iMyanmarHouse.com - Best Property Website for Myanmar
×

ပီေကကို အိတ္ထဲေဆာင္ထားျခင္းဟာ အပ်င္းေျပ ဝါးလို႔ရတာ တစ္ခုတည္းတင္မကဘဲ က်န္းမာေရးအတြက္လည္း အက်ိဳးေက်းဇူးမ်ားစြာကို ေပးစြမ္းႏိုင္ပါတယ္။

စာက်က္ရင္းပဲျဖစ္ျဖစ္၊ ခရီးသြားရင္ပဲျဖစ္ျဖစ္ ပီေကဝါးတတ္တဲ႔ အက်င္႔ရွိလား။ ပီေကကို အိတ္ထဲေဆာင္ထားျခင္းဟာ အပ်င္းေျပ ဝါးလို႔ရတာ တစ္ခုတည္းတင္မကဘဲ က်န္းမာေရးအတြက္လည္း အက်ိဳးေက်းဇူးမ်ားစြာကို ေပးစြမ္းႏိုင္ပါတယ္။ ပီေကဝါးျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔...

၁။ မွတ္ဉာဏ္ေကာင္းေစတယ္

ခုတေလာ စာက်က္ရတာ သိပ္မေကာင္းဘူး/ မမွတ္မိဘူးလို႔ ခံစားေနရၿပီဆိုရင္ အိတ္ကပ္ထဲက ပီေကတစ္ခုကိုသာ ထုတ္ဝါးလိုက္ပါ။ စိန္႔ေလာရန္႔စ္ တကၠသုိလ္က သုေတသီေတြရဲ႕ အဆုိအရဆိုရင္ ဦးေႏွာက္လုပ္ေဆာင္မႈနဲ႔ မွတ္ဉာဏ္အတြက္ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ႔စဥ္က ပီေကဝါးထားတဲ႔ ေဗာ္လန္တီယာေတြမွာဆို ရလဒ္ေတြ ပိုမိုေကာင္းမြန္တယ္လို႔ သိရပါတယ္။ ဘာလို႔လဲဆိုေတာ႔ ပီေကဝါးျခင္းေၾကာင္႔ ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးလည္ပတ္မႈ ပိုမိုျမန္ဆန္လာၿပီး မွတ္ဉာဏ္ပိုေကာင္းလာရတာလို႔ ဆိုပါတယ္။

၂။ စိတ္ဖိစီးမႈနဲ႔ ေသာကကို ေလ်ာ႔က်ေစတယ္

စိတ္လႈပ္ရွားခ်ိန္မွာ လက္သည္းကိုက္မိတာတို႔၊ ဒူးကုိ တဆတ္ဆတ္ နန္႔မိတာတို႔ လုပ္ဖူးလား။ အဲဒီလို အေလ႔အက်င္႔ေတြ ေပ်ာက္ေစဖို႔ ပီေကေလးသာ ဝါးေပးလိုက္ပါ။ ၂၀၁၁ ခုႏွစ္တံုးက သုေတသနတစ္ခုမွာ ဆယ္႔ေလးရက္ခန္႔ တစ္ေန႔ကိုႏွစ္ႀကိမ္ ပီေကဝါးသူေတြဟာ စိတ္ဖိစီးမႈနဲ႔ ေသာက သိသိသာသာႀကီး ေလ်ာ႔ပါးသြားတယ္လို႔ ဆိုပါတယ္။

စိတ္ခံစားခ်က္ေတြလည္း ေကာင္းမြန္လာၿပီး ေမာပန္းႏြမ္းနယ္မႈေတြလည္း ေလ်ာ႔နည္းသြားတယ္လို႔ ဆုိပါတယ္။ ေဆးပညာ အယူအဆအရေတာ႔ ပီေကဝါးျခင္းဟာ စိတ္ဖိစီးမႈကိုျဖစ္ေစတဲ႔ ေကာ္တစ္ေဆာလ္ဆိုတဲ႔ ေဟာ္မုန္းတစ္မ်ိဳးကို ေလ်ာ႔နည္းေစလို႔ပါပဲ။

၃။ ဝိတ္က်ေစတယ္

ပီေကဝါးတာနဲ႔ ဝိတ္က်တာနဲ႔ ဘယ္လိုဆက္စပ္မႈရွိမလဲဆိုၿပီး ေတြးခ်င္ေတြးမိပါလိမ္႔မယ္။ တကယ္ေတာ႔ ဆက္စပ္မႈရွိေနပါတယ္။ ရုပ္ရွင္ၾကည္႔ေတာ႔မယ္ဆိုရင္ ဝါးေနက် အာလူးေၾကာ္ထုပ္ေလးအစား ပီေကဘူးေလးကိုသာ လက္လွမ္းလိုက္ပါ။

ပီေကဝါးေနရင္ တျခားအစားအစာေတြ တစြတ္စြတ္စားေနမိျခင္းကို ရပ္တန္႔ေစတဲ႔အတြက္ ကယ္လိုရီေလ်ာ႔က်ေစသလို စားခ်င္ေသာက္ခ်င္စိတ္ကိုလည္း ေလ်ာ႔နည္းေစပါတယ္။ Rhode Island တကၠသိုလ္က သုေတသနတစ္ခုရဲ႕ အဆိုအရဆိုရင္ ပီေကဝါးသူေတြဟာ ကယ္လိုရီ (၆၇) ရာခိုင္ႏႈန္း ေလ်ာ႔က်ေစပါတယ္တဲ႔။

