ခုကေတာ့ အခ်စ္ေရးမွာ စိတ္ျမန္တာပါပဲ။ အၿမဲတမ္း
ခပ္ျဖည္းျဖည္းေလးနဲ႔ ပံုမွန္ေလးခ်စ္တတ္ဖို႔ သင့္ကိုယ္သင္ ဂရုစိုက္ပါ။
ေလွကားကို တစ္ထစ္ခ်င္းဆီ တက္တာက အႏၱရာယ္ကင္းပါတယ္။
Gemini (ေမ ၂၁ မွ ဇြန္ ၂၀ )
ဒီရာသီဖြားေတြရဲ႕
အက်င့္က လူေတြရဲ႕ စိတ္၀င္စားမႈကို လိုခ်င္တာပါပဲ။ ဒီအက်င့္က နည္းနည္းေတာ့
အူေၾကာင္ေၾကာင္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ပံုမွန္ဆိုရင္ေတာ့ ဒါက အိုေကေပမယ့္
အခ်စ္ေရးမွာေတာ့ သိပ္မအိုေကေစပါဘူး။ ဒီလို စိတ္၀င္စားမႈလိုခ်င္တာေၾကာင့္
သင့္အေပၚ စိတ္ရင္းမမွန္တဲ့လူမ်ိဳးေတြ၊
ေျမွာက္ပင့္စားတဲ့လူမ်ိဳးေတြနဲ႔ေတြ႕ဆံုတဲ့အခါ သင္ အသည္းကြဲဇာတ္လမ္းေတြ
ေရးရမွာေနာ္။ ဒါေၾကာင့္ သင့္အေနနဲ႔ဆိုရင္ေတာ့ ရိုးသားေျဖာင့္မတ္စြာ
ခ်စ္ႏိုင္မယ့္သူကို လိုခ်င္ရင္ လူစိတ္၀င္စားတာ ခံခ်င္တာေလးေတြကို
နည္းနည္းေတာ့ ေလွ်ာ့ဖို႔ လိုအပ္ပါလိမ့္မယ္။
Cancer ( ဇြန္ ၂၁ မွ ဇူလိုင္ ၂၂)
Cancer
ရာသီဖြားေတြကေတာ့ အရမ္းကိုစိတ္ထားႏူးညံ့တာက သူ႔တို႔ရဲ႕ အားနည္းခ်က္ပါပဲ။
ဒါက ေကာင္းသလိုလိုနဲ႔ မေကာင္းတဲ့ အေလ့အက်င့္တစ္ခုပါ။ သင္ဟာ
စိတ္ခံစားခ်က္လြယ္တဲ့အတြက္ေၾကာင့္လည္း
သတိထားသင့္တဲ့အခ်က္တစ္ခ်က္ျဖစ္ေနတာပါ။ သင့္ရဲ႕ စိတ္ဟာ
ႏူးညံ့သိမ္ေမြ႕တယ္ဆိုတဲ့အတိုင္း အရမ္း ရိုမန္တစ္ဆန္တာမို႔လို႔ တစ္ခါတစ္ေလ
သင့္ခ်စ္သူမွာ သင့္ရဲ႕ စိတ္ကူးယဥ္မႈေတြအားလံုးကို အေနာက္က အမွီလိုက္ေနရလို႔
အသက္ေတာင္ ရွဴႏိုင္မယ္ မထင္ပါဘူး။ ဒီေတာ့ အရမ္းခၽြဲႏြဲ႕ေနတာေလးေတြ၊
အရမ္းရိုမန္တစ္ဆန္ေနတာေလးေတြကို အနည္းငယ္ေလွ်ာ့ခ်ျခင္းအားျဖင့္ သင့္ရဲ႕
ခ်စ္သူေလးကို အသက္ရွဴခြင့္ေပးလိုက္ပါဦး။
Leo (ဇူလိုင္ ၂၃ မွ ၾသဂုတ္ ၂၂ )
Leo
ကေတာ့ လူဆိုးေလးေတြပါပဲ။ သူတို႔ဟာ သူတို႔ ေျပာခ်င္တာေျပာ၊
လုပ္ခ်င္တာသာလုပ္တတ္ၿပီး သူမ်ားခံစားခ်က္ကို အေလးမထားတတ္သူေတြပါ။
ဒီလိုခပ္ဆိုးဆိုး အမူအက်င့္ေတြေၾကာင့္ပဲ ခ်စ္သူေတြက သင့္ကို စိတ္ကုန္ၿပီး
စြန္႔ခြာသြားတာ မ်ားၾကပါတယ္။ ဒီလိုအက်င့္စရိုက္မ်ိဳးဟာ ျမန္ျမန္ျပဳျပင္မွ
လူခ်စ္လူခင္ေပါမွာျဖစ္တဲ့အတြက္ေၾကာင့္ သင္တို႔ကိုယ္သင္တို႔
ဂရုစိုက္ဆင္ျခင္ၾကဖို႔ သတိေပးပါရေစဦး။ တစ္ျခားလူေတြကိုလည္း
ေျပာခြင့္ေပးလိုက္ပါဦး။ သူတို႔လုပ္ခ်င္တာေလးေတြကိုလည္း သင့္ဖက္က
