iMyanmarHouse.com - Best Property Website for Myanmar
×

ခရမ္းခ်ဥ္သီးဟာ ဆယ့္ႏွစ္ရာသီလံုး ေတြ႔ရတဲ့ အသီးျဖစ္ၿပီး အိမ္ရွင္မေတြ အတြက္ မရွိမျဖစ္ အသီးတစ္မ်ိဳးပါ။   ဟင္းခ်က္ ရာမွာ ထည့္၀င္ အသံုးျပဳတဲ့ အျပင္ ေဖ်ာ္ရည္၊ အသုပ္၊ ယို စသျဖင့္ မ်ိဳးစံု လုပ္စားလို႔ ရတဲ့ အသီးတစ္မ်ိဳးဆိုတာ လူတိုင္း သိၾကပါတယ္။   ဒီလို ပူအိုက္တဲ့ ေႏြမွာ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ေလး ေဖ်ာ္ေသာက္လုိက္ရင္ပဲ ရင္ေအးေစၿပီး ခရမ္းခ်ဥ္သီးကို သံပုရာသီးေလးနဲ႔ အသုပ္ေလး သုပ္စားရင္လည္း အပူေၾကာင့္ ပ်က္ေနတဲ့ ခံတြင္းကို ေကာင္းေစပါတယ္။

က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အသီးတစ္မ်ိဳး ဆိုတာကေတာ့ ေျပာစရာ မလိုေအာင္ဘဲ သိၾကပါတယ္။    ဒါဆိုရင္ ဘယ္လို အရာေတြကို အက်ိဳးျပဳေစလဲဆိုတာ ၾကည့္ရေအာင္ပါ။   ခရမ္းခ်ဥ္သီးမွာ ဗီတာမင္ေအ၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ ဗီတာမင္ b6၊ ဆိုဒီယမ္၊ ေဖာလိစ္၊ ကယ္ဆီယမ္၊ ပိုတက္စီယမ္၊ မဂၢနီဆီယမ္နဲ႔ အမွ်င္ဓာတ္၊ ေရဓာတ္တို႔ ပါ၀င္ပါတယ္။ ကယ္လိုရီ ပါ၀င္မႈ နည္းပါးၿပီး ကိုလက္စထေရာဓာတ္လည္း ရာခိုင္ႏႈန္း အနည္းငယ္သာ ပါ၀င္ပါတယ္။  ေရဓာတ္ျပည့္၀တဲ့ အသီးျဖစ္တာေၾကာင့္ အစာျပည့္လြယ္ေစပါတယ္။    ဒိလို ေကာင္းမြန္တဲ့ ဓာတ္ေပါင္းစုေတြ ပါ၀င္တာေၾကာင့္ပဲ က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ေစတာပါ။

ခရမ္းခ်ဥ္သီးဟာ ဟင္းခ်က္ရာမွာ ထည့္၀င္ခ်က္ျပဳတ္တဲ့ အမယ္တစ္မ်ိဳးျဖစ္ေပမယ့္ ေသြးတြင္းသၾကားဓာတ္ကိုေတာ့ ညီေအာင္ ထိန္းညွိေပးႏုိင္စြမ္း ရွိပါတယ္။ အေကာင္ေသးေပမယ့္ အစြမ္းမ်ားတဲ့ ခရမ္းခ်ဥ္ပါ။    ဗီတာမင္နဲ႔ ကယ္ဆီယမ္ ဓာတ္ေတြ ပါ၀င္တာေၾကာင့္ အရိုးေတြ အတြက္ေတာ့ မိတ္ေဆြေကာင္းပါပဲ။   ခရမ္းခ်ဥ္သီးမွာ ဗီတာမင္ေအ ပါ၀င္တာေၾကာင့္ မ်က္လံုး အျမင္အာရံု ပိုေကာင္းေစၿပီး ညဘက္ အျမင္အာရံု ခ်ိဳ႕တဲ့မႈကို ကာကြယ္ေပးပါတယ္။