၄။ မူးေဝျခင္းကို သက္သာေစတယ္

ကားမူးတတ္ပါသလား။ ပီေကတစ္ဘူးသာ ေဆာင္ထားလိုက္ပါ။ ပီေကဝါးျခင္းေၾကာင္႔ တံေထြးအပိုထြက္လာျခင္းက အစာေျခစနစ္ကို အေထာက္အကူေပးၿပီး အစာအိမ္ ေနမထိထိုင္မသာျဖစ္ျခင္းကို သက္သာေစပါတယ္။ သုေတသနေတြရဲ႕အဆိုအရဆိုရင္ ေခါင္းမူးျခင္းကို ေဆးေသာက္တာထက္ ပီေကဝါးတာက ပိုမိုထိေရာက္မႈရွိတယ္လို႔ ဆုိပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပီကေကို အိတ်ထဲဆောင်ထားခြင်းဟာ အပျင်းပြေ ဝါးလို့ရတာ တစ်ခုတည်းတင်မကဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။

စာကျက်ရင်းပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် ပီကေဝါးတတ်တဲ့ အကျင့်ရှိလား။ ပီကေကို အိတ်ထဲဆောင်ထားခြင်းဟာ အပျင်းပြေ ဝါးလို့ရတာ တစ်ခုတည်းတင်မကဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ပီကေဝါးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ မှတ်ဉာဏ်ကောင်းစေတယ်

ခုတလော စာကျက်ရတာ သိပ်မကောင်းဘူး/ မမှတ်မိဘူးလို့ ခံစားနေရပြီဆိုရင် အိတ်ကပ်ထဲက ပီကေတစ်ခုကိုသာ ထုတ်ဝါးလိုက်ပါ။ စိန့်လောရန့်စ် တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရဆိုရင် ဦးနှောက်လုပ်ဆောင်မှုနဲ့ မှတ်ဉာဏ်အတွက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့စဉ်က ပီကေဝါးထားတဲ့ ဗော်လန်တီယာတွေမှာဆို ရလဒ်တွေ ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ ပီကေဝါးခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာပြီး မှတ်ဉာဏ်ပိုကောင်းလာရတာလို့ ဆိုပါတယ်။

၂။ စိတ်ဖိစီးမှုနဲ့ သောကကို လျော့ကျစေတယ်

စိတ်လှုပ်ရှားချိန်မှာ လက်သည်းကိုက်မိတာတို့၊ ဒူးကို တဆတ်ဆတ် နန့်မိတာတို့ လုပ်ဖူးလား။ အဲဒီလို အလေ့အကျင့်တွေ ပျောက်စေဖို့ ပီကေလေးသာ ဝါးပေးလိုက်ပါ။ ၂၀၁၁ ခုနှစ်တုံးက သုတေသနတစ်ခုမှာ ဆယ့်လေးရက်ခန့် တစ်နေ့ကိုနှစ်ကြိမ် ပီကေဝါးသူတွေဟာ စိတ်ဖိစီးမှုနဲ့ သောက သိသိသာသာကြီး လျော့ပါးသွားတယ်လို့ ဆိုပါတယ်။

စိတ်ခံစားချက်တွေလည်း ကောင်းမွန်လာပြီး မောပန်းနွမ်းနယ်မှုတွေလည်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ဆေးပညာ အယူအဆအရတော့ ပီကေဝါးခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တစ်ဆောလ်ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို လျော့နည်းစေလို့ပါပဲ။

၃။ ဝိတ်ကျစေတယ်

ပီကေဝါးတာနဲ့ ဝိတ်ကျတာနဲ့ ဘယ်လိုဆက်စပ်မှုရှိမလဲဆိုပြီး တွေးချင်တွေးမိပါလိမ့်မယ်။ တကယ်တော့ ဆက်စပ်မှုရှိနေပါတယ်။ ရုပ်ရှင်ကြည့်တော့မယ်ဆိုရင် ဝါးနေကျ အာလူးကြော်ထုပ်လေးအစား ပီကေဘူးလေးကိုသာ လက်လှမ်းလိုက်ပါ။

ပီကေဝါးနေရင် တခြားအစားအစာတွေ တစွတ်စွတ်စားနေမိခြင်းကို ရပ်တန့်စေတဲ့အတွက် ကယ်လိုရီလျော့ကျစေသလို စားချင်သောက်ချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ Rhode Island တက္ကသိုလ်က သုတေသနတစ်ခုရဲ့ အဆိုအရဆိုရင် ပီကေဝါးသူတွေဟာ ကယ်လိုရီ (၆၇) ရာခိုင်နှုန်း လျော့ကျစေပါတယ်တဲ့။

၄။ မူးဝေခြင်းကို သက်သာစေတယ်

ကားမူးတတ်ပါသလား။ ပီကေတစ်ဘူးသာ ဆောင်ထားလိုက်ပါ။ ပီကေဝါးခြင်းကြောင့် တံထွေးအပိုထွက်လာခြင်းက အစာခြေစနစ်ကို အထောက်အကူပေးပြီး အစာအိမ် နေမထိထိုင်မသာဖြစ်ခြင်းကို သက်သာစေပါတယ်။ သုတေသနတွေရဲ့အဆိုအရဆိုရင် ခေါင်းမူးခြင်းကို ဆေးသောက်တာထက် ပီကေဝါးတာက ပိုမိုထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top