လက္ဖက္ဟာ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြအတြက္ေတာ႔ အေဖာ္မြန္ေကာင္းတစ္ခုပါပဲ။ လက္ဖက္ကို လက္ဖက္သုပ္၊ လက္ဖက္ေျခာက္၊ လက္ဖက္စိမ္း စသည္ျဖင္႔ ပံုစံအမ်ိဳးမ်ိဳးနဲ႔ အစားအေသာက္အျဖစ္ေကာ၊ အသံုးအေဆာင္အျဖစ္ေကာ အသံုးျပဳၾကပါတယ္။ အထူးသျဖင္႔ လက္ဖက္စိမ္း (green tea) မွာ က်န္းမာေရးနဲ႔ အလွအပ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါရွိပါတယ္။ လက္ဖက္စိမ္းကို ဆံေကသာ အလွအပ ထိန္းသိမ္းေရးအတြက္ အသံုးျပဳနည္း သံုးမ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ လက္ဖက္စိမ္း mask
ဒီလက္ဖက္စိမ္း mask ေလးကေတာ႔ ဆံပင္သန္ေစဖို႔အတြက္ သံုးေပးရတာပါ။ ျပဳလုပ္နည္းကေတာ႔ အရင္ဆံုး လက္ဖက္စိမ္းမႈန္႔ကို အုန္းဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ေရာေပးပါ။ ရလာတဲ႔ hair mask ေလးကို ဆံပင္ေတြကိုဖြၿပီး သုတ္လိမ္းေပးလိုက္ပါ။ ၿပီး၇င္ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းျပန္္မေလွ်ာ္ခင္ နာရီဝက္ေလာက္ ေခါင္းေပၚမွာထားေပးလိုက္ပါ။
လက္ဖက္စိမ္း hair mask က ဦးေရျပားကို ႏႈိးဆြေပးၿပီး ဆံပင္ကြ်တ္ႏႈန္းကိုလည္း ေလ်ာ႔က်ေစပါတယ္။ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ သံုးေပးမယ္ဆိုရင္ ဆံပင္သန္မာလာၿပီး ဆံပင္ထြက္ႏႈန္းလည္း တုိးျမင္႔လာတာကို ေတြ႕ရွိရမွာပါ။ အာနိသင္ပိုေကာင္းေစခ်င္ရင္ ၾကက္ဥေလးတစ္လံုးပါ ေဖာက္ထည္႔ႏိုင္ပါတယ္။
၂။ လက္ဖက္စိမ္းေရေႏြးၾကမ္း ေပါင္းေဆး
လက္ဖက္စိမ္းေရေႏြးၾကမ္း (green tea) ကို ေခါင္းေလွ်ာ္ၿပီးခ်ိန္မွာ ေပါင္းေဆးအျဖစ္ သံုးလို႔ရတာကိုေကာ သိပါသလား။ အဲဒီလိုသံုးလိုက္မယ္ဆိုရင္ ပိုးသားေလးလို ေပ်ာ႔ေျပာင္းေတာက္ပတဲ႔ ဆံေကသာကို ရရွိပိုင္ဆိုင္ ႏိုင္ေစမွာပါ။ ျပဳလုပ္နည္းကေတာ႔ ေရေႏြးပူ ႏွစ္ခြက္ထဲမွာ လက္ဖက္ေျခာက္ထုပ္ (၂) ထုပ္ေလာက္စိမ္ၿပီး အေအးခံထားလိုက္ပါ။
ၿပီးရင္ မိမိသံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ၿပီးမွ အေအးခံထားတဲ႔ လက္ဖက္စိမ္းေရေႏြးၾကမ္းေအးနဲ႔ ျပန္ေဆးေပးလိုက္ပါ။ ေဆးေနရင္း ဦးေရျပားကိုလည္း ႏွိပ္နယ္ေပးလိုက္ပါ။ ဒါက ဆံပင္ထြက္ႏႈန္းကို ႏႈိးဆြေပးၿပီး ဆံပင္ကြ်တ္ျခင္းကိုလည္း ေလ်ာ႔နည္းေစပါတယ္။ ေဗာက္တို႔၊ သန္းတို႔လို ဦးေရျပားျပႆနာေတြကိုလည္း ေျဖရွင္းေပးႏုိင္ပါတယ္။
၃။ လက္ဖက္စိမ္း ေဗာက္ေပ်ာက္ေဆး
ယ္အိုးတစ္လံုးထဲမွာ ေရတစ္ခြက္ထည္႔ျပဳတ္ၿပီး လက္ဖက္ရြက္ (အစိမ္း) လက္ဖက္ရည္ဇြန္းနဲ႔ ႏွစ္ဇြန္းခန္႔၊ သံပုရာသီးတစ္ျခမ္း၊ အုန္းဆီတစ္ဇြန္းတို႔ကိုလည္း ေရာထည္႔ေပးလိုက္ပါ။ ႏွစ္မိနစ္ခန္႔ ျပဳတ္ၿပီးရင္ေတာ႔ အေအးခံထားလိုက္ပါ။ ရလာတဲ႔ေဆးရည္ကို ဆံသားနဲ႔ ဦးေရျပားေပၚမွာ လိမ္းၿပီး ႏွိပ္နယ္ေပးရပါမယ္။ ေနာက္ၿပီးရင္ (၄၅) မိနစ္ခန္႔ ႏွပ္ထားေပးရပါမယ္။
