iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးဆိုတာ ဟိုး ကမၻာဦးအစကတည္းက ခြဲျခားထား
ခဲ့ၾကတဲ့ လူသားမ်ိဳးႏြယ္စုတစ္မ်ိဳးပါ ။

ကြ်န္မတို ့ကို ေယာက်္ားမိန္းမ ဟဲ့
ဆိုျပီး ဘုရားက လူ ့ေလာကၾကီးထဲပို ့ခဲ့တာ မဟုတ္ပါဘူး ။

ကြ်န္မတို ့မိန္းမသားေတြလည္း လူထဲကလူျဖစ္ျပီး
ေယာက်္ားသားေတြနီးတူ ေျခနွစ္ေခ်ာင္း လက္နွစ္ေခ်ာင္း
ဦးေခါင္းတစ္လံုး တူညီစြာပါခဲ့ ၾကပါတယ္ ။

လူထဲကလူ ့အခြင္းအေရးကိုတန္းတူညီတူ ရယူတတ္ရမွာက
ကြ်န္မတို ့တာဝန္ပါ ။

မိန္မသားပဲ အားႏြဲ ့တာေတာ့မွန္တာေပါ့ ဒါေပမဲ့ ခြန္အားနဲ ့
မဟုတ္ပဲ ဥာဏ္ပညာနဲ ့ အနိဳင္ယူခြင့္ေတြအမ်ားၾကီးရွိပါတယ္။
ကြ်န္မတို ့ မိန္းကေလးတိုင္းမွာ သူ ့အရည္အခ်င္းနဲ ့သူရွိၾက
တယ္ဆိုတာ သိေစခ်င္တယ္ ။ ေဖာ္ထုတ္ အသံုးခ်တတ္ေစ
ခ်င္တယ္ ။

ဒီေခတ္ၾကီးထဲမွာ ပတ္ဝန္းက်င္ရဲ့ အျမင္ကို လိုက္ခံစားေန
ျပီး ေဝဖန္တဲ့ ဒဏ္ကို မခံနိုင္တဲ့ မိန္းကေလးေတြအတြက္
အဆိုးဖက္ကိုပဲ ေျခဦးလွည့္သြားပါလိမ့္မယ္ ။
မိမိရဲ့ မိသားစုအသိုင္းအဝိုင္း ဆိုတာ စိုးရိမ္စိတ္နဲ ့ လမ္းျပ
ေပးသလို အျမင္မေတာ္ဘူးထင္ရင္လည္း အျပစ္တင္မွာ
ပဲေလ ။

ဒါဟာ ကိုယ့္ဘဝအတြက္ ေကာင္းတာေတြရွိခဲ့သလို
အမ်ားၾကီးေလာင္းရိပ္မိ သြားေစခဲ့တာေတြရွိပါတယ္ ။

ပတ္ဝန္းက်င္ဆိုတာကပိုဆိုးေသးတယ္ အလကားရတဲ့ေလနဲ ့
အမ်ိဳးမ်ိဳးထင္ေၾကးေပးေျပာတတ္ၾကတာ ။

ေက်းဇူးတင္စရာေတြရွိသလို ကိုယ့္လမ္းစေပ်ာက္ေစခဲ့တာ
ေတြလည္းရွိခဲ့မွာပဲ ။

အဓိက မိန္းမသားေတြအေနနဲ ့ ကိုယ့္က်င့္တရားရွိေနရင္
ကိုယ္မွန္တယ္ထင္တဲ့အရာမွန္သမွ် လုပ္ပိုင္ခြင့္ရွိပါတယ္ ။

လူေတြအေျပာကို ေခါင္းထဲထည့္ ေတြေဝေနစရာ မလိုဘူး ။

ဘယ္သူ ့အၾကိဳက္မွ လိုက္ေနစရာလည္း မလိုအပ္ဘူး ။

လူသားတိုင္းဟာ အျပစ္မကင္းၾကသလို မိန္းကေလးတိုင္း
မွာလည္း အျပစ္ဆိုတာ အနည္းနဲ ့အမ်ားကိုယ္စီရွိတယ္ ။

ကိုယ္တစ္ခု မွားမိတာနဲ ့ ဘဝတစ္ခုလံုး အရႈံးေပးစရာ မွ
မလိုအပ္တာ ။ အေကာင္းဆံုးျပန္တည့္မတ္ျခင္း နဲ ့သာ
ဘဝကိုျပန္တည္ေဆာက္ရံုပါ ။

မိန္းမသားတိုင္း ကိုယ္ပိုင္အရည္အခ်င္းနဲ ့ကိုယ္ပိုင္လြတ္လပ္
ခြင့္ကိုရယူၾကပါ ။

မိမိအရည္အခ်င္းကို အသံုးခ်ဖို ့ သတၱိရွိၾကပါ ။
မိမိ အရည္အခ်င္းကို ယံုယံုၾကည္ၾကည္ အသံုးခ်ၾကပါ ။

အမွားေတြ ့တိုင္း အျပစ္တစ္ခုလို ့မခံစားၾကပါနဲ ့ ဒါဟာ
ျဖစ္ေလ့ ရွိတဲ့ ဓမၼတာလို ့ ခံယူျပီး စိတ္ထဲက ထုတ္ပစ္ပါ ။

ကြ်န္မတို ့ မိန္းမသားေတြ အတြက္ ေလာကၾကီးမွာ ကိုယ့္ရဲ့
မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေလာက္ ယံုၾကည္စရာ မရွိပါဘူး ။

ဒါေၾကာင့္ မိန္းမသားတိုင္းဟာ ကိုယ္ပိုင္အလင္းေရာင္ နဲ ့
ေလာကၾကီးမွာ ရဲရဲဝံ ့ဝံ ့ရပ္တည္ရွင္သန္ၾကပါ ။

