iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥဟာ ကမၻာေပၚမွာ အာဟာရဓာတ္ အၾကြယ္ဝဆံုး အစားအစာတစ္မ်ိဳး ျဖစ္သလို လူစားအမ်ားဆံုး အစားအစာတစ္မ်ိဳးလည္း ျဖစ္ပါတယ္။


ၾကက္ဥဟာ ကမၻာေပၚမွာ အာဟာရဓာတ္ အၾကြယ္ဝဆံုး အစားအစာတစ္မ်ိဳး ျဖစ္သလို လူစားအမ်ားဆံုး အစားအစာတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ေရွးယခင္ကတည္းက ၾကက္ဥကို ခ်က္၊ ေၾကာ္၊ ျပဳတ္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ စားသံုးခဲ႔ၾကပါတယ္။ ၾကက္ဥမွာ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးပါဝင္ပါတယ္။ အဲဒါေတြကေတာ႔...
၁။ အာဟာရဓာတ္ ၾကြယ္ဝတယ္

ၾကက္ဥေတြဟာ ကမၻာေပၚမွာ အာဟာရဓာတ္အၾကြယ္ဝဆံုး အစားအစာေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။ ၾကက္ဥျပဳတ္တစ္လံုးထဲမွာ ဗိုက္တာမင္ေအ၊ ဖိုလိတ္ထ္၊ ဗိုက္တာမင္ ဘီဖိုက္၊ ဗိုက္တာမင္ ဘီတြဲ၊ ဗိုက္တာမင္ ဘီတူး၊ ေဖာ႔စ္ဖရတ္စ္၊ ဆီလီနီယမ္၊ ဗိုက္တာမင္ဒီ၊ ဗိုက္တာမင္အီး၊ ဗိုက္တာမင္ေက၊ ဗိုက္တာမင္ဘီစစ္၊ ကယ္လ္ဆီယမ္နဲ႔ ဇင္႔တို႔ ပါဝင္ပါတယ္။ ဒီလို အာဟာရဓာတ္ စံုလင္ၾကြယ္ဝတဲ႔ အစားအစာမ်ိဳး ရွားပါတယ္။ ကယ္လိုရီအားျဖင္႔လည္း (၇၇) ကယ္လိုရီပဲ ပါဝင္ပါတယ္။
၂။ ေကာင္းမြန္တဲ႔ ကိုလက္စထေရာေတြ ပါဝင္တယ္

ၾကက္ဥမွာ HDL (High Density Lipoprotein) ဆိုတဲ႔ ကိုလက္စထေရာတစ္မ်ိဳးပါဝင္ၿပီး အဲဒီကိုလက္စထေရာဟာ ခႏၶာကိုယ္အတြက္ ေကာင္းမြန္တဲ႔ ကိုလက္စထေရာတစ္မ်ိဳးပါ။ ခႏၶာကိုယ္မွာ HDL ျမင္႔မားတဲ႔လူေတြဟာ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေလငန္းေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ႔က်ေစပါတယ္။
၃။ ဉာဏ္ေကာင္းေစတယ္

ၾကက္ဥမွာ Choline (ခိုလင္း) ဆိုတဲ႔ အာဟာရဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ Choline ဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ၾကက္ဥတစ္လံုးမွာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦး ေန႕စဥ္လိုအပ္တဲ႔အာဟာရဓာတ္ (၂၈) ရာခိုင္ႏႈန္းကို ျဖည္႔ဆည္းေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ ကိုယ္ဝန္သည္အမ်ိဳးသမီးေတြအတြက္ေတာ႔ ၾကက္ဥဟာ မျဖစ္မေနစားသံုး ေပးသင္႔တဲ႔ အာဟာရ ဓာတ္တစ္မ်ိဳးပါပဲ။

၄။ သံဓာတ္ျပည္႔ဝေစတယ္

ၾကက္ဥဟာ သံဓာတ္ၾကြယ္ဝတဲ႕အစားအစာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ သံဓာတ္ကေတာ႔ ေဟမိုဂလိုဘင္လို႔ေခၚတဲ႔ ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ေရးအတြက္ အဓိကေနရာကလုပ္ေဆာင္ပါတယ္။ ေဟမို ဂလိုဘင္ မရွိရင္ ေသြးေတြဟာ အဆုတ္ထဲက ေအာက္ဆီဂ်င္ကို က်န္ရွိတဲ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြဆီကို မပို႔လႊတ္ႏိုင္ပါဘူး။

ေအာက္ဆီဂ်င္မရတဲ႔ဆဲလ္ေတြဟာ အလုပ္မလုပ္ႏိုင္ေတာ႔သလို ဆက္လက္ရွင္သန္ႏိုင္စြမ္းလည္း မရွိေတာ႔ပါဘူး။ ဒါေၾကာင္႔ လူ႔ခႏၶာကုိယ္မွာ သံဓာတ္ျပည္႔ဝေနဖို႔လည္း လိုအပ္ပါတယ္။ ၾကက္ဥတစ္လံုးမွာ လူတစ္ေယာက္အတြက္ ေန႔စဥ္လိုအပ္တဲ႔ သံဓာတ္ (၁၂) ရာခိုင္ႏႈန္း ပါဝင္ပါတယ္။

