အရူးအမူး ခံစားပြတာလောက်ကို ချစ်လှပီလို့မထင်နဲ့ ညီမငယ်။
ယူပီးရင် ခံစားချက်မဲ့သွားသူတွေ ဒုနဲ့ဒေး။
ရေသန့်ဗူးဖောက် ကိုယ့်အိတ်လေးဆွဲပေးရုံကို သာယာမနေနဲ့ ညီမငယ်။
ယူပီးရင် ခိုင်းရင်တောင်မလုပ် မသိချင်ယောင်ဆောင်နေတာတွေ ဒုနဲ့ဒေး။
Surprise တွေ ခနခနလုပ်ပေးလို့ စွဲလန်းမနေနဲ့ ညီမငယ်။
ယူပီးရင် Anniversary တောင် သတိမရတော့တာဒုနဲ့ဒေး။
လက်ဆောင်တွေ ခနခနပေးနေလို့ ပျော်နေတာလား ညီမငယ်။
ယူပီးရင် ပူဆာတာတောင် ယူမလာတော့တာ ဒုနဲ့ဒေး။
ကိုယ်ဘာခိုင်းခိုင်း လုပ်ပေးတယ်ဆိုပီး ဂုဏ်ယူမနေနဲ့ညီမငယ်။
ယူပီးရင် ဘာပြောပြောလုပ်မပေးတော့တာ ဒုနဲ့ဒေး။
ကိုယ်ဘာပြောပြော ဂရုတစိုက်နားထောင်ပေးလို့ ကျေနပ်မနေနဲ့ ညီမငယ်။
ယူပီးရင် နားငြီးတယ်ကွာ ပြောကြတာ ဒုနဲ့ဒေး။
ကိုယ့်ကိုသိပ်လှပါတယ် ခနခနပြောနေတာကို ပီတိဖြစ်နေလား ညီမငယ်။
ယူပီးရင် ကိုယ်သာ လောကမှာ ရုပ်အဆိုးဆုံးလို့သူတို့မြင်ကြတာ ဒုနဲ့ဒေး။
အပြင်တွေခနခနအတူလျှောက်လည်ရလို့ သိပ်ပျော်နေလား ညီမငယ်။
ယူပီးရင် အိမ်တွင်းပုန်းလုပ်နေရတာတွေဒုနဲ့ဒေး။
ကိုယ် တတွတ်တွတ်ပြောနေတာတွေကို ပြုံးပီးနားထောင်နေလို့ သူသိပ်တော်တာပဲ ထင်နေလားညီမငယ်။
ယူပီးရင် မင်း ပါးစိပါးစပ်သိပ်များတယ်လို့ပြန်ပြောကြတာ ဒုနဲ့ဒေး။
ကိုယ်ချက်ကျွေးတာလေးတွေ သိပ်ကောင်းတာပဲလို့ ချီးကျူးရင် ဂုဏ်မယူနဲ့ညီမငယ်။
ယူပီးရင် မင်းဟာကလဲ ငန်သလေးပေါ့သလေး ဂျီးများကြတာ ဒုနဲ့ဒေး။
ခုခေတ်စကားနဲ့ပြောရရင် မဲဆွယ်ကာလမို့ပါညီမငယ်။
မဲပေးပီး အာဏာရလာရင် ပြောင်းပြန်တွေဖြစ်သွားကြတာ ဒုနဲ့ဒေး။
Credit: Original Upload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
»
လူမှု့ဘဝ
» ယောက်ကျားလေးများ နောင်တစ်ချိန် ဖြစ်နိုင်ချေကို ခန့်မှန်းခြင်း
ယောက်ကျားလေးများ နောင်တစ်ချိန် ဖြစ်နိုင်ချေကို ခန့်မှန်းခြင်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။