တစ္ဖန္ျပန္လည္ ျဖည့္ဆည္းေပးဖို႔ လိုအပ္ပါေသးတယ္။ ေမတၱာဆိုတာလည္း
အသြားအျပန္နဲ႔ပါေနာ္။
Virgo (ၾသဂုတ္ ၂၂ မွ စက္တင္ဘာ ၂၁)
ဒီရာသီခြင္ေတြကေတာ့
အရမ္းကို အေနေအးၾကတယ္လို႔ လူသိမ်ားပါတယ္။ ေယဘုယ်အားျဖင့္ Leo နဲ႔
ေျပာင္းျပန္လို႔လည္း ေျပာလို႔ရပါတယ္။ သူတို႔ျဖစ္ခ်င္တာ၊
သူတို႔ေျပာခ်င္တာေတြကို ဘယ္ေတာ့မွ
ပြင့္ပြင့္လင္းလင္းေျပာေလ့လုပ္ေလ့မရွိပါဘူး။ တကယ္ေတာ့ ဒါကလည္း
သင့္ရဲ႕အခ်စ္ေရးအတြက္ ႀကီးမားတဲ့အေႏွာင့္အယွက္ႀကီးတစ္ခုပါပဲ။
ၿမံဳစိၿမံဳစိနဲ႔ သင့္ကို သင့္ရဲ႕ ခ်စ္သူက စိတ္မရွည္ေတာ့ရင္ စဥ္းစားစရာပါ။
သင္ စဥ္းစားမိပါသလား။ တစ္ခါတစ္ေလ သင္လိုခ်င္တာ၊ ျဖစ္ခ်င္တာေတြကို
အသံျမွင့္ၿပီး ေျပာၾကည့္ဖို႔လည္း လိုအပ္တယ္ဆိုတာကိုပါပဲ။
Libra (စက္တင္ဘာ ၂၂ မွ ေအာက္တိုဘာ ၂၂)
သင္သာ
Libra ရာသီဖြားတစ္ဦးျဖစ္ခဲ့မယ္ဆိုရင္ အေကာင္းဆံုးအႀကံျပဳခ်က္ကေတာ့
အခ်စ္ေရးမွာ ျပသနာတစ္ခုခုျဖစ္ခဲ့မယ္ဆိုရင္ ေဆြးေႏြးညွိႏိႈင္းမႈေတြလုပ္ပါဦး
ဆိုတာပါပဲ။ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဒီရာသီဖြားေတြရဲ႕ အက်င့္က
တစ္ခုခုစိတ္အေႏွာင့္အယွက္ျဖစ္ၿပီးဆိုတာနဲ႔ ဒီ Relationship ဟာ
ပ်က္ျပယ္သြားၿပီလို႔ အလြယ္ေတြးၿပီး ပစ္ထားတတ္ၾကတာပါပဲ။
ေသြးေအးတဲ့လူမ်ိဳးေတြလို႔ပဲ ေျပာရမလားေနာ္။ ဒါက သင့္ရဲ႕
မဟာအမွားႀကီးျဖစ္ၿပီး တစ္ခ်ိဳ႕ျပသနာေတြမွာ ေဆြးေႏြးညွိႏိႈင္းမႈေတြ
လိုအပ္ေနတာကို လစ္လ်ဴမရွဳလိုက္ပါနဲ႔။ စစ္တိုက္ဖို႔ခ်ည္းပဲ ျပင္ဆင္မေနပါနဲ႔။
တစ္ခ်ိဳ႕ကိစၥေတြက ၿငိမ္းခ်မ္းေရးယူၿပီး လက္နက္ခ်လိုက္လို႔ရပါေသးတယ္။
Scorpio (ေအာက္တိုဘာ ၂၃ မွ ႏို၀င္ဘာ ၂၁)
တကယ္ေတာ့
ဒီရာသီဖြားေတြက ကိုယ့္ကိုယ္ကိုယ္သာ အခ်စ္ဆံုးပါ။ အခ်စ္ေရးမွာေတာ့
သင္တို႔အေနနဲ႔ အတၱနဲ႔ မာနေတြကို နည္းနည္းေလွ်ာ့ပါလို႔ ေျပာခ်င္ပါတယ္။
တကယ္ခ်စ္မိသြားၿပီဆိုရင္လည္း အခ်စ္ႀကီးတဲ့သူေတြျဖစ္ေနလို႔ ကိစၥအေသးအမႊားကအစ
သင္တို႔မ်က္လံုးထဲမွာေတာ့ အႀကီးႀကီးေတြျဖစ္ေနတတ္ပါတယ္။ ေနာက္ၿပီး
ဘာမဟုတ္တာေလးေတြကို ျပဴးတူးၿပဲတဲ လုပ္တတ္ပါေသးတယ္။ ေဒါသလည္း ႀကီးတယ္။
အခ်စ္ေရးသာယာေျဖာင့္ျဖဴးခ်င္တယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္ဖို႔ကို အေလးေပးပါ။
ခ်စ္သူကို ခ်ဳပ္ေႏွာင္ထားမိတဲ့ႀကိဳးေတြ တစ္ရစ္ေလာက္ ေလွ်ာ့လိုက္ပါဦး။
Sagittarius (ႏို၀င္ဘာ ၂၂ မွ ဒီဇင္ဘာ ၂၁)