Credit: ဘဝအတြက္ ထြက္ေပါက္ဆႏၵအပိုင္းအစ စာစုေလးမ်ား
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးဆိုတာ ဟိုး ကမ္ဘာဦးအစကတည်းက ခွဲခြားထား
ခဲ့ကြတဲ့ လူသားမျိုးနွယ်စုတစ်မျိုးပါ ။

ကျွန်မတို့ကို ယောကျ်ားမိန်းမ ဟဲ့
ဆိုပြီး ဘုရားက လူ့လောကကြီးထဲပို့ခဲ့တာ မဟုတ်ပါဘူး ။

ကျွန်မတို့မိန်းမသားတွေလည်း လူထဲကလူဖြစ်ပြီး
ယောကျ်ားသားတွေနီးတူ ခြေနှစ်ချောင်း လက်နှစ်ချောင်း
ဦးခေါင်းတစ်လုံး တူညီစွာပါခဲ့ ကြပါတယ် ။

လူထဲကလူ့အခွင်းအရေးကိုတန်းတူညီတူ ရယူတတ်ရမှာက
ကျွန်မတို့တာဝန်ပါ ။

မိန်မသားပဲ အားနွဲ့တာတော့မှန်တာပေါ့ ဒါပေမဲ့ ခွန်အားနဲ့
မဟုတ်ပဲ ဉာဏ်ပညာနဲ့ အနိုင်ယူခွင့်တွေအများကြီးရှိပါတယ်။
ကျွန်မတို့ မိန်းကလေးတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိကြ
တယ်ဆိုတာ သိစေချင်တယ် ။ ဖော်ထုတ် အသုံးချတတ်စေ
ချင်တယ် ။

ဒီခေတ်ကြီးထဲမှာ ပတ်ဝန်းကျင်ရဲ့ အမြင်ကို လိုက်ခံစားနေ
ပြီး ဝေဖန်တဲ့ ဒဏ်ကို မခံနိုင်တဲ့ မိန်းကလေးတွေအတွက်
အဆိုးဖက်ကိုပဲ ခြေဦးလှည့်သွားပါလိမ့်မယ် ။
မိမိရဲ့ မိသားစုအသိုင်းအဝိုင်း ဆိုတာ စိုးရိမ်စိတ်နဲ့ လမ်းပြ
ပေးသလို အမြင်မတော်ဘူးထင်ရင်လည်း အပြစ်တင်မှာ
ပဲလေ ။

ဒါဟာ ကိုယ့်ဘဝအတွက် ကောင်းတာတွေရှိခဲ့သလို
အများကြီးလောင်းရိပ်မိ သွားစေခဲ့တာတွေရှိပါတယ် ။

ပတ်ဝန်းကျင်ဆိုတာကပိုဆိုးသေးတယ် အလကားရတဲ့လေနဲ့
အမျိုးမျိုးထင်ကြေးပေးပြောတတ်ကြတာ ။

ကျေးဇူးတင်စရာတွေရှိသလို ကိုယ့်လမ်းစပျောက်စေခဲ့တာ
တွေလည်းရှိခဲ့မှာပဲ ။

အဓိက မိန်းမသားတွေအနေနဲ့ ကိုယ့်ကျင့်တရားရှိနေရင်
ကိုယ်မှန်တယ်ထင်တဲ့အရာမှန်သမျှ လုပ်ပိုင်ခွင့်ရှိပါတယ် ။

လူတွေအပြောကို ခေါင်းထဲထည့် တွေဝေနေစရာ မလိုဘူး ။

ဘယ်သူ့အကြိုက်မှ လိုက်နေစရာလည်း မလိုအပ်ဘူး ။

လူသားတိုင်းဟာ အပြစ်မကင်းကြသလို မိန်းကလေးတိုင်း
မှာလည်း အပြစ်ဆိုတာ အနည်းနဲ့အများကိုယ်စီရှိတယ် ။

ကိုယ်တစ်ခု မှားမိတာနဲ့ ဘဝတစ်ခုလုံး အရှုံးပေးစရာ မှ
မလိုအပ်တာ ။ အကောင်းဆုံးပြန်တည့်မတ်ခြင်း နဲ့သာ
ဘဝကိုပြန်တည်ဆောက်ရုံပါ ။

မိန်းမသားတိုင်း ကိုယ်ပိုင်အရည်အချင်းနဲ့ကိုယ်ပိုင်လွတ်လပ်
ခွင့်ကိုရယူကြပါ ။

မိမိအရည်အချင်းကို အသုံးချဖို့ သတ္တိရှိကြပါ ။
မိမိ အရည်အချင်းကို ယုံယုံကြည်ကြည် အသုံးချကြပါ ။

အမှားတွေ့တိုင်း အပြစ်တစ်ခုလို့မခံစားကြပါနဲ့ ဒါဟာ
ဖြစ်လေ့ ရှိတဲ့ ဓမ္မတာလို့ ခံယူပြီး စိတ်ထဲက ထုတ်ပစ်ပါ ။

ကျွန်မတို့ မိန်းမသားတွေ အတွက် လောကကြီးမှာ ကိုယ့်ရဲ့
မှန်ကန်တဲ့ ဆုံးဖြတ်ချက်လောက် ယုံကြည်စရာ မရှိပါဘူး ။

ဒါကြောင့် မိန်းမသားတိုင်းဟာ ကိုယ်ပိုင်အလင်းရောင် နဲ့
လောကကြီးမှာ ရဲရဲဝံ့ဝံ့ရပ်တည်ရှင်သန်ကြပါ ။

Credit: ဘဝအတွက် ထွက်ပေါက်ဆန္ဒအပိုင်းအစ စာစုလေးများ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top