ပူအိုက္တဲ့ ရာသီဥတုမွာ ခရမ္းခ်ဥ္သီးကို မ်ားမ်ား စားေပးသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ခရမ္းခ်ဥ္သီးမွာ ပါတဲ့ ဘီတာကယ္ရိုတိန္းဓာတ္ဟာ အသားအေရကို ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ မထိခိုက္ေအာင္ ကာကြယ္ေပးၿပီး အသားအေရကို ျပန္ၿပီး ၾကည္လင္လာေစပါတယ္။   လိုင္ကိုပင္းဓာတ္ ဟာလည္း အသားေရတြန္႔ျခင္းနဲ႔ အေရးအေၾကာင္း အမဲစက္ေတြ ျဖစ္ျခင္းကေန ကာကြယ္ေပးပါတယ္။   အမွ်င္ဓာတ္ ပါ၀င္ၿပီး ေရဓာတ္မ်ားတဲ့ အသီးျဖစ္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရာမွာလည္း အသံုး၀င္ပါတယ္။   ေန႔တိုင္း စားေနၾက အစာေတြထဲမွာ ခရမ္းခ်ဥ္သီးကို ပါေအာင္ စားေပးပါက ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ဖို႔ အမ်ားႀကီး အေထာက္အကူ ျပဳပါတယ္။

ေဆးလိပ္ ေသာက္သံုးသူေတြ ခရမ္းခ်ဥ္သီးကို မ်ားမ်ားစားေပးသင့္ပါတယ္။   သူ႔မွာပါတဲ့ အက္ဆစ္ဓာတ္ တစ္မ်ိဳးဟာ အဆုတ္ကို ထိခိုက္ေစမယ့္ အရာေတြ ကေန ကာကြယ္ေပးပါတယ္။   သံဓာတ္ ပါ၀င္ၿပီး အမ်ိဳးသမီးေတြ အတြက္ကေတာ့ အေဖာ္မြန္ေကာင္းပါပဲ။  Antioxidants ပါ၀င္တာေၾကာင့္ ကင္ဆာျဖစ္ေစျခင္းကို ေလ်ာ့ခ်ေပးပါလိမ့္မယ္။

ခရမ္းခ်ဥ္သီးကို မစားခင္ မခ်က္ျပဳတ္ခင္ေတြမွာ ေရေသခ်ာေဆးဖို႔ေတာ့ မေမ့ပါနဲ႔။   ေဆးေတြ ဖ်န္းထားတဲ့ အသီးကို ေရမေဆးဘဲ ေဖ်ာ္ေသာက္မိတာ သုပ္စားမိတာမ်ိဳးဆိုရင္ အစာအိမ္ ထိခိုက္ေစၿပီး ေအာ့အန္ တာမ်ိဳးေတြ ျဖစ္ပြားေစႏုိင္တာ  ေၾကာင့္ သတိထားေစခ်င္ပါတယ္။
Credit: healthfood-guide.com
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္
ခရမ်းချဉ်သီးဟာ ဆယ့်နှစ်ရာသီလုံး တွေ့ရတဲ့ အသီးဖြစ်ပြီး အိမ်ရှင်မတွေ အတွက် မရှိမဖြစ် အသီးတစ်မျိုးပါ။   ဟင်းချက် ရာမှာ ထည့်ဝင် အသုံးပြုတဲ့ အပြင် ဖျော်ရည်၊ အသုပ်၊ ယို စသဖြင့် မျိုးစုံ လုပ်စားလို့ ရတဲ့ အသီးတစ်မျိုးဆိုတာ လူတိုင်း သိကြပါတယ်။   ဒီလို ပူအိုက်တဲ့ နွေမှာ ခရမ်းချဉ်သီးဖျော်ရည်လေး ဖျော်သောက်လိုက်ရင်ပဲ ရင်အေးစေပြီး ခရမ်းချဉ်သီးကို သံပုရာသီးလေးနဲ့ အသုပ်လေး သုပ်စားရင်လည်း အပူကြောင့် ပျက်နေတဲ့ ခံတွင်းကို ကောင်းစေပါတယ်။