Sagittarius
ေတြကေတာ့ တစ္ကိုယ္ရည္တစ္ကာယ ေနတတ္သူေတြပဲ ျဖစ္ပါတယ္။ လူေတြနဲ႔
ခပ္ကင္းကင္းေနတတ္ၿပီး ခ်စ္သူရတယ္ဆိုရင္ေတာင္မွ ေသြးေအးေအးနဲ႔
တစ္လကိုးသီတင္း ဖုန္းမဆက္ရလည္း မေတြ႕ရလည္း အဆင္ေျပတယ္ဆိုတဲ့
လူစားမ်ိဳးေတြျဖစ္တာကိုက သင္တို႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္လို႔
အားနည္းခ်က္အႀကီးႀကီး ျဖစ္ေနတာပါပဲ။ တကယ္လို႔ ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ရာ
အခ်စ္ခရီးလမ္းကို ေမွ်ာ္မွန္းတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔
ေအးတိေအးစက္အက်င့္ဆိုးႀကီးကို ဖယ္ရွားပစ္ရပါလိမ့္မယ္။
ေရခဲေတာင္ႀကီးေတြေတာင္ အေျခအေနအရ အရည္ေပ်ာ္တဲ့ အခိုက္အတန္႔ေတြ
ရွိတာပဲေလေနာ္။
Capricorn (ဒီဇင္ဘာ ၂၂ မွ ဇန္န၀ါရီ ၁၉)
ဒီရာသီဖြားေတြကေတာ့
အေျပာင္းအလဲမ်ားတဲ့အက်င့္ေၾကာင့္ အခ်စ္ေရးမွာ ကံမေကာင္းတတ္ၾကပါဘူး။
ႀကိဳက္လြယ္ပ်က္လြယ္ စိတ္ခံစားခ်က္မ်ိဳးရွိတဲ့အတြက္ ခ်စ္သူလည္း
မၿမဲတတ္ၾကတာပါပဲ။ အရာရာကို ေပါ့ေပါ့ပါးပါးေလးပဲ ေတြးတတ္တာလည္း
ပါမွာေပါ့ေနာ္။ ဒါေလးကေတာ့ သူတို႔ရဲ႕ အက်င့္ဆိုးေလးပါ။ Capricorn ေတြအေနနဲ႔
တည္ၿငိမ္ေအးခ်မ္းတဲ့ Relationship မ်ိဳး လိုခ်င္ေနၿပီဆိုရင္ေတာ့ ဒါေလးေတြ
ႀကိဳတင္ျပင္ဆင္လိုက္ပါ။ တစ္ေယာက္ဆိုတစ္ေယာက္ ခ်စ္မိသြားတဲ့အခါ အခ်စ္ေရးမွာ
အရင္က ရွဳပ္ခဲ့ေပြခဲ့ဖူးတဲ့ဆိုတဲ့ အရိပ္မည္းႀကီး ပါလာရင္ေတာ့
စိတ္ညစ္ရေတာ့မွာေနာ္။
Aquarius (ဇန္န၀ါရီ ၂၀ မွ ေဖေဖာ္၀ါရီ ၁၈)
သင္သိပါသလား။
ex နဲ႔ မျပတ္ႏိုင္ ex ကို မေမ့ႏုိင္ျဖစ္တတ္တဲ့ေကာင္မေလးေတြကို ေတြ႕ရင္
သူတို႔ဟာ Aquarius ေတြဆိုတာကို။ သင္ကသာ ဒီရာသီဖြားျဖစ္ခဲ့မယ္ဆိုရင္ေတာ့
အတိတ္ေတြကို လက္မလြတ္ခ်ႏိုင္တာက သင့္ရဲ႕ မဟာအမွားႀကီးဆိုတာကို
လက္ခံလိုက္ပါ။ အတိတ္ေတြကေန သင္ခန္းစာယူပါ။ အနာဂတ္ကို ေရွ႕ဆက္ေလွ်ာက္ဖို႔ပဲ
စဥ္းစားပါလို႔ အႀကံျပဳခ်င္ပါတယ္။ အရင္ကထက္ ပိုမိုက္ပိုလန္းတဲ့ အသစ္ေလးနဲ႔သာ
လက္တြဲဖို႔ စိတ္ကူးေစခ်င္ပါတယ္။ ဒါ အေကာင္းဆံုးအႀကံျပဳခ်က္တစ္ခုပါေနာ္။
အတိတ္ဆိုတာ တြယ္ဖက္ထားလို႔ေကာင္းတဲ့ အရာေတာ့ မဟုတ္ပါဘူး။ ex ဆိုတာလည္း
အဲဒီ့အတုိင္းပါပဲ။
Pisces (ေဖေဖာ္၀ါရီ ၁၉ မွ မတ္ ၂၀)
ဒီရာသီဖြားေတြက
သနားဖို႔ ေကာင္းၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔အားနည္းခ်က္က
