iMyanmarHouse.com - Best Property Website for Myanmar
×

မနက္တုိင္း သံပုရာရည္ေသာက္ၿခင္းက သင့္ကိုႏုပ်ိဳေစပါတယ္။ သင့္မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ၊ ၀က္ၿခံေတြ၊ ေခၽြးေပါက္က်ယ္ေနတာေတြကို သက္သာဖုိ႕အတြက္ သင္မနက္တုိင္း ဘာေသာက္ေလ့ရွိသလဲ စဥ္းစားၾကည္႔ပါ။ လက္ဖက္ရည္ပူပူ၊ ေကာ္ဖီ၊ ဒါမွမဟုတ္လည္း ေရတစ္ခြက္ေသာက္တဲ့လူ ရွိႏုိင္ပါတယ္။ ဒါေပမယ့္ သံပုရာရည္ေသာက္ဖုိ႔ေတာ့ စဥ္းစားသင့္ပါတယ္။

ဖန္ခြက္ထဲမွာ ေရေႏြးပူူပူေလးနဲ႕ သံပုရာသီးတစ္ၿခမ္း ထည္႔ေသာက္မယ္ဆိုရင္ ေကာင္းက်ိဳးက ႏွစ္ဆေတာင္ ရႏုိင္ပါေသးတယ္။ ဒါေၾကာင့္ မနက္တုိင္း သံပုရာရည္ေသာက္ၿပီး အသစ္ၿပန္လည္ေမြးဖြါးလိုက္ပါ။
သံပုရာရည္က သင့္က်န္းမာေရး၊ အထူးသၿဖင့္ သင့္အေရၿပားကုိ လွပေစပါတယ္။ ေစ်းလည္းမၾကီးဘဲနဲ႕ အိုမင္းရင့္ေရာ္မႈကုိ တားဆီးေပးႏုိင္တဲ့ သဘာ၀နည္းတစ္ခု ၿဖစ္ပါတယ္။

တၿခားေသာ မယံုႏုိ္င္စရာေကာင္းတဲ့ အက်ိဳးေက်းဇူးေတြလည္း ရွိပါေသးတယ္။ တင္းတိပ္နဲ႕ ၀က္ၿခံေတြကို သက္သာေစတာမို႕ အေရၿပားဆရာ၀န္ေတြကလည္း ညႊန္းတတ္ၾကပါတယ္။ ဒါေၾကာင့္ အလွကုန္ပစၥည္းအမ်ားစုမွာ သံပုရာပါေနတာပါ။ အဲဒီအၿပင္ သံပုရာသီးမွာပါတဲ့ ဗီတာမင္စီက ေရာဂါပိုးေတြ မ၀င္ေအာင္လည္း ကာကြယ္ေပးပါတယ္။ မီးအပူေလာင္မိရင္လည္း သံပုရာသီးနဲ႕ ပ်ားရည္ကုိေရာၿပီး လိမ္းေပးရင္သက္သာပါတယ္။

သံပုရာသီးဟာ ဗီတာမင္စီ ရေစႏုိင္ပါတယ္။ အဲဒါက အေရးအေၾကာင္းေတြကုိ ေလ်ာ့ပါးေစသလို ပ်က္စီးသြားတဲ့ အေ၇ၿပားကိုလည္း ၿပန္လည္ၿပဳၿပင္ေပးပါတယ္။ အေရၿပားရဲ႕ က်ံဳ႕က်ယ္ႏုိင္စြမ္းဟာ အသက္(၄၀)ေရာက္ရင္ ရပ္တန္႕သြားပါတယ္။ ဒါေၾကာင့္မို႕ ဆယ္ေက်ာ္သက္အရြယ္မွာ ကုိယ့္အေရၿပားကို ဂရုစုိက္ဖို႔လိုၿပီး မနက္တုိင္း သံပုရာရည္ေသာက္တဲ့ အေလ့အက်င့္ေကာင္းကုိ ေမြးထားသင့္ပါတယ္။

ေနာက္ၿပီး သံပုရာမွာ အဆိပ္အေတာက္ေတြကို ေၿပေစတဲ့ ဓါတ္ေတြပါ၀င္တာမို႕ အိုမင္းရင့္ေရာ္မႈကုိ ကာကြယ္ေပးပါတယ္။ သင့္အေရၿပားကို ၁၀ႏွစ္ေလာက္ ႏုပ်ိဳေစမယ့္အၿပင္ အစာေခ်စနစ္၊ ဆံပင္ကုိ အက်ိဳးၿပဳေပးသလို၊ ဆီးခ်ိဳ၊ အဖ်ား၊ ေသြးတုိးနဲ႕ တၿခားက်န္းမာေရးၿပႆနာ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကာကြယ္ေပးပါတယ္။
သံပုရာမွာ ပါ၀င္တဲ့ ဗီတာမင္စီက သင့္ရဲ႕ ကိုယ္ခံအားကို ပုိမုိေကာင္းမြန္ေစၿပီး ပုိး၀င္ၿခင္းကို ကာကြယ္ေပးပါတယ္။ အယ္ကာလီဓါတ္နဲ႕ ပိုတက္ဆီယမ္ကလည္း သင့္ကို စြမ္းအင္ေတြ ရေစပါလိမ့္မယ္။