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုး ဆိုတာကတော့ ပြောစရာ မလိုအောင်ဘဲ သိကြပါတယ်။    ဒါဆိုရင် ဘယ်လို အရာတွေကို အကျိုးပြုစေလဲဆိုတာ ကြည့်ရအောင်ပါ။   ခရမ်းချဉ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် b6၊ ဆိုဒီယမ်၊ ဖောလိစ်၊ ကယ်ဆီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်၊ ရေဓာတ်တို့ ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး ကိုလက်စထရောဓာတ်လည်း ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ပါတယ်။  ရေဓာတ်ပြည့်ဝတဲ့ အသီးဖြစ်တာကြောင့် အစာပြည့်လွယ်စေပါတယ်။    ဒိလို ကောင်းမွန်တဲ့ ဓာတ်ပေါင်းစုတွေ ပါဝင်တာကြောင့်ပဲ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတာပါ။

ခရမ်းချဉ်သီးဟာ ဟင်းချက်ရာမှာ ထည့်ဝင်ချက်ပြုတ်တဲ့ အမယ်တစ်မျိုးဖြစ်ပေမယ့် သွေးတွင်းသကြားဓာတ်ကိုတော့ ညီအောင် ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ အကောင်သေးပေမယ့် အစွမ်းများတဲ့ ခရမ်းချဉ်ပါ။    ဗီတာမင်နဲ့ ကယ်ဆီယမ် ဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေ အတွက်တော့ မိတ်ဆွေကောင်းပါပဲ။   ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်လုံး အမြင်အာရုံ ပိုကောင်းစေပြီး ညဘက် အမြင်အာရုံ ချို့တဲ့မှုကို ကာကွယ်ပေးပါတယ်။

ပူအိုက်တဲ့ ရာသီဥတုမှာ ခရမ်းချဉ်သီးကို များများ စားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခရမ်းချဉ်သီးမှာ ပါတဲ့ ဘီတာကယ်ရိုတိန်းဓာတ်ဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးပြီး အသားအရေကို ပြန်ပြီး ကြည်လင်လာစေပါတယ်။   လိုင်ကိုပင်းဓာတ် ဟာလည်း အသားရေတွန့်ခြင်းနဲ့ အရေးအကြောင်း အမဲစက်တွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။   အမျှင်ဓာတ် ပါဝင်ပြီး ရေဓာတ်များတဲ့ အသီးဖြစ်တာကြောင့် ကိုယ်အလေးချိန် လျော့ချရာမှာလည်း အသုံးဝင်ပါတယ်။   နေ့တိုင်း စားနေကြ အစာတွေထဲမှာ ခရမ်းချဉ်သီးကို ပါအောင် စားပေးပါက ကိုယ်အလေးချိန် လျော့ချဖို့ အများကြီး အထောက်အကူ ပြုပါတယ်။

ဆေးလိပ် သောက်သုံးသူတွေ ခရမ်းချဉ်သီးကို များများစားပေးသင့်ပါတယ်။   သူ့မှာပါတဲ့ အက်ဆစ်ဓာတ် တစ်မျိုးဟာ အဆုတ်ကို ထိခိုက်စေမယ့် အရာတွေ ကနေ ကာကွယ်ပေးပါတယ်။   သံဓာတ် ပါဝင်ပြီး အမျိုးသမီးတွေ အတွက်ကတော့ အဖော်မွန်ကောင်းပါပဲ။  Antioxidants ပါဝင်တာကြောင့် ကင်ဆာဖြစ်စေခြင်းကို လျော့ချပေးပါလိမ့်မယ်။

ခရမ်းချဉ်သီးကို မစားခင် မချက်ပြုတ်ခင်တွေမှာ ရေသေချာဆေးဖို့တော့ မမေ့ပါနဲ့။   ဆေးတွေ ဖျန်းထားတဲ့ အသီးကို ရေမဆေးဘဲ ဖျော်သောက်မိတာ သုပ်စားမိတာမျိုးဆိုရင် အစာအိမ် ထိခိုက်စေပြီး အော့အန် တာမျိုးတွေ ဖြစ်ပွားစေနိုင်တာ  ကြောင့် သတိထားစေချင်ပါတယ်။

Credit: healthfood-guide.com

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top