လူကဲခတ္ညံ့တာပါပဲ။ ဒါေၾကာင့္ သူတို႔နဲ႔မလိုက္ဖက္တဲ့သူေတြနဲ႔
တြဲမိလွ်က္သားျဖစ္ေနတတ္ပါတယ္။ ဒီအစဥ္အလာကို ရိုက္ခ်ိဳးဖို႔ရာက Pisces
ေတြရဲ႕ တာ၀န္တစ္ခုပါေနာ္။ သင့္တို႔ကိုယ္သင္တို႔ တန္ဖိုးထားၿပီး သင္တို႔နဲ႔
လိုက္ဖက္တဲ့ အက်င့္စရိုက္တူ၊ စိတ္ဓာတ္တူ ခ်စ္သူတစ္ေယာက္ကို ရွာေဖြဖို႔
ႀကိဳးစားပါ။ ေတြ႕ရာခ်စ္သူနဲ႔ ေမတၱာမွ်မယ္ဆိုရင္ေတာ့ သင့္ကို စိတ္ညစ္ေစတာပဲ
အဖက္တင္ေနမွာပါ။ ခ်စ္တိုင္းလည္း မညားဆိုတာကို ဖယ္ေသြလို႔လည္း မရပါဘူး။
ဘယ္ေလာက္ထိ ခ်စ္ေနပါေစဦး။ ကိုယ္နဲ႔ သဟဇာတမျဖစ္ရင္ ဘယ္သူမွ
ၾကာၾကာေမတၱာထားႏိုင္မယ္ မထင္ပါဘူး။
ေမြးရာပါ အားနည္းခ်က္ေတြဆိုတာ
ေဖ်ာက္ရခက္ပါတယ္။ ဒါေပမယ့္လည္း ရေအာင္ ေဖ်ာက္ၾကရမွာေပါ့ေနာ္။
ခ်စ္ခ်င္တာကိုး။ အားနည္းခ်က္ေလးေတြကို သတိထားၿပီး အားသာခ်က္ေလးေတြကို
ဂရုစို္က္လုပ္ေပးရင္ သင္ကေတာ့ လူၾကားထဲမွာ လံုး၀လံုး၀ Perfect ပဲ
ျဖစ္ေနေတာ့မွာ အေသအခ်ာပါပဲ။
Credit: MODA
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းမှားတတ်ကြတာပါပဲလေ။ ဒါပေမယ့် နှလုံးသားရေးရာနဲ့ပတ်သက်ပြီး မှားတာကတော့ နည်းနည်းကွိုင်ရှိတာပေါ့။ အချစ်နဲ့ပတ်သက်ရင် လူတွေက တစ်ယောက်တစ်မျိုးစီ မှားနေတတ်ကြပါတယ်။ ဒီလအတွက် ပြောပြချင်တာလေးရှိပါတယ်။ အဲဒါကတော့ သင်တို့ မွေးဖွားခဲ့တဲ့ ရာသီခွင်တွေပေါ်မူတည်ပြီးတော့ အချစ်ရေးနဲ့ပတ်သက်ပြီး မွေးရာပါ အားနည်းချက်တွေ၊ အမှားတွေကို ရှောင်နိုင်ရှားနိုင်ကြအောင် ပြောပြပါရစေဦး။ ဒီလိုအမှာမျိုးတွေက သင်တို့ မကြာခဏလုပ်မိနေပေမယ့် သင် သတိမထားမိတဲ့ အမှားမျိုးတွေ၊ အားနည်းချက်တွေ ဖြစ်လို့ အသေအချာတော့ ဂရုစိုက်ရမှာပေါ့နော်။
Aries (မတ် ၂၁ မှ ဧပြီ ၁၉)
Aries တွေက ဉာဏ်ကောင်းတဲ့ရာသီဖွားတွေပါ။ နောက်ပြီး သွက်လက်ထက်မြတ်ကြပါတယ်။ အချစ်ရေးကတော့ သူတို့ရဲ့ ပွင့်လင်းပေါ့ပါးတဲ့ အကျင့်စရိုက်ကြောင့် သူငယ်ချင်းချစ်သူလေးတွေ ရှိနေနိုင်တာပါပဲ။ သင့်ကို အရင်းနှီးဆုံးသူတွေက သင့်ကို တဖြည်းဖြည်း ချစ်လာကြတယ်ဆိုတာ လက်ခံထားရပါလိမ့်မယ်။ ဒါကြောင့်လည်း မချစ်နိုင်ရင် အထာမပေးပါနဲ့နော်။ သူငယ်ချင်းကောင်းတွေ တဖြည်းဖြည်းနည်းလာမှာ စိုးရိမ်လို့ပါ။ တကယ်ချစ်တဲ့သူကိုသာ ရှာဖွေပါ။ မွေးရာပါအားနည်းချက်က စန်းပွင့်တာလို့ပဲ ပြောရမလိုဖြစ်နေတယ်နော်။ ဒါပေမယ့် စန်းပွင့်လွန်တာကလည်း တည်ငြိမ်ပျော်ရွှင်တဲ့ အချစ်ရေးကို ဖျက်ဆီးတတ်ပါသေးတယ်။
