iMyanmarHouse.com - Best Property Website for Myanmar
×

အေရျပားမွာ မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒဏ္ရာ တစ္ခုခုရခဲ့ရင္ပဲျဖစ္ျဖစ္ အင္းဆက္ကိုက္၊ အပူေလာင္၊ ျပတ္ရွ၊ ဝက္ၿခံဒဏ္ရာ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမာရြတ္ေတြ က်န္ခဲ့ရင္ သဘာဝနည္းလမ္းနဲ႔ ေပ်ာက္ကင္းေအာင္လုပ္ႏုိင္ဖို႔ မွ်ေဝေပးခ်င္ပါတယ္။

ရွားေစာင္းလက္ပတ္ အေပၚလႊာကိုခြာ၊ ဂ်ယ္လီဖတ္ေလးေတြနဲ႔ အမာရြတ္ရွိတဲ့ ေနရာကို သုတ္လိမ္းေပး၊ နာရီဝက္ေလာက္ထားၿပီး ေရေဆးခ်တာမ်ိဳး တစ္ေန႔ ႏွစ္ႀကိမ္ေလာက္ ပံုမွန္လုပ္ေပးရင္ အမာရြတ္ေတြ ေပ်ာက္ကင္းေစပါတယ္။

အုန္းဆီအနည္းငယ္ကို အပူေပး၊ အမာရြတ္ရွိတဲ့ ေနရာကို သုတ္လိမ္းၿပီး ၁၀ မိနစ္ေလာက္ ႏွိပ္နယ္ေပးတာမ်ိဳး တစ္ေန႔ႏွစ္ႀကိမ္ကေန ေလးႀကိမ္ေလာက္ လုပ္ေပးရင္ သက္သာေပ်ာက္ကင္းေစ ပါတယ္။

ဗီတာမင္အီး အဆီ၊ သံလြင္ဆီ၊ စႏၵကူးနံ႔သာဆီ ရွိရင္လည္း အမာရြတ္ေပၚ ပံုမွန္လိမ္းေပးတယ္ဆုိရင္ တျဖည္းျဖည္းပါးၿပီး ေပ်ာက္ကင္းေစသလို သံပရာသီး နဲ႔ အမာရြတ္ရွိတဲ့ေနရာကို ပြတ္၊ ၁၀ မိနစ္ေလာက္ ထားၿပီး ေရေဆးပစ္တာမ်ိဳး တစ္ေန႔တစ္ႀကိမ္ လုပ္ေပးရင္း ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္ပါတယ္။

ေနာက္တစ္နည္းက ပ်ားရည္ကို အမာရြတ္ေပၚသုတ္၊ ပတ္တီး စည္းထားၿပီး ေနာက္တစ္ေန႔ မနက္က်မွ ပတ္တီးေျဖ ေဆးေၾကာတာမ်ိဳး အိပ္ရာ မဝင္ခင္တိုင္း လုပ္ေပးႏုိင္ပါတယ္။ ပန္းသီးဗီနီဂါနဲ႔လည္း အမာရြတ္ရွိတဲ့ ေနရာကို ပြတ္ေဆးႏုိင္သလို ကိုကိုးေထာပတ္ ရွိရင္လည္း ဘယ္အမာရြတ္မ်ိဳးမဆို သုတ္လိမ္းေပးရင္ သက္သာ ေပ်ာက္ကင္းေစပါတယ္။
Credit: 7Day Daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရေပြားမှာ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမာရွတ်တွေ ကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ရှားစောင်းလက်ပတ် အပေါ်လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေနဲ့ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပေး၊ နာရီဝက်လောက်ထားပြီး ရေဆေးချတာမျိုး တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါတယ်။

အုန်းဆီအနည်းငယ်ကို အပူပေး၊ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ်ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက်ကင်းစေ ပါတယ်။

ဗီတာမင်အီး အဆီ၊ သံလွင်ဆီ၊ စန္ဒကူးနံ့သာဆီ ရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေးတယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ် လုပ်ပေးရင်း ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

နောက်တစ်နည်းက ပျားရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီး စည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေးကြောတာမျိုး အိပ်ရာ မဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့ နေရာကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ် ရှိရင်လည်း ဘယ်အမာရွတ်မျိုးမဆို သုတ်လိမ်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top