iMyanmarHouse.com - Best Property Website for Myanmar
×

Credit : MyStyle


 ပရိသတ်အချစ်တော် ကိုးရီးယားအနုပညာရှင်နှစ်ဦးဖြစ်ကြတဲ့ Song တို့ စုံတွဲဟာ အားလုံးလည်းသိကြပြီးတဲ့အတိုင်းပဲ အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်တော့မှာပါနော်။

Song Joong Ki က သူ့ချစ်သူ Song Hye Kyo ကိုဘယ်လို လက်ထပ်ခွင့်တောင်းခဲ့သလဲဆိုတာကလဲ ပရိသတ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုပါပဲ။

လက်ထပ်ခွင့်တောင်းခဲ့တာကတော့ ဂျပန်နိုင်ငံမှာဖြစ်ပြီး တိုကျိုမြို့က စားသောက်ဆိုင်တစ်ခုမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နှစ်စမှာ တစ်ယောက်နဲ့တစ်ယောက် သက်ဆုံးတိုင် အတူနေသွားကြဖို့ ကတိပေးခဲ့တယ်လို့ Song Joong Ki ကပြောပါတယ်။

လက်ထပ်ခွင့်တောင်းတဲ့ပွဲမှာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာကို Song Hye Kyo ကလည်း လက်ခံခဲ့ပြီး မျက်ရည်ကျတာကို တွေ့ခဲ့ရတယ်လို့ ဂျပန်နိုင်ငံက ပရိသတ်တစ်ဦးကပြောပါတယ်။

Song Joong Ki က KBS2 နဲ့ ရုပ်သံအင်တာဗျူးမှာလည်း သူမကို လက်ထပ်ခွင့်တောင်းတုန်းက အရမ်းစိတ်လှုပ်ရှားနေတဲ့အကြောင်းဝန်ခံခဲ့ပြီး၊ မင်းသားတစ်ယောက်ဖြစ်ပြီး လူထုရဲ့ စိတ်ဝင်စားမှုအများကြီးရထားပေမယ့် လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ ခံစားချက်ချင်းမတူဘူးလို့ ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ စိတ်တူကိုယ်တူဖြစ်ပြီး အကြိုက်ချင်းလည်းတူကြတယ်လို့ ဆိုပါတယ်။

လက်ထပ်ပွဲပြီးသွားရင် အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ Congratulation ပါနော်။

Credit : MyStyle



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top