Taurus (ဧပြီ ၂၀ မှ မေ ၂၀)
ဒီရာသီဖွားတွေက သူတို့ရဲ့ Relationship ကို အရမ်းသတိထားတတ်ကြတယ်။ ကောင်းတာတွေပဲ ဖြစ်စေချင်ကြတယ်။ အကောင်းဆုံးတွေချည်းပဲ မျှော်လင့်ကြတယ်။ ဒါပေမယ့် တစ်ဖက်မှာ သူတို့သတိမထားမိတာကတော့ သူတို့ဟာ ကောင်းမွန်ပျော်ရွှင်စရာ Relationship တစ်ခုကို အလိုရှိပေမယ့် စိတ်မြန်တာကြောင့် ချစ်သူဆီက ငြိုငြင်တာကို ခံစားရတတ်ပါတယ်။ သူတို့ သတိမထားမိတဲ့ မွေးရာပါအားနည်းချက်ကြီးတစ်ခုကတော့ အချစ်ရေးမှာ စိတ်မြန်တာပါပဲ။ အမြဲတမ်း ခပ်ဖြည်းဖြည်းလေးနဲ့ ပုံမှန်လေးချစ်တတ်ဖို့ သင့်ကိုယ်သင် ဂရုစိုက်ပါ။ လှေကားကို တစ်ထစ်ချင်းဆီ တက်တာက အန္တရာယ်ကင်းပါတယ်။
Gemini (မေ ၂၁ မှ ဇွန် ၂၀ )
ဒီရာသီဖွားတွေရဲ့ အကျင့်က လူတွေရဲ့ စိတ်ဝင်စားမှုကို လိုချင်တာပါပဲ။ ဒီအကျင့်က နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်ဆိုရင်တော့ ဒါက အိုကေပေမယ့် အချစ်ရေးမှာတော့ သိပ်မအိုကေစေပါဘူး။ ဒီလို စိတ်ဝင်စားမှုလိုချင်တာကြောင့် သင့်အပေါ် စိတ်ရင်းမမှန်တဲ့လူမျိုးတွေ၊ မြှောက်ပင့်စားတဲ့လူမျိုးတွေနဲ့တွေ့ဆုံတဲ့အခါ သင် အသည်းကွဲဇာတ်လမ်းတွေ ရေးရမှာနော်။ ဒါကြောင့် သင့်အနေနဲ့ဆိုရင်တော့ ရိုးသားဖြောင့်မတ်စွာ ချစ်နိုင်မယ့်သူကို လိုချင်ရင် လူစိတ်ဝင်စားတာ ခံချင်တာလေးတွေကို နည်းနည်းတော့ လျှော့ဖို့ လိုအပ်ပါလိမ့်မယ်။
Cancer ( ဇွန် ၂၁ မှ ဇူလိုင် ၂၂)
Cancer ရာသီဖွားတွေကတော့ အရမ်းကိုစိတ်ထားနူးညံ့တာက သူ့တို့ရဲ့ အားနည်းချက်ပါပဲ။ ဒါက ကောင်းသလိုလိုနဲ့ မကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ သင်ဟာ စိတ်ခံစားချက်လွယ်တဲ့အတွက်ကြောင့်လည်း သတိထားသင့်တဲ့အချက်တစ်ချက်ဖြစ်နေတာပါ။ သင့်ရဲ့ စိတ်ဟာ နူးညံ့သိမ်မွေ့တယ်ဆိုတဲ့အတိုင်း အရမ်း ရိုမန်တစ်ဆန်တာမို့လို့ တစ်ခါတစ်လေ သင့်ချစ်သူမှာ သင့်ရဲ့ စိတ်ကူးယဉ်မှုတွေအားလုံးကို အနောက်က အမှီလိုက်နေရလို့ အသက်တောင် ရှူနိုင်မယ် မထင်ပါဘူး။ ဒီတော့ အရမ်းချွဲနွဲ့နေတာလေးတွေ၊ အရမ်းရိုမန်တစ်ဆန်နေတာလေးတွေကို အနည်းငယ်လျှော့ချခြင်းအားဖြင့် သင့်ရဲ့ ချစ်သူလေးကို အသက်ရှူခွင့်ပေးလိုက်ပါဦး။