ၿပီးရင္ေတာ႔ ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္ေလွ်ာ္ေပးႏိုင္ပါၿပီ။ ဒါက သဘာဝေဗာက္ေပ်ာက္ေဆး တစ္မ်ိဳးုျဖစ္ၿပီး ဆံပင္ကိုလည္း သန္စြမ္းေစပါတယ္။ ဒီေဗာက္ေပ်ာက္ေဆးေလးကိုေတာ႔ တစ္လမွာ (၃) (၄) ႀကိမ္ခန္႔ သံုးစြဲေပးႏိုင္ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်ဖက်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ အဖော်မွန်ကောင်းတစ်ခုပါပဲ။ လက်ဖက်ကို လက်ဖက်သုပ်၊ လက်ဖက်ခြောက်၊ လက်ဖက်စိမ်း စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ အစားအသောက်အဖြစ်ကော၊ အသုံးအဆောင်အဖြစ်ကော အသုံးပြုကြပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်း (green tea) မှာ ကျန်းမာရေးနဲ့ အလှအပ အကျိုးကျေးဇူးတွေ အများကြီးပါရှိပါတယ်။ လက်ဖက်စိမ်းကို ဆံကေသာ အလှအပ ထိန်းသိမ်းရေးအတွက် အသုံးပြုနည်း သုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လက်ဖက်စိမ်း mask
ဒီလက်ဖက်စိမ်း mask လေးကတော့ ဆံပင်သန်စေဖို့အတွက် သုံးပေးရတာပါ။ ပြုလုပ်နည်းကတော့ အရင်ဆုံး လက်ဖက်စိမ်းမှုန့်ကို အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောပေးပါ။ ရလာတဲ့ hair mask လေးကို ဆံပင်တွေကိုဖွပြီး သုတ်လိမ်းပေးလိုက်ပါ။ ပြီး၇င် ခေါင်းလျှော်ရည်နဲ့ ခေါင်းပြန်မလျှော်ခင် နာရီဝက်လောက် ခေါင်းပေါ်မှာထားပေးလိုက်ပါ။
လက်ဖက်စိမ်း hair mask က ဦးရေပြားကို နှိုးဆွပေးပြီး ဆံပင်ကျွတ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် သုံးပေးမယ်ဆိုရင် ဆံပင်သန်မာလာပြီး ဆံပင်ထွက်နှုန်းလည်း တိုးမြင့်လာတာကို တွေ့ရှိရမှာပါ။ အာနိသင်ပိုကောင်းစေချင်ရင် ကြက်ဥလေးတစ်လုံးပါ ဖောက်ထည့်နိုင်ပါတယ်။
၂။ လက်ဖက်စိမ်းရေနွေးကြမ်း ပေါင်းဆေး
လက်ဖက်စိမ်းရေနွေးကြမ်း (green tea) ကို ခေါင်းလျှော်ပြီးချိန်မှာ ပေါင်းဆေးအဖြစ် သုံးလို့ရတာကိုကော သိပါသလား။ အဲဒီလိုသုံးလိုက်မယ်ဆိုရင် ပိုးသားလေးလို ပျော့ပြောင်းတောက်ပတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင် နိုင်စေမှာပါ။ ပြုလုပ်နည်းကတော့ ရေနွေးပူ နှစ်ခွက်ထဲမှာ လက်ဖက်ခြောက်ထုပ် (၂) ထုပ်လောက်စိမ်ပြီး အအေးခံထားလိုက်ပါ။
ပြီးရင် မိမိသုံးနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးမှ အအေးခံထားတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းအေးနဲ့ ပြန်ဆေးပေးလိုက်ပါ။ ဆေးနေရင်း ဦးရေပြားကိုလည်း နှိပ်နယ်ပေးလိုက်ပါ။ ဒါက ဆံပင်ထွက်နှုန်းကို နှိုးဆွပေးပြီး ဆံပင်ကျွတ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ ဗောက်တို့၊ သန်းတို့လို ဦးရေပြားပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
၃။ လက်ဖက်စိမ်း ဗောက်ပျောက်ဆေး
ယ်အိုးတစ်လုံးထဲမှာ ရေတစ်ခွက်ထည့်ပြုတ်ပြီး လက်ဖက်ရွက် (အစိမ်း) လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်းခန့်၊ သံပုရာသီးတစ်ခြမ်း၊ အုန်းဆီတစ်ဇွန်းတို့ကိုလည်း ရောထည့်ပေးလိုက်ပါ။ နှစ်မိနစ်ခန့် ပြုတ်ပြီးရင်တော့ အအေးခံထားလိုက်ပါ။ ရလာတဲ့ဆေးရည်ကို ဆံသားနဲ့ ဦးရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးရပါမယ်။ နောက်ပြီးရင် (၄၅) မိနစ်ခန့် နှပ်ထားပေးရပါမယ်။
ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးနိုင်ပါပြီ။ ဒါက သဘာဝဗောက်ပျောက်ဆေး တစ်မျိုးုဖြစ်ပြီး ဆံပင်ကိုလည်း သန်စွမ်းစေပါတယ်။ ဒီဗောက်ပျောက်ဆေးလေးကိုတော့ တစ်လမှာ (၃) (၄) ကြိမ်ခန့် သုံးစွဲပေးနိုင်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆံေကသာ အလွအပေရးရာအတြက္ လက္ဖက္စိမ္းသံုးနည္း (၃) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။