သင့္အစာအိမ္ထဲ ဘာမွမရွိေသးခင္မွာ သံပုရာရည္ေသာက္ၿခင္းက အဆိပ္အေတာက္ေတြကို ရွင္းလင္းေပးပါတယ္။ ဆီးခဏခဏသြားၿခင္းအားၿဖင့္ ခႏၶာကုိယ္ထဲက အဆိပ္အေတာက္ေတြကုိ ေလ်ာ့နည္းေစပါတယ္။ အစာအိမ္ေအာင့္တာ၊နာတာေတြကိုလည္း သက္သာေစပါတယ္။
သင္က အ၀လြန္ေနမယ္၊ ၀ိတ္ေလွ်ာ့ခ်င္ေနမယ္ဆုိလည္း ဒါက နည္းလမ္းေကာင္းတစ္ခု ၿဖစ္ပါတယ္။ သံပုရာသီးမွာပါတဲ့ စီထရစ္အက္ဆစ္က ကဆီဓါတ္စုပ္ယူမႈကို ေႏွးေစၿပီး အဆီေခ်ဖ်က္မႈကို ၿမန္ဆန္ေစပါတယ္။ ပိုၿပီး ထိေရာက္မႈရွိဖို႔အတြက္ ေရေအးအစား ေရေႏြးနဲ႕ေသာက္တာကေတာ့ ပိုေကာင္းပါတယ္။

ေနာက္ၿပီး သင့္ဆံပင္ေတြကုိလည္း သန္စြမ္းေစတာမုိ႕ ထိပ္ေၿပာင္ၿခင္း၊ ဆံပင္ကၽြတ္ၿခင္း၊ ေဗာက္ထၿခင္းတုိ႕ကို သက္သာေစသလို သင့္ဆံပင္ကိုလည္း လွပေစပါတယ္။
သံပုရာသီးမွာ သဘာ၀အာနိသင္ေတြ ေၿမာက္မ်ားစြာ ရွိတာ ၿငင္းလုိ႔မရပါဘူး။ ဒါေၾကာင့္ ေန႕စဥ္ သံပုရာရည္ကို ေသာက္ၿခင္းၿဖင့္ မ်ားၿပားလွတဲ့ အက်ိဳးေက်းဇူးေတြနဲ႕အတူ မယံုၾကည္ေလာက္ေအာင္ ေၿပာင္းလဲသြားတာကို သတိထားမိပါလိမ့္မယ္။

Credit : Hellosayarwon
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်တိုင်း သံပုရာရည်သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။

ဖန်ခွက်ထဲမှာ ရေနွေးပူူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွါးလိုက်ပါ။
သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။

တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက ရောဂါပိုးတွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ မီးအပူလောင်မိရင်လည်း သံပုရာသီးနဲ့ ပျားရည်ကိုရောပြီး လိမ်းပေးရင်သက်သာပါတယ်။

သံပုရာသီးဟာ ဗီတာမင်စီ ရစေနိုင်ပါတယ်။ အဲဒါက အရေးအကြောင်းတွေကို လျော့ပါးစေသလို ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြားရဲ့ ကျုံ့ကျယ်နိုင်စွမ်းဟာ အသက်(၄၀)ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အရေပြားကို ဂရုစိုက်ဖို့လိုပြီး မနက်တိုင်း သံပုရာရည်သောက်တဲ့ အလေ့အကျင့်ကောင်းကို မွေးထားသင့်ပါတယ်။

နောက်ပြီး သံပုရာမှာ အဆိပ်အတောက်တွေကို ပြေစေတဲ့ ဓါတ်တွေပါဝင်တာမို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ သင့်အရေပြားကို ၁၀နှစ်လောက် နုပျိုစေမယ့်အပြင် အစာချေစနစ်၊ ဆံပင်ကို အကျိုးပြုပေးသလို၊ ဆီးချို၊ အဖျား၊ သွေးတိုးနဲ့ တခြားကျန်းမာရေးပြဿနာ တော်တော်များများကိုလည်း ကာကွယ်ပေးပါတယ်။
သံပုရာမှာ ပါဝင်တဲ့ ဗီတာမင်စီက သင့်ရဲ့ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အယ်ကာလီဓါတ်နဲ့ ပိုတက်ဆီယမ်ကလည်း သင့်ကို စွမ်းအင်တွေ ရစေပါလိမ့်မယ်။

သင့်အစာအိမ်ထဲ ဘာမှမရှိသေးခင်မှာ သံပုရာရည်သောက်ခြင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးပါတယ်။ ဆီးခဏခဏသွားခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။ အစာအိမ်အောင့်တာ၊နာတာတွေကိုလည်း သက်သာစေပါတယ်။
သင်က အဝလွန်နေမယ်၊ ဝိတ်လျှော့ချင်နေမယ်ဆိုလည်း ဒါက နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သံပုရာသီးမှာပါတဲ့ စီထရစ်အက်ဆစ်က ကဆီဓါတ်စုပ်ယူမှုကို နှေးစေပြီး အဆီချေဖျက်မှုကို မြန်ဆန်စေပါတယ်။ ပိုပြီး ထိရောက်မှုရှိဖို့အတွက် ရေအေးအစား ရေနွေးနဲ့သောက်တာကတော့ ပိုကောင်းပါတယ်။

နောက်ပြီး သင့်ဆံပင်တွေကိုလည်း သန်စွမ်းစေတာမို့ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတို့ကို သက်သာစေသလို သင့်ဆံပင်ကိုလည်း လှပစေပါတယ်။
သံပုရာသီးမှာ သဘာဝအာနိသင်တွေ မြောက်များစွာ ရှိတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် နေ့စဉ် သံပုရာရည်ကို သောက်ခြင်းဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေနဲ့အတူ မယုံကြည်လောက်အောင် ပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။

Credit : Hellosayarwon

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top