Leo (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ )
Leo ကတော့ လူဆိုးလေးတွေပါပဲ။ သူတို့ဟာ သူတို့ ပြောချင်တာပြော၊ လုပ်ချင်တာသာလုပ်တတ်ပြီး သူများခံစားချက်ကို အလေးမထားတတ်သူတွေပါ။ ဒီလိုခပ်ဆိုးဆိုး အမူအကျင့်တွေကြောင့်ပဲ ချစ်သူတွေက သင့်ကို စိတ်ကုန်ပြီး စွန့်ခွာသွားတာ များကြပါတယ်။ ဒီလိုအကျင့်စရိုက်မျိုးဟာ မြန်မြန်ပြုပြင်မှ လူချစ်လူခင်ပေါမှာဖြစ်တဲ့အတွက်ကြောင့် သင်တို့ကိုယ်သင်တို့ ဂရုစိုက်ဆင်ခြင်ကြဖို့ သတိပေးပါရစေဦး။ တစ်ခြားလူတွေကိုလည်း ပြောခွင့်ပေးလိုက်ပါဦး။ သူတို့လုပ်ချင်တာလေးတွေကိုလည်း သင့်ဖက်က တစ်ဖန်ပြန်လည် ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသေးတယ်။ မေတ္တာဆိုတာလည်း အသွားအပြန်နဲ့ပါနော်။
Virgo (သြဂုတ် ၂၂ မှ စက်တင်ဘာ ၂၁)
ဒီရာသီခွင်တွေကတော့ အရမ်းကို အနေအေးကြတယ်လို့ လူသိများပါတယ်။ ယေဘုယျအားဖြင့် Leo နဲ့ ပြောင်းပြန်လို့လည်း ပြောလို့ရပါတယ်။ သူတို့ဖြစ်ချင်တာ၊ သူတို့ပြောချင်တာတွေကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းပြောလေ့လုပ်လေ့မရှိပါဘူး။ တကယ်တော့ ဒါကလည်း သင့်ရဲ့အချစ်ရေးအတွက် ကြီးမားတဲ့အနှောင့်အယှက်ကြီးတစ်ခုပါပဲ။ မြုံစိမြုံစိနဲ့ သင့်ကို သင့်ရဲ့ ချစ်သူက စိတ်မရှည်တော့ရင် စဉ်းစားစရာပါ။ သင် စဉ်းစားမိပါသလား။ တစ်ခါတစ်လေ သင်လိုချင်တာ၊ ဖြစ်ချင်တာတွေကို အသံမြှင့်ပြီး ပြောကြည့်ဖို့လည်း လိုအပ်တယ်ဆိုတာကိုပါပဲ။
Libra (စက်တင်ဘာ ၂၂ မှ အောက်တိုဘာ ၂၂)
သင်သာ Libra ရာသီဖွားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် အကောင်းဆုံးအကြံပြုချက်ကတော့ အချစ်ရေးမှာ ပြသနာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပါဦး ဆိုတာပါပဲ။ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီရာသီဖွားတွေရဲ့ အကျင့်က တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်ပြီးဆိုတာနဲ့ ဒီ Relationship ဟာ ပျက်ပြယ်သွားပြီလို့ အလွယ်တွေးပြီး ပစ်ထားတတ်ကြတာပါပဲ။ သွေးအေးတဲ့လူမျိုးတွေလို့ပဲ ပြောရမလားနော်။ ဒါက သင့်ရဲ့ မဟာအမှားကြီးဖြစ်ပြီး တစ်ချို့ပြသနာတွေမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်နေတာကို လစ်လျူမရှုလိုက်ပါနဲ့။ စစ်တိုက်ဖို့ချည်းပဲ ပြင်ဆင်မနေပါနဲ့။ တစ်ချို့ကိစ္စတွေက ငြိမ်းချမ်းရေးယူပြီး လက်နက်ချလိုက်လို့ရပါသေးတယ်။
Scorpio (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)
တကယ်တော့ ဒီရာသီဖွားတွေက ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါ။ အချစ်ရေးမှာတော့ သင်တို့အနေနဲ့ အတ္တနဲ့ မာနတွေကို နည်းနည်းလျှော့ပါလို့ ပြောချင်ပါတယ်။ တကယ်ချစ်မိသွားပြီဆိုရင်လည်း အချစ်ကြီးတဲ့သူတွေဖြစ်နေလို့ ကိစ္စအသေးအမွှားကအစ သင်တို့မျက်လုံးထဲမှာတော့ အကြီးကြီးတွေဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဘာမဟုတ်တာလေးတွေကို ပြူးတူးပြဲတဲ လုပ်တတ်ပါသေးတယ်။ ဒေါသလည်း ကြီးတယ်။ အချစ်ရေးသာယာဖြောင့်ဖြူးချင်တယ်ဆိုရင်တော့ ပျော်ရွှင်ဖို့ကို အလေးပေးပါ။ ချစ်သူကို ချုပ်နှောင်ထားမိတဲ့ကြိုးတွေ တစ်ရစ်လောက် လျှော့လိုက်ပါဦး။
Sagittarius (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁)
Sagittarius တွေကတော့ တစ်ကိုယ်ရည်တစ်ကာယ နေတတ်သူတွေပဲ ဖြစ်ပါတယ်။ လူတွေနဲ့ ခပ်ကင်းကင်းနေတတ်ပြီး ချစ်သူရတယ်ဆိုရင်တောင်မှ သွေးအေးအေးနဲ့ တစ်လကိုးသီတင်း ဖုန်းမဆက်ရလည်း မတွေ့ရလည်း အဆင်ပြေတယ်ဆိုတဲ့ လူစားမျိုးတွေဖြစ်တာကိုက သင်တို့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ အားနည်းချက်အကြီးကြီး ဖြစ်နေတာပါပဲ။ တကယ်လို့ ပျော်ရွှင်ကြည်နူးဖွယ်ရာ အချစ်ခရီးလမ်းကို မျှော်မှန်းတယ်ဆိုရင်တော့ သင့်အနေနဲ့ အေးတိအေးစက်အကျင့်ဆိုးကြီးကို ဖယ်ရှားပစ်ရပါလိမ့်မယ်။ ရေခဲတောင်ကြီးတွေတောင် အခြေအနေအရ အရည်ပျော်တဲ့ အခိုက်အတန့်တွေ ရှိတာပဲလေနော်။
Capricorn (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)
ဒီရာသီဖွားတွေကတော့ အပြောင်းအလဲများတဲ့အကျင့်ကြောင့် အချစ်ရေးမှာ ကံမကောင်းတတ်ကြပါဘူး။ ကြိုက်လွယ်ပျက်လွယ် စိတ်ခံစားချက်မျိုးရှိတဲ့အတွက် ချစ်သူလည်း မမြဲတတ်ကြတာပါပဲ။ အရာရာကို ပေါ့ပေါ့ပါးပါးလေးပဲ တွေးတတ်တာလည်း ပါမှာပေါ့နော်။ ဒါလေးကတော့ သူတို့ရဲ့ အကျင့်ဆိုးလေးပါ။ Capricorn တွေအနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ Relationship မျိုး လိုချင်နေပြီဆိုရင်တော့ ဒါလေးတွေ ကြိုတင်ပြင်ဆင်လိုက်ပါ။ တစ်ယောက်ဆိုတစ်ယောက် ချစ်မိသွားတဲ့အခါ အချစ်ရေးမှာ အရင်က ရှုပ်ခဲ့ပွေခဲ့ဖူးတဲ့ဆိုတဲ့ အရိပ်မည်းကြီး ပါလာရင်တော့ စိတ်ညစ်ရတော့မှာနော်။