၅။ မ်က္စိအားေကာင္းေစတယ္

အသက္အရြယ္ရျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဳး ေနာက္တစ္ခုကေတာ႔ မ်က္စိအျမင္ ခ်ိဳ႕တဲ႔ျခင္းပါပဲ။ မ်က္စိအျမင္အာရံုကို ထိခိုက္ေစတဲ႔ ျဖစ္စဥ္ေတြကို တားဆီးေပးႏိုင္တဲ႔ အာဟာရပစၥည္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီထဲမွာ ၾကက္ဥလည္း အပါအဝင္ပါပဲ။ ၾကက္ဥမွာ ပါဝင္တဲ႔ လူတိန္းနဲ႔ ဇီဇန္းသင္းဓာတ္တို႔ဟာ မ်က္စိအေပၚယံက မ်က္ၾကည္လႊာကို အားေကာင္းေစႏိုင္ပါတယ္။

ပံုမွန္သာ မွီဝဲေပးမယ္ဆိုရင္ အသက္အရြယ္ရခ်ိန္္မွာ ျဖစ္တတ္တဲ႔ မ်က္စိကြယ္ျခင္းကိုျဖစ္ေစတဲ႔ ၾကြက္သားယိုယြင္းျခင္းကိုလည္း တားဆီးေပးပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်ဥဟာ ကမ္ဘာပေါ်မှာ အာဟာရဓာတ် အကြွယ်ဝဆုံး အစားအစာတစ်မျိုး ဖြစ်သလို လူစားအများဆုံး အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။


ကြက်ဥဟာ ကမ္ဘာပေါ်မှာ အာဟာရဓာတ် အကြွယ်ဝဆုံး အစားအစာတစ်မျိုး ဖြစ်သလို လူစားအများဆုံး အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကြက်ဥကို ချက်၊ ကြော်၊ ပြုတ် ပုံစံအမျိုးမျိုးနဲ့ စားသုံးခဲ့ကြပါတယ်။ ကြက်ဥမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါတယ်။ အဲဒါတွေကတော့...
၁။ အာဟာရဓာတ် ကြွယ်ဝတယ်

ကြက်ဥတွေဟာ ကမ္ဘာပေါ်မှာ အာဟာရဓာတ်အကြွယ်ဝဆုံး အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ကြက်ဥပြုတ်တစ်လုံးထဲမှာ ဗိုက်တာမင်အေ၊ ဖိုလိတ်ထ်၊ ဗိုက်တာမင် ဘီဖိုက်၊ ဗိုက်တာမင် ဘီတွဲ၊ ဗိုက်တာမင် ဘီတူး၊ ဖော့စ်ဖရတ်စ်၊ ဆီလီနီယမ်၊ ဗိုက်တာမင်ဒီ၊ ဗိုက်တာမင်အီး၊ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်ဘီစစ်၊ ကယ်လ်ဆီယမ်နဲ့ ဇင့်တို့ ပါဝင်ပါတယ်။ ဒီလို အာဟာရဓာတ် စုံလင်ကြွယ်ဝတဲ့ အစားအစာမျိုး ရှားပါတယ်။ ကယ်လိုရီအားဖြင့်လည်း (၇၇) ကယ်လိုရီပဲ ပါဝင်ပါတယ်။
၂။ ကောင်းမွန်တဲ့ ကိုလက်စထရောတွေ ပါဝင်တယ်

ကြက်ဥမှာ HDL (High Density Lipoprotein) ဆိုတဲ့ ကိုလက်စထရောတစ်မျိုးပါဝင်ပြီး အဲဒီကိုလက်စထရောဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စထရောတစ်မျိုးပါ။ ခန္ဓာကိုယ်မှာ HDL မြင့်မားတဲ့လူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
၃။ ဉာဏ်ကောင်းစေတယ်

ကြက်ဥမှာ Choline (ခိုလင်း) ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးပါဝင်ပါတယ်။ Choline ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ် (၂၈) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက်တော့ ကြက်ဥဟာ မဖြစ်မနေစားသုံး ပေးသင့်တဲ့ အာဟာရ ဓာတ်တစ်မျိုးပါပဲ။

၄။ သံဓာတ်ပြည့်ဝစေတယ်

ကြက်ဥဟာ သံဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ သံဓာတ်ကတော့ ဟေမိုဂလိုဘင်လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရေးအတွက် အဓိကနေရာကလုပ်ဆောင်ပါတယ်။ ဟေမို ဂလိုဘင် မရှိရင် သွေးတွေဟာ အဆုတ်ထဲက အောက်ဆီဂျင်ကို ကျန်ရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို မပို့လွှတ်နိုင်ပါဘူး။

အောက်ဆီဂျင်မရတဲ့ဆဲလ်တွေဟာ အလုပ်မလုပ်နိုင်တော့သလို ဆက်လက်ရှင်သန်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ် (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။

၅။ မျက်စိအားကောင်းစေတယ်

အသက်အရွယ်ရခြင်းရဲ့ ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ မျက်စိအမြင် ချို့တဲ့ခြင်းပါပဲ။ မျက်စိအမြင်အာရုံကို ထိခိုက်စေတဲ့ ဖြစ်စဉ်တွေကို တားဆီးပေးနိုင်တဲ့ အာဟာရပစ္စည်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ကြက်ဥလည်း အပါအဝင်ပါပဲ။ ကြက်ဥမှာ ပါဝင်တဲ့ လူတိန်းနဲ့ ဇီဇန်းသင်းဓာတ်တို့ဟာ မျက်စိအပေါ်ယံက မျက်ကြည်လွှာကို အားကောင်းစေနိုင်ပါတယ်။

ပုံမှန်သာ မှီဝဲပေးမယ်ဆိုရင် အသက်အရွယ်ရချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကွယ်ခြင်းကိုဖြစ်စေတဲ့ ကြွက်သားယိုယွင်းခြင်းကိုလည်း တားဆီးပေးပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top