iMyanmarHouse.com - Best Property Website for Myanmar
×



Active Duty ကတော့


Non Active Duty ကတော့


Ji Chang Wook


Lee Min Ho
Credit : MyStyle

ကိုးရီးယားမင်းသားလေးတွေ စစ်မှုထမ်းဖို့ စစ်ထဲဝင်ရတဲ့အခါ Fan တွေအနည်းနဲ့ အများဆိုသလို အသည်းကွဲရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေကို ၂ နှစ်လောက် မတွေ့ဘဲ နေရမှာဖြစ်လို့ပါပဲ။

ဘာလို့ ၂ နှစ်လောက် အနုပညာမလုပ်ဘဲနေရသလဲ
စစ်မှုထမ်းရပြီဆိုရင် Active Duty နဲ့ Non-Active Duty ဆိုပြီး နှစ်မျိုးရှိပါတယ်။

Active Duty ကတော့

စစ်တပ်နဲ့ မရိန်းသတ်မှာဆိုရင် ၂ ၁ လတာဝန်ထမ်းဆောင်ရပြီး၊ ရေတပ်ဆိုရင် ၂၃ လ၊ လေတပ်ဆိုရင် ၂၅ လ တာဝန်ထမ်းဆောင်ရပါတယ်။

Non Active Duty ကတော့

အစိုးရဌာနရုံးတွေမှာ ရုံးလုပ်ငန်း လုပ်ဆောင်ရတာဖြစ်ပါတယ်။

Ji Chang Wook

အားလုံးချစ်ကြတဲ့ ကိုးရီးယားမင်းသားလေး Ji Chang Wook ကတော့ Active Duty အဖြစ် တာဝန်ယူနေပြီး စစ်တပ်ထဲမဝင်ခင်ကတည်းက စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားခဲ့တာပါ။
စစ်တပ်ထဲမဝင်ခင်က တိုင်ပြည်ကို ကာကွယ်ဖို့ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ပြန်လာခဲ့ပါမယ်။ အဲဒီအချိန်ထိ ပရိသတ်အားလုံး ကျန်းကျန်းမာမာ ရှိကြမယ့်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Lee Min Ho
Lee Min Ho ကတော့ ၂၀၁၇ ခုနှစ် မေလကုန်ပိုင်းလောက်က Gangnam-gu ရုံးမှာ လူမှုဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယဉ်တိုက်မှုတစ်ခုဖြစ်ထားပြီး ဒဏ်ဖြစ်ထားတာကြောင့် Non-Active Duty ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top