Aquarius (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈)
သင်သိပါသလား။ ex နဲ့ မပြတ်နိုင် ex ကို မမေ့နိုင်ဖြစ်တတ်တဲ့ကောင်မလေးတွေကို တွေ့ရင် သူတို့ဟာ Aquarius တွေဆိုတာကို။ သင်ကသာ ဒီရာသီဖွားဖြစ်ခဲ့မယ်ဆိုရင်တော့ အတိတ်တွေကို လက်မလွတ်ချနိုင်တာက သင့်ရဲ့ မဟာအမှားကြီးဆိုတာကို လက်ခံလိုက်ပါ။ အတိတ်တွေကနေ သင်ခန်းစာယူပါ။ အနာဂတ်ကို ရှေ့ဆက်လျှောက်ဖို့ပဲ စဉ်းစားပါလို့ အကြံပြုချင်ပါတယ်။ အရင်ကထက် ပိုမိုက်ပိုလန်းတဲ့ အသစ်လေးနဲ့သာ လက်တွဲဖို့ စိတ်ကူးစေချင်ပါတယ်။ ဒါ အကောင်းဆုံးအကြံပြုချက်တစ်ခုပါနော်။ အတိတ်ဆိုတာ တွယ်ဖက်ထားလို့ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ex ဆိုတာလည်း အဲဒီ့အတိုင်းပါပဲ။
Pisces (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)
ဒီရာသီဖွားတွေက သနားဖို့ ကောင်းကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားနည်းချက်က လူကဲခတ်ညံ့တာပါပဲ။ ဒါကြောင့် သူတို့နဲ့မလိုက်ဖက်တဲ့သူတွေနဲ့ တွဲမိလျှက်သားဖြစ်နေတတ်ပါတယ်။ ဒီအစဉ်အလာကို ရိုက်ချိုးဖို့ရာက Pisces တွေရဲ့ တာဝန်တစ်ခုပါနော်။ သင့်တို့ကိုယ်သင်တို့ တန်ဖိုးထားပြီး သင်တို့နဲ့ လိုက်ဖက်တဲ့ အကျင့်စရိုက်တူ၊ စိတ်ဓာတ်တူ ချစ်သူတစ်ယောက်ကို ရှာဖွေဖို့ ကြိုးစားပါ။ တွေ့ရာချစ်သူနဲ့ မေတ္တာမျှမယ်ဆိုရင်တော့ သင့်ကို စိတ်ညစ်စေတာပဲ အဖက်တင်နေမှာပါ။ ချစ်တိုင်းလည်း မညားဆိုတာကို ဖယ်သွေလို့လည်း မရပါဘူး။ ဘယ်လောက်ထိ ချစ်နေပါစေဦး။ ကိုယ်နဲ့ သဟဇာတမဖြစ်ရင် ဘယ်သူမှ ကြာကြာမေတ္တာထားနိုင်မယ် မထင်ပါဘူး။
မွေးရာပါ အားနည်းချက်တွေဆိုတာ ဖျောက်ရခက်ပါတယ်။ ဒါပေမယ့်လည်း ရအောင် ဖျောက်ကြရမှာပေါ့နော်။ ချစ်ချင်တာကိုး။ အားနည်းချက်လေးတွေကို သတိထားပြီး အားသာချက်လေးတွေကို ဂရုစိုက်လုပ်ပေးရင် သင်ကတော့ လူကြားထဲမှာ လုံးဝလုံး၀ Perfect ပဲ ဖြစ်နေတော့မှာ အသေအချာပါပဲ။
Credit: MODA
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
ေဗဒင္
» ရာသီဖြားေတြ အခ်စ္ေရးေျဖာင့္ျဖဴးဖို႔ လိုအပ္လာတဲ့အခါ
ရာသီဖြားေတြ အခ်စ္ေရးေျဖာင့္ျဖဴးဖို႔ လိုအပ္လာတဲ